Friday, August 23, 2013

Review: Etude House Precious Mineral BB cream (Cotton Fit)

Hello...

ဒီနေ့ ကန်ဒီ လောလောဆယ်သုံးနေတဲ့ Etude House BB cream အကြောင်း ရေးပေးမယ်နော်။ မရေးခင် BB cream ဆိုတာ မသိသေးတဲ့သူတွေအတွက် အကျဉ်းချုံးပြောပြရမယ်ထင်တယ်....

► What is BB cream?
♦ Blemish Balm cream (BB cream) ဆိုတာ ခုနောက်ပိုင်း အရမ်းရေပန်းစားလာပြီး ဖောင်ဒေးရှင်းနေရာမှာ အစားထိုးဝင်လာတဲ့ အလှကုန်ပစ္စည်းတစ်မျိုးပါ။
♦ BB cream စတင် ပေါ်ပေါက်ခဲ့တာ Germany နိုင်ငံကဖြစ်ပြီး ပလပ်စတစ် ဆာဂျရီ (Plastic Surgery) ပြုလုပ်ပြီး ခွဲစိတ်ပြီးတဲ့ လူနာတွေလိမ်းဖို့ရန်အတွက် ရည်ရွယ်ပြုလုပ်ခဲ့တာပါ။  
♦ Germany နိုင်ငံက စတင်ထုတ်လုပ်ခဲ့ပေမယ့် တကယ်တမ်းအသုံးများတာကတော့ အာရှနိုင်ငံတွေပေါ့။
♦ Foundation နဲ့မတူတဲ့အချက်က BB cream မှာ အသားအရည်ကို ထိန်းသိမ်းပေးနိုင်တဲ့ ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ အသားအရည်အစိုဓာတ်ကို ထိန်းပေးတဲ့ Moisturizer ၊ အရေပြား အိုမင်းရင့်ရောင်ခြင်းကို ကာကွယ်ပေးတဲ့ SPF စတာတွေ ပါဝင်တယ်လေ။ Hmm.. ရှင်းအောင်ပြောရမယ်ဆို ရိုးရိုးဖောင်ဒေးရှင်းကို Moisturizer နဲ့ Sunscreen ပေါင်းထားတာမျိုးပေါ့။
♦ BB cream အမျိုးအစားပေါ်မူတည်ပြီး အစက်အပြောင်းဖုံးပေးနိုင်စွမ်းတွေ ကွာခြားတယ်။ သဘာဝကျတဲ့ မျက်နှာလေးရဖို့ ဆိုတာလည်း အဲ့ဒီ BB cream အမျိုးအစားပေါ် မူတည်ပါတယ်။ BB cream အများစုကတော့ Foundation လို အစက်အပြောင်း ဖုံးပေးနိုင်စွမ်း အားနည်းကြတယ်။
♦ BB cream တွေရဲ့ မကောင်းတဲ့အချက်ကတော့ Foundation လို Shade အများကြီးမရှိတဲ့အတွက် ကိုယ့်အသားအရောင်နဲ့ ကိုက်တဲ့ Shade ကိုရဖို့ ခက်ခဲတာပါ။ ဒါပေမယ့် BB cream အများစုက လိမ်းပြီးရင် Oxidized ဖြစ်လေ့ရှိတော့ လိမ်းစမှာ ဖြူနေရင်တောင် ခဏကြာရင် ကိုယ့်အသားအရောင်နဲ့ကိုက်သွားတတ်ပါတယ်။

ဒီလောက်ဆို BB cream အကြောင်း သိသွားပြီဆိုတော့ Etude House က ထုတ်တဲ့ BB cream အကြောင်း ဆက်ပြောရအောင်...

► Etude House Precious Mineral BB cream (Cotton Fit)

 

ကန်ဒီအရင်ကသုံးတာက Skin 79 က Gold BB cream... အဲ့ဒါ ကုန်သွားတော့ တခြား Brand ပြောင်းသုံးကြည့်မယ်ဆိုပြီး Etude House က BB cream ကို စမ်းဝယ်ကြည့်တာ။ သူ့နာမည်အပြည့်အစုံက Etude House Precious Mineral BB cream (Cotton Fit)။ Bright Fit နဲ့ Cotton Fit ဆိုပြီး နှစ်မျိုးရှိတယ်။ အဲ့မှာရောင်းတဲ့ ကောင်တာကအစ်မက Bright Fit က မျက်နှာကို ပြောင်ပြောင်ဝင်းဝင်းလေး ဖြစ်စေတယ်လို့ပြောတော့ အဲ့ဒါမယူဘဲ Cotton Fit ပဲ ယူခဲ့တာ။ ကန်ဒီ့မျက်နှာက အစကတည်းက အဆီပြန်တတ်တော့ ပြောင်စေတဲ့ဟာ သွားဝယ်ရင် ပိုဆိုးသွားမှာလေ (ကိုယ့်အကြောင်းကိုယ်သာသိ >.<)။ ဈေးနှုန်းက 20-30 SGD ၀န်းကျင်လောက်ပဲ ထင်တယ်... ၀ယ်ထားတာ နည်းနည်းကြာတော့ မေ့သွားပြီ(>.<)။ Light Beige, Natural Beige နဲ့ Honey Beige ဆိုပြီး အရောင် သုံးရောင်ရှိတယ်။ ကန်ဒီ့ဟာက Honey Beige... အားလုံးထဲမှာ အရင့်ဆုံးအရောင်။


Cream က အရမ်းအပျစ်ကြီးလည်း မဟုတ်ဘူး... လိမ်းလို့အဆင်ပြေလောက်တဲ့ အနေတော်လေးပဲ။ လိမ်းပြီးပြီးချင်း မျက်နှာကိုကြည့်ရင် ပေါင်ဒါမလိမ်းထားတာတောင် ပြောင်မနေဘူး။ ချက်ချင်းလိမ်းပြီး ချက်ချင်းကြည့်ရင် ကြည့်လို့ကောင်းတယ်။ အစက်အပြောက်ဖုံးပေးနိုင်စွမ်းက BB cream တွေထဲမှာဆို ကောင်းတယ်လို့ ပြောလို့ရတယ်။ Foundation နဲ့တော့ သွားမယှဉ်နဲ့ပေါ့နော့။ ကန်ဒီအရင်သုံးတဲ့ Skin 79 ကဟာက သူ့လောက် Coverage မကောင်းဘူး။



ဒါက BB cream ချည်းသက်သက် လိမ်းထားတဲ့ပုံ (ပေါင်ဒါမပါ၊ Concealer မပါ)။ ကန်ဒီ့ပုံတွေကို Edit မလုပ်ထားဘူး။ ကင်မရာရိုက်ကတည်းက အလင်းအမှောင်မတူလို့ ညာဘက်ကပုံက လင်းနေတာလား.... BB cream ကြောင့်ပဲ ဖြူနေတာလား မပြောတတ်ဘူး။ လည်ပင်းအရောင်ကတော့ နှစ်ပုံလုံး မတိမ်းမယိမ်းပဲ။ ကန်ဒီ့လည်ပင်းက မျက်နှာထက်ပိုဖြူတယ်။ အဲ့ဒါကြောင့် Foundation (သို့) BB cream ၀ယ်ရင် လည်ပင်းအရောင်နဲ့ကိုက်အောင် မျက်နှာထက် နည်းနည်းဖြူတာဝယ်ဖြစ်တယ်။ ဒါတောင် ကန်ဒီဝယ်လာတဲ့ Shade က သူ့မှာရှိတဲ့အထဲမှာ အရင့်ဆုံးနော်။ မျက်လုံးတစ်ဝိုက်ကို ကန်ဒီလိမ်းလေ့မရှိလို့ မျက်လုံးတ၀ိုက်ကို သွားယှဉ်မကြည့်နဲ့ဦး။ ကန်ဒီ့ပန်ဒါမျက်လုံးကို Concealer နဲ့ပဲဖုံးနေကျဆိုတော့ ဖောင်ဒေးရှင်း မလိမ်းဘူး ^_^

ကန်ဒီမကြိုက်တဲ့အချက်တွေ ပြောတော့မယ်နော်။ အပေါ်မှာ ပြောခဲ့သလို စ,စလိမ်းချင်းမှာ ကြည့်ကောင်းတာ မှန်ပေမယ့် BB cream တွေရဲ့ ထုံးစံအတိုင်း Oxidized ဖြစ်တာ အရမ်းလွယ်တယ်။ အခုဖြူနေပေမယ့် ညနေလောက်ကျရင် တော်တော်ညိုသွားတာ။ ကန်ဒီအရင်ကသုံးတဲ့ Skin 79 က BB cream တောင် သူ့လောက် Oxidized မဖြစ်ဘူး။ နောက်တစ်ချက်က အဆီပြန်တာ... ကန်ဒီ့မျက်နှာကပဲ အဆီပြန်တတ်လို့လား... သူကပဲ အဆီပြန်စေတာလား မပြောတတ်ဘူး။ မျက်နှာကို တချိန်လုံး သုတ်နေရတယ်။ BB cream တော်တော်များများကတော့ အဆီပြန်တတ်ပါတယ်။ ဒါပေမယ့် သူအဆီပြန်တဲ့ပုံက မျက်နှာကြီး ညစ်ညစ်ပတ်ပတ်ကြီး ဖြစ်သွားသလိုကို ခံစားရတာ(>.<)။ ပြောရမယ်ဆို Oil Control မလုပ်နိုင်ဘူး။ သတိရတိုင်း မျက်နှာကို Oil Blotting Sheet နဲ့ သုတ်ပေးနိုင်ရင်တော့ အဆင်ပြေပါတယ် ^_^


ဒါက အားလုံးအပြီးအစီးပုံ။ ပေါင်ဒါလိမ်းလိုက်တော့ မျက်နှာက နည်းနည်းပိုထူသလို ဖြစ်သွားပေမယ့် အဲ့ဒါမပါလို့လည်း မရဘူး။ အိမ်ကထွက်ထွက်ချင်းပဲ ဒီလိုပုံဖြစ်တာ။ ခဏနေရင် အဆီစပြန်ပြီ (>.<)။ နောက်တစ်ခါဆို ဘာဝယ်ရမလဲ မသိတော့ဘူး။ ဒါတော့ ထပ်မ၀ယ်တော့ဘူး -.-'

ဝယ်မယ်ဆို ကိုယ့်အသားအရည်နဲ့ ကန်ဒီ့ Review နဲ့ ချင့်ချိန်စဉ်းစားလို့ရအောင် ကန်ဒီက အဆီပြန်တတ်တဲ့ အသားအရည်ပိုင်ရှင်ဆိုတာကိုတော့ သိထားနော် ^_^

Stay Beautiful^^

6 comments:

Anonymous said...

စေတနာကောင်းတဲ့ကန်ဒီလေးပါလား။
အိုင်အိုရာ

ဆုမြတ်မိုး said...

BB Cream သိပ်မကြိုက်ဘူး ။း) ဒါပေမယ့်တချို့လူတွေနဲ့တကယ်အဆင်ပြေတယ်ကန်ဒီရယ်..ဆုမြတ်နဲ့သာမတည့်တာ။

မိုးငွေ့........ said...

ဒီကရှော့ပင်းမောမှာ အဲဆိုင်ရှိတယ် သူ့ဆီက BB ခရမ်တော့မသုံးဖူးဘူး တခြားလိုးရှင်းနဲ့ မျက်နှာသစ်ဆပ်ပြတွေတော့ ကြိုက်တယ်...။

Anonymous said...

ကျေးဇူး ကန်ဒီရေ .. အမ မျက်နှာလည်း အဆီအရမ်းပြန်တယ် ... ရှောင်ရမယ့်ဟာ တစ်ခုသိလည်း တစ်ခု သက်သာတယ် :)

Suzy@MayThinn said...

Garnier Miracle Skin Perfector BB cream ကောင်းတယ်အစ်မ Watsons မှာ sample size လေးတွေရတယ် 10ml တစ်ဘူးကို 2.50$ ပဲရှိတယ် ၀က်ခြံနဲ့ အဆီပြန်တတ်ရင် အဆင်ပြေတယ်။ လောလောဆယ်အဲ့ဒါသုံးနေတယ်

မိုးသက် said...

မီးကော ဘာလိမ်းရမဲ မမ B|