Friday, July 26, 2013

♫♪ Bababa babanana... ♫♪



♫♪ Bababa babanana Potato nahh~~~ ♫♪
ဟဟဟ... ခု အဲ့သီချင်းနားထောင်ရင်း ငှက်ပျောသီးစားနေတာ(xD)။ အရမ်းချစ်ဖို့ကောင်းတာပဲ။ အဲ့ကား "Despicable me 2" ရုံတင်တော့ ပထမကားကို မကြည့်ရသေးတာနဲ့ မကြည့်ဖြစ်ဘူး။ ဟိုးးနေ့ကမှ ပထမကားရော၊ ဒုတိယကားရော ပေါင်းကြည့်ဖြစ်တာ(:D)။ ကန်ဒီ့ညီမကတော့ ဒုတိယကားရုံတင်တော့မယ် ဆိုကတည်းက အွန်လိုင်းကနေ အရုပ်ဝယ်ပြီးနေပြီ။ နေဦး နေဦး... သူမရှိတုန်း သူ့အရုပ်သွားရှာပြီး ဓာတ်ပုံရိုက်လိုက်ဦးမယ် ဟီးဟီး :D :D

သူများအရုပ်နဲ့ ဓာတ်ပုံခိုးရိုက်တဲ့ မျက်နှာပေး :P

Ekk... ကန်ဒီအိမ်နေရင်းပုံနဲ့ ဓာတ်ပုံရိုက်တိုင်း ဘာလို့အဲ့အကျီပဲ ဖြစ်နေပါလိမ့်?(>.<)။ အဲ့အကျီကို အရမ်းပွနေလို့ ပြာကလောင် ပြာကချောင် အကျီလို့ နာမည်ပေးထားတယ်။ ပွတော့ လေ၀င်လေထွက်ကောင်းတာပေါ့ ဟဟ(xD)။ ဒီရက်ပိုင်းစင်္ကာပူမှာ တော်တော်ပူတယ်နော်။ ရုပ်ရှင်အကြောင်းဆက်ရရင် မနေ့က "Life of Pi" ကြည့်ပြီး ငိုသေးတယ်။ ကန်ဒီက ပုံမှန်ဆို ရုပ်ရှင်ကြည့်ရင် ငိုခဲ၊ ရီခဲတယ်။ ကန်ဒီ့ညီမကတော့ မင်းသမီး... နည်းနည်းလေးဖြစ်တာနဲ့ကို ငိုတော့တာ။ သူငိုရင် ကန်ဒီကရီချင်တယ် ဟီးဟီး(xD)။ ကန်ဒီ့အားနည်းချက်က တစ်ခုတည်း... အဲ့လို တိရိစ္ဆာန်တွေ၊ အကောင်တွေပါလာရင် မရတော့ဘူး။ တခုခုဖြစ်တာနဲ့ကို ငိုချင်တာ။ ကျားကြီးနဲ့မင်းသား ပင်လယ်ထဲ သေလုဆဲဆဲဖြစ်တော့ မျက်ရည်က သူ့အလိုလို စီးကျလာတယ်... ဆိုးပါ့ =.='


ဒီရက်ပိုင်း အသားကုန်စားနေတယ်။ မနက်ဆို ငှက်ပျောသီးတစ်လုံးအပြင် ပေါင်မုန့်ကို Peanut Butter သုပ်ပြီး ကော်ဖီနဲ့သောက်တယ်။ နေ့လည်ဆို ဟင်းနှစ်မျိုးလောက်ချက်တယ် (ပုံမှန်ဆို ပျင်းလို့ တစ်မျိုးပဲ ချက်တာ)။ ထမင်းစားပြီးရင် အချိုတည်းတာက အသီးတစ်ခုခု။ ညနေစောင်းလောက်ဆို တခါတလေ ကန်စွန်းဥပြုတ်တို့၊ ပြောင်းဖူးပြုတ်တို့ စားသေးတယ်။ ကန်ဒီဝိတ်ကျသွားလို့ ပြန်တက်အောင် လုပ်နေတာလေ ဟီး(xD)။ ဒါပေမယ့် နဂိုပိန်တဲ့လူက ဘယ်လောက်စားစားမ၀ဘူး။ အသက်ကြီးလာရင်တော့ မ၀ချင်လည်း ၀လာမှာပါ >.<

ပုဇွန်ကညွတ်နဲ့ ဗူးသီးချဉ်ဟင်း ^_^

 ကြယ်ကြွေတုန်း လိုက်ကောက်ထားတာ :P

ကန်စွန်းဥပြုတ်...

ပြီးခဲ့တဲ့အပတ် သောကြာနေ့က ကလေးမွေးနေ့ပွဲသွားတယ်။ ဧည့်သည်ရှားပါးလှတဲ့ ကန်ဒီ့ဘလော့ဂ်က ဓာတ်ပုံတွေမှာ သူတခါတလေပါတတ်တော့ မြင်ဖူးတဲ့သူဆို သူ့ကိုမှတ်မိမယ်ထင်ပါတယ်(^_^)။ အစ်မ(သူ့အမေ)ကျွေးတဲ့ ကြာဇံကြော်ကို ဗိုက်ဆာဆာနဲ့ တ၀တပြဲစားခဲ့တယ်။ ကန်ဒီ့ညီမရဲ့ Instax Mini Camera လေးယူသွားပြီး အမှတ်တရ ဓာတ်ပုံရိုက်ပေးခဲ့သေးတယ် ^_~

 Happy Birthday~~


ကန်ဒီက အဲ့လိုဓာတ်ပုံလေးတွေကို နံရံမှာကပ်ထားရတာ သဘောကျတယ်။ ဓာတ်ပုံကို Album ထဲ ထည့်သိမ်းရတာ မကြိုက်ဘူး။ ကန်ဒီ့ကုတင်ဘေးက White Board က ကန်ဒီဓာတ်ပုံကပ်တဲ့နေရာပေါ့။ အားလုံးကတော့ တွေးနေမှာပဲ... "Humm... ငါဖတ်တာ ဒီနားထိရောက်နေပြီ... သူဘာကိုပြောချင်မှန်း ခုထိမသိသေးဘူး"လို့။ ဟီးဟီး ကန်ဒီကိုယ်တိုင်လည်း မသိဘူး။ ဒီပိုစ့်ကို စရေးကတည်းက စိတ်ထဲထွေထွေထူးထူး ပြောစရာမရှိဘူး :P

သြော်... ဒီရက်ပိုင်း သူများငြိုငြင်တာ ခံနေရတယ်။ သိတဲ့အတိုင်း ကန်ဒီက Message Reply လုပ်ရမှာ အရမ်းပျင်းတတ်တာလေ။ အရေးကြီးတဲ့ Message မျိုးဆို ကိုယ်အားတာနဲ့ ချက်ချင်း Reply လုပ်ပေးလိုက်ပေမယ့် "Hello" လောက်ပြောထားတဲ့ Message မျိုးကျတော့ မအားတဲ့အချိန်ဖတ်လိုက်ပြီး အားတဲ့အချိန်ကျ အရေးမကြီးဘူးဆိုပြီး သွားပြန်မပြောဖြစ်တော့ဘူး။ တခါတလေလည်း မေ့သွားတာပေါ့။ အားတဲ့အချိန်၊ ကန်ဒီကိုယ်တိုင်လည်း စကားပြောဖို့ စိတ်ပါနေတဲ့အချိန်ဆိုရင်တော့ ချက်ချင်း Reply လုပ်ပေးပါတယ်။ ကိုယ့်အကြောင်းကိုယ်သိလို့လဲ အမြဲတမ်း Offline နေတာ။ Offline ဖြစ်နေတဲ့သူကို Message ပို့တာ ချက်ချင်းမပြန်လို့ စိတ်ဆိုးတယ်ဆိုတော့ ဘယ်သူ့အလွန်လဲ စဉ်းစားသာကြည့်ကြပါတော့(>.<)။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ပဲ ကောင်းတယ်။ ကန်ဒီသူ့ကို နှစ်ရက်လောက်နေမှ Reply လည်း ဘာမှမပြောဘူး။ "နေဦး ငါဘာပြောထားလဲတောင် မေ့သွားပြီ" တဲ့ ဟီးဟီး ရီရတယ် :D


ပေါက်တက်ကရ ရေးချင်တာရေးတဲ့ ပိုစ့်အတွက် အနူးအညွှတ်တောင်းပန်ပါတယ်နော် (တကယ်တော့ ဒါမျိုးတွေ ရေးတာလည်း တော်တော်များနေပါပြီ ဟီး)။ တကယ်ဘာကိုဦးတည်ရေးရမလဲ မသိလို့ပါ... Brain fart >.<

Good Night!
Sweet Dream^^

Monday, July 22, 2013

ဝါဆိုလပြည့်

“သန္ဓေ တောထွက် ဓမ္မစက် ဟောမြွတ်သံချို လဝါဆို” ဆိုတဲ့အတိုင်း ၀ါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရား ပဋိသန္ဓေတည်တဲ့နေ့၊ တောထွက်တော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဓမ္မစကြာဟောတော်မူတဲ့နေ့ ဖြစ်ပါတယ်တဲ့။ ဒီနေ့ဝါဆိုလပြည့်နေ့ဆိုတော့ ဒီနေ့နဲ့လိုက်ဖက်တဲ့ ပိုစ့်လေးရေးရမှာပေါ့ နော့။ မနေ့က Joo Koon မှာ ၀ါဆိုသင်္ကန်းကပ်လှူပွဲနဲ့ မေတ္တာရှင်ဆရာတော်ရဲ့တရားပွဲ ရှိတယ်။ မနက်(၉)နာရီကနေ (၂)နာရီထိက ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ညနေ(၆)နာရီခွဲကနေ (၈)နာရီထိက တရားပွဲ... ဆိုတော့ တနေကုန်အဲ့မှာ ဝေယျာဝစ္စကူနေတာ ဆိုပါတော့ ^_^



♦ ဝါဆိုသင်္ကန်း လှူဒါန်းရခြင်းအကျိုးများ
၁) အသက်ရှည်ခြင်း
၂) အဆင်းလှခြင်း
၃) ချမ်းသာကြီးခြင်း
၎) ခွန်အားဗလနှင့် ပြည့်စုံခြင်း
၅) ဈာန် မဂ်ဖိုလ်တရားများကို ရနိုင်ခြင်း
၆) ပစ္စုပ္ပန်သံသရာတို့၌ အကျိုးများခြင်းကြောင့် ကထိန်သင်္ကန်းနှင့်အတူတကွ အခြံအရံဖြစ်ကုန်သော ဆွမ်းခဲဖွယ် ဘောဇဉ် ချိုချဉ်သြဇာ အရသာတို့ကို ဆက်ကပ်လှူဒါန်းရခြင်း
၇) သီလဆောက်တည်ရခြင်း
၈) တရားနာရခြင်း
၉) အလှူခံပုဂ္ဂိုလ်၊ အလှူဝတ္ထုနှင့်ပတ်သက်၍ သမထ ဝိပဿနာ ပွားများရခြင်း။


သင်္ကန်းကပ်ဖို့ တန်းစီနေကြတာ...

ကန်ဒီတို့ နေ့လည်ဝါဆိုသင်္ကန်းကပ်ပြီး နားနေတဲ့အချိန်မှာ အစ်ကိုတစ်ယောက်က ဆုံးသွားတဲ့ သူ့အဘိုးအတွက်ဆိုပြီး ရေစက်ချအလှူလေးလုပ်နေတာတွေ့တယ်။ ကန်ဒီလည်း အားနေတာနဲ့ အဲ့ရေစက်ချအလှူလေးမှာ ၀င်ထိုင် တရားဝင်နာမိတယ်။ အမျှတွေ ဘာတွေဝေတော့ လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးသွားခဲ့တဲ့ ကန်ဒီ့အဘိုးလေးကို သွားသတိရတယ်။ ကန်ဒီ့တကယ့်အဘိုးအဘွားတွေက ကန်ဒီတို့ငယ်ငယ်လေးထဲက မရှိတော့ဘူး။ ဒီအဘိုးလေးတစ်ယောက်ပဲ ကန်ဒီတို့ တော်တော်ကြီးတဲ့အထိ အတူရှိနေတာဆိုတော့ သူ့ကိုတော့ မှတ်မှတ်ရရရှိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကန်ဒီကျောင်းပိတ်လို့ ရန်ကုန်ခဏပြန်လည်တဲ့အချိန်ကြီးမှာ သူဆုံးသွားတာ။ သူ့မှာသားသမီးမရှိဘူး... ဆုံးခါနီးဝေဒနာခံစားနေရတုန်းက အရမ်းသနားဖို့ကောင်းတယ်။ အဲ့အချိန်တုန်းက စိတ်ထဲမှာငိုနေပေမယ့် ကန်ဒီဘာလို့ သူ့လက်ကလေးတချက်ကိုင်ပြီး အားမပေးမိခဲ့လဲ စဉ်းစားလို့မရဘူး။ တွေးမိတိုင်း စိတ်မကောင်းဘူး။ ဒါကတော့ အမျှဝေရင်း မျက်ရည်စို့မိတဲ့အကြောင်းရင်း...

ရခိုင်မုန့်တီ...

ကဲ ကဲ ဆက်ရအောင်... စတုဒိသာကျွေးတာဆိုတော့ ကိုယ်ကြိုက်တာဝင်ဆွဲပေါ့ ဟီးး(:D)။ နန်းကြီးသုပ်၊ ခေါက်ဆွဲကြော်၊ ရွှေရင်အေး၊ သစ်သီး၊ ကော်ဖီ၊ အအေး စုံလို့... ကန်ဒီတို့အဖွဲ့ကတော့ ရခိုင်မုန့်တီကျွေးတယ်။ ညနေတရားပွဲကျတော့ ရခိုင်မုန့်တီအပြင် ဆီထမင်းပါကျွေးတယ်။ လူတော်တော်များများလာတယ်။ အပေါ်ထပ်အခန်း တခန်းလုံးပြည့်သွားလို့ အောက်ထပ်အခန်းပါဖွင့်ပေးရတယ်။ ဆရာတော်ဟောတဲ့တရားလည်း ကောင်းတယ်။ လက်တွေ့ဖြစ်ရပ်လေးတွေနဲ့ ဥပမာပြဟောတော့ ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ 

 သူများအဖွဲ့ကယူလာတဲ့ နန်းကြီးသုပ်နဲ့ ခေါက်ဆွဲကြော် :D

တရားဟောပြီးတော့ ဒကာ၊ ဒကာမတွေ မေးတဲ့မေးခွန်းတွေကို ဆရာတော်က ဖြေပေးတယ်။ အဲ့မှာ မေးထားတဲ့မေးခွန်းတစ်ခုက "တပည့်တော် လှူချင်ပါတယ် ဘုရား... လှူခါနီးကျရင် နှမြောစိတ်လည်း ဖြစ်မိပါတယ်... အဲ့ဒါဘယ်လိုလုပ်သင့်ပါသလဲ"တဲ့။ အဲ့ဒီရိုးသားတဲ့ မေးခွန်းလေးကိုကြိုက်တယ်။ တကယ်တော့ အဲ့လိုဖြစ်တတ်တာ သူတစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများ အနည်းနဲ့အများတော့ ဖြစ်တတ်ကြတယ်။ ထုတ်ဖော်မပြောကြတာပဲ ရှိတယ်။ ဆရာတော်ဖြေပေးလိုက်တာက... အဲ့လိုစိတ်ဖြစ်လည်း လှူဒါန်းခြင်းဟာ ကောင်းတဲ့ကိစ္စမို့ လှူပါတဲ့... လှူတတ်တဲ့အကျင့်လေး ပြုလုပ်ပါ။ အဲ့လို လှူဒါန်းတဲ့အကြိမ်အရေအတွက် များလာလေလေ၊ လှူချင်တန်းချင်စိတ်များလာလေလေ ဖြစ်လာလိမ့်မယ်တဲ့။ ဘယ်လောက်ကောင်းတဲ့ မေးခွန်းနဲ့ အဖြေလည်းနော်...

"မပြုချင်ပြု၊ ပြုချင်ပြု 
ကောင်းမှုကုသိုလ်တွေ၊
ကိုယ်တွင်းရောဂါ၊ ကိလေသာ
ကိုယ်မှာ ရှိ၍နေ။"

ကန်ဒီတခါရှယ်ဖူးတဲ့ ကဗျာထဲက အဲ့ဒီစာချိုးလေးကို သွားသတိရတယ်။ ဘုရားရှိခိုးရမှာပျင်းတဲ့လူတွေကို ဆုံးမတိုက်တွန်းထားတဲ့ ကဗျာလေးလေ။ ဆရာတော်ပြောတာတွေထဲမှာ နောက်ထပ်ကန်ဒီသဘောကျတာလေးက... ရဟန်းသူတော်စင်တွေကို လှူတဲ့အလှူနဲ့ သာမာန်လူပုဂ္ဂိုလ်တွေကို လှူတဲ့အလှူနှစ်ခုယှဉ်ရင် ရဟန်းသူတော်စင်တွေကို လှူတဲ့အလှူက အဆများစွာပိုအကျိုးရနိုင်ကြောင်း ကျမ်းဂန်တွေမှာ ဖော်ပြထားပေမယ့် ဆရာတော်ထပ်ဖြည့်စွက်ချင်တဲ့ အတွေးလေးရှိပါတယ်တဲ့။ အလှူတခုမှာ ဘယ်သူ့ကို ဘယ်လောက်လှူတယ်ဆိုတာထက် စေတနာမှန်ဖို့ကသာ အဓိကပါတဲ့။ ကိုယ်လှူတဲ့သူအပေါ်လိုက်ပြီး အကျိုးရမှုကွာခြားတဲ့အကြောင်း ဆရာတော်တွေ တော်တော်များများက တရားတွေထဲမှာ ပြောဖူးဟောဖူးတာ ကန်ဒီကြားဖူးပါတယ်။ အမှန်အတိုင်းပြောရရင်  အဲ့ဒါကို ကန်ဒီ့စိတ်ထဲ အသင့်အတင့်လက်ခံပေမယ့် ဘယ်တော့မှ အပြည့်အ၀ သဘောမတွေ့ခဲ့ဘူး။ မှားတယ်၊ မှန်တယ် ဝေဖန်သုံးသပ်တာမျိုး မဟုတ်ဘူးနော်။ အဲ့လိုသာဆို လူတွေက ပိုအကျိုးများများရချင်တော့ အဲ့လိုရနိုင်တဲ့ မြင့်မြတ်တဲ့လူတွေဆီပဲ လှူနေပြီး နိမ့်ကျမပြည့်စုံတဲ့လူတွေကိုကျ ပစ်ထားသလိုဖြစ်နေမှာပေါ့လို့ ရိုးရိုးလေးတွေးမိရုံပါ။ ဒီတခေါက်ဆရာတော်ပြောသွားတာလေးကိုတော့ ကန်ဒီကျေနပ်သဘောကျတယ်။ ကိုယ်တိုင်လည်း အဲ့လိုပဲတွေးမိတယ်... အလှူတစ်ခုမှ စေတနာသည်သာအဓိကလို့ ^_^


ကုသိုလ်တရားတွေနဲ့ လှပနိုင်ကြပါစေ...

Tuesday, July 16, 2013

မယ်ဒေါ်

ကလင် ကလင် ကလင်... (အဲ့ဒီ Ringtone မဟုတ်သော်လည်း ဖုန်းမြည်သံဟု သတ်မှတ်ပါ :P)

အင်း... အဲ့ဒါဇာတ်လမ်းအစပဲ။ ကန်ဒီနဲ့အရမ်းမရင်းနှီးတဲ့ သူငယ်ချင်းအစ်မတစ်ယောက်က ကန်ဒီ့ဆီဖုန်းဆက်လာတယ်။ တနင်္ဂနွေနေ့မှာ ကန်ဒီနဲ့သူ တူတူသွားရမယ့် မွေးနေ့ပွဲရှိတော့ အဲ့အတွက် ဖုန်းဆက်တာလို့ပဲ ပထမထင်လိုက်တာ။ နောက်တော့ သူက သူ့အသိဓာတ်ပုံဆရာတွေက သူ့ကိုချည်းဓာတ်ပုံရိုက်နေရတာ ပျင်းလာလို့ သူ့ဖုန်းထဲက ကန်ဒီ့ပုံတချို့ကိုမြင်တော့ ဓာတ်ပုံရိုက်ချင်တယ်လို့ ပြောလာတယ်တဲ့။ အဲ့ဒါ လာမယ့်တနင်္ဂနွေနေ့ အဆင်ပြေမလား မေးလာတယ်။ ကန်ဒီက"မွေးနေ့ရှိတယ်လေ"ဆိုတော့ မွေးနေ့က ညနေမှဖြစ်မယ်တဲ့။ နေ့လည်ဓာတ်ပုံရိုက်ပြီး သွားလည်းဖြစ်တာပဲဆိုတော့ ကန်ဒီကလည်း "အင်း... အဲ့ဒါဆိုလည်း ရတယ်"ပေါ့။


သူပြောတဲ့ပုံက လုံးဝပေါ့ပေါ့ပါးပါးပဲ။ သူနဲ့တူတူရိုက်ရမယ့်ပုံစံမျိုး။ ကန်ဒီတောင်ပြောလိုက်သေးတယ်... "အစ်မနဲ့တူတူမို့ ညီမရိုက်တာနော်"လို့။ သူက "အင်း... သိတယ် သိတယ်။ အစ်မလည်း ရှိမှာပေါ့။ တူတူလေ.."လို့ ပြောပြီး ဓာတ်ပုံရိုက်ဖို့ မြန်မာဝတ်စုံနှစ်စုံယူခဲ့ဖို့နဲ့ ကန်ဒီ Beach သွားတုန်းက ၀တ်တဲ့ပုံစံမျိုးလေး ၀တ်ခဲ့ဖို့ပြောတယ်။ ကန်ဒီကတောင် "အစ်မက ဘာအရောင်ဝတ်မှာလဲ??"ဆိုပြီး သူနဲ့တူတူရိုက်တဲ့အခါ အရောင်က ဆန့်ကျင်ဘက်ဖြစ်နေမှာစိုးလို့ မေးလိုက်သေးတယ်။ သူကလည်း ပြောတယ် သူ့မှာ မြန်မာဝတ်စုံ အနီတို့ အနက်တို့ရှိတယ်ဆိုပြီး...။ အိုကေ အိုကေ... လိုရင်းပြောရရင် သူပြောပုံဆိုပုံအရ ကန်ဒီနားလည်သွားတာက ကန်ဒီက သူနဲ့တူတူရိုက်ဖို့ပဲ။ တစ်ယောက်တည်းလည်း ရိုက်ဖြစ်ချင်ရိုက်ဖြစ်မယ်။ ဒါပေမယ့် ဒီပွဲမှာ သူက အဓိက။ အဲ့လိုနားလည်လိုက်လို့ ဒီကိစ္စကို လက်ခံလိုက်တာ... နောက်တစ်ခုက သူနဲ့သိပ်မခင်တော့ ငြင်းရမှာ အားနာလို့ >.<


♦ တနင်္ဂနွေနေ့...
ကန်ဒီ့ကို City Hall မှာ ချိန်းထားတာ (၂)နာရီဆိုတော့ အဲ့မှာပဲနေ့လည်စာစားမယ်ဆိုပြီး အိမ်ကနည်းနည်းစောထွက်လာတယ်။ (၂)နာရီလည်းထိုး ထမင်းလည်းစားပြီးတာနဲ့ ကွက်တိ... ဆိုင်ထဲကထွက်ပြီး အစ်မဆီ Message ပို့တယ် (တနင်္ဂနွေဆိုတော့ သိတဲ့အတိုင်း City Hall မှာ မြန်မာတွေမှ အများကြီး... စားပြီးတာနဲ့ သုတ်သုတ်သုတ်သုတ် ထွက်ရတယ်)။ သူနောက် (၁၅)မိနစ်လောက်နေရင် ရောက်မယ်တဲ့။ အဲ့ဒါနဲ့ ကိုယ်လည်းဘယ်နားသွားနေလို့ နေရမှန်းမသိတာနဲ့ Watson ထဲဝင်လိုက် Funan မှာ ပတ်လိုက်လုပ်နေတယ်။ (၃)နာရီထိုးခါနီးလောက်မှ သူကရောက်လာပြီး တစ်ခါဟိုဓာတ်ပုံဆရာတွေရှိတဲ့ Funan အပေါ်ထပ်က Food Court ဆီသွားရတယ်။ အဲ့မှာ သူတို့ထမင်းစားတာ ထိုင်စောင့်... ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ တကယ်ဓာတ်ပုံရိုက်ဖို့ အဲ့ကစထွက်ဖြစ်တာ (၃)နာရီကျော်ကျော်လောက်မှ(>.<)။ ကန်ဒီ့အကြောင်းတော့ အားလုံးသိပြီးသားဖြစ်မှာပါ... အချိန်မလေးစားတာကို ကန်ဒီအရမ်းမုန်းတယ်။ ကန်ဒီ့ညီမဆိုအမြဲပြောတယ်... လူတွေနဲ့ဆက်ဆံတဲ့အခါမှာ လိုက်လျောညီထွေဖြစ်ဖို့လိုတယ်... တဆိတ်ရှိ ဒေါသထွက်နေလို့မရဘူးတဲ့။ အင်း... ကန်ဒီလည်း များသောအားဖြင့် ထုတ်ဖော်ပြလေ့ပါဘူး... သည်းခံ သည်းခံ =.='



ဓာတ်ပုံဆရာတွေက (၆)ယောက်လောက်ရှိမယ်။ ကန်ဒီရယ်၊ အစ်မရယ်၊ ကန်ဒီနဲ့ မျက်မှန်းတန်းမိရုံလောက်သိတဲ့ အစ်မရဲ့သူငယ်ချင်း အစ်မတစ်ယောက်ရယ်... အားလုံးပေါင်း (၉)ယောက်လောက်ပေါ့။ သူတို့ကားနဲ့ပဲ ရှုခင်းကောင်းတဲ့ပန်းခြံတစ်ခုကို မောင်းသွားတယ်။ သူတို့ကတော့ ဓာတ်ပုံရိုက်နေကြလူတွေဆိုတော့ ဘယ်နေရာလှလဲ ပိုသိမှာပေါ့။ ဟိုရောက်တော့ အစ်မက သူအကတိုက်ဖို့ရှိလို့ မသွားလို့မဖြစ်ဘူးတဲ့။ ကန်ဒီနဲ့အတူနေဖို့ သူ့သူငယ်ချင်းအစ်မကို ထားခဲ့မယ်၊ သူကတော့ အကတိုက်ပြီးတာနဲ့ ပြန်လာမယ်ဆိုပြီး ထွက်သွားပါလေရော။ အဲ့ဒါဖြစ်သင့်လား... စဉ်းစားကြည့်ပါဦး။ အစကတည်းက ဒီကိစ္စကိုလက်ခံတာ ဘာကြောင့်ဆိုတာသူ့ကိုပြောပြီးသား... သူ့ကိုအားနာလို့ သူ့မျက်နှာနဲ့ လက်ခံတာ။ ခုကျန်ခဲ့တော့ ကန်ဒီနဲ့ တခါမှမတွေ့ဖူး၊ မရင်းနှီးတဲ့လူတွေ အများကြီးနဲ့။ ထားခဲ့ပေးတဲ့အစ်မဆိုတာကလည်း တခါလောက်ပဲသူမိတ်ဆက်ပေးဖူးတာ။ ကန်ဒီကလေးမဆန်ပါဘူး။ ပြောထားပြီးသားကိစ္စကို ပြီးဆုံးအောင်လုပ်ပေးရမှာပဲမဟုတ်လား....




ဓာတ်ပုံဆရာတွေကတော့ တကယ်ကိုကျွမ်းကျင်တဲ့လူတွေပါ။ ကန်ဒီကသာ မော်ဒယ်လ်တစ်ယောက်မဟုတ်တော့ Pose မပေးတတ်တာ။ သူတို့ပြောသလိုတွေလည်း မလုပ်တတ်ဘူး... လူကတောင့်တောင့်ကြီးဖြစ်နေတယ်။ အဓိကကတော့ သူတို့နဲ့ မရင်းနှီးတဲ့အတွက်၊ မသိတဲ့အတွက် ကန်ဒီ့မျက်နှာမှာ အသက်မပါဘူး။ အမှန်အတိုင်းပြောရရင် ဟိုအစ်မလုပ်သွားပုံကို ဒေါသဖြစ်ပြီး စိတ်လည်းမပါဘူး။ ထားခဲ့ပေးတဲ့အစ်မကလည်း ကိုယ်ကကင်မရာမန်းတွေရှေ့မှာ မနေတတ်ပါဘူးဆို သူကဟိုလိုလုပ် ဒီလိုလုပ်နဲ့... လုပ်ခိုင်းတာတွေကလည်း Sexy ဆန်ဆန် Pose တွေ... ကန်ဒီ့ကို အဲ့လိုဓာတ်ပုံအရိုက်ခံမယ်များ မှတ်နေလား မသိဘူး(>.<)။ နောက်ပြီး ဘာပြောတယ်မှတ်လဲ?? ဒီလူတွေက နောက်လည်းတွေ့ချင်မှ တွေ့ရမှာ... ဘာပဲဖြစ်ဖြစ် Pose ပေးသာပေး ဆိုပဲ။ စိတ်ညစ်ရတဲ့အထဲ သူကတစ်မျိုး >.<

ဓာတ်ပုံဆရာတွေကတော့ ဘယ်လိုနေ ဘယ်လိုထိုင် သိပ်မပြောပါဘူး။ သူတို့ဟာသူတို့ ကြည့်ကောင်းမယ့် Angle က ရိုက်လိုက်တာများတယ်။ ပထမအကျီနဲ့ရိုက်ပြီးတော့ ဓာတ်ပုံဆရာနှစ်ယောက်က မင်္ဂလာဆောင်သွားစရာရှိလို့ဆိုပြီး ပြန်သွားတယ်။ ကျန်တဲ့လေးယောက်နဲ့ ည(၈)နာရီလောက်ထိ ဆက်ရိုက်တယ်။ ပြီးခါနီးကျတော့ သွားက,တဲ့အစ်မက ပြန်လာတယ်။ သူ့ကို ကန်ဒီမကျေနပ်တဲ့အကြောင်း ဘာတစ်ခွန်းမှ မပြောပါဘူး။ ပုံမှန်အတိုင်းပဲဆက်ဆံတယ်။ ကိစ္စတော်တော်များများကို စိတ်ထဲမှာပဲ ထားတတ်တာ အကျင့်ဖြစ်နေပြီ... ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ အားနာတော့မှာ မဟုတ်ဘူး။ ပြန်ခါနီးကျတော့ ဓာတ်ပုံဆရာတွေက နောက်အပတ်အားလား မေးနေသေးတယ်။ ကန်ဒီမအားဖို့များတယ်လို့ပဲ အပြတ်ပြောခဲ့တယ်။ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို မလုပ်တာပဲ ကောင်းတယ်မလား...



မော်ဒယ်လ်တစ်ယောက်မဟုတ်တဲ့ ကန်ဒီ့အတွက် ဓာတ်ပုံအရိုက်ခံဖို့ဆိုတာ ရင်းနှီးမှုတစ်ခုတော့လိုတယ်။ အဲ့လိုမှမရှိရင်တော့ ဘယ်လိုမှအသက်ပါမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ပိုစ့်က Beach မှာ ရိုက်ခဲ့တဲ့ပုံတွေနဲ့ အခုပုံတွေပဲ ယှဉ်ကြည့်... အများကြီးကွာတယ်။ သူတို့ဓာတ်ပုံအဖွဲ့ကလုပ်တဲ့ အစီအစဉ်မှာ မော်ဒယ်လ်တိုင်း မထည့်ဘူး... ကန်ဒီ့ကိုထည့်ပေးမယ် ဘာညာပြောသွားတာပဲ။ ကန်ဒီကလည်း ဘာမှန်းမသိပေမယ့် "ဟုတ်ကဲ့"ပေါ့... အဲ့လိုမှမဖြေရင် ဘယ်လိုဖြေမလဲ??(:D)။ အဲ့နေ့က ကန်ဒီ့ဖိနပ်တစ်ရံ အဲ့ပန်းခြံထဲမှာကျန်ခဲ့ပြီး သူငယ်ချင်းမွေးနေ့ပွဲလည်း နောက်ကျသွားတယ် :(


အိုကေ... နောက်ဆက်တွဲဇာတ်လမ်းကို ဆက်ရရင်တော့ ဒီလို။ အဲ့လိုနဲ့ ပြီးသွားပြီး ညဘက်ရောက်တော့ Facebook မှာ သူတို့ဆီက ဓာတ်ပုံတွေ တက်လာပါလေရော။ တက်လာတဲ့ထဲမှာ ကန်ဒီဘောင်းဘီတိုနဲ့ ထိုင်ရိုက်ထားတဲ့ပုံတစ်ပုံက ကြည့်လို့လုံးဝမသင့်တော်ဘူးဖြစ်နေတယ်။ ကိုယ်ကတော့ Safe ဖြစ်တယ်ထင်လို့ နေလိုက်တာပဲလေ။ သူတို့မျက်လုံးထဲမှာ ဒါပုံမှန်ပဲလို့ မြင်လို့ တင်လိုက်ပုံရတယ်။ ဒါပေမယ့် ကန်ဒီ့မျက်လုံးထဲမှာတော့ ပေါင်ကလိုတာထက် ပိုပေါ်နေတယ်လို့ မြင်တယ်။ ကန်ဒီ ပိုနေတာလည်း ဖြစ်နိုင်တယ်။

အဲ့ပုံကအဲ့လိုတက်လာတော့ ကန်ဒီ့မှာ မစားနိုင်၊ မအိပ်နိုင်ဖြစ်ပြီး ကန်ဒီလက်လှမ်းမှီတဲ့ ဓာတ်ပုံဆရာတွေဆီရော၊ တင်တဲ့ ဓာတ်ပုံဆရာဆီရော Message ပို့ရတယ်။ အတတ်နိုင်ဆုံး ယဉ်ကျေးအောင် ကြိုးစားရေးလိုက်ပေမယ့် အဲ့လိုထူပူနေတဲ့အချိန်မှာ ပို့တဲ့ Message ဆိုတော့ သူတို့အမြင်မှာ ရိုင်းနေလားတော့ ကန်ဒီလည်း မပြောတတ်ဘူး။ ကန်ဒီပြောလိုက်တာက... သူတို့တင်ထားတဲ့ ဓာတ်ပုံတွေကို ကြိုက်ပါတယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အဲ့ထဲက တစ်ပုံကတော့ သိပ်ကြည့်မကောင်းဘူးဆိုတဲ့အကြောင်း၊ အဲ့ပုံကို ဖျက်ပေးဖို့ မပြောလိုပေမယ့် နောက်တစ်ခါဓာတ်ပုံတွေတင်တော့မယ်ဆို ကန်ဒီ့ဘက်တစ်ချက်လောက် ကြည့်ပေးဖို့နဲ့ ကန်ဒီ့ကိုကိုယ့်ညီမတစ်ယောက်လို သဘောထားပြီး နှမချင်းစာနာဖို့ ပြောလိုက်ရုံပါ။ သြော်... နောက်တစ်ကြိမ်ဆို အဲ့လို ဘောင်းဘီတိုနဲ့ မော်ဒယ်လ်မလုပ်တော့ပါဘူး ပြောလိုက်သေးတယ်။ ဟုတ်တယ်လေ... သူတို့အမြင်နဲ့ ကိုယ့်အမြင်နဲ့မတူမှတော့ မ၀တ်တာပဲ အေးတယ်မဟုတ်လား :)


 
ကိုယ်ကောင်းတယ်ထင်လို့ တင်ထားတဲ့ပုံကို ကန်ဒီကလက်ညိုးထိုးပြီး မကြိုက်ပါဘူးဆိုတဲ့ Message မျိုး ပို့လိုက်တော့ အနည်းနဲ့အများတော့ သူတို့စိတ်ခုသွားကြမယ်ဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါပေမယ့် အချင်းချင်းနားလည်မှုနဲ့ လုပ်ကြတဲ့အလုပ်တစ်ခုမှာ ကန်ဒီ့ဘက်ကလည်း ကိုယ်ဖြစ်ချင်တာလေးတွေ၊ ကိုယ်လက်မခံနိုင်တာလေးတွေ ပြောခွင့်ရှိတယ်လို့ ထင်တာပဲလေ။ ကန်ဒီ ဓာတ်ပုံဆရာ(၄)ယောက်ဆီ ပို့လိုက်တာ... အစ်ကိုတစ်ယောက်ဆီက ပြန်လာတဲ့ Reply ကို ကန်ဒီကျေနပ်တယ်။ သူနားလည်ပါတယ်တဲ့... ဓာတ်ပုံတွေကိုလည်း Facebook မှာ မတင်ပါဘူး... ကန်ဒီ့ကို Dropbox ကနေ ဓာတ်ပုံတွေပေးမယ်ဆိုပြီး ဓာတ်ပုံတွေပို့လာတယ်။ ဓာတ်ပုံတင်ထားတဲ့အစ်ကိုကလည်း သူက အဲ့ပုံကို သင့်တော်တယ်ထင်လို့ တင်ထားတာပါဆိုတဲ့အကြောင်း၊ ကန်ဒီမကြိုက်လို့ သူဖျက်ပေးလိုက်ပြီဆိုတဲ့အကြောင်းနဲ့ ကျန်တဲ့ပုံတွေကိုလည်း ကန်ဒီ့စိတ်တိုင်းကျတင်ပေးပါမယ် ဆိုပြီး Reply လာတယ်။ သူ့ကြည့်ရတာ စိတ်ခုသွားပေမယ့် ပြန်လာတဲ့ Reply ကတော့ အရမ်းလူကြီးဆန်တယ်။ ကျန်တဲ့နှစ်ယောက်မှာ တစ်ယောက်က Reply မလာဘူး (ကန်ဒီကတော့ ရိုင်းတယ်လို့ မြင်တယ်)။ နောက်တစ်ယောက်ကတော့ စိတ်မရှည်တဲ့ပုံစံနဲ့ အဲ့လိုအ၀တ်အစားမျိုး၊ Pose မျိုး၊ စတိုင်လ်မျိုးမကြိုက်ရင် ဘာလို့သူတို့ကို အစောကြီးကတည်းက မပြောတာလဲဆိုပြီး ပြန်လာတယ်။ ကန်ဒီလည်း ဒေါပွပွနဲ့ အကျီမကြိုက်ဘူး၊ စတိုင်လ်မကြိုက်ဘူးလို့ မပြောပါဘူး၊ ဓာတ်ပုံတင်မယ်ဆို သင့်တော်တာလေးတွေ ရွေးတင်ပေးဖို့ပဲ တောင်းဆိုတာပါလို့... အဲ့ကိုလာတာလည်း အစ်မမျက်နှာကြောင့်လာတာမို့ အခုလိုပုံစံမျိုးလာမဆက်ဆံပါနဲ့လို့ ပြောလိုက်တယ်။ ပြောပြီးမှ ကိုယ့်ဟာကိုယ် ရုပ်ဆိုးသလို ခံစားရတယ်။ ကန်ဒီကအဲ့လိုပဲ... တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်ပြီးတိုင်း ကိုယ့်ပြောတဲ့စကားက ကိုယ့်ကိုပဲ ရုပ်ဆိုးစေတယ်လို့ ထင်တယ် :(

ကန်ဒီဘယ်သူနဲ့မှလည်း အတိုက်အခံမဖြစ်ချင်ပါဘူး။ အားလုံးအေးအေးဆေးဆေးပဲ ဖြစ်ချင်တယ်။ သူတို့ကိုလည်း စိတ်မဆိုးပါဘူး။ ဒါသူတို့လုပ်နေကြ ပုံမှန်အလုပ်ကို သူတို့လုပ်တာ။ ကန်ဒီ့လို ခေတ်နောက်ပြန်ဆွဲတဲ့ တောသူမကသာ သွားပြီး ဟိုဟာမကြိုက်ဘူး၊ ဒီဟာမကြိုက်ဘူး သွားလုပ်မိတာ... သူတို့အတွက်တော့ ရီစရာဟာသတစ်ခု ဖြစ်ကောင်းဖြစ်နေမယ်။ ဘာပဲဖြစ်ဖြစ် ကန်ဒီသည် ကန်ဒီသာဖြစ်သည် ^_^

The End.

Thursday, July 11, 2013

☼ Beach Day ☼

အီးးး ရားးးး... (ပျင်းပိုး ထုတ်တာ xD)

စာမရေးဘဲ ပျင်းတာတွေများနေလို့ ဟီးဟီး (xD)။ အိပ်ယာနိုးနိုးချင်း အညောင်းဆန့်တာတို့၊ ပျင်းကြောဆန့်တာတို့ဆို အဖေတို့ဘက်မှာ ပျင်းပိုးထုတ်တယ်လို့ ပြောတယ်။ အသံထွက်တာတော့ "ပျင်းဘိုး"လို့ထွက်တာ... ဒါပေမယ့် အမှန်က"ပျင်းပိုး"လား၊ "ပျင်းခိုး"လား မသိဘူး ဟဟ(xD)။ ဟိုးး လွန်ခဲ့တဲ့နှစ်ပတ်လောက်က သူငယ်ချင်းတွေနဲ့ Sentosa သွားတယ်။ ညနေ(၄)နာရီလောက်သွားပြီး (၇)နာရီလောက် ပြန်လာတာဆိုတော့ ဘာမှထွေထွေထူးထူးပြောစရာ မရှိဘူး။ ဓာတ်ပုံလေးတွေပဲ အဓိကကြည့်ပေါ့နော်...



Bintan သွားခဲ့တာကို ပြန်သတိရတယ်။ Bintan က ရေက ကြည်နေတာပဲ။ အဲ့တုန်းက ရေအရမ်းကူးချင်တာ မကူးတတ်လို့ ငြိမ်နေရတယ် (>.<)။ ဒီကမ်းခြေကတော့ အတုမို့လို့လား မသိဘူး။ ဘာနဲ့တူမှန်းကို မသိဘူး... သိပ်ခံစားလို့မရဘူး။ စင်္ကာပူမှာ ဒါပဲရှိတော့လည်း ရှိတာနဲ့ ဖြစ်သလိုပဲပေါ့ နော့ ^_^



"Man of Steel" ကြည့်ပြီးသွားပြီ။ အဲ့ကားကို ကြည့်ချင်ပါတယ်လို့ ခဏခဏ ထုတ်ဖော်ပြောနေတာတောင် ဘယ်သူ့မှ ကန်ဒီ့ကိုအဖတ်လုပ်ပြီး ရုပ်ရှင်ရုံမှာ လိုက်မကြည့်ပေးကြဘူး(>.<)။ Shopping ထွက်ရင်သာ တစ်ယောက်တည်းထွက်ရင်ထွက်မယ်။ ရုပ်ရှင်တော့ ဘယ်တော့မှ တစ်ယောက်တည်း သွားမကြည့်ဘူး။ အထီးကျန်သလို ခံစားရလို့ :( အဲ့ဒါနဲ့ နောက်ဆုံး အစ်ကိုချမ်းမင်းပေးတဲ့လင်ခ့်နဲ့ အွန်လိုင်းကပဲ ကြည့်လိုက်တယ်။ မဆိုးဘူး ကြည်သားပဲ ^_^


ဒီရက်ပိုင်းနားထောင်ဖြစ်နေတာ လှိုင်ဦးမော်သီချင်းတွေနဲ့ ဟန်ထွန်းရဲ့ "ခေါင်းနဲ့ပန်း" အယ်လ်ဘမ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အသိဓာတ်ပုံဆရာတွေက မော်ဒယ်လ်လုပ်ပေးဖို့ အကူအညီတောင်းတာနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူငယ်ချင်းမျက်နှာနဲ့ မော်ဒယ်လ်သွားလုပ်ပေးတာ စိတ်ရောလူရော ပင်ပန်းတယ်။ အဲ့ကိစ္စပြောရရင် အရှည်ကြီးမှ အရှည်ကြီးပဲ။ နောက်မှ ဓာတ်ပုံတွေနဲ့အတူ ပိုစ့်သက်သက်ရေးမယ်လို့ စဉ်းစားထားတယ်။ ယူတတ်ရင်တော့ သင်ခန်းစာပေါ့ ဖူးးး (သက်ပြင်းချသံ =.=')


သြော် အခုတရားစခန်းရှိနေတယ်နော်။ အဲ့မှာ ဝေယျာဝစ္စသွားကူချင်တာ St. John's Island ဆိုတော့ ကူမယ်ဆို သင်္ဘောစီးသွားရမယ့်အပြင် အဲ့မှာညအိပ်ရမှာ... အဲ့ဒါနဲ့ မသွားဖြစ်ဘူး။ ကန်ဒီက ခရီးတွေဘာတွေ သွားတာကလွဲရင် ကိုယ့်အိမ်ကလွဲပြီး တခြားနေရာမှာ ညအိပ်ညနေ မနေတတ်ဘူး။ ခုနာမည်ကြီးနေတဲ့ ဖေ့ဘွတ်မင်းသားကို တော်တော်အမြင်ကတ်နေတယ်။ ကန်ဒီသိသလောက်ဆို နိုင်ငံခြားမင်းသားတွေတောင် Sexy pose ကို သူ့လောက်မဖော်ဘူး။ မော်ဒယ်လ်ဆိုတာ အဲ့လိုလုပ်မှ ဖြစ်တာလား သံသယ၀င်လာတယ်... မပြောဘူးဆိုပြီးနေတာ ပြောမိပြန်ပြီ -.-


I love you all ♥

Saturday, July 6, 2013

ရေပေါ်ဆီများ

Hak yo (Hello~)

တကယ်တော့ ကန်ဒီရေးဖို့ရည်ရွယ်ထားတာ ဒီပိုစ့်မဟုတ်ဘူး။ အဲ့ဒါအတွက် ဓာတ်ပုံတွေဘာတွေ မရွေးရသေးတာကတစ်ကြောင်း၊ စိတ်ထဲမှာ ပြောချင်လွန်းလို့ ကလိကလိဖြစ်နေတာလေး ရှိနေတာကတစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး ဒီပိုစ့်ဖြစ်လာပါတယ် xD

ဘာပြောမလဲ စိတ်ဝင်စားသွားပြီမလား?? ကန်ဒီတယောက် ဘယ်သူ့အတင်းတုတ်မလို့လဲ မသိဘူးပေါ့။ ဟဟ ဘယ်သူ့အတင်းမှမတုတ်ပါဘူး... ဒီတိုင်းစိတ်ထဲရှိတာ ရေးမှာ(xD)။ ဒီရက်ပိုင်း စိတ်ထဲကမပါတဲ့ ချွဲချွဲပျစ်ပျစ် စကားတွေကို ဖောင်လိုဖွဲ့နွဲ့ပြောတတ်တဲ့လူတွေကို တွေ့နေရတယ်။ အဲ့လိုလူတွေကို ကန်ဒီမကြိုက်ဘူး သိလား... အဲ့လိုလူမျိုးတွေရဲ့ Personality ကို လူတော်တော်များများက(ကန်ဒီအပါအ၀င်) အစပိုင်းမှာ ကြိုက်တတ်ကြတယ်။ သူတို့က ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းဝင်ဆံ့တယ်။ ဒါပေမယ့် အဲ့စကားတွေထဲမှာ အနှစ်မပါတာ သိလိုက်ရတဲ့အချိန်မှာတော့ ကန်ဒီ့စိတ်ထဲမှာ အဲ့လူသွားပြီပဲ...

စကားများများပြောတတ်တဲ့လူတွေကို ကန်ဒီကြိုက်ပါတယ်။ အရမ်းလည်း အားကျတယ် (ကိုယ်တိုင်က စကားနည်းတော့ လူတော်တော်များများရှိန်ကြလို့လေ)။ ဒါပေမယ့် ကိုယ်ပြောတဲ့စကားတွေမှာ အနှစ်ပါဖို့လည်း လိုသေးတယ်နော်။ ဖားချင်တာ... ဖောချင်တာ... ရောချင်တာတွေများလွန်းတာလည်း မကောင်းပြန်ဘူး။ တန်ဆေးလွန်ဘေးဆိုသလို တော်ရုံပဲကောင်းတယ်။ စကားပြောကောင်းတာနဲ့ အဲ့လိုလျှောက်ပြောနေတာနဲ့လည်း မတူပြန်ဘူး။ ကန်ဒီစကားပြောကောင်းတဲ့ လူတွေအများကြီးတွေ့ဖူးတယ်။ ဘယ်အကြောင်းအရာကိုပြောပြော တကယ်စိတ်ဝင်စားအောင် ပြောတတ်တာ။ သူတို့ကို အမြဲလေးစား အားကျတယ် ^_^

Hmm.. ဘယ်လို ဥပမာပေးရင် ကောင်းမလဲ??  သူငယ်ချင်းကောင်မလေးတစ်ယောက် ပြင်လာတဲ့ဆံပင်ပုံစံ လုံးဝမလှဘူး ဆိုပါတော့... အဲ့လိုအခြေအနေမျိုးမှာ ကန်ဒီသာဆို ဘာထင်မြင်ချက်မှမပေးဘဲ ပါးစပ်ပိတ်ထားမယ်၊ ဒါမှမဟုတ် သူက"လှလား"မေးလာခဲ့ရင်လည်း ဘယ်လိုလေးလုပ်ရင်ပိုလှမယ်ဆိုတာမျိုး အကြံပေးမယ်ပေါ့။ ခုနက ကန်ဒီအမြင်ကတ်တဲ့လူမျိုးတွေကျ ဘယ်လိုပြောမလဲသိလား?? စတွေ့တာနဲ့ကို "ဟယ်... ငါ့သူငယ်ချင်းလေးက လှလိုက်တာ... ဘယ်မှာပြင်လာတာလဲဟင်?? ငါ့ကိုလည်း လမ်းညွှန်ပါဦး... ငါလည်းနင့်လိုလှချင်တာပေါ့လို့" (မျက်လုံးပြူးမျက်ဆံပြူး Over အသံဖြင့် ဖတ်ရန်) ဟိုကပြင်လာတာ ပုံမကျတာအသိသာကြီးကို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတယ် =.='

ထိုနည်းတူပဲ...ဘလော့ဂါတွေထဲမှာလည်းရှိတယ်။ ရေးထားတဲ့စာကို သေချာမဖတ်ဘဲ ပေါက်ကရကွန်မန့်တွေ ပေးတာမျိုးလေ။ ပေးထားလိုက်တဲ့ ကွန်မန့်က ရွှန်းရွှန်းကိုဝေနေတာပဲ... ပိုစ့်ထဲမှာရေးထားတာနဲ့ ကွန်မန့်နဲ့ တလွဲစီဖြစ်နေတာက ခက်တယ်။ ကန်ဒီပြောချင်တာက မဖတ်ဘဲ ဘာကိစ္စများကွန်မန့်ပေးတာလဲ။ ဘလော့ဂ်လည်ပြီး စာချည်းလိုက်ဖတ်နေတဲ့စာဖတ်သူတွေက ကွန်မန့်မပေးဘူး... ဒါပေမယ့် စာတော့ဖတ်သွားတယ်။ ဘလော့ဂါအချင်းချင်းက စာမဖတ်ဘဲ ကွန်မန့်ပေးတယ်။ ဒါမှလည်း သူတို့ဘလော့ဂ်ကို ပြန်လာလည်မှာလေ... အဲ့ဒါကြီးက ဒီလောကမှာ ထုံးစံတစ်ခုလို ဖြစ်နေပြီ။ အနည်းဆုံးတော့ မန့်တော့မယ်ဆိုရင် စာရေးသူရဲ့ဆိုလိုရင်းကို နားလည်အောင်တော့ ဖတ်သင့်တာပေါ့ ဟုတ်တယ်မလား >.<


သြော်... ဒါနဲ့ ကန်ဒီ့ဒိုမိန်း သက်တမ်းထပ်တိုးလိုက်ပြီ။ ဟုတ်ပါ့... *ကန်ဒီသည် ကိုယ့်ပိုက်ဆံကိုယ်ထုတ်ကာ ဘလော့ဂ်ရေးနေသူ ဖြစ်လေသည်* အရင်က (၂)နှစ်စာ ၀ယ်ထားတာလေ။ အဲ့ဒါက ခုလာမယ့်စက်တင်ဘာဆို သက်တမ်းကုန်ပြီဆိုတော့ နောက်(၃)နှစ်စာ ထပ်ဝယ်လိုက်တယ် (အမေ၀ယ်ပေးတာ :P)။ သက်တမ်းကုန်သွားမှဆို ဘာလုပ်လို့လုပ်ရမှန်း မသိမှာစိုးလို့ကြိုဝယ်ထားတာ။ ဒီဘလော့ဂ်ကိုတော့ အပျောက်မခံနိုင်ပါဘူး (>.<)။ ကန်ဒီ့အရင်ဘလော့ဂ်လိပ်စာက www.myfreedom-candy.blogspot.com အဲ့တုန်းကဘာလို့များ ဘလော့ဂ်လိပ်စာကို အဲ့လိုရှည်ရှည်လျားလျား ရှုပ်ရှုပ်ထွေးထွေးပေးခဲ့လဲ စဉ်းစားလို့မရဘူး။ အမှန်ဆို ဘလော့ဂ်လိပ်စာက အဲ့လို(-)တွေဘာတွေနဲ့ ရှုပ်မနေရဘူးလေ။ ဒိုမိန်းဝယ်မယ်ဆိုတော့လည်း အဲ့အရင်လိပ်စာကိုပဲ .com တပ်မလို့လုပ်သေးတယ်။ ဒိုမိန်းလုပ်ပေးတဲ့အစ်ကိုက www.candykhine.com လို့ပေးပါလားဆိုပြီး သူပဲအကြံပေးတာနဲ့ ဒီနာမည်ဖြစ်လာတာ xD

Have a nice weekend^^

Tuesday, July 2, 2013

Basic Eyeshadow ♥ 1 (Suitable for Monolids)

ခရီးသွားပြီး ပြန်လာကတည်း ခရီးသွားပိုစ့်တွေချည်း လှိမ့်ရေးနေတာ အလှအပပိုစ့်ဘက်ကို မလှည့်နိုင်ဘူး ဖြစ်သွားတယ်။ ကန်ဒီ့ဘလော့ဂ်မှာမှ ခရီးသွားပိုစ့်နဲ့ ဒိုင်ယာရီပိုစ့်တွေ တက်သေးတယ်... ShweBeauty ဆိုဒ်မှာဆို ဘာမှကိုမတက်တာ တော်တော်ကြာပြီ။ ဒီနေ့တော့ အပျင်းမကြီးဘဲ အားလုံးအတွက် အခြေခံ အိုင်းရှဲဒိုးခြယ်နည်းပိုစ့်လေး ရေးပေးမလားလို့... ^_^


အိုင်းရှဲဒိုးခြယ်တယ်ဆိုတာ ကန်ဒီတို့မျက်လုံးရဲ့ လိုအပ်တဲ့နေရာတွေမှာ ရှဲဒိုးတွေထည့်ပြီး မျက်လုံးကို ပိုကြွလာအောင် ပိုအသက်ဝင်လာအောင် ပုံဖော်တာပါပဲ။ ပန်းချီဆွဲတဲ့အခါ အလင်းအမှောင် Shade တွေထည့်မှ ပုံကပိုကြွပိုလှလာတာမလား?? အိုင်းရှဲဒိုးခြယ်တယ်ဆိုတာလည်း ထိုနည်း၎င်းပဲ(^_^)။ ကန်ဒီ အိုင်းရှဲဒိုးခြယ်နည်းကို အခြေခံအားဖြင့် နှစ်မျိုးပဲခွဲထားတယ်။ ဒါက ပထမတစ်နည်းပေါ့။ ဒုတိယတစ်နည်းကိုတော့ နောက်ပိုစ့်တစ်ပုဒ်အနေနဲ့ ဆက်ရေးပေးမယ်။ အခုရေးမယ့်နည်းက မျက်ခွံကို ဦးစားပေးခြယ်တဲ့နည်း... ဆိုလိုတာက အရင့်ဆုံးအိုင်းရှဲဒိုးအရောင်ကို မျက်ခွံပေါ်မှာပဲ အဓိကထားမှာ။ အဲ့ဒါကြောင့် မျက်ရစ်မရှိတဲ့ မမတွေ၊ညီမလေးတွေအတွက် ဒီနည်းက ပိုအဆင်ပြေတယ်။ အရင့်ဆုံး အိုင်းရှဲဒိုးက မျက်ခွံပေါ်မှာရှိနေတဲ့အတွက် မျက်လုံးကိုပိုကျယ်သလို ဖြစ်စေပြီး မျက်ရစ်မပါတာကိုလည်း မသိမသာလေး ဖုံးပေးနိုင်တယ်လေ :)

တဆင့်ပြီးတဆင့် ဓာတ်ပုံရိုက်ထားတာမဟုတ်တော့ တစ်ပုံနဲ့တစ်ပုံ ကွဲမှာမဟုတ်ဘူးနော်...
အားလုံးပြီးတဲ့ပုံမှာပဲ ခြယ်ပုံခြယ်နည်းလေး ဆွဲပြထားတာ :D

OK OK... စကားဆက်ရှည်မနေဘဲ စလိုက်ရအောင်နော်။ အိုင်းရှဲဒိုးမခြယ်ခင်အရင်ဆုံးလိမ်းရမှာက Eyeshadow Primer... Primer က အိုင်းရှဲဒိုးအရောင်ကို ပိုတောက်စေတဲ့အပြင် ကြာကြာလည်းခံစေတယ်။ ကန်ဒီကတော့ Primer လိမ်းပြီးရင် သူ Set တာကို ခဏစောင့်ရင်း မျက်ခုံးမွှေးခြယ်တတ်တယ်။ ပြီးရင် ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်အသားရောင်ထက် တစ်ဆင့်လောက်ရင့်တဲ့ Eyeshadow ကို မျက်ခွံတပြင်လုံးမှာ ခြယ်ပေးပါ။ အဲ့ဒီအရောင်က နောက်ခြယ်မယ့်အရောင်နဲ့ ကန်ဒီတို့မျက်ခွံအရောင်ကြားမှာ ကြားခံအနေနဲ့ လုပ်ပေးမှာ... Gradiant သဘောပေါ့။ အရမ်းရင့်တဲ့အရောင်ကနေ ချက်ချင်းကြီး ကိုယ့်အသားရောင် ဖြစ်မသွားအောင် ကြားခံနေပေးမှာ...

အဆင့်အလိုက် သုံးတဲ့အရောင်တွေကို နံပါတ်တပ်ပေးထားတယ် ^_^

ဒုတိယအဆင့်က ခုနကအရောင်ထက် ပိုရင့်တဲ့အရောင်ကို ကန်ဒီပုံမှာပြထားတဲ့ မြှားလားရာအတိုင်း ခြယ်ပေးပါ။ မျက်ခွံရဲ့သုံးပုံနှစ်ပုံကို အရင်ခြယ်၊ ပြီးမှ ပိုတဲ့အိုင်းရှဲဒိုးတွေကို Crease နေရာအထိ အပေါ်ကိုဆွဲပေးပေါ့။ ဒီနေရာမှာ မျက်ခွံတစ်ပြင်လုံးခြယ်ချင်လည်းရတယ်။ ကန်ဒီက မျက်လုံးအတွင်းပိုင်းကို နည်းနည်းလင်းစေချင်လို့ သုံးပုံနှစ်ပုံပဲခြယ်တာ။ Wide set eyes ပိုင်ရှင်တွေဆိုရင်တော့ မျက်ခွံတစ်ပြင်လုံးခြယ်နော်။ ကန်ဒီရေးဖူးတဲ့ ဒီပိုစ့်ကို ဖတ်ဖူးရင် ကိုယ့်မျက်လုံးအမျိုးအစားကို သိပြီးဖြစ်မှာပါ ^_^

ပြီးရင် အရောင်မပါတဲ့ Blending Brush သန့်သန့်ကိုသုံးပြီး ခုနကနှစ်ရောင်နဲ့ အသားရောင်(မျက်ခွံရောင်) မျှတအောင် ရော(Blend)ပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကန်ဒီတို့ပထမဆုံးသုံးခဲ့တဲ့အရောင် (သို့) အဲ့ထက်နုတဲ့အရောင်နဲ့ မျက်ခွံအတွင်းပိုင်း သုံးပုံတစ်ပုံကို ခြယ်ပေးပါ။ ဒါကမျက်လုံးအတွင်းပိုင်းလေး လင်းအောင်လို့နော်(^_^)။ ပြီးရင်တော့ ထုံးစံအတိုင်း အိုင်းလိုင်နာဆွဲ၊ Mascara ဆိုးပေါ့။ ဒါဆိုပြီးပြီ :D


အဆင့်(၁)အတွက် Brush No.2
အဆင့်(၂)အတွက် Brush No.3
အဆင့်(၃)အတွက် Brush No.1 သုံးထားတယ်။ ဗွီဒီယိုလေးက ဒီမှာ...



OMG!! I look so Beautiful!! xD xD

ဟီးဟီး နောက်တာ... ရုပ်တည်ကြီးနဲ့ဆို ပျင်းနေမှာစိုးလို့ပါ(:P)။ ဒါနဲ့ ကန်ဒီသုံးတဲ့အညိုရောင်ပဲ သုံးစရာမလိုဘူးနော်။ ကိုယ်ကြိုက်တဲ့ ဘယ်အရောင်မဆို ဒီနည်းအတိုင်းခြယ်လို့ရတယ်။ အရောင်အရင့်ဆုံးကို မျက်ခွံမှာထားပေါ့။ ကန်ဒီခြယ်ပြထားတဲ့မျက်လုံးကို အဝေးကကြည့်ရင် ဘယ်လိုနေလဲ မသိမှာစိုးလို့ လူပါရိုက်ပြပေးထားတာ။ အိုကေ ပြောင်ချော်ချော်မလုပ်တော့ဘူး... ဒါက အတည်ပုံလေး ^_~

အပြုံးလွန်နေတယ် ဆောရီး xD

Stay Beautiful^^