Good Evening^^
မင်္ဂလာညနေခင်းပါရှင်။ ခုနကပဲ ကန်ဒီ့ညီမပြန်လာပြီး ထူးထူးခြားခြား ညစာကြာဇံကြော်မယ်ဆိုပဲ။ အဲ့ဒါနဲ့ သူကြော်ပြီးတာကို ထိုင်စောင့်၊ စား၊ ပန်းကန်ဆေးပေး... ခုအားလုံးပြီးလို့ ဂျင်းပြုတ်ရည်တစ်ခွက်ဘေးချပြီး စာရေးမလို့။ ဂျင်းပြုတ်ရည်က ကန်ဒီ့အခန်းဖော် သောက်သောက်နေလို့ လိုက်သောက်ကြည့်တာ။ ဂျင်းနှစ်ဖတ် သုံးဖတ်လောက်နဲ့ ပျားရည်တစ်ဇွန်းကို ရေနွေးပူပူထည့်ထားတဲ့ ခွက်ထဲထည့်သောက်တာ။ ဂျင်းက မိန်းကလေးတွေအတွက် သင့်တော်တယ်။ ပျားရည်က အစာကြေစေတယ်။ မဆိုးပါဘူး သောက်လို့ရတယ်။ ပျားရည်ပါတော့ အရသာလေးလည်း နည်းနည်းရှိတယ်လေ ^_^
ပြီးခဲ့တဲ့တစ်ပတ်လုံး မလေးရှားသွားလည်နေတာ တနေ့ကမှပြန်ရောက်တယ်။ ဘယ်သူ့မှ သံချောင်းမခေါက်ဘဲ တိတ်တိတ်လေးသွားတာ... အမေရယ် ညီမလေးရယ်ပဲ ကန်ဒီသွားတာသိတယ်။ ဒီတစ်ခေါက်သွားတာ ရက်ပိုကြာတော့ နေရာတော်တော်များများ ရောက်ခဲ့တယ်။ အခုပြန်ရောက်တော့ လူကတော်တော်ပြိုင်းပြီး တကိုယ်လုံးကိုက်ခဲနေတယ်။
ကျောကုန်းမှာ ဆေးတွေကပ်ထားရတယ် (>.<)။ ဒူးခေါင်းမှာလည်း
အညိုအမည်းတွေနဲ့... ကားပေါ်တက်တော့ အိတ်ကိုမနိုင်တာနဲ့ ဒူးခေါင်းနဲ့
ပင့်တင်တာလေ။ ကန်ဒီလည်း အထိမခံရွှေပန်းကန်ပဲနော်။ မလေးကအစ်ကိုက ပြောတယ်။
နုဖတ်နေတာပဲတဲ့ ဟဟ xD
လျှောက်လည်သမျှတွေကို အစ်ကိုချမ်းမင်းပဲ ဒိုင်ခံပို့ပေးတာ။ ပို့ပေးတဲ့လူက မညည်းရဘူး။ သွားလည်တဲ့လူက ညည်းနေတယ်ဆိုတော့ သူပြောလည်း ပြောချင်စရာ(xD)။ ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ထပ်ပြောချင်ပေမယ့် ပြောရင် အဆူခံရမယ်မှန်းသိလို့ မပြောတော့ပါဘူး။ ဟိုတစ်ခေါက်သွားကတည်းက သူတို့ဘယ်လိုဧည့်ဝတ်ကျေလို့ အရမ်းအားနာရကြောင်း အမေ့ကိုပြောပြတော့ အမေက "နောက်တစ်ခါ ကိုယ့်ဆီလာလို့ ကိုယ့်အလှည့်ကြုံလာရင် သူတို့ထက်မလျော့စေနဲ့ပေါ့"တဲ့... ဟုတ်ကဲ့ ^_^
ခုလောလောလတ်လတ်တော့ အပျင်းတစ်လို့ကောင်းတုန်းရှိသေးတယ်။ ဒီနေ့အတွက် မနက်စာက ကော်ဖီနဲ့ ပေါင်မုန့် Peanut Butter သုပ်။ နေ့လည်စာက မြန်မြန်ချက်လို့ပြီးတဲ့ ရွှေဖရုံသီးဟင်းနဲ့ ငါးသေတ္တာ။ ရွှေဖရုံသီးတော့ ကြိုက်တယ်။ ရွှေဖရုံသီးစားရင် အသားအရည်လှတယ်တဲ့။ ကန်ဒီချက်ထားတာ ကြည့်လို့မကောင်းပေမယ့် စားလို့တော့ကောင်းပါတယ် (ဟဲဟဲ... အဲ့လိုပြောမှလည်း ဖတ်တဲ့သူတွေ သရေကျမှာ)။ ကြည့်လို့မကောင်းဆို ဘယ်လိုလုပ်ရမလဲမသိလို့ ကြက်သွန်ဖြူနဲ့ဂျင်းကို ဆီသတ်ပြီး ရွှေဖရုံသီး၊ ဆားနဲ့ ရေပဲထည့်ထားတာလေ။ အမေလာတုန်းကတော့ သူချက်ပြဖူးတယ်။ အဲ့ဒါမေ့သွားလို့ >.<
ပြန်ရောက်ခါစက ကိုယ့်ကိုကိုယ်မှန်ထဲကြည့်တော့ မျက်တွင်းတွေချိုင့်ပြီး အသားတွေမည်းသွားသလို ခံစားရတယ်။ ဟိုမှာ အလည်လွန်ပြီး ကောင်းကောင်းလည်း မအိပ်ဘူးလေ။ ကန်ဒီ့ကို ခရီးသွားရင် ဒုက္ခအပေးဆုံးက အိပ်တာနဲ့ အိမ်သာသွားတာပဲ။ အဲ့နှစ်ခုက ဘယ်လိုမှ အပြောင်းအလဲလုပ်လို့မရဘူး(>.<)။ အိပ်ယာပြောင်းတာက တစ်ရက်လောက်နေပြီးရင် အိုကေသွားပေမယ့် အိမ်သာသွားတာက ဘယ်လိုမှ အဆင်မပြေဘူး။ ဒါပေမယ့် တစ်ပတ်လုံးစားချင်တာတွေစားပြီး အိမ်သာနှစ်ခါတည်းသွားတာတောင် ဗိုက်နာတာတွေဘာတွေ မဖြစ်လိုက်ဘူးဆိုတော့ တော်ပါသေးတယ် ဟီးးး xD

ဘာလို့ထင်လဲ??
ဒန်တန်တန်...
ကန်ဒီ့ပျင်းစရာကောင်းတဲ့နံရံမှာ ကပ်စရာတစ်ခု ထပ်ရသွားပြီ။ အရင်က အဲ့အပေါ်မှာ White Board ကပ်ထားတာ။ Double-sided Tape က White Board ၀ိတ်ကို မနိုင်ဘဲ ပြုတ်ပြုတ်ကျတာနဲ့ နောက်ဆုံး White Board က အဲ့အောက်ရောက်သွားတယ်။ ခုတော့ ကန်ဒီ့ပုံလေးနဲ့ဆိုတော့ အခန်းလေးက ပိုပြည့်စုံသွားပြီ (:D)။ Humm... မကြာခင်ဆို ဒီအခန်းနဲ့ ခွဲရဦးမယ် :(
ကန်ဒီက ကဗျာလောက် လိုက်ဖတ်တာဆိုတော့ ကျန်တာတွေ Update မဖြစ်ဘူးဖြစ်နေတယ်။ ဒီနောက်ပိုင်း မင်းသမီးတွေလည်း မသိဘူး။ အိချောပိုတဲ့... ဘယ်သူပါလိမ့် (@_@)။ ပိန်းတယ်ပြောလည်း ခံရမှာပဲ။ သူငယ်ချင်းတစ်ယောက်က မာမီသံကို မသိလို့ Facebook Trend ကို လိုက်မမှီပါဘူးတဲ့(O.o)။ မဖြစ်ဘူး မဖြစ်ဘူး... အားလုံးကို ဒုံးကျည်နဲ့ ပြန်အမှီလိုက်ရမယ် ဟဟ :D
ဒီလောက်စကားပြောရရင် တော်သင့်ပြီ...
Good Night^^

13 comments:
ဂျင်းနဲ့ပျားရည်တော့ကောင်းတယ်..သံပုရာသီးနဲပပျားရည်တော့ ညတိုင်း မသောက်မိစေနဲ့...ဟဟဟဟ
အသားမဲသွားသလိုဘဲ။ ပန်းရောင်တော်တော်ကြိုက်ပုံရတယ်။ ဒီအခန်းနဲ့ခွဲရဦးမယ်ဆိုတော့ ဘယ်ကို ခြေဆန့်အုန်းမလို့လဲ။
ကိုယ်တောင်မာမီသံကိုမနေ့ညကမှသိတာ ဟီးဟီးး :P
ခရီးသွားပို့စ်ဖတ်ရမှာလား ချိချဉ်လေး
သံပုရာသီးနဲ့ ပျား၇ည် ညတိုင်းသောက်ရင် ဘာဖြစ်လို့လဲဟင် ??
အင်း.........
ရောက်ရင် ရောတယ်မှတ်
တစ်ပတ်လုံး အင်းအင်း နှစ်ခါတည်း သွားတာတော့ လွန်တာပေါ့ :p ။
ကိုယ့်ဆီလာရင် အဲထက်မနိမ့်စေနဲ့ ဆိုလို့
လာကြည့်ချင်သား ဒါမယ့်
ကိုယ်က ဘာမှ လုပ်မပေးလိုက်နိုင်ဘူး
သိပ်ဝမ်းများတယ် အေ :p ။
ဘမှုံ
အစ်ကိုချမ်းမင်းပြောတာတော့ သံပရာသီးနဲ့ ပျားရည်သောက်ရင် ၀တယ်တဲ့။ ကန်ဒီလည်း သူပြောမှ ကြားဖူးတာ xD
အမမိုးငွေ့ရေ... ခရီးသွားပိုစ့်ဆိုတာထက် ဓာတ်ပုံတွေတော့ တက်လာမှာ သေချာတယ် ခိခိ xD
တိန်... ဘမှုံ
ခေါ်တယ်လေ အားလုံးကို... သူတို့ကဖြင့် မလိုက်ဘဲနဲ့ >.<
ကန်ဒီ ရေ မလေးလည်း အိပ်ရာပြောင်းရင် မအိပ်တတ်
ဝမ်းမသွားတတ် တော်တော်ခက်တယ်။
အစ်မဒူးခေါင်းကြီးကို ဘယ်က ကလေး ကတုံးကြီးတုန်းလို့ ကြည့်နေတာ..:v
မ ရောက် တာကြာ လို့ လာဝင် လည်သွားတယ် ညီမ လေး ရေ
မ ရောက် တာကြာ လို့ လာဝင် လည်သွားတယ် ညီမ လေး ရေ
Thank you ^_^
Post a Comment