Tuesday, July 16, 2013
မယ်ဒေါ်
ကလင် ကလင် ကလင်... (အဲ့ဒီ Ringtone မဟုတ်သော်လည်း ဖုန်းမြည်သံဟု သတ်မှတ်ပါ :P)
အင်း... အဲ့ဒါဇာတ်လမ်းအစပဲ။ ကန်ဒီနဲ့အရမ်းမရင်းနှီးတဲ့ သူငယ်ချင်းအစ်မတစ်ယောက်က ကန်ဒီ့ဆီဖုန်းဆက်လာတယ်။ တနင်္ဂနွေနေ့မှာ ကန်ဒီနဲ့သူ တူတူသွားရမယ့် မွေးနေ့ပွဲရှိတော့ အဲ့အတွက် ဖုန်းဆက်တာလို့ပဲ ပထမထင်လိုက်တာ။ နောက်တော့ သူက သူ့အသိဓာတ်ပုံဆရာတွေက သူ့ကိုချည်းဓာတ်ပုံရိုက်နေရတာ ပျင်းလာလို့ သူ့ဖုန်းထဲက ကန်ဒီ့ပုံတချို့ကိုမြင်တော့ ဓာတ်ပုံရိုက်ချင်တယ်လို့ ပြောလာတယ်တဲ့။ အဲ့ဒါ လာမယ့်တနင်္ဂနွေနေ့ အဆင်ပြေမလား မေးလာတယ်။ ကန်ဒီက"မွေးနေ့ရှိတယ်လေ"ဆိုတော့ မွေးနေ့က ညနေမှဖြစ်မယ်တဲ့။ နေ့လည်ဓာတ်ပုံရိုက်ပြီး သွားလည်းဖြစ်တာပဲဆိုတော့ ကန်ဒီကလည်း "အင်း... အဲ့ဒါဆိုလည်း ရတယ်"ပေါ့။
သူပြောတဲ့ပုံက လုံးဝပေါ့ပေါ့ပါးပါးပဲ။ သူနဲ့တူတူရိုက်ရမယ့်ပုံစံမျိုး။ ကန်ဒီတောင်ပြောလိုက်သေးတယ်... "အစ်မနဲ့တူတူမို့ ညီမရိုက်တာနော်"လို့။ သူက "အင်း... သိတယ် သိတယ်။ အစ်မလည်း ရှိမှာပေါ့။ တူတူလေ.."လို့ ပြောပြီး ဓာတ်ပုံရိုက်ဖို့ မြန်မာဝတ်စုံနှစ်စုံယူခဲ့ဖို့နဲ့ ကန်ဒီ Beach သွားတုန်းက ၀တ်တဲ့ပုံစံမျိုးလေး ၀တ်ခဲ့ဖို့ပြောတယ်။ ကန်ဒီကတောင် "အစ်မက ဘာအရောင်ဝတ်မှာလဲ??"ဆိုပြီး သူနဲ့တူတူရိုက်တဲ့အခါ အရောင်က ဆန့်ကျင်ဘက်ဖြစ်နေမှာစိုးလို့ မေးလိုက်သေးတယ်။ သူကလည်း ပြောတယ် သူ့မှာ မြန်မာဝတ်စုံ အနီတို့ အနက်တို့ရှိတယ်ဆိုပြီး...။ အိုကေ အိုကေ... လိုရင်းပြောရရင် သူပြောပုံဆိုပုံအရ ကန်ဒီနားလည်သွားတာက ကန်ဒီက သူနဲ့တူတူရိုက်ဖို့ပဲ။ တစ်ယောက်တည်းလည်း ရိုက်ဖြစ်ချင်ရိုက်ဖြစ်မယ်။ ဒါပေမယ့် ဒီပွဲမှာ သူက အဓိက။ အဲ့လိုနားလည်လိုက်လို့ ဒီကိစ္စကို လက်ခံလိုက်တာ... နောက်တစ်ခုက သူနဲ့သိပ်မခင်တော့ ငြင်းရမှာ အားနာလို့ >.<
♦ တနင်္ဂနွေနေ့...
ကန်ဒီ့ကို City Hall မှာ ချိန်းထားတာ (၂)နာရီဆိုတော့ အဲ့မှာပဲနေ့လည်စာစားမယ်ဆိုပြီး အိမ်ကနည်းနည်းစောထွက်လာတယ်။ (၂)နာရီလည်းထိုး ထမင်းလည်းစားပြီးတာနဲ့ ကွက်တိ... ဆိုင်ထဲကထွက်ပြီး အစ်မဆီ Message ပို့တယ် (တနင်္ဂနွေဆိုတော့ သိတဲ့အတိုင်း City Hall မှာ မြန်မာတွေမှ အများကြီး... စားပြီးတာနဲ့ သုတ်သုတ်သုတ်သုတ် ထွက်ရတယ်)။ သူနောက် (၁၅)မိနစ်လောက်နေရင် ရောက်မယ်တဲ့။ အဲ့ဒါနဲ့ ကိုယ်လည်းဘယ်နားသွားနေလို့ နေရမှန်းမသိတာနဲ့ Watson ထဲဝင်လိုက် Funan မှာ ပတ်လိုက်လုပ်နေတယ်။ (၃)နာရီထိုးခါနီးလောက်မှ သူကရောက်လာပြီး တစ်ခါဟိုဓာတ်ပုံဆရာတွေရှိတဲ့ Funan အပေါ်ထပ်က Food Court ဆီသွားရတယ်။ အဲ့မှာ သူတို့ထမင်းစားတာ ထိုင်စောင့်... ဟိုလူ့စောင့် ဒီလူ့စောင့်နဲ့ တကယ်ဓာတ်ပုံရိုက်ဖို့ အဲ့ကစထွက်ဖြစ်တာ (၃)နာရီကျော်ကျော်လောက်မှ(>.<)။ ကန်ဒီ့အကြောင်းတော့ အားလုံးသိပြီးသားဖြစ်မှာပါ... အချိန်မလေးစားတာကို ကန်ဒီအရမ်းမုန်းတယ်။ ကန်ဒီ့ညီမဆိုအမြဲပြောတယ်... လူတွေနဲ့ဆက်ဆံတဲ့အခါမှာ လိုက်လျောညီထွေဖြစ်ဖို့လိုတယ်... တဆိတ်ရှိ ဒေါသထွက်နေလို့မရဘူးတဲ့။ အင်း... ကန်ဒီလည်း များသောအားဖြင့် ထုတ်ဖော်ပြလေ့ပါဘူး... သည်းခံ သည်းခံ =.='
ဓာတ်ပုံဆရာတွေက (၆)ယောက်လောက်ရှိမယ်။ ကန်ဒီရယ်၊ အစ်မရယ်၊ ကန်ဒီနဲ့ မျက်မှန်းတန်းမိရုံလောက်သိတဲ့ အစ်မရဲ့သူငယ်ချင်း အစ်မတစ်ယောက်ရယ်... အားလုံးပေါင်း (၉)ယောက်လောက်ပေါ့။ သူတို့ကားနဲ့ပဲ ရှုခင်းကောင်းတဲ့ပန်းခြံတစ်ခုကို မောင်းသွားတယ်။ သူတို့ကတော့ ဓာတ်ပုံရိုက်နေကြလူတွေဆိုတော့ ဘယ်နေရာလှလဲ ပိုသိမှာပေါ့။ ဟိုရောက်တော့ အစ်မက သူအကတိုက်ဖို့ရှိလို့ မသွားလို့မဖြစ်ဘူးတဲ့။ ကန်ဒီနဲ့အတူနေဖို့ သူ့သူငယ်ချင်းအစ်မကို ထားခဲ့မယ်၊ သူကတော့ အကတိုက်ပြီးတာနဲ့ ပြန်လာမယ်ဆိုပြီး ထွက်သွားပါလေရော။ အဲ့ဒါဖြစ်သင့်လား... စဉ်းစားကြည့်ပါဦး။ အစကတည်းက ဒီကိစ္စကိုလက်ခံတာ ဘာကြောင့်ဆိုတာသူ့ကိုပြောပြီးသား... သူ့ကိုအားနာလို့ သူ့မျက်နှာနဲ့ လက်ခံတာ။ ခုကျန်ခဲ့တော့ ကန်ဒီနဲ့ တခါမှမတွေ့ဖူး၊ မရင်းနှီးတဲ့လူတွေ အများကြီးနဲ့။ ထားခဲ့ပေးတဲ့အစ်မဆိုတာကလည်း တခါလောက်ပဲသူမိတ်ဆက်ပေးဖူးတာ။ ကန်ဒီကလေးမဆန်ပါဘူး။ ပြောထားပြီးသားကိစ္စကို ပြီးဆုံးအောင်လုပ်ပေးရမှာပဲမဟုတ်လား....
ဓာတ်ပုံဆရာတွေကတော့ တကယ်ကိုကျွမ်းကျင်တဲ့လူတွေပါ။ ကန်ဒီကသာ မော်ဒယ်လ်တစ်ယောက်မဟုတ်တော့ Pose မပေးတတ်တာ။ သူတို့ပြောသလိုတွေလည်း မလုပ်တတ်ဘူး... လူကတောင့်တောင့်ကြီးဖြစ်နေတယ်။ အဓိကကတော့ သူတို့နဲ့ မရင်းနှီးတဲ့အတွက်၊ မသိတဲ့အတွက် ကန်ဒီ့မျက်နှာမှာ အသက်မပါဘူး။ အမှန်အတိုင်းပြောရရင် ဟိုအစ်မလုပ်သွားပုံကို ဒေါသဖြစ်ပြီး စိတ်လည်းမပါဘူး။ ထားခဲ့ပေးတဲ့အစ်မကလည်း ကိုယ်ကကင်မရာမန်းတွေရှေ့မှာ မနေတတ်ပါဘူးဆို သူကဟိုလိုလုပ် ဒီလိုလုပ်နဲ့... လုပ်ခိုင်းတာတွေကလည်း Sexy ဆန်ဆန် Pose တွေ... ကန်ဒီ့ကို အဲ့လိုဓာတ်ပုံအရိုက်ခံမယ်များ မှတ်နေလား မသိဘူး(>.<)။ နောက်ပြီး ဘာပြောတယ်မှတ်လဲ?? ဒီလူတွေက နောက်လည်းတွေ့ချင်မှ တွေ့ရမှာ... ဘာပဲဖြစ်ဖြစ် Pose ပေးသာပေး ဆိုပဲ။ စိတ်ညစ်ရတဲ့အထဲ သူကတစ်မျိုး >.<
ဓာတ်ပုံဆရာတွေကတော့ ဘယ်လိုနေ ဘယ်လိုထိုင် သိပ်မပြောပါဘူး။ သူတို့ဟာသူတို့ ကြည့်ကောင်းမယ့် Angle က ရိုက်လိုက်တာများတယ်။ ပထမအကျီနဲ့ရိုက်ပြီးတော့ ဓာတ်ပုံဆရာနှစ်ယောက်က မင်္ဂလာဆောင်သွားစရာရှိလို့ဆိုပြီး ပြန်သွားတယ်။ ကျန်တဲ့လေးယောက်နဲ့ ည(၈)နာရီလောက်ထိ ဆက်ရိုက်တယ်။ ပြီးခါနီးကျတော့ သွားက,တဲ့အစ်မက ပြန်လာတယ်။ သူ့ကို ကန်ဒီမကျေနပ်တဲ့အကြောင်း ဘာတစ်ခွန်းမှ မပြောပါဘူး။ ပုံမှန်အတိုင်းပဲဆက်ဆံတယ်။ ကိစ္စတော်တော်များများကို စိတ်ထဲမှာပဲ ထားတတ်တာ အကျင့်ဖြစ်နေပြီ... ဒါပေမယ့် နောက်တစ်ခါဆိုရင်တော့ အားနာတော့မှာ မဟုတ်ဘူး။ ပြန်ခါနီးကျတော့ ဓာတ်ပုံဆရာတွေက နောက်အပတ်အားလား မေးနေသေးတယ်။ ကန်ဒီမအားဖို့များတယ်လို့ပဲ အပြတ်ပြောခဲ့တယ်။ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို မလုပ်တာပဲ ကောင်းတယ်မလား...
မော်ဒယ်လ်တစ်ယောက်မဟုတ်တဲ့ ကန်ဒီ့အတွက် ဓာတ်ပုံအရိုက်ခံဖို့ဆိုတာ ရင်းနှီးမှုတစ်ခုတော့လိုတယ်။ အဲ့လိုမှမရှိရင်တော့ ဘယ်လိုမှအသက်ပါမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ပိုစ့်က Beach မှာ ရိုက်ခဲ့တဲ့ပုံတွေနဲ့ အခုပုံတွေပဲ ယှဉ်ကြည့်... အများကြီးကွာတယ်။ သူတို့ဓာတ်ပုံအဖွဲ့ကလုပ်တဲ့ အစီအစဉ်မှာ မော်ဒယ်လ်တိုင်း မထည့်ဘူး... ကန်ဒီ့ကိုထည့်ပေးမယ် ဘာညာပြောသွားတာပဲ။ ကန်ဒီကလည်း ဘာမှန်းမသိပေမယ့် "ဟုတ်ကဲ့"ပေါ့... အဲ့လိုမှမဖြေရင် ဘယ်လိုဖြေမလဲ??(:D)။ အဲ့နေ့က ကန်ဒီ့ဖိနပ်တစ်ရံ အဲ့ပန်းခြံထဲမှာကျန်ခဲ့ပြီး သူငယ်ချင်းမွေးနေ့ပွဲလည်း နောက်ကျသွားတယ် :(
အိုကေ... နောက်ဆက်တွဲဇာတ်လမ်းကို ဆက်ရရင်တော့ ဒီလို။ အဲ့လိုနဲ့ ပြီးသွားပြီး ညဘက်ရောက်တော့ Facebook မှာ သူတို့ဆီက ဓာတ်ပုံတွေ တက်လာပါလေရော။ တက်လာတဲ့ထဲမှာ ကန်ဒီဘောင်းဘီတိုနဲ့ ထိုင်ရိုက်ထားတဲ့ပုံတစ်ပုံက ကြည့်လို့လုံးဝမသင့်တော်ဘူးဖြစ်နေတယ်။ ကိုယ်ကတော့ Safe ဖြစ်တယ်ထင်လို့ နေလိုက်တာပဲလေ။ သူတို့မျက်လုံးထဲမှာ ဒါပုံမှန်ပဲလို့ မြင်လို့ တင်လိုက်ပုံရတယ်။ ဒါပေမယ့် ကန်ဒီ့မျက်လုံးထဲမှာတော့ ပေါင်ကလိုတာထက် ပိုပေါ်နေတယ်လို့ မြင်တယ်။ ကန်ဒီ ပိုနေတာလည်း ဖြစ်နိုင်တယ်။
အဲ့ပုံကအဲ့လိုတက်လာတော့ ကန်ဒီ့မှာ မစားနိုင်၊ မအိပ်နိုင်ဖြစ်ပြီး ကန်ဒီလက်လှမ်းမှီတဲ့ ဓာတ်ပုံဆရာတွေဆီရော၊ တင်တဲ့ ဓာတ်ပုံဆရာဆီရော Message ပို့ရတယ်။ အတတ်နိုင်ဆုံး ယဉ်ကျေးအောင် ကြိုးစားရေးလိုက်ပေမယ့် အဲ့လိုထူပူနေတဲ့အချိန်မှာ ပို့တဲ့ Message ဆိုတော့ သူတို့အမြင်မှာ ရိုင်းနေလားတော့ ကန်ဒီလည်း မပြောတတ်ဘူး။ ကန်ဒီပြောလိုက်တာက... သူတို့တင်ထားတဲ့ ဓာတ်ပုံတွေကို ကြိုက်ပါတယ်ဆိုတဲ့အကြောင်း၊ ဒါပေမယ့် အဲ့ထဲက တစ်ပုံကတော့ သိပ်ကြည့်မကောင်းဘူးဆိုတဲ့အကြောင်း၊ အဲ့ပုံကို ဖျက်ပေးဖို့ မပြောလိုပေမယ့် နောက်တစ်ခါဓာတ်ပုံတွေတင်တော့မယ်ဆို ကန်ဒီ့ဘက်တစ်ချက်လောက် ကြည့်ပေးဖို့နဲ့ ကန်ဒီ့ကိုကိုယ့်ညီမတစ်ယောက်လို သဘောထားပြီး နှမချင်းစာနာဖို့ ပြောလိုက်ရုံပါ။ သြော်... နောက်တစ်ကြိမ်ဆို အဲ့လို ဘောင်းဘီတိုနဲ့ မော်ဒယ်လ်မလုပ်တော့ပါဘူး ပြောလိုက်သေးတယ်။ ဟုတ်တယ်လေ... သူတို့အမြင်နဲ့ ကိုယ့်အမြင်နဲ့မတူမှတော့ မ၀တ်တာပဲ အေးတယ်မဟုတ်လား :)
ကိုယ်ကောင်းတယ်ထင်လို့ တင်ထားတဲ့ပုံကို ကန်ဒီကလက်ညိုးထိုးပြီး မကြိုက်ပါဘူးဆိုတဲ့ Message မျိုး ပို့လိုက်တော့ အနည်းနဲ့အများတော့ သူတို့စိတ်ခုသွားကြမယ်ဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါပေမယ့် အချင်းချင်းနားလည်မှုနဲ့ လုပ်ကြတဲ့အလုပ်တစ်ခုမှာ ကန်ဒီ့ဘက်ကလည်း ကိုယ်ဖြစ်ချင်တာလေးတွေ၊ ကိုယ်လက်မခံနိုင်တာလေးတွေ ပြောခွင့်ရှိတယ်လို့ ထင်တာပဲလေ။ ကန်ဒီ ဓာတ်ပုံဆရာ(၄)ယောက်ဆီ ပို့လိုက်တာ... အစ်ကိုတစ်ယောက်ဆီက ပြန်လာတဲ့ Reply ကို ကန်ဒီကျေနပ်တယ်။ သူနားလည်ပါတယ်တဲ့... ဓာတ်ပုံတွေကိုလည်း Facebook မှာ မတင်ပါဘူး... ကန်ဒီ့ကို Dropbox ကနေ ဓာတ်ပုံတွေပေးမယ်ဆိုပြီး ဓာတ်ပုံတွေပို့လာတယ်။ ဓာတ်ပုံတင်ထားတဲ့အစ်ကိုကလည်း သူက အဲ့ပုံကို သင့်တော်တယ်ထင်လို့ တင်ထားတာပါဆိုတဲ့အကြောင်း၊ ကန်ဒီမကြိုက်လို့ သူဖျက်ပေးလိုက်ပြီဆိုတဲ့အကြောင်းနဲ့ ကျန်တဲ့ပုံတွေကိုလည်း ကန်ဒီ့စိတ်တိုင်းကျတင်ပေးပါမယ် ဆိုပြီး Reply လာတယ်။ သူ့ကြည့်ရတာ စိတ်ခုသွားပေမယ့် ပြန်လာတဲ့ Reply ကတော့ အရမ်းလူကြီးဆန်တယ်။ ကျန်တဲ့နှစ်ယောက်မှာ တစ်ယောက်က Reply မလာဘူး (ကန်ဒီကတော့ ရိုင်းတယ်လို့ မြင်တယ်)။ နောက်တစ်ယောက်ကတော့ စိတ်မရှည်တဲ့ပုံစံနဲ့ အဲ့လိုအ၀တ်အစားမျိုး၊ Pose မျိုး၊ စတိုင်လ်မျိုးမကြိုက်ရင် ဘာလို့သူတို့ကို အစောကြီးကတည်းက မပြောတာလဲဆိုပြီး ပြန်လာတယ်။ ကန်ဒီလည်း ဒေါပွပွနဲ့ အကျီမကြိုက်ဘူး၊ စတိုင်လ်မကြိုက်ဘူးလို့ မပြောပါဘူး၊ ဓာတ်ပုံတင်မယ်ဆို သင့်တော်တာလေးတွေ ရွေးတင်ပေးဖို့ပဲ တောင်းဆိုတာပါလို့... အဲ့ကိုလာတာလည်း အစ်မမျက်နှာကြောင့်လာတာမို့ အခုလိုပုံစံမျိုးလာမဆက်ဆံပါနဲ့လို့ ပြောလိုက်တယ်။ ပြောပြီးမှ ကိုယ့်ဟာကိုယ် ရုပ်ဆိုးသလို ခံစားရတယ်။ ကန်ဒီကအဲ့လိုပဲ... တစ်ယောက်ယောက်နဲ့ စကားများရန်ဖြစ်ပြီးတိုင်း ကိုယ့်ပြောတဲ့စကားက ကိုယ့်ကိုပဲ ရုပ်ဆိုးစေတယ်လို့ ထင်တယ် :(
The End.
22 comments:
ဆုမြတ်မိုး said...
ခေါင်းထဲမထားပါနဲ့ ကန်ဒီရာ..ကာယကံရှင်လက်မခံနိုင်ရင် မခံနိုင်ဘူးပြောရမှာပဲလေ...ဒါပေမယ့်လည်းတခါတခါကျတော့လည်းပြောရခက်တယ်နော် ပရိုမျက်စိက တစ်မျိုး ကိုယ့်မျက်စိကတမျိုး စကားမစပ် ပုံလေးတွေလှတယ်း)
Suzy said...
လူတွေအများကြီးနဲ့ဆက်ဆံရတာ စိတ်ကျဉ်းကျပ်ဖို့ကောင်းလိုက်တာ :'( ဘာပဲပြောပြော အတွေ့အကြုံရတာပေါ့ မမရယ်... ပုံတွေကတော့ တအားလှ :D <3
နွေတေးရှင် (မင်းဧရာ) said...
အာပေတူး ချာတူးလန် မော်ဒယ် သကြားပိန်ဖြစ်ပါတယ် :p
ဓါတ်ပုံ ပညာအကြောင်း မသိဘူး
မော်ဒယ်တွေ အကြောင်း မသိဘူး
မြန်မာဆန်ဆန် ဝတ်စားဆင်ယင် မှု့ကို
တန်ဖိုးထားတယ် လေးစားတယ် မြတ်နိုးတယ်
အလှအပ ကို ခံစားတတ်တယ်
သရုပ်ပျက်ရင် လှောင် ပြောင်ကဲ့ရဲ့ မယ် ။
ဘမှုန်ကတော့ ဘမှုန်ဖြစ်ပေ သည် ။
မောင်သစ္စာ said...
:D (y) :) ဘာပဲဖြစ်ဖြစ် ကန်ဒီသည် ကန်ဒီသာဖြစ်သည် ^_^ဘဝမှာ အရှိကိုအရှိတိုင်းနေထိုင်ဖြတ်သန်းခြင်းက ပိုလှပါတယ်။
Anonymous said...
Bravo! *ဘာပဲဖြစ်ဖြစ် ကန်ဒီသည် ကန်ဒီသာဖြစ်သည်*
I like your 7th pic.Great!
မဒမ္ကိုး said...
ပုံလေးတွေကတော်တော်လှတယ် သဘောကျပါတယ် နောက်ဆိုအတိုမ၀တ်နဲ့လေ တော်ကြာ အဲဒိပုံတွေတက်လာတဲ့အခါ မကောင်းဘူးပေါ့ ။ ပုံတွေအကုန်လုံးလှတယ် ။ ဖြစ်လိုက်ရင်အသဲအသန် ခဲမှန်ကန်ဒီး))
Anonymous said...
ပုံလေးတွေတိုင်းကတော့ အတော်လှပါတယ် ညီမရေ .. ပိုစ့်ကိုဖတ်ပီးမှာ တခုတော့ပြောချင်တယ် .. အစကတည်းက မရင်းနှီးတဲ့ဓါတ်ပုံဆရာတွေနဲ့ရိုက်မှာ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိတွေ မို့အမသာဆိုရင်တော့ စကတည်းက ဒီဇတ်လမ်းဖြစ် လာမယ်မထင်ဘူလို့တွေးမိတယ်
Candy said...
အင်း... ညီမလည်း အဲ့လိုရိုက်ဖြစ်မယ်မှန်း မသိလို့လက်ခံမိတာပါ။ အကူအညီတောင်းတဲ့ ညီမသူငယ်ချင်းအမကလည်း သေချာရေရေလည်လည် မပြောဘူးလေ >.<
Thu said...
အသူလဲလူလဲနေမကောင်း၊ကော်နက်ရှင်းလဲနေမကောင်းလို့
FBပေါ်ဆိုလဲ likeနဲ့ပြီးနေရတာ..
ဘလော့ဂ်လဲမတက်နိုင်နဲ့....
ငါ့ညီမလေးကချစ်စရာလေး..အသူလဲခေတ်နောက်ပြန်ဆွဲနေတဲ့၂၀ကျော်၂၅တွင်းမို့လားတော့မသိဘူး..မြန်မာဝတ်စုံလေးနဲ့ကိုပိုသဘောကျတယ်..
အသူရဲ့စင်ကာပူက သူငယ်ချင်းတစ်ယောက်လဲမော်ဒယ်လုပ်နေတယ်ပြောတယ်..
ဒါပေမယ့်.မျက်စိထဲမရိုင်းတဲ့ပို့စ်လေးတွေပေးတာမျိုးပဲကြိုက်တယ်
အဆင်ပြေပါစေ
☺Areal Thu☺
KhaingSuMon said...
အဲဒါမလို့ အစ်မ model လုပ်မယ်ဆိုတော့ ကျွန်တော်ကစိုးရိမ်နေတာ ... အေးဆေးနေတတ်တဲ့သူနဲ့  ဒီအလုပ်ကမကိုက်ဘူးလေ .... နောက်ဆိုလည်း အတိုမဝတ်တာကောင်းပါတယ် ... ကိုယ့်ပုံက သူတို့ ဆီမှာရှိနေပြီး public ဆီလည်းရောက်သွားမှာလေ :)
Anonymous said...
ကိုယ်ကတော့ကန်ဒီလွန်တယ်လို့ မထင်ပါဘူး။
ဘာပြောပြောယဉ်ယဉ်ကျေးကျေးနဲ့ သဘောပေါက်အောင်ပြောဖို့ တော့အဓိကကျတယ်လို့  ထင်တယ်လေ။ ကန်ဒီပြောတာလည်းယဉ်ကျေးတာဘဲ။ ပြီးတော့သူတို့ နဲ့  စကားကတိစာကတိမရှိထားတဲ့အတွက် ကန်ဒီ့ ခွင့်ပြုချက်ကယူကိုယူရမှာ။
နောက်တစ်ခုက ကိုယ်တို့ မြန်မာတွေမှာ ကိုယ်အပါအ၀င်အလုပ်လုပ်ရင်အားနာတာနဲ့  ရှင်းလင်းအောင်ကြိုမညှိတာအားနည်းချက်ဖြစ်နေတယ်။ နောက်တကယ်လုပ်တော့ ပြဿနာဖြစ်ရော။ ကိုယ်လည်းအလုပ်ကိစ္စတစ်ခုမှာအားနာပြီး ကြိုမညှိခဲ့မိလို့  ခုချိန်ထိတအုံနွေးနွေးဖြစ်နေတုန်းဘဲ။ ကိုယ့်ထက်ပညာရာထူးအသက်ကြီးလို့  အားနာမိတာသူကလောဘကြီးတဲ့သူဖြစ်နေတာသိလိုက်ရတော့တော်တော်နောင်တရမိတယ်ကန်ဒီလေးရေ။ နောင်အဲလိုမဖြစ်စေရဘူးလို့ သံဓိဌာန်ချထားတယ်။း)
ကန်ဒီဆိုတာကန်ဒီဘဲပေါ့။ ဒါမှကန်ဒီဖြစ်မှာပေါ့နော့်..ဟုတ်ဖူးလား။
အိုင်အိုရာ
thu ma said...
ပုံလေးတွေ အားလုံး လှတယ်။ အပင်လေးတွေ နောက်ခံ နဲ့ ကာလစပ်ထားတဲ့ ပုံလေးတော့ တော်၂ သဘောကျတယ်။ :)
Anonymous said...
nice photos ...
btw, sent friend request on fb. :)
PyiPhyo
ကူးကူးလှိုင် said...
ကန်ဒီသာ စိတ်ပါလက်ပါရိုက်ခဲ့ရရင် ဒီထက်မက လှအုံးမယ်ထင်တယ်.ပုံတွေအရမ်းလှတယ်ညီမလေးရေ...
မိုးငွေ့........ said...
ခုတင်တဲ့ပုံတွေအားလုံးကိုတော့ကြိုက်တယ်သမီး
Anonymous said...
မြက်ပင်တွေကြားထဲမှာ ရိုက်ထားတဲ့ပုံက တော်တော်လှတယ်..
ဆံပင် ပြင်ထားတဲ့ပုံနဲ့လည်း လိုက်တယ်..
Carry on..
-m
ဘုန်းတောက် said...
ချိုချဉ်သည် ကန်ဒီသာ ဖြစ်သည်...
လရိပ်အိမ် said...
Ringtone အမှန်ထည့်ပါ။ :P
မယ်ဒေါ်ခေါင်းစဉ်ဆိုတော့ စင်ကာပူမှာဘဲ မယ်ဒေါ်လုပ်တော့မယ်ထင်နေတာ။
ပုံတွေလှပါတယ်။
၂ ၊ ၅ နဲ့ ၉ ပုံက ခါတိုင်း ညီမကန်ဒီရဲ့ စတိုင်တွေနော်။ ကိုယ့်စတိုင်နဲ့ကိုယ်ဘဲကောင်းပါတယ်။ အင်္ကျီနဲ့အောက်ကအိုး အရောင်လိုက်တယ်နော်။ :D
လယ်တောပုံလဲလှတယ်။
ကျန်တဲ့ပုံတွေက မျက်လုံးတွေမှာ ညာလို့မရဘူး။
ဘယ်ဖိနပ်ကျန်ခဲ့တာလဲဟင် ၊ နှမြောစရာ။
ပုံမတင်ခင်မှာ ပုံသခင်နဲ့တော့ ဆွေးနွေးသင့်တာပေါ့။ လူကိုလေးစားရမယ်လေ။။ ညီမ စကားတွေရုပ်မဆိုးပါဘူး။
ဘမှုန်ဆိုတာ ကိုမင်းဧရာလား?? သိဘူး ၊ ချာလပတ်ကိုလည်ရော။
Anonymous said...
No. 7 pic is very nice sis.. =)
ကိုကိုမောင်(ပန်းရနံ့) said...
ပိစိ။
မြန်မာက မယ်ဒေါ်တွေ ထမင်းငတ်ပေါက်တော့ ဖြစ်ကုန်ကြတော့မှာဘဲ။း)
နံပါတ် ၇ ကိုတော့ ပုံကြီးသာ ချဲ့ထားလိုက်တော့ ပိစိရေ။ သူကြီးမင်းလဲ အဲဒီပုံ အကြိုက်ဆုံးဘဲ။ ဘာဖြစ်လို့ လူတွေ အကြိုက်ချင်းတူနေကြပါလိမ့်။
အဖြေကတော့ မြန်မာ့ယဉ်ကျေးမှုနှင့်သဘာဝအလှကို ပိုမြတ်နိုးတတ်ကြလို့ထင်ပါရဲ့။
ပိစိ။ အဘွားအိုလေး မဖြစ်ခင် ဒီလိုပုံတွေ များများရိုက်ထား။ သူတို့လို ပရိုသမားတွေနဲ့ ရိုက်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ စိတ်ကလေးကိုတော့ နဲနဲ လျော့ထားနော်။ စိတ်တိုတတ်လွန်းရင် မျက်လုံးပြူးထွက်လာတတ်ပြီး အလှအပကို ပျက်စီးစေတယ်တဲ့။း)
Anonymous said...
DLed 'em all. ;)
- You know who
Kyi Thu said...
Nice pic :">