Thursday, July 11, 2013

☼ Beach Day ☼

အီးးး ရားးးး... (ပျင်းပိုး ထုတ်တာ xD)

စာမရေးဘဲ ပျင်းတာတွေများနေလို့ ဟီးဟီး (xD)။ အိပ်ယာနိုးနိုးချင်း အညောင်းဆန့်တာတို့၊ ပျင်းကြောဆန့်တာတို့ဆို အဖေတို့ဘက်မှာ ပျင်းပိုးထုတ်တယ်လို့ ပြောတယ်။ အသံထွက်တာတော့ "ပျင်းဘိုး"လို့ထွက်တာ... ဒါပေမယ့် အမှန်က"ပျင်းပိုး"လား၊ "ပျင်းခိုး"လား မသိဘူး ဟဟ(xD)။ ဟိုးး လွန်ခဲ့တဲ့နှစ်ပတ်လောက်က သူငယ်ချင်းတွေနဲ့ Sentosa သွားတယ်။ ညနေ(၄)နာရီလောက်သွားပြီး (၇)နာရီလောက် ပြန်လာတာဆိုတော့ ဘာမှထွေထွေထူးထူးပြောစရာ မရှိဘူး။ ဓာတ်ပုံလေးတွေပဲ အဓိကကြည့်ပေါ့နော်...



Bintan သွားခဲ့တာကို ပြန်သတိရတယ်။ Bintan က ရေက ကြည်နေတာပဲ။ အဲ့တုန်းက ရေအရမ်းကူးချင်တာ မကူးတတ်လို့ ငြိမ်နေရတယ် (>.<)။ ဒီကမ်းခြေကတော့ အတုမို့လို့လား မသိဘူး။ ဘာနဲ့တူမှန်းကို မသိဘူး... သိပ်ခံစားလို့မရဘူး။ စင်္ကာပူမှာ ဒါပဲရှိတော့လည်း ရှိတာနဲ့ ဖြစ်သလိုပဲပေါ့ နော့ ^_^



"Man of Steel" ကြည့်ပြီးသွားပြီ။ အဲ့ကားကို ကြည့်ချင်ပါတယ်လို့ ခဏခဏ ထုတ်ဖော်ပြောနေတာတောင် ဘယ်သူ့မှ ကန်ဒီ့ကိုအဖတ်လုပ်ပြီး ရုပ်ရှင်ရုံမှာ လိုက်မကြည့်ပေးကြဘူး(>.<)။ Shopping ထွက်ရင်သာ တစ်ယောက်တည်းထွက်ရင်ထွက်မယ်။ ရုပ်ရှင်တော့ ဘယ်တော့မှ တစ်ယောက်တည်း သွားမကြည့်ဘူး။ အထီးကျန်သလို ခံစားရလို့ :( အဲ့ဒါနဲ့ နောက်ဆုံး အစ်ကိုချမ်းမင်းပေးတဲ့လင်ခ့်နဲ့ အွန်လိုင်းကပဲ ကြည့်လိုက်တယ်။ မဆိုးဘူး ကြည်သားပဲ ^_^


ဒီရက်ပိုင်းနားထောင်ဖြစ်နေတာ လှိုင်ဦးမော်သီချင်းတွေနဲ့ ဟန်ထွန်းရဲ့ "ခေါင်းနဲ့ပန်း" အယ်လ်ဘမ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အသိဓာတ်ပုံဆရာတွေက မော်ဒယ်လ်လုပ်ပေးဖို့ အကူအညီတောင်းတာနဲ့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူငယ်ချင်းမျက်နှာနဲ့ မော်ဒယ်လ်သွားလုပ်ပေးတာ စိတ်ရောလူရော ပင်ပန်းတယ်။ အဲ့ကိစ္စပြောရရင် အရှည်ကြီးမှ အရှည်ကြီးပဲ။ နောက်မှ ဓာတ်ပုံတွေနဲ့အတူ ပိုစ့်သက်သက်ရေးမယ်လို့ စဉ်းစားထားတယ်။ ယူတတ်ရင်တော့ သင်ခန်းစာပေါ့ ဖူးးး (သက်ပြင်းချသံ =.=')


သြော် အခုတရားစခန်းရှိနေတယ်နော်။ အဲ့မှာ ဝေယျာဝစ္စသွားကူချင်တာ St. John's Island ဆိုတော့ ကူမယ်ဆို သင်္ဘောစီးသွားရမယ့်အပြင် အဲ့မှာညအိပ်ရမှာ... အဲ့ဒါနဲ့ မသွားဖြစ်ဘူး။ ကန်ဒီက ခရီးတွေဘာတွေ သွားတာကလွဲရင် ကိုယ့်အိမ်ကလွဲပြီး တခြားနေရာမှာ ညအိပ်ညနေ မနေတတ်ဘူး။ ခုနာမည်ကြီးနေတဲ့ ဖေ့ဘွတ်မင်းသားကို တော်တော်အမြင်ကတ်နေတယ်။ ကန်ဒီသိသလောက်ဆို နိုင်ငံခြားမင်းသားတွေတောင် Sexy pose ကို သူ့လောက်မဖော်ဘူး။ မော်ဒယ်လ်ဆိုတာ အဲ့လိုလုပ်မှ ဖြစ်တာလား သံသယ၀င်လာတယ်... မပြောဘူးဆိုပြီးနေတာ ပြောမိပြန်ပြီ -.-


I love you all ♥

7 comments:

မောင်သစ္စာ said...

သနားစရာပဲ..ကမ်းခြေအတုကြီး...:D :D
အကုသိုလ်များပါတယ်ကွာ..ကိုယ့်အစားပြောပေးသူတွေအများကြီးမို့ ဘာမပြောတော့ဘူးဟဟဟ..

မိုးသက် said...

အထီးကျန်ရင် ဟိုဟန်းချတားလေးခေါ်တွားလေ မမဒဂျားပိန်.. ^_^

ကူးကူးလှိုင် said...

အွန်လိုင်းကကြည့်တော့ ပိုတောင်ဇိမ်ကျသေးတယ်နော် ကန်ဒီ...

မိုးငွေ့........ said...


ပုံလေးတွေလှတယ် ချစ်စရာလေး

နွေတေးရှင် (မင်းဧရာ) said...

ဟုတ်ပါ့အေ အကောင်က မော်ဒယ်လား မင်းသားလား အင်းးးးးးးး ဒီတင်ရပ်တာကောင်းမယ် ။

ရုပ်ရှင်လား နှစ်ယောက်ကြည့်ဖို့ ဇာတာ ပါမလာဘူး အေ ။

ဘမှုံတို့ကတော့ ကမ်းခြေအစစ်ကိုသွားမယ် နောက်လ ကြရင် ။

လရိပ်အိမ် said...

အမကတော့ တယောက်ထဲသွားတာများလို့ အကျင့်ဖြစ်သွားပြီ။ ဘယ်သူမှမရှိတော့လဲ ဒီလိုဘဲပေါ့။
ရုပ်ရှင်တော့ ရုံမှာ ကြည့်ခဲပါတယ်။ ပိုက်ဆံနှမြောလို့။

Kyi Thu said...

Happy beach post