ခရီးသွားပြီး ပြန်လာကတည်း ခရီးသွားပိုစ့်တွေချည်း လှိမ့်ရေးနေတာ အလှအပပိုစ့်ဘက်ကို မလှည့်နိုင်ဘူး ဖြစ်သွားတယ်။ ကန်ဒီ့ဘလော့ဂ်မှာမှ ခရီးသွားပိုစ့်နဲ့ ဒိုင်ယာရီပိုစ့်တွေ တက်သေးတယ်... ShweBeauty ဆိုဒ်မှာဆို ဘာမှကိုမတက်တာ တော်တော်ကြာပြီ။ ဒီနေ့တော့ အပျင်းမကြီးဘဲ အားလုံးအတွက် အခြေခံ အိုင်းရှဲဒိုးခြယ်နည်းပိုစ့်လေး ရေးပေးမလားလို့... ^_^
အိုင်းရှဲဒိုးခြယ်တယ်ဆိုတာ ကန်ဒီတို့မျက်လုံးရဲ့ လိုအပ်တဲ့နေရာတွေမှာ ရှဲဒိုးတွေထည့်ပြီး မျက်လုံးကို ပိုကြွလာအောင် ပိုအသက်ဝင်လာအောင် ပုံဖော်တာပါပဲ။ ပန်းချီဆွဲတဲ့အခါ အလင်းအမှောင် Shade တွေထည့်မှ ပုံကပိုကြွပိုလှလာတာမလား?? အိုင်းရှဲဒိုးခြယ်တယ်ဆိုတာလည်း ထိုနည်း၎င်းပဲ(^_^)။ ကန်ဒီ အိုင်းရှဲဒိုးခြယ်နည်းကို အခြေခံအားဖြင့် နှစ်မျိုးပဲခွဲထားတယ်။ ဒါက ပထမတစ်နည်းပေါ့။ ဒုတိယတစ်နည်းကိုတော့ နောက်ပိုစ့်တစ်ပုဒ်အနေနဲ့ ဆက်ရေးပေးမယ်။ အခုရေးမယ့်နည်းက မျက်ခွံကို ဦးစားပေးခြယ်တဲ့နည်း... ဆိုလိုတာက အရင့်ဆုံးအိုင်းရှဲဒိုးအရောင်ကို မျက်ခွံပေါ်မှာပဲ အဓိကထားမှာ။ အဲ့ဒါကြောင့် မျက်ရစ်မရှိတဲ့ မမတွေ၊ညီမလေးတွေအတွက် ဒီနည်းက ပိုအဆင်ပြေတယ်။ အရင့်ဆုံး အိုင်းရှဲဒိုးက မျက်ခွံပေါ်မှာရှိနေတဲ့အတွက် မျက်လုံးကိုပိုကျယ်သလို ဖြစ်စေပြီး မျက်ရစ်မပါတာကိုလည်း မသိမသာလေး ဖုံးပေးနိုင်တယ်လေ :)
တဆင့်ပြီးတဆင့် ဓာတ်ပုံရိုက်ထားတာမဟုတ်တော့ တစ်ပုံနဲ့တစ်ပုံ ကွဲမှာမဟုတ်ဘူးနော်...
အားလုံးပြီးတဲ့ပုံမှာပဲ ခြယ်ပုံခြယ်နည်းလေး ဆွဲပြထားတာ :D
OK OK... စကားဆက်ရှည်မနေဘဲ စလိုက်ရအောင်နော်။ အိုင်းရှဲဒိုးမခြယ်ခင်အရင်ဆုံးလိမ်းရမှာက Eyeshadow Primer... Primer က အိုင်းရှဲဒိုးအရောင်ကို ပိုတောက်စေတဲ့အပြင် ကြာကြာလည်းခံစေတယ်။ ကန်ဒီကတော့ Primer လိမ်းပြီးရင် သူ Set တာကို ခဏစောင့်ရင်း မျက်ခုံးမွှေးခြယ်တတ်တယ်။ ပြီးရင် ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်အသားရောင်ထက် တစ်ဆင့်လောက်ရင့်တဲ့ Eyeshadow ကို မျက်ခွံတပြင်လုံးမှာ ခြယ်ပေးပါ။ အဲ့ဒီအရောင်က နောက်ခြယ်မယ့်အရောင်နဲ့ ကန်ဒီတို့မျက်ခွံအရောင်ကြားမှာ ကြားခံအနေနဲ့ လုပ်ပေးမှာ... Gradiant သဘောပေါ့။ အရမ်းရင့်တဲ့အရောင်ကနေ ချက်ချင်းကြီး ကိုယ့်အသားရောင် ဖြစ်မသွားအောင် ကြားခံနေပေးမှာ...
ဒုတိယအဆင့်က ခုနကအရောင်ထက် ပိုရင့်တဲ့အရောင်ကို ကန်ဒီပုံမှာပြထားတဲ့ မြှားလားရာအတိုင်း ခြယ်ပေးပါ။ မျက်ခွံရဲ့သုံးပုံနှစ်ပုံကို အရင်ခြယ်၊ ပြီးမှ ပိုတဲ့အိုင်းရှဲဒိုးတွေကို Crease နေရာအထိ အပေါ်ကိုဆွဲပေးပေါ့။ ဒီနေရာမှာ မျက်ခွံတစ်ပြင်လုံးခြယ်ချင်လည်းရတယ်။ ကန်ဒီက မျက်လုံးအတွင်းပိုင်းကို နည်းနည်းလင်းစေချင်လို့ သုံးပုံနှစ်ပုံပဲခြယ်တာ။ Wide set eyes ပိုင်ရှင်တွေဆိုရင်တော့ မျက်ခွံတစ်ပြင်လုံးခြယ်နော်။ ကန်ဒီရေးဖူးတဲ့ ဒီပိုစ့်ကို ဖတ်ဖူးရင် ကိုယ့်မျက်လုံးအမျိုးအစားကို သိပြီးဖြစ်မှာပါ ^_^
ပြီးရင် အရောင်မပါတဲ့ Blending Brush သန့်သန့်ကိုသုံးပြီး ခုနကနှစ်ရောင်နဲ့ အသားရောင်(မျက်ခွံရောင်) မျှတအောင် ရော(Blend)ပေးပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကန်ဒီတို့ပထမဆုံးသုံးခဲ့တဲ့အရောင် (သို့) အဲ့ထက်နုတဲ့အရောင်နဲ့ မျက်ခွံအတွင်းပိုင်း သုံးပုံတစ်ပုံကို ခြယ်ပေးပါ။ ဒါကမျက်လုံးအတွင်းပိုင်းလေး လင်းအောင်လို့နော်(^_^)။ ပြီးရင်တော့ ထုံးစံအတိုင်း အိုင်းလိုင်နာဆွဲ၊ Mascara ဆိုးပေါ့။ ဒါဆိုပြီးပြီ :D
အဆင့်(၁)အတွက် Brush No.2
အဆင့်(၂)အတွက် Brush No.3
အဆင့်(၃)အတွက် Brush No.1 သုံးထားတယ်။ ဗွီဒီယိုလေးက ဒီမှာ...
အဆင့်(၂)အတွက် Brush No.3
အဆင့်(၃)အတွက် Brush No.1 သုံးထားတယ်။ ဗွီဒီယိုလေးက ဒီမှာ...
OMG!! I look so Beautiful!! xD xD
ဟီးဟီး နောက်တာ... ရုပ်တည်ကြီးနဲ့ဆို ပျင်းနေမှာစိုးလို့ပါ(:P)။ ဒါနဲ့ ကန်ဒီသုံးတဲ့အညိုရောင်ပဲ သုံးစရာမလိုဘူးနော်။ ကိုယ်ကြိုက်တဲ့ ဘယ်အရောင်မဆို ဒီနည်းအတိုင်းခြယ်လို့ရတယ်။ အရောင်အရင့်ဆုံးကို မျက်ခွံမှာထားပေါ့။ ကန်ဒီခြယ်ပြထားတဲ့မျက်လုံးကို အဝေးကကြည့်ရင် ဘယ်လိုနေလဲ မသိမှာစိုးလို့ လူပါရိုက်ပြပေးထားတာ။ အိုကေ ပြောင်ချော်ချော်မလုပ်တော့ဘူး... ဒါက အတည်ပုံလေး ^_~
Stay Beautiful^^
အပြုံးလွန်နေတယ် ဆောရီး xD
Stay Beautiful^^
5 comments:
သမီးက မျက်လုံးလှပြီးသားဆိုတော့ ဆိုးရတာ အဆင်ပြေနေရော လှတယ် မျက်လုံးကို အဲလိုထင်းခနဲပေါ်အောင်ဆိုးရတာမျိုးသိပ်ကြိုက်တယ်..။
တားရော ဘယ်လို ဆိုးရမဲဟင်.ဟင်..လို့..
နာတို့နဲ့လည်း ဆိုင်ဘူး..... ဟင့်
နည်းနည်းတော့ မေး ရအူးမယ်
ခင် တို့ မကြည်ပြာ တို့ ကြည်လာအောင် ဘိုနေရမဲ ဟမ်း)) ။
ဘမှုန်
အဲလိုမျိုးတွေမပြင်တတ်ဘူး။
ဒါကြောင့် ဘယ်သူမှ မကြိုက်တာနေမှာ။
လေးစားစွာဖြင့်
လရိပ်အိမ်
I see the faries behind you
Post a Comment