♫♪ Bababa babanana Potato nahh~~~ ♫♪
ဟဟဟ... ခု အဲ့သီချင်းနားထောင်ရင်း ငှက်ပျောသီးစားနေတာ(xD)။ အရမ်းချစ်ဖို့ကောင်းတာပဲ။ အဲ့ကား "Despicable me 2" ရုံတင်တော့ ပထမကားကို မကြည့်ရသေးတာနဲ့ မကြည့်ဖြစ်ဘူး။ ဟိုးးနေ့ကမှ ပထမကားရော၊ ဒုတိယကားရော ပေါင်းကြည့်ဖြစ်တာ(:D)။ ကန်ဒီ့ညီမကတော့ ဒုတိယကားရုံတင်တော့မယ် ဆိုကတည်းက အွန်လိုင်းကနေ အရုပ်ဝယ်ပြီးနေပြီ။ နေဦး နေဦး... သူမရှိတုန်း သူ့အရုပ်သွားရှာပြီး ဓာတ်ပုံရိုက်လိုက်ဦးမယ် ဟီးဟီး :D :D
သူများအရုပ်နဲ့ ဓာတ်ပုံခိုးရိုက်တဲ့ မျက်နှာပေး :P
Ekk... ကန်ဒီအိမ်နေရင်းပုံနဲ့ ဓာတ်ပုံရိုက်တိုင်း ဘာလို့အဲ့အကျီပဲ ဖြစ်နေပါလိမ့်?(>.<)။ အဲ့အကျီကို အရမ်းပွနေလို့ ပြာကလောင် ပြာကချောင် အကျီလို့ နာမည်ပေးထားတယ်။ ပွတော့ လေ၀င်လေထွက်ကောင်းတာပေါ့ ဟဟ(xD)။ ဒီရက်ပိုင်းစင်္ကာပူမှာ တော်တော်ပူတယ်နော်။ ရုပ်ရှင်အကြောင်းဆက်ရရင် မနေ့က "Life of Pi" ကြည့်ပြီး ငိုသေးတယ်။ ကန်ဒီက ပုံမှန်ဆို ရုပ်ရှင်ကြည့်ရင် ငိုခဲ၊ ရီခဲတယ်။ ကန်ဒီ့ညီမကတော့ မင်းသမီး... နည်းနည်းလေးဖြစ်တာနဲ့ကို ငိုတော့တာ။ သူငိုရင် ကန်ဒီကရီချင်တယ် ဟီးဟီး(xD)။ ကန်ဒီ့အားနည်းချက်က တစ်ခုတည်း... အဲ့လို တိရိစ္ဆာန်တွေ၊ အကောင်တွေပါလာရင် မရတော့ဘူး။ တခုခုဖြစ်တာနဲ့ကို ငိုချင်တာ။ ကျားကြီးနဲ့မင်းသား ပင်လယ်ထဲ သေလုဆဲဆဲဖြစ်တော့ မျက်ရည်က သူ့အလိုလို စီးကျလာတယ်... ဆိုးပါ့ =.='
ဒီရက်ပိုင်း အသားကုန်စားနေတယ်။ မနက်ဆို ငှက်ပျောသီးတစ်လုံးအပြင် ပေါင်မုန့်ကို Peanut Butter သုပ်ပြီး ကော်ဖီနဲ့သောက်တယ်။ နေ့လည်ဆို ဟင်းနှစ်မျိုးလောက်ချက်တယ် (ပုံမှန်ဆို ပျင်းလို့ တစ်မျိုးပဲ ချက်တာ)။ ထမင်းစားပြီးရင် အချိုတည်းတာက အသီးတစ်ခုခု။ ညနေစောင်းလောက်ဆို တခါတလေ ကန်စွန်းဥပြုတ်တို့၊ ပြောင်းဖူးပြုတ်တို့ စားသေးတယ်။ ကန်ဒီဝိတ်ကျသွားလို့ ပြန်တက်အောင် လုပ်နေတာလေ ဟီး(xD)။ ဒါပေမယ့် နဂိုပိန်တဲ့လူက ဘယ်လောက်စားစားမ၀ဘူး။ အသက်ကြီးလာရင်တော့ မ၀ချင်လည်း ၀လာမှာပါ >.<
ကန်စွန်းဥပြုတ်...
ပြီးခဲ့တဲ့အပတ် သောကြာနေ့က ကလေးမွေးနေ့ပွဲသွားတယ်။ ဧည့်သည်ရှားပါးလှတဲ့ ကန်ဒီ့ဘလော့ဂ်က ဓာတ်ပုံတွေမှာ သူတခါတလေပါတတ်တော့ မြင်ဖူးတဲ့သူဆို သူ့ကိုမှတ်မိမယ်ထင်ပါတယ်(^_^)။ အစ်မ(သူ့အမေ)ကျွေးတဲ့ ကြာဇံကြော်ကို ဗိုက်ဆာဆာနဲ့ တ၀တပြဲစားခဲ့တယ်။ ကန်ဒီ့ညီမရဲ့ Instax Mini Camera လေးယူသွားပြီး အမှတ်တရ ဓာတ်ပုံရိုက်ပေးခဲ့သေးတယ် ^_~
Happy Birthday~~
ကန်ဒီက အဲ့လိုဓာတ်ပုံလေးတွေကို နံရံမှာကပ်ထားရတာ သဘောကျတယ်။ ဓာတ်ပုံကို Album ထဲ ထည့်သိမ်းရတာ မကြိုက်ဘူး။ ကန်ဒီ့ကုတင်ဘေးက White Board က ကန်ဒီဓာတ်ပုံကပ်တဲ့နေရာပေါ့။ အားလုံးကတော့ တွေးနေမှာပဲ... "Humm... ငါဖတ်တာ ဒီနားထိရောက်နေပြီ... သူဘာကိုပြောချင်မှန်း ခုထိမသိသေးဘူး"လို့။ ဟီးဟီး ကန်ဒီကိုယ်တိုင်လည်း မသိဘူး။ ဒီပိုစ့်ကို စရေးကတည်းက စိတ်ထဲထွေထွေထူးထူး ပြောစရာမရှိဘူး :P
သြော်... ဒီရက်ပိုင်း သူများငြိုငြင်တာ ခံနေရတယ်။ သိတဲ့အတိုင်း ကန်ဒီက Message Reply လုပ်ရမှာ အရမ်းပျင်းတတ်တာလေ။ အရေးကြီးတဲ့ Message မျိုးဆို ကိုယ်အားတာနဲ့ ချက်ချင်း Reply လုပ်ပေးလိုက်ပေမယ့် "Hello" လောက်ပြောထားတဲ့ Message မျိုးကျတော့ မအားတဲ့အချိန်ဖတ်လိုက်ပြီး အားတဲ့အချိန်ကျ အရေးမကြီးဘူးဆိုပြီး သွားပြန်မပြောဖြစ်တော့ဘူး။ တခါတလေလည်း မေ့သွားတာပေါ့။ အားတဲ့အချိန်၊ ကန်ဒီကိုယ်တိုင်လည်း စကားပြောဖို့ စိတ်ပါနေတဲ့အချိန်ဆိုရင်တော့ ချက်ချင်း Reply လုပ်ပေးပါတယ်။ ကိုယ့်အကြောင်းကိုယ်သိလို့လဲ အမြဲတမ်း Offline နေတာ။ Offline ဖြစ်နေတဲ့သူကို Message ပို့တာ ချက်ချင်းမပြန်လို့ စိတ်ဆိုးတယ်ဆိုတော့ ဘယ်သူ့အလွန်လဲ စဉ်းစားသာကြည့်ကြပါတော့(>.<)။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ပဲ ကောင်းတယ်။ ကန်ဒီသူ့ကို နှစ်ရက်လောက်နေမှ Reply လည်း ဘာမှမပြောဘူး။ "နေဦး ငါဘာပြောထားလဲတောင် မေ့သွားပြီ" တဲ့ ဟီးဟီး ရီရတယ် :D
ပေါက်တက်ကရ ရေးချင်တာရေးတဲ့ ပိုစ့်အတွက် အနူးအညွှတ်တောင်းပန်ပါတယ်နော် (တကယ်တော့ ဒါမျိုးတွေ ရေးတာလည်း တော်တော်များနေပါပြီ ဟီး)။ တကယ်ဘာကိုဦးတည်ရေးရမလဲ မသိလို့ပါ... Brain fart >.<
Good Night!
Sweet Dream^^
15 comments:
ကန်ဒီ့ဘလော့ခ်ကို ကြုံရင်ကြုံသလိုလာဖတ်ဖြစ်ပါတယ်။ကန်ဒီ့ကြည့်ရတာ တချိန်လုံးပျော်နေတာပဲနော်။ အစစအရာရာ အားလုံးအဆင်ပြေနေပြီး ဘာအပူအပင်မှမရှိသလိုပဲ။ ကြည့်လိုက်ရင် အလှပြင်လိုက်၊ ဓါတ်ပုံထွက်ရိုက်လိုက်၊ ဟင်းချက်လိုက်၊ ဟိုပွဲသွားလိုက်၊ ဒီပွဲသွားလိုက်၊ အကောင်လေးတွေနဲ့ ဆော့ကစားလိုက်၊ အပန်းပြေခရီးထွက်လိုက်နဲ့။ အားကျလိုက်တာ။
အမြဲတမ်းအဲ့လိုပဲ အစစအရာရာအဆင်ပြေနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေရှင့်... လူတိုင်း လူတိုင်း အပူကိုယ်စီတော့ ရှိကြတာပါပဲ... ကန်ဒီက ဖတ်တဲ့သူတွေကို ပျော်စေချင်တာတစ်ခုတည်းကြောင့် ပျော်စရာလေးတွေကိုပဲ အဓိထားပြီး ဖော်ပြနေလို့သာ ကန်ဒီ့ကို အမြဲအပူအပင်မရှိပျော်နေတဲ့သူလို့ ထင်နေကြတာပါ။ တခါတလေ အမြဲပြုံးနေတတ်တဲ့သူက အထီးအကျန်ဆုံးလူ ဖြစ်နေတတ်တယ်နော် ^_^
အယ် တိုက်ဆိုင်လိုက်တာ.. Despicable me 2 ဒီနေ့မှ အွန်လိုင်းမှာ မရမကရှာလို့ တွေ့တာနဲ့ကြည့်ပြီး အဲအရုပ်ကလေးကို လိုချင်နေတာ .. ခုမြင်လိုက်ရတော့ ပိုလိုချင်ပြီ :’(
ဟဟဟစာရေးတဲ့သူက ကွန်မန့်ကျမှ ပညာထည့်သုံးတယ်..။:)
ဘာမှတွေတွေထူးထူးမရှိပေမဲ့..
ကန်ဒီလေးပိုပိုလှလာတာတော့သေချာတယ်။
အိုင်အိုရာ
စာလုံးပေငါးမှားရင်ခွင့်လွှတ်။
မြင်ရဘူး။း)
နေပါဦး.. ကွန်မန့်ရေးမယ့်ဟာက အပေါ်ကကွန်မန့်တွေ ဖတ်လိုက်တာ မေ့သွားပြီ.. ဒိရမှ ပြန်လာမယ်..ဒါပဲ..:/.
"Despicable me 2ဒီမှာလည်းရုံတင်နေပြီ သွားကြည့်ဦးမယ် part1 ကိုတော့ ဟိုနေ့တုန်းကမှ ခွေဝယ်ကြည့်လိုက်တာ မွေးနေ့ရှင် ကလေးမလေးတောင် တော်တော်ထွားလာပြီ
အိမ်မှာ ဇောင်းငါးသီးပင် ရှိတယ်..... အဲ့ဒီလို ပိုင်းပြီးတော့ ငရုပ်သီးရယ်.. ဆေးသကြားရယ်... ဆားရယ်... နယ်ပြီး စားလို့ကတော့... ကတောက် ပြောရင်းနဲ့ သွားရည်ယိုလာဘီ.....
မျက်နှာလေး ကြည်လင်နေတာပဲ ကန်ဒီရေ အဲလိုမျိုးလေး အစ်မလဲ သဘောကျတယ်...
ဘလော့ဒ့်ကို
စိတ်ထွက်ပေါက်အဖြစ်ပဲ သုံးတာ
ဘာဖြစ်ဖြစ်ဖတ်ချင်ဖတ် မဖတ်ချင်ကျော်သွား
အေးရော :p
သကြားပိန် အစားပုတ်သည်
အများကြီးစားသည်
ခဏ ခဏ စားသည် ။
အရေးအပါသော မက်စေ့ များအား
အကြောင်းပြန်ဖို့ မပြောလေနဲ့
ဖတ်ကို ဖတ်လေ့မရှိပါ ။
ကောက်ထားတဲ့ကြယ် စားချင်လိုက်တာ။
မွေးနေ့ရှင်ကောင်မလေးက မှုံ ရဲ့အမဝမ်းကွဲမလား?
အဟမ်း ... ညီမကန်ဒီ
အမ စာပို့ထားတယ်။ :P
ဟာဟ သကြားလုံးလေး အိမ်ရှင်အဒေါ်ကြီးကြောင့် ငိုရတာ ပေးဖတ်အုံးမှထင်တယ် :P
နောက်ကြုံရင် သကြားလုံးလေးရဲ့ အခန်းကို လေ့လာရေးဆင်းမယ် ..
ဓာတ်ပုံတွေကို အခန်းပတ်လည် ဘယ်လိုပြင်ဆင်ချိတ်ထားလဲဆိုတာလေ ... :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တခါတလေ အမြဲပြုံးနေတတ်တဲ့သူက အထီးအကျန်ဆုံးလူ ဖြစ်နေတတ်တယ်နော် အဲ့ဒါလေးကိုပိုသဘောကျလို့ 
မမချိုချဉ်ရေ အရင်ကလာလည်ရင်အမြဲပျော်ရွှင်မိသလို မရောက်တာကြာလို့ အခုမှအလည်ပြန်ရောက်တာတော့လည်း အရင်လိုပျော်ရွှင်စရာကောင်းနေတုန်းပါပဲ
မမ ချိုချဉ်ကပျော်ပျော်နေတတ်တယ်နော်
ပျော်ပျော်နေတာကကောင်းပါတယ်နောက်လည်းသည်ထက်မကပျော်ရွှင်စရာတွေနဲ့ကြုံတွေ့နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
candy blogကို အခုမှလာလည်ဖြစ်တာ သဘောကျတယ် freedomပေါ့နော့
Post a Comment