Sunday, August 18, 2013

တောင်ပေါ်

ဒီနေ့တော့ ကန်ဒီတောင်ပေါ်သွားတုန်းက ဓာတ်ပုံလေးတွေ ပြမယ်စိတ်ကူးတာပဲ။ ခရီးသွားပိုစ့်လို့ မသတ်မှတ်ပါနဲ့နော်။ ကိုယ်က Information ဘာမှ မပေးနိုင်ဆိုတော့ အဲ့လိုခေါ်ရမှာလည်း ရှက်တယ် ဟီးဟီး (xD)။ အမှန်အတိုင်းပြောရရင် ဒီတခေါက်မလေးသွားလည်တာ အရင်တစ်ခေါက်ကလို ဗွီဒီယိုတွေ ဘာတွေလုပ်ဖို့ အစီအစဉ်မရှိသလို တစ်ရက်ချင်းစီအတွက် ဘလော့ခ်ပိုစ့်ရေးဖို့လည်း လုံးဝအစီအစဉ်မရှိဘူး။ တခါတလေ လောကကြီးကို ကင်မရာဘောင်ထဲကကြည့်ရတာ ငြီးငွေ့လာသလားလို့ (အလဲ့ ပြောပုံ ပြောပုံ... ပြီးရင် နေနိုင်တာလည်း မဟုတ်ဘဲနဲ့ ဟဟ xD)။ 

 

အဲ့လိုတွေးထားသော်ငြားလည်းပဲ တောင်ပေါ်ရောက်သွားတော့ မနေနိုင်တော့ဘူး။ သဘာဝရှုခင်းတွေက အရမ်းလှတယ်။ တခြားနေရာတွေသွားတုန်းက ကင်မရာကို မကိုင်တာ။ အစ်ကိုချမ်းမင်းကတောင် ပြောသေးတယ်... "ဒီတခေါက် ထူးထူးခြားခြား ဓာတ်ပုံမရိုက်ပါလား"တဲ့။ သူကတော့ ကန်ဒီ့ကင်မရာကြီး (အဲ... ကင်မရာလေး) ကိုင်ပြီး ရိုက်ပေးရှာတယ်။ သူမရိုက်ပေးရင် တခြားနေရာတွေ သွားတုန်းက ဓာတ်ပုံတောင် ပါလာမှာ မဟုတ်ဘူး... တကယ်!!


အဲ့ဒါဘာပန်းခေါ်တာလဲ? ဒေစီပန်းလား??

ဂန္ဓမာပန်းတွေ...

ဒါက မင်္ဂလာဆောင်တွေမှာ ပန်းတွေကြား အလှဆင်တဲ့ အရွက်တွေလေ...

နှင်းဆီခင်းထဲမှာ...

ဒါကတော့ ဘာရယ်မဟုတ်ဘူး... ရိုက်ထားတာလေး ကြိုက်လို့။ 
အနောက်မှာ ကန်ဒီက ဖုန်းနဲ့ ဓာတ်ပုံရိုက်နေတယ် xD

ကွာလာလန်ပူကနေ ကင်မရွန်ဟိုင်းလန်းကို (၄)နာရီလောက် ကားစီးရတယ်။ ကင်မရွန်ဟိုင်းလန်းပဲ ခေါ်ရမလား... ဘယ်လိုခေါ်ရမလဲ မသိလို့ ခေါင်းစဉ်ကို "တောင်ပေါ်"လို့ပဲ ပေးထားတာ။ ကန်ဒီတို့ Ipoh ထိ ကားစီးပြီး အဲ့ကနေ တောင်ပေါ်ကို ကားနဲ့ထပ်တက်တယ်။ အဲ့မှာအလုပ်လုပ်နေတဲ့ အစ်ကိုချမ်းမင်း သူငယ်ချင်းတွေရှိတော့ သူတို့ကပဲ ဘယ်လိုလာ ဘယ်လိုစီးဆိုပြီး အားလုံးပြောပြပေးတာ။ တောင်ပေါ်တက်တဲ့ကားကလည်း သူတို့ပဲ စီစဉ်ပေးတာပေါ့။ နေတော့လည်း သူတို့အိမ်မှာပဲ နေတယ်။ ပြောရမယ်ဆို သူများတွေသွားလည်နေတဲ့ ဟိုတယ်တွေ Tourist တွေ ရှိတဲ့ တကယ့် Cameron Highland တော့ မဟုတ်ဘူး။

အစစအရာရာ လိုလေသေးမရှိ ဧည့်ဝတ်ကျေတဲ့ လင်မယား ^_^


ကန်ဒီတို့ ရောက်စက အရမ်းဟောင်တာ... နောက်တော့ မဟောင်တော့ဘူး :D

တချို့နေရာတွေဆို အဲ့လိုကို တက်ရတယ်...

အဲ့မှာနေတဲ့လူတွေက အရမ်းဖော်ရွေပြီး ဧည့်ဝတ်ကျေတယ်။ ညနေခင်းဆို တောင်ကုန်းတစ်လျှောက် တတောင်တက် တတောင်ဆင်း စိုက်ခင်းတွေ လိုက်ကြည့်၊ ညဘက်ဆိုရင်တော့ စကားဝိုင်းပေါ့။ ကန်ဒီကတော့ ထုံးစံအတိုင်း ခေါင်းလေးတညိမ့်ညိမ့်နဲ့ နားထောင်တဲ့သူ။ အစက တစ်ညအိပ်နှစ်ရက်ပဲနေမလို့ စဉ်းစားထားပေမယ့် မပြန်ချင်လို့ နှစ်ညအိပ် သုံးရက်နေဖြစ်သွားတယ်။ နယ်ကလူတွေဆိုတော့ ရိုးသားကြတယ်။ ပြောတာဆိုတာကအစ ပွင့်လင်းတယ်။ ကန်ဒီတို့ရောက်ရောက်ချင်း အဲ့ကအစ်ကိုက ကားရပ်တဲ့နေရာကနေ တောင်ထိပ်မှာရှိတဲ့သူတို့အိမ်လေးဆီ ဖြတ်လမ်းကနေ လမ်းလျှောက်ခေါ်သွားတယ်လေ။ ညထမင်းဝိုင်းကျတော့ နောက်တစ်ယောက်က "သြော်... မင်း ဟို ခွေးတိုးပေါက်က ခေါ်ခဲ့တာလား"တဲ့။ ကန်ဒီ့မှာ ရီလိုက်ရတာ ဟဟဟဟ (xD xD)... သူပြောတာလည်း ဟုတ်ပါတယ်။ အဲ့ဖြတ်လမ်းမှာ အဲ့လိုငုံ့ဝင်ရတဲ့ နေရာတွေလည်း ရှိတယ်။

သူတို့က ကန်ဒီနဲ့ အသက်မတိမ်းမယိမ်းတွေ ဆိုပေမယ့် ရိုသေသမှုနဲ့ "အစ်မ အစ်မ..."နဲ့ ခေါ်တယ်။ ဓာတ်ပုံတွေရိုက်တော့ "ကျွန်တော်တို့ပုံတွေ အစ်မသူငယ်ချင်းတွေကို မပြပါနဲ့... ဘယ်သူတွေလဲ မေးရင် အစ်မဖြေရခက်တယ်... အစ်မသိက္ခာကျမယ်..."တဲ့။ အဲ့လိုပြောလာတော့ စိတ်ထဲမှာ မကောင်းဘူး။ အဲ့စကားလေးတစ်ခွန်းက ကန်ဒီ့ခေါင်းထဲ အတွေးတွေအများကြီးဝင်လာတယ်။ သူတို့ သိမ်ငယ်နေတာလား?? ပစ္စည်းဥစ္စာ မပြည့်စုံလို့လား?? သူတို့ကိုယ်သူတို့ ဘယ်စံနဲ့တိုင်းပြီး ဘယ်တန်းနဲ့ညှိနေမှန်း မသိပေမယ့် ကန်ဒီ့အတွက်တော့ သူတို့အားလုံးဟာ တကယ်စိတ်ထားပြည့်ဝ နှလုံးလှတဲ့သူတွေပါ။ လူတစ်ယောက်မှာ စိတ်ထားလှဖို့က အရေးကြီးဆုံးပဲ မဟုတ်လား...

ကန်ဒီ့အိပ်ယာ...

ဖွယ်ဖွယ်ရာရာ နေ့လည်စာ...

အစားအသောက်က လုံးဝမပူရဘူး။ လတ်လတ်ဆတ်ဆတ် ခူးထားတဲ့ အသီးအရွက်တွေနဲ့ စပယ်ရှယ်ကို ချက်ကျွေးတာ။ ဟင်းတွေမှ အများကြီး... စားလို့လည်း အရမ်းကောင်း ရှလွတ် (:P)။ သူတို့နေတဲ့အိမ်သေးသေးလေးထဲမှာ ဧည့်သည်တွေအိပ်ဖို့တော့ သေသေချာချာ ပြင်ဆင်ပေးထားတယ်။ အိမ်သာ၊ ရေချိုးခန်းတွေက ကန်ဒီ့အတွက် ကျင့်သားမရပေမယ့် ကန်ဒီအဆင်ပြေအောင် နေတတ်ပါတယ်။ အိမ်သာက ရေခတ်လောင်းရတဲ့ အိမ်သာမျိုးလေ။ စ,စရောက်တဲ့နေ့က ကန်ဒီအိမ်သာဝင်မယ်ဆိုတော့ အစ်ကိုချမ်းမင်းက မျက်စိပျက်မျက်နှာပျက်နဲ့ (ကန်ဒီ့ကို အားနာနေတာ) "ညီမ... မရှက်နဲ့နော်... အဆင်မပြေရင် မလုပ်တတ်ရင် အစ်ကို့ကိုပြော..."တဲ့။ သူကအဲ့လိုပြောတော့ ကန်ဒီ့စိတ်ထဲမှာ "အမ်... မရှက်နဲ့ဆိုတော့ အိမ်သာက ဘာဖြစ်နေလို့များလဲ၊ တံခါးတွေ ဘာတွေများ မပါဘူးလား၊ ဒါမှမဟုတ် အနောက်က ဟင်းလင်းပြင်ကြီးလား"ပေါ့။ စိတ်တထင့်ထင့်နဲ့ အိမ်သာထဲဝင်ပြီးတော့မှ "ဖူး.." သက်ပြင်းချနိုင်တော့တယ်။ အပိတ်ပါပါတယ်။ သူက ရေလောင်းအိမ်သာမို့လို့ ကန်ဒီမလုပ်တတ်မှာစိုးလို့ အားနာပြီး စိတ်ပူနေတာ ဟဟ xD

မာလကာချဉ်သီးတဲ့...

ပဲသီးတွေ... မဖြောင့်ဘဲ ကောက်သွားရင် ဈေးကောင်းမရဘူးတဲ့...

ကြက်သွန်မြိတ်ခင်း...

ရာသီဥတုက မနက်နဲ့ညဆို အေးတယ်။ ရေကတော့ နေ့လည်ခင်းချိုးလည်း အေးစိမ့်နေတာပဲ။ တစ် နှစ် သုံး ရေပြီး အသက်အောင့် လောင်းရတယ် (>.<)။ အဲ့မှာ သုံးရက်နေမယ်လို့ မစီစဉ်ထားတော့ အ၀တ်အစားက မပါသွားဘူး။ အဲ့ဒါနဲ့ အဲ့ကအစ်မလုံချည် ယူဝတ်ထားရတယ်။ ဆလတ်ရွက်တွေ စိုက်ထားတဲ့ဆီရောက်တော့ အမေလုပ်ကျွေးနေကျ ဗူးသီးကြော်နဲ့ အချဉ်ကို ဆလတ်ရွက်ထဲထုပ်ပြီး စားရတာကို သွားသတိရပြီး "ဗူးသီးကြော်နဲ့ဆို စားလို့အရမ်းကောင်းတာ..."လို့ ပြောလိုက်မိတာ ဗူးသီးကြော်မယ်လုပ်နေလို့ အတင်းတားရတယ်။ ကြည့်... အဲ့လိုတောင် မပြောရဲလောက်အောင် ဧည့်ဝတ်ကျေကြတာ...

အဲ့လိုဆလတ်ရွက်တွေ စင်္ကာပူမှာ ရှားတယ်နော်...

ဆလတ်ပင်ပေါက်လေးတွေ...

ပဲပင်ပေါက်...

ပဲပင်ပေါက်... ဘာလို့စိမ်းနေတာလဲတော့ ကန်ဒီလည်း မသိဘူး >.<

ခရမ်းသီး...


ကန်ဒီ့ရုပ်ကိုတော့ သည်းခံပေး။ ဟီးး... သုံးရက်လုံးလုံး မျက်နှာကို ဘာမှမလိမ်းဘူး။ Moisturizer နဲ့ Sunscreen ပဲ လိမ်းပြီး တောင်တက်နေတာ။ မျက်ကပ်မှန်တောင် သိပ်မတပ်ဖြစ်ဘူး။ အဲ့ဒါကြောင့် ပုံတော်တော်များများမှာ လေးလုံးလေး ဖြစ်နေတာ (:D)။ ဗွီဒီယိုလုပ်ဖို့ မရည်ရွယ်ထားပေမယ့် ရှုခင်းတွေလှတာနဲ့ မလုပ်ဘဲ မနေနိုင်လို့ လုပ်ဖြစ်သွားတယ်။ ဒါကတော့ ဗွီဒီယိုလေးပေါ့...


Enjoy...
တာ့တာ :)

21 comments:

မောင်သစ္စာ said...

ရိုးသားမူ့ဆိုတာ ဘာနဲ့မှဖုံးကွယ်ထားလို့မရပါဘူး..
ဘဝရဲ့တိုတိုလေးမှာ စိတ်ထားလှလှလေးနဲ့အဆုံးသက်ကြရင်ကောင်းမယ်..။
စိတ်ထားလှဖို့က အဓိက...။ပထမ။
...."ကျွန်တော်တို့ပုံတွေ အစ်မသူငယ်ချင်းတွေကို မပြပါနဲ့... ဘယ်သူတွေလည်း မေးရင် အစ်မဖြေရခက်တယ်... အစ်မသိက္ခာကျမယ်..."

မီးမီးငယ် said...

ဒီလိုနေရာလေးတွေအရမ်းသွားချင်တာ...
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွှက်စိုက်ခင်းတွေ၊
အရမ်းသဘောကျတယ်။
အားလုံးဘဲရိုးသားပြီးအေးချမ်းလိုက်တာ..။

Anonymous said...

ကန်ဒီလေး…
ပြောမယ်ဆိုရင်ဒီပို့ စ်လေးကိုတော်တော်နှစ်သက်မိတယ်။
ပိုက်ဆံပေးပြီးသွားလို့ ရတဲ့နေရာထက်ဒီလိုစိုက်ခင်းမျိုးကိုသွားချင်နေခဲ့တာ။
အသီးအရွက်တွေစိတ်တိုင်းကစားခဲ့တာပေါ့ဟုတ်လား။
ဆလတ်ခင်းနဲ့ ကန်ဒီ့ပုံလေးကိုလည်းသိပ်သဘောကျတယ်။
အို်င်အိုရာ



မိုးငွေ့........ said...

ပုံတွေအကုန်ကြည့်လို့မရဘူး လိုင်းမကောင်းလို့ နောက်တစ်ခေါက်လာကြည့်ဦးမယ်..။ ကမ်မရွန်းဟိုင်းလန်းကို ဖြိုးတို့ ကိုရဲတို့သွားကတည်းက ရောက်ဖူးချင်နေတာ အဲတောင်ပေါ်က စိုက်ခင်းမျိုးအပြင်မှာ မမြင်ဖူးသေးဘူး သွားလည်ဦးမယ်...။

ကူးကူးလှိုင် said...

ကန်ဒီရေ အစ်မတော့ တော်တော်ကိုသဘောကျတယ် အဲလိုမျိုး စိမ်းစိုနေတဲ့ တောင်ပေါ်ခြံကြီးတွေ အရမ်းသွားလည်ချင်ခဲ့တာ..တစ်သက်လုံးစိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါတဲ့လေ အဲဒီိအိမ်ရှင်တွေ တစ်နေ့တစ်နေ့ ဘယ်လောက်များ စိတ်ကြည်နူးပျော်ရွှင်နေမလဲဆိုတာ တွေးကြည့်မိပါတယ်...

Ma Tint said...

ဒါတောင်ခရီးသွားဆောင်းပါးအနေနဲ့ မဟုတ်လို့ပဲ သကြားလုံးလေးရေ.. စုံလင်နေတာပဲ ဖတ်ရတာ.. ဓာတ်ပုံတွေလဲကောင်းတယ် သီချင်းကောင်း back ground လေးနဲ့ ဗီဒီယိုတောင် အဆစ်ပါလိုက်သေးတယ်... တော်ပါပေ့ :) အမြဲတန်းလန်းဆန်း ပြုံးရွှင်နေတဲ့ သိကြားလုံးလေးကိုမြင်ရတာ စိတ်ချမ်းသာစရာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Thu said...

ပျော်စရာကြီး...
မြန်မာပြည်မှာတောင် အဲ့လိုစိုက်ခင်းတွေထဲသွားဖူးသေးဘူး..
ကြည့်ရတာ..မျက်စိအေးလိုက်တာ..

Anonymous said...

Thanks a lot for sharing beautiful farm land of Cameron Highland.

Candy said...

You are welcome ^_^

Suzy@MayThinn said...

နေရတာ အားကြီးသာယာမယ့်ပုံပဲ
သွားချင်လိုက်တာ... :D

Anonymous said...

Sis,

Can you teach me how you do the video file, the time you ok? Thanks for nice view photo & video.

Ma Theint

Candy said...

Sis Ma Theint,
I have written a blog post about how you can easily make video here :D

www.candykhine.com/2012/01/window-live-movie-maker-2011.html

မိုးသက် said...

ပဲပင်ပေါက်လေးတွေတန်းစီနေတာ သဘောကျလိုက်တာ...

Anonymous said...

Sis Candy,
Thanks a lot for your kindly reply.I like your blog and read every new post. Carry on...
Ma Theint

Candy said...

Thank you so much sis <3

Anonymous said...

Sis Candy!
Now, i can do photo movie because of your sharing post. Thanks alot! I would like to ask you one more thing. How can i know and get not copy right music song. Some songs can't add facebook because of copyright. Which wedsite i can download and get the song?
Regards,
Ma Theint

Candy said...

Sis,
You can use Burmese songs. Most of them won't catch with copyright thing. If you want to use English songs, don't use popular songs as a background in social media.

You search in Google with this word "Royalty free music tracks". Loads of websites where you can download music will appear. Most of them won't get within copyright policy.

Here is the website I often go and download music: http://www.freesoundtrackmusic.com/ You can download most of the background music free.

Another option is to go to SoundCloud (https://soundcloud.com/) and search the remix version of the original song you want to use. Besides, some vocalists on there are amazing and some people let you download their music free :)

Good Luck sis ^_^

Anonymous said...

Dear Sis Candy,
Sorry for late reply. Now i can do photos movie from your post and comments. Thanks a lot Sis for sharing your knowledge! you can see my photos movie @ FB account khin aye. When i meet you outside , may i call you. Hope to see you !
Ma Theint

Candy said...

You are welcome sis. Of course, call me anytime when you see me outside ^_^

pan myatlay said...

ခုတစ်လော မအားလို့ကွန်ပြူတာရှေ့ကိုမထိုင်ဖြစ်ဘူး အဲဒီတော့ ကန်ဒီ ဆိုဒ်လဲမကြည့်ရတာ ကြာသွားပြီ ဆိုဒ်ထဲရောက်ရင် ပြုံးနေဖြစ်တယ် ကန်ဒီ အပြုံးတွေက ကူးတယ်လေ....

Candy said...

Thank you ^_^