Tuesday, June 18, 2013

Sunglass++

Hello^^
ဟိုတလောက မျက်စိနာတာ ကန်ဒီဝတ်နေကျ မျက်ကပ်မှန်ကြောင့်လို့ ထင်တာနဲ့ အဲ့မျက်ကပ်မှန်အဟောင်းကို မတပ်ရဲတော့လို့ အသစ်ထပ်ဝယ်ရတယ် (ကုန်ပါပြီ ပိုက်ပိုက်တွေ >.<)။ မျက်ကပ်မှန်ဝယ်ရင် မျက်စိအလကားစမ်းပေးတာနဲ့ စမ်းလိုက်တာ Power ရော၊ Cylinder ရော နည်းနည်းစီတက်သွားတယ်။ စမ်းသပ်ပေးတဲ့ မိန်းကလေးကလည်း တော်တော်စိတ်ရှည်ပါတယ်။ ကန်ဒီက သူဖတ်ခိုင်းတာတွေ မမြင်တော့ တလွဲချည်းဖတ်နေတာလေ။ မမြင်ဆို မျက်မှန်မပါရင် လူတောင်ဝါးတားတားဖြစ်ချင်တဲ့ မျက်လုံးကို စာလုံးပိစိညှောင့်တောင့်လေးတွေ အဝေးကနေ ဖတ်ခိုင်းတော့ ဘယ်လိုလုပ်မြင်မှာလဲ။ မမြင်တော့ "ငါ့ပါဝါတွေ တော်တော်တက်နေပြီ ထင်တယ်" ဆိုပြီး ကိုယ့်ဟာကိုယ်တောင် စိတ်ပျက်သွားတယ်။ တော်သေးတာပေါ့... တစ်ဖက်ကို အစိတ်၊ ငါးဆယ်လောက်ပဲ တက်လို့ =.='


(၆)လစာကို စုစုပေါင်း(၁၂၈)ဒေါ်လာကျတယ်။ ဘယ်တစ်ဗူး ညာတစ်ဗူး... တစ်ဗူးမှာ ခြောက်ခုပါတယ်။ တစ်ခုကို တစ်လခံတယ်။ ကန်ဒီပြောတာ ရှုပ်သွားပြီထင်တယ် ဟီးဟီး(xD)။ ဘယ်ဘက်မျက်လုံးက Cylinder ပါတော့ Toric lens တပ်ရတယ်။ Toric lens တွေက ပုံမှန် ပါဝါသမားတွေ တပ်တဲ့ lens တွေထက် ဈေးကြီးတယ်။ အဲ့ဒါကြောင့်လည်း အဲ့လောက်ကျသွားတာနေမှာ (>.<)။ မျက်ကပ်မှန်တပ်ရတဲ့လူများကျတော့လည်း အလုပ်ရှုပ်လို့ မတပ်ချင်ဘူး။ မတပ်ရတဲ့လူတွေကျတော့လည်း တပ်ချင်လို့ကို တကူးတက ၀ယ်တပ်ရတယ် (ဥပမာ- ကန်ဒီ့ညီမ :P)။


ဟိုနေ့က Clarke quay ရောက်တော့ အဲ့ဒီ Love Lock လေးတွေ တွေ့ခဲ့တယ်။ အဲ့ကိုအကြိမ်ကြိမ် အခါခါသွားနေပြီး တစ်ခါမှ အဲ့ဒါကို မမြင်ဘူး (-.-)။ Machine ကနေ ၀ယ်ပြီး သော့ချိတ်၊ ပြီးရင် Key ကို ရေထဲပစ်။ Sooo Romantic... တကယ်ဟုတ်ဟုတ် မဟုတ်ဟုတ် အမှတ်တရတစ်ခုတော့ ဖြစ်တာပဲနော်။ အဲ့ဒီ အိုင်ဒီယာလေးကို ကြိုက်တယ်(:D)။ ဟိုတစ်နေ့က ကန်ဒီရေးတဲ့ပိုစ့်ကို ဖတ်ပြီး "အပျိုကြီးလေသံနဲ့... စောင့်ကြည့်ပါဦးမယ်"တဲ့... ဟဟဟဟ ကွန်မန့်ဖတ်ပြီး ရီလိုက်ရတာ။ ဟုတ်တာလည်း ဟုတ်တာပဲနော်... အပျိုကြီးလေသံနည်းနည်းပေါက်သွားတယ်။ ဒါပေမယ့် ကန်ဒီယောက်ျားမယူဘဲ အပျိုကြီးပဲလုပ်ပါမယ်လို့ တစ်ခွန်းမှ မပြောခဲ့ဘူးနော် ဟဟဟဟဟဟဟဟ(xD)။ ဘာမှမတည်မြဲတဲ့ လောကကြီးမှာ ဘယ်အရာကိုမှ ကြိုတင်တွက်ဆလို့ မရနိုင်ဘူး (လောကကြီးနဲ့ ကိုင်ပေါက်မိပြီ :P)။ မထင်ထားတဲ့အရာတွေ ဖြစ်လာတတ်သလို မှန်းထားတာတွေကလည်း အလွဲလွဲအချော်ချော်နဲ့ ပျောက်ကွယ်သွားနိုင်တာပဲမဟုတ်လား?? လူတော်တော်များများက (ကန်ဒီအပါအ၀င်) အတိတ်မှာပြီးဆုံးခဲ့တာတွေ (သို့) အနာဂတ်အတွက် ရည်မှန်းထားတာတွေကို တွေးတောပြီး ပျော်ရွှင်ခြင်း ၀မ်းနည်းခြင်း စိတ်ခံစားချက်တွေ ဖြစ်ပေါ်နေတာများတယ်။ ပစ္စုပ္ပန်တည့်တည့်ကို ကြည့်ပြီး ပျော်နေတဲ့သူက အရမ်းရှားပါတယ်။ တကယ်တော့ ပစ္စုပ္ပန်ကာလမှာ ဖြစ်ပေါ်နေတဲ့အရာတွေကသာ ကန်ဒီတို့ကို ပျော်ရွှင်မှုအစစ်အမှန်ပေးနိုင်တာ... *စကားအရမ်းများသလို ဖြစ်သွား၍ ပါးစပ်ပြန်ပိတ်လိုက်သည် =/*

  
Love that Red? Wish I'm as strong as those Lips :)

ဟိုရက်က ဟတ်ချိုးတွေချီ၊ နှာရည်တွေကျ၊ လည်ချောင်းနာချင်သလိုလို ဖြစ်လိုက်သေးတယ်။ နောက်နေ့ကျတော့ အန်ချင်သလိုလို။ ကျန်းမာရေးကချုချာ... စိတ်ကလည်း မချမ်းသာပါဘူး။ ကန်ဒီ့ကို "အသည်းကွဲနေတာလား"တဲ့။ နိုးးးးပါ... ကန်ဒီ အသည်းမကွဲတတ်ဘူး။ ဘာမှန်းမသိတဲ့အရာအတွက် စိတ်ရှုပ်နေတာပဲ ရှိတယ်။ အပေါ်မှာပြောခဲ့သလိုပဲ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်နိုင်အောင် ကြိုးစားနေတယ်။ အတိတ်ကအမှားတွေအတွက်လည်း နောင်တမရချင်တော့ဘူး။ အနာဂတ်?! ရေးရေးလေးမို့ တော်ပါပြီ...

From BHG... Pierre Cardin 2 For S$30

ဟီးဟီး... ဒီတစ်ပိုဒ်ကတော့ *မိန်းကလေးကိစ္စမို့ မိန်းကလေးတွေပဲ ဖတ်ပါရန်* ကန်ဒီတို့ ပခုံးကျယ်တဲ့အကျီတွေ ၀တ်မယ်ဆို ကြိုးမပါတဲ့ အတွင်းခံတွေ ၀တ်ကြရတယ်မလား? တချို့အတွင်းခံတွေက ကြိုးအရှင်တွေဆိုတော့ ကြိုးကိုဖြုတ်လို့ တပ်လို့ရတယ်လေ။ ဒါပေမယ့် အဲ့လိုဖြုတ်လို့ တပ်လို့ရတိုင်း ကြိုးပျောက်အနေနဲ့ ၀တ်လို့အဆင်မပြေဘူးနော်။ ကြိုးပျောက်ဝတ်သင့်တဲ့ အတွင်းခံတွေ သီးသန့်ရှိတယ်။ သူတို့ရဲ့ အပြင်ဘက် Cup Wire က ချိုင်းဆီကို (၉၀)ဒီဂရီနီးပါး မတ်သွားတဲ့အပြင် ချိုင်းအောက်နေရာက အသားပိုကျယ်ပြီး Cup Wire နဲ့အပြိုင် မာမာအတံလေးတစ်ခု အပိုပါတယ်။ အဲ့လိုအတွင်းခံတွေကမှ ကြိုးပျောက်ဝတ်လို့ အဆင်ပြေတာ။ ဒါက ကြုံလို့ ပြောပြတာ *Shy*


ခရီးသွားတုန်းက မျက်မှန်ပျောက်သွားလို့ ထပ်ဝယ်ထားတာ(^_^)။ ပျောက်သွားတဲ့ဟာရော အခုထပ်ဝယ်ထားတာရော Charles & Keith က... ဈေးအရမ်းအကြီးဘူး (:D)။ အခုဟာက ခေါက်တဲ့မျက်မှန်လေးဆိုတော့ ခရီးသွားရင် ပိုအဆင်ပြေတယ်။ အိတ်နေရာမယူတော့ဘူးပေါ့(^_^)။ အရင်မျက်မှန်နဲ့ ဒီဇိုင်းမတူဘူး။ ဒါက၀တ်ထားရင် မျက်ခုံးပေါ်တယ်။ အဲ့လိုမျက်ခုံးပေါ်တဲ့ နေကာမျက်မှန်မျိုးတွေက ပေါ့ပေါ့ပါးပါးအသွင်ကို ဆောင်တယ်။ 

မျက်မှန်ရွေးနေတုန်း ဘေးကသူငယ်ချင်းကို ဓာတ်ပုံရိုက်ခိုင်းတာ... သူက ဗွီဒီယိုရိုက်ထားတယ်။ ကန်ဒီက မသိဘူး။ နောက်မှ ဗွီဒီယိုမှန်းသိတာ။ ကိုယ့်ဟာကိုယ်ဆို ရိုက်ဖြစ်မှာ မဟုတ်ဘူးလေ။ အဲ့ဒါနဲ့ အမှတ်တရတင်ဖို့ သူ့ဆီကတောင်းထားတယ် ^_~


Good Night^^
Have a Candy Dream :D

12 comments:

မောင်သစ္စာ said...

^_^ fightingggggggggggggggg..yeaaaaaaaaaaaa^_^ ^_^ ^_^

လရိပ်အိမ် said...

မျက်ကပ်မှန်တပ်ပြီး မအိပ်မိစေနဲ့အုန်း။
ဟုတ်တယ်နော် ၊ လောကကြီးက ဘာမှပြောလို့ရတာမဟုတ်ဘူး။
ဒါနဲ့ ဘယ်တော့စားရမလဲ?

ကူးကူးလှိုင် said...

မျက်ကပ်မှန် အမြဲတမ်းကြီးတပ်နေရတာလား ကန်ဒီ...မျက်လုံးကိုသေချာဂရုစိုက်နော်...

Candy said...

ဟုတ်ကဲ့ မမကူးကူး မျက်ကပ်မှန်က အပြင်သွားရင်တပ်တယ်။ အိမ်မှာဆိုရင်တော့ မျက်မှန်ပဲ တပ်တယ် ^_^

မိုးငွေ့........ said...

မျက်ကပ်မှန်ကိုခုထိမတပ်ဖူးသေးဘူး အသဲယားလို့

Anonymous said...

မျက်ကပ်မှန်ဘယ်မှာဝယ်တာလဲ candy ..မျက်မှန်လေးနဲ့အရမ်းလိုက်တယ်....

Candy said...

မျက်ကပ်မှန်က Bugis Junction က Frames and Lens ဆိုတဲ့ဆိုင်မှာ ၀ယ်တာပါ... ကျေးဇူးတင်ပါတယ်ရှင် ^_^

Anonymous said...

ညေး ရေးလိုက်မှ
စုံစေ့ သွားတာဘဲ ။

မက်စေ့ မကောင်းရင် ဂုစိုက်အေ့
အသစ်ပြန်မရဘူး ။

အတိတ်တို့ အနာဂတ်တို့
ကြိုးမပါရင် ဘာညာ သဒကာတို့ ကိုတော့
ဗေဒင် ဆြာ မဟုတ်လို့ မတွက်တတ်ဘူး
နောင်ရေး ကို ရေးရေး မြင်လာပြီဆိုတော့
မက်စေ့ ပိုကြည်လာပြီ မှတ် တယ်း))။

ဘမှုန်

မဒမ်ကိုး said...

သူ့ဟာသူတော့ဟုတ်နေရှုပ်နေတာဘဲ ဖတ်ရင်းမူးသွားတယ် ဘယာမြင်မှမျက်လုံးကျယ်တွားတယ်း)))))))))

ခိခိ

မိုးနတ်ကြယ်စင် said...

စတိုင်အလန်းလေးနဲ့ ချစ်သောကန်ဒီ :)))

မိုးနတ်တောင် မျက်ကပ်မှန်တပ်ချင်တာ....
အပြာတို့ မီးခိုးတို့လေ...မျက်စိမကောင်းလို့
မဟုတ်ပဲ ကောင်းနေရဲ့သားနဲ့ မျက်ကပ်မှန်
တပ်တာ အန္တာရယ်များတယ် ပြောလို့
လက်လျော့ထားတာ :)))))
မဟုတ်ရင်တော့လားးးးးးးးးးးးးးး
ဟီးးးးး ရွနေတာ ရွနေတာ :PPPPPPPPPPP

မိုးသက် ဦးလွင် said...

အဖေက မျက်ကပ်မှန်တပ်တာလွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကတည်းက .။ ကရိကထတော့ အတော်များတယ်ဗျ.။ ကျွန်တော်တောင် ဆရာဝန်က မျက်ကပ်မှန်တပ်ဖို့ Recommend ပေးတယ်.။ အဖေ့ဒုက္ခတွေကြည့်ပြီး မျက်မှန်ပဲတပ်တာ.။

Evy said...

ကန်ဒီ့ဆီ မရောက်တာကြာပြီ။ အရင်ပို့စ်တွေပါ ပြန်ဖတ်သွားတယ် :)