Hak yoo...
အဲ့ဒါ ဟမ်းစတားလေးတွေကို နှုတ်ဆက်တဲ့ ကန်ဒီ့ Language ဟဟ (:D)။ အခုပဲ သူတို့ကို အစာကျွေးပြီးလို့ အဲ့ဒီ Mood ၀င်နေတာ (^_^)။ မနက်ဖြန်မှ သူတို့အိမ်တွေ သန့်ရှင်းရေးလုပ်ပေးရမယ်။ လေးကောင်ဆိုတော့ အိမ်လေးအိမ်။ ဟမ်းစတားလေးတွေနဲ့ပတ်သက်ပြီး လူတော်တော်များများမေးကြတဲ့ မေးခွန်းက "သူတို့မကိုက်ဘူးလား..."တဲ့။ ကန်ဒီ့အကောင်လေးတွေက များသောအားဖြင့် မကိုက်တတ်ဘူး။ သူစိမ်းလည်း ကိုင်လို့ရတယ်။ မကိုင်ခင်တော့ သူတို့ကို အသံပြုပေးရတယ်။ ဘာသံမှမပေးဘဲ သူတို့မထင်မှတ်ထားတဲ့အချိန်မှာ ရုတ်တရက် သွားကိုင်ရင်တော့ ကိုက်တယ်။ တကယ်တော့ အဲ့ဒီကိုက်တာ၊မကိုက်တာက ကိုယ်မွေးထားတဲ့ဟမ်းစတားနဲ့ ကိုယ့်ဆက်ဆံရေးပေါ်လည်း မူတည်တယ်။ ဆိုင်က စ,စ၀ယ်လာတဲ့ အကောင်တွေဆိုရင် ယဉ်ပါးအောင် လေ့ကျင့်ပေးရတယ်လို့ ကြားဖူးတယ်။
ဒီနေ့ဗိုက်သိပ်မကောင်းဘူး။ ၀မ်းနှစ်ခါတောင် သွားတယ် (တိန်... ဘလော့ဂ်မှာ ဘာတွေရေးမိပါလိမ့် :P)။ အစားမှားရအောင်လည်း ကန်ဒီ ဒီနေ့စားတာ ကော်ဖီနဲ့ ပေါင်မုန့်၊ နေ့လည်စာက ပဲပင်ပေါက်ပဲပြားကြော်နဲ့ အာလူးကြော်။ ဗိုက်နာစေနိုင်တဲ့ အစားအစာလည်း တစ်ခုမှ မပါဘူး >.<

ကနေဒါက သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးတာ။ ဟိုတလောကရေးခဲ့တဲ့ ပိုစ့်တစ်ပုဒ်မှာ ကန်ဒီ့ညီမအရုပ်ယူပြီး ဓာတ်ပုံရိုက်ရတာတွေ့လို့ သနားလို့ ပေးတာဆိုပဲ (အမှန်တကယ်က ဖားချင်တာ... ရှူးတိုးတိုး :P)။ သူနဲ့မသိတဲ့ ကန်ဒီ့ညီမကိုလည်း Unicorn လေး ပေးတယ် (ဟင်းဟင်း... ဒင်းအကြံအစည်တွေ သိနေတယ်နော် xD xD)။ ကန်ဒီ့ကို မိန်းကလေးတွေအတွက် Beauty post တွေ ရေးနေပြီး ယောက်ျားလေးတွေအတွက်ကျ ဘာမှမရေးဘူးတဲ့။ ယောက်ျားလေးမဟုတ်တော့ ယောက်ျားလေးတွေ ဘာတွေသုံးတတ်လဲ ကန်ဒီလည်း မသိဘူး :D
နောက် ကန်ဒီ့ကို ရေးခိုင်းတာ ဘာတဲ့... "What Not to Do in front of Girls?" ဆိုပဲ။ ဟင်းဟင်း... ဒါမျိုး လျို့ဝှက်ချက်တွေကို ကန်ဒီက ဖော်ထုတ်မယ်များ ထင်နေလား(:P)။ စတာ စတာ... ကန်ဒီ အခြေခံအကျဆုံးလို့ထင်တဲ့ အချက်တစ်ချက်လောက်တော့ ပြောပြမယ်။ မိန်းကလေးအများစုက ဦးဆောင်တတ်တဲ့ ယောက်ျားလေးတွေကို သဘောကျကြတယ်။ ကိစ္စကြီးကြီးမားမားတွေ မပြောနဲ့... ဘာမဟုတ်တဲ့ စားသောက်ဆိုင်မှာ အစားအသောက်မှာရင်တောင် ဘာစားမလဲမေးပြီး သွားမှာပေးတာမျိုးကို သဘောကျကြတယ်။ အဲ့လိုမဟုတ်ပဲ သူတို့ချည်းအားလုံးလုပ်နေရပြီး ကိုယ်ကတောင် သူတို့ကိုရေ၀ယ်ခိုင်း.... ပြီး "အေးတာလေးလုပ်ပါ" ဆိုတာမျိုး သွားပြောရင်တော့ သွားပြီ၊ အဲ့မှာ စလာကတည်းက Impression ဒေါင်းပြီပဲ။ ကန်ဒီ့လိုမိန်းကလေးမျိုးနဲ့ တွေ့ရင်ပြောပါတယ်။ ဒီကိစ္စလောက်လေးက အသေးအဖွဲလေးဆိုပေမယ့် ပထမဆုံးအကြိမ် တွေ့တဲ့အခါမျိုးမှာ အဲ့ဒါတွေကလည်း အရေးပါတယ် ထင်တာပဲလေ။ ကန်ဒီဆိုရင်တော့ ကိုယ်နဲ့မသိတဲ့လူတစ်ယောက်ကို အကဲခတ်တဲ့အခါမျိုးမှာ အဲ့လိုအသေးအဖွဲလေးတွေကအစ လိုက်ကြည့်တတ်တယ်။

ဆယ်ကျော်သက်အရွယ်လောက်တုန်းက အစ်ကိုငယ်(၀မ်းကွဲ)က ကန်ဒီ့ကိုပြောဖူးတယ်။ ယောက်ျားလေးတွေနဲ့ သွား၊ လာ၊ စကားပြောကြည့်တဲ့။ အဲ့တော့မှ သူတို့ရဲ့မတူညီတဲ့အချက်တွေကို မြင်လာပြီး ကိုယ်နဲ့သင့်တော်ရာကို ရွေးချယ်နိုင်မယ်တဲ့။ အဲ့တုန်းက သူပြောတာကို လုံးဝလက်မခံခဲ့ဘူး။ ခုအရွယ်ရောက်တော့ သူပြောခဲ့တာ သဘာဝကျသလိုပဲ... နည်းနည်းလက်ခံလာတယ် ^_^
အင်္ဂလိပ်ကားတွေချည်း ကြည့်နေရတာ ကြာလာတော့ ပျင်းလာပြီဆိုပြီး "မျက်လုံး"ဆိုတဲ့ မြန်မာကားလေး ကြည့်မိပါတယ်။ စိတ်တော်တော်ညစ်သွားတယ်။ ဇာတ်လမ်းအစမှာ သူထူးစံကို ဖမ်းသွားတော့ "စပြီ... ဇာတ်ကားက ကောင်းပြီ"ပေါ့။ "ဒီအချုပ်ခန်းထဲကနေ သူထူးစံဘယ်လိုလွတ်အောင် ပြေးမလဲ"ပေါ့။
► ဆယ်ရက်ခန့်ကြာသော်... "ငါ့ကိုလွှတ်ပေး၊ ငါ့အမေ ငါ့ကိုစိတ်ပူနေတော့မယ်၊ ငါ့ကိုလွှတ်ပေး"
► တစ်နှစ်ခန့်ကြာသော်..... "ငါ့ကိုဘာကိစ္စနဲ့ ဖမ်းထားတာလဲ၊ မင်းမှာ ဘာရည်ရွယ်ချက်ရှိလဲ"
► သုံးနှစ်ခန့်ကြာသော်....... "......"
ဇာတ်လမ်းသာဆုံးသွားတယ်။ လွတ်ဖို့ ကြိုးစားတာလည်း တစ်ခုမှ မပါဘူး။ မင်းရာဇာကလည်း သူထူးစံကို ဖမ်းထားပြီး သူ့အိမ်ကိုမီးရှို့၊ သူ့ရည်းစားကိုယူ... တော်တော်တရားမျှတတဲ့ ယှဉ်ပြိုင်နည်းပဲ။ ဇာတ်လမ်းအဆုံးမှာ ဖမ်းထားရတဲ့ အကြောင်းရင်းကို ပြောပြတော့လည်း ပေါတောတောနဲ့ =.='

Ekk... ဘာလို့အဲ့ဇာတ်လမ်းကြီးအကြောင်း ရေးမိနေပါလိမ့်။ စိတ်ပျက်လွန်းလို့ ပြောမိတာ သည်းခံပါလို့ ဟီးး (xD)။ ဟိုဘက်အခန်းမှာနေတဲ့ အန်တီက လာမယ့်အပတ်ဆို မြန်မာပြည်ပြန်တော့မှာဆိုတော့ အခန်းဖော်အသစ်နှစ်ယောက် အဲ့အခန်းကို ရောက်လာမယ်။ အားလုံးအဆင်ပြေဖို့ မျှော်လင့်ပါတယ်။ အိမ်ကိုတော့ ကန်ဒီတယောက်တည်းလည်း ကောင်းကောင်းထိန်းသိမ်းနိုင်နေပြီ။ ဒါကလည်း ပြန်တော့မယ့် အန်တီကို ကျေးဇူးပြန်တင်ရမယ်။ သူပြောတာဆိုတာခံရမှာစိုးပြီး မခံချင်စိတ်နဲ့ လုပ်တာလေ။ မယုံမရှိနဲ့... ကန်ဒီရောက်ခါစကဆို အိမ်သာကို အိမ်သာဆေးတဲ့အတံနဲ့ ဆေးရကောင်းမှန်းတောင် သိခဲ့တာ မဟုတ်ဘူး ဟဟဟ (xD)။ ခုတော့ အားလုံးအေးဆေးဖြစ်သွားပါပြီ :D
Good Night^^