Saturday, July 6, 2013

ရေပေါ်ဆီများ

Hak yo (Hello~)

တကယ်တော့ ကန်ဒီရေးဖို့ရည်ရွယ်ထားတာ ဒီပိုစ့်မဟုတ်ဘူး။ အဲ့ဒါအတွက် ဓာတ်ပုံတွေဘာတွေ မရွေးရသေးတာကတစ်ကြောင်း၊ စိတ်ထဲမှာ ပြောချင်လွန်းလို့ ကလိကလိဖြစ်နေတာလေး ရှိနေတာကတစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး ဒီပိုစ့်ဖြစ်လာပါတယ် xD

ဘာပြောမလဲ စိတ်ဝင်စားသွားပြီမလား?? ကန်ဒီတယောက် ဘယ်သူ့အတင်းတုတ်မလို့လဲ မသိဘူးပေါ့။ ဟဟ ဘယ်သူ့အတင်းမှမတုတ်ပါဘူး... ဒီတိုင်းစိတ်ထဲရှိတာ ရေးမှာ(xD)။ ဒီရက်ပိုင်း စိတ်ထဲကမပါတဲ့ ချွဲချွဲပျစ်ပျစ် စကားတွေကို ဖောင်လိုဖွဲ့နွဲ့ပြောတတ်တဲ့လူတွေကို တွေ့နေရတယ်။ အဲ့လိုလူတွေကို ကန်ဒီမကြိုက်ဘူး သိလား... အဲ့လိုလူမျိုးတွေရဲ့ Personality ကို လူတော်တော်များများက(ကန်ဒီအပါအ၀င်) အစပိုင်းမှာ ကြိုက်တတ်ကြတယ်။ သူတို့က ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းဝင်ဆံ့တယ်။ ဒါပေမယ့် အဲ့စကားတွေထဲမှာ အနှစ်မပါတာ သိလိုက်ရတဲ့အချိန်မှာတော့ ကန်ဒီ့စိတ်ထဲမှာ အဲ့လူသွားပြီပဲ...

စကားများများပြောတတ်တဲ့လူတွေကို ကန်ဒီကြိုက်ပါတယ်။ အရမ်းလည်း အားကျတယ် (ကိုယ်တိုင်က စကားနည်းတော့ လူတော်တော်များများရှိန်ကြလို့လေ)။ ဒါပေမယ့် ကိုယ်ပြောတဲ့စကားတွေမှာ အနှစ်ပါဖို့လည်း လိုသေးတယ်နော်။ ဖားချင်တာ... ဖောချင်တာ... ရောချင်တာတွေများလွန်းတာလည်း မကောင်းပြန်ဘူး။ တန်ဆေးလွန်ဘေးဆိုသလို တော်ရုံပဲကောင်းတယ်။ စကားပြောကောင်းတာနဲ့ အဲ့လိုလျှောက်ပြောနေတာနဲ့လည်း မတူပြန်ဘူး။ ကန်ဒီစကားပြောကောင်းတဲ့ လူတွေအများကြီးတွေ့ဖူးတယ်။ ဘယ်အကြောင်းအရာကိုပြောပြော တကယ်စိတ်ဝင်စားအောင် ပြောတတ်တာ။ သူတို့ကို အမြဲလေးစား အားကျတယ် ^_^

Hmm.. ဘယ်လို ဥပမာပေးရင် ကောင်းမလဲ??  သူငယ်ချင်းကောင်မလေးတစ်ယောက် ပြင်လာတဲ့ဆံပင်ပုံစံ လုံးဝမလှဘူး ဆိုပါတော့... အဲ့လိုအခြေအနေမျိုးမှာ ကန်ဒီသာဆို ဘာထင်မြင်ချက်မှမပေးဘဲ ပါးစပ်ပိတ်ထားမယ်၊ ဒါမှမဟုတ် သူက"လှလား"မေးလာခဲ့ရင်လည်း ဘယ်လိုလေးလုပ်ရင်ပိုလှမယ်ဆိုတာမျိုး အကြံပေးမယ်ပေါ့။ ခုနက ကန်ဒီအမြင်ကတ်တဲ့လူမျိုးတွေကျ ဘယ်လိုပြောမလဲသိလား?? စတွေ့တာနဲ့ကို "ဟယ်... ငါ့သူငယ်ချင်းလေးက လှလိုက်တာ... ဘယ်မှာပြင်လာတာလဲဟင်?? ငါ့ကိုလည်း လမ်းညွှန်ပါဦး... ငါလည်းနင့်လိုလှချင်တာပေါ့လို့" (မျက်လုံးပြူးမျက်ဆံပြူး Over အသံဖြင့် ဖတ်ရန်) ဟိုကပြင်လာတာ ပုံမကျတာအသိသာကြီးကို မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတယ် =.='

ထိုနည်းတူပဲ...ဘလော့ဂါတွေထဲမှာလည်းရှိတယ်။ ရေးထားတဲ့စာကို သေချာမဖတ်ဘဲ ပေါက်ကရကွန်မန့်တွေ ပေးတာမျိုးလေ။ ပေးထားလိုက်တဲ့ ကွန်မန့်က ရွှန်းရွှန်းကိုဝေနေတာပဲ... ပိုစ့်ထဲမှာရေးထားတာနဲ့ ကွန်မန့်နဲ့ တလွဲစီဖြစ်နေတာက ခက်တယ်။ ကန်ဒီပြောချင်တာက မဖတ်ဘဲ ဘာကိစ္စများကွန်မန့်ပေးတာလဲ။ ဘလော့ဂ်လည်ပြီး စာချည်းလိုက်ဖတ်နေတဲ့စာဖတ်သူတွေက ကွန်မန့်မပေးဘူး... ဒါပေမယ့် စာတော့ဖတ်သွားတယ်။ ဘလော့ဂါအချင်းချင်းက စာမဖတ်ဘဲ ကွန်မန့်ပေးတယ်။ ဒါမှလည်း သူတို့ဘလော့ဂ်ကို ပြန်လာလည်မှာလေ... အဲ့ဒါကြီးက ဒီလောကမှာ ထုံးစံတစ်ခုလို ဖြစ်နေပြီ။ အနည်းဆုံးတော့ မန့်တော့မယ်ဆိုရင် စာရေးသူရဲ့ဆိုလိုရင်းကို နားလည်အောင်တော့ ဖတ်သင့်တာပေါ့ ဟုတ်တယ်မလား >.<


သြော်... ဒါနဲ့ ကန်ဒီ့ဒိုမိန်း သက်တမ်းထပ်တိုးလိုက်ပြီ။ ဟုတ်ပါ့... *ကန်ဒီသည် ကိုယ့်ပိုက်ဆံကိုယ်ထုတ်ကာ ဘလော့ဂ်ရေးနေသူ ဖြစ်လေသည်* အရင်က (၂)နှစ်စာ ၀ယ်ထားတာလေ။ အဲ့ဒါက ခုလာမယ့်စက်တင်ဘာဆို သက်တမ်းကုန်ပြီဆိုတော့ နောက်(၃)နှစ်စာ ထပ်ဝယ်လိုက်တယ် (အမေ၀ယ်ပေးတာ :P)။ သက်တမ်းကုန်သွားမှဆို ဘာလုပ်လို့လုပ်ရမှန်း မသိမှာစိုးလို့ကြိုဝယ်ထားတာ။ ဒီဘလော့ဂ်ကိုတော့ အပျောက်မခံနိုင်ပါဘူး (>.<)။ ကန်ဒီ့အရင်ဘလော့ဂ်လိပ်စာက www.myfreedom-candy.blogspot.com အဲ့တုန်းကဘာလို့များ ဘလော့ဂ်လိပ်စာကို အဲ့လိုရှည်ရှည်လျားလျား ရှုပ်ရှုပ်ထွေးထွေးပေးခဲ့လဲ စဉ်းစားလို့မရဘူး။ အမှန်ဆို ဘလော့ဂ်လိပ်စာက အဲ့လို(-)တွေဘာတွေနဲ့ ရှုပ်မနေရဘူးလေ။ ဒိုမိန်းဝယ်မယ်ဆိုတော့လည်း အဲ့အရင်လိပ်စာကိုပဲ .com တပ်မလို့လုပ်သေးတယ်။ ဒိုမိန်းလုပ်ပေးတဲ့အစ်ကိုက www.candykhine.com လို့ပေးပါလားဆိုပြီး သူပဲအကြံပေးတာနဲ့ ဒီနာမည်ဖြစ်လာတာ xD

Have a nice weekend^^

12 comments:

မောင်သစ္စာ said...

:o ako lar ma thi buu...kaung kaung nay ma.

taw kyar htoo kha nay oo mae..=D

Candy said...

Haha... NO!!!

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ ဗုံးကြဲနေတယ်။ ပြေးနိုင်မှ လွတ်မယ်။း)

မိုးငွေ့........ said...

ဟဟ ဟုတ်ပါ့..အဲလိုကော်မန့်မျိုးတွေတွေ့ဖူးတယ်.....။

ကိုကိုမောင်(ပန်းရနံ့) said...

အမ်...
အရင်ပေးထားတဲ့ ကွန်မင့် ဘယ်ရောက်သွားပါလိမ့်။
အတောင်ပေါက်သွားပြီထင်ပါ့။း)

Anonymous said...

နီနာ့ ကို တည့်တည့်ပြောနေတာမို့လား
သကြားပိန် ဟမ်............
ကြောက်နေမယ် ထင်သလားး)။

ဒါပေါ့ ၀တ်တရား ဆိုရင်
ဘမှုန်ကလည်း သွားဖြဲပြီး ပြုံးပြရမှာတောင်
အင်တင်တင် ရယ်
ဘူ ဘို ထင်ထင် ပေါ့နော့ ။


ဘမှုန်

မိုးသက် said...

တားကိုပြောတာနေမှာ..
ချိတ်နာတွားဘီ.. :(

Candy said...

ဟဟ တဂျင်းမီး တခါတလေ ကွန်မန့်တွေက spam ထဲရောက်ရောက်သွားတတ်တယ်။ အခုပြန် not spam လုပ်လိုက်ပြီ :D

ခိုင်ခိုင် (KhineKhine) said...

မီးကို ပြောတာလား မတိဝူး နော် ကြောက်ပါတယ် Dx

Thu said...

အာ..သူညားကိုထိပြီ.. o_O :P

candy blogspotလိပ်စာကအသူလိုပဲတော်..
အသူလဲပြောင်းချင်နေတာ.တော်ကြာဘလော့ဂ်လာလည်တဲ့သူကမှလက်၁၀ချောင်းမပြည့်ပါဘူးဆိုမှ..ပြောင်းလိုက်လို့ဘူသူမှမလာတော့မှာစိုးလို့ :D
ဒီတိုင်းရှုပ်ရှုပ်လေးပဲထားထားလိုက်တယ်..
သူညားတွေလိုစာလဲကောင်းကောင်းမရေးနိုင်သေးလို့လဲပါတယ်..

Anonymous said...

ခုထက်ထိ ဒိုမိန်းဝယ်လို့မရသေးဘူး ညီမရေ။
ရန်ကုန်ရောက်မှဝယ်မယ်လို့ဘဲ မျှော်မှန်းထားရတယ်။
ဘယ်မှာ ဝယ်ရမလဲဟင်?

ပိုက်ဆံသွားပေးပေးမယ်ဆိုတဲ့မိတ်ဆွေကိုစိတ်ကုန်သွားတယ်။
အပိုတွေလျှောက်ပြောပြီး တကယ်တန်းကျတော့ ပိုက်ဆံလဲသွားမပေးပေးဘူး။
ဒီက သူများနဲ့ပြောထားတာ မျက်နှာပျက်ရတယ်။
အဲဒီမိတ်ဆွေကိုလဲ ဖုန်းမဆက်တော့ဘူး။ အလကားရန်ဖြစ် ဖုန်းခကုန်တာဘဲ အဖတ်တင်တယ်။

လေးစားစွာဖြင့်
လရိပ်အိမ်

Kyi Thu said...

ဖတ်ပီးတော့ ပြုံးမိသည်။