ဒီပိုစ့်ကတော့ ကန်ဒီ့လို Cylinder ပါတဲ့ မျက်မှန်သမားတွေ (Astigmatism) အတွက် သတင်းကောင်းဖြစ်မှာပဲ။ ဒီနောက်ပိုင်း Circle lens တွေ အရမ်းခေတ်စားလာတာ အားလုံးမျက်မြင်ကိုယ်တွေ့ပဲလေ။ သူတို့က ကိုယ့်မျက်လုံးရဲ့ ပုံမှန်မျက်ဆံဆိုဒ်ထက် ပိုကြီးအောင်လုပ်ပေးတော့ တပ်ထားလိုက်ရင် ကလေးလေးလို ချစ်စရာအသွင်ဖြစ်သွားစေတယ်။ Cylinder ပါတဲ့သူတွေအတွက် သီးသန့်လုပ်ထားတဲ့ Circle lens တွေကို Toric Circle lens လို့ခေါ်တယ်။ သူတို့က အရမ်းရှားပြီး ရှာရခက်သလို ဈေးကလည်း ပုံမှန်ထက် အဆမတန်ကြီးတယ်လို့ ကန်ဒီဟိုးးးအရင်က ပြောခဲ့ဖူးတယ်နော်။
ဒီပုံမှာဆို ကန်ဒီ့ညီမက Circle Lens တပ်ထားပြီး ကန်ဒီက မတပ်ထားဘူး...
ဒါက ကန်ဒီ Circle Lens တပ်ထားတဲ့ပုံ... (ရိုက်ထားတာ နည်းနည်းတော့ကြာပြီ)
ဒီနေ့ပဲ ကန်ဒီအွန်လိုင်းပေါ် ဟိုကြည့်ဒီကြည့်လုပ်ရင်း Circle lens တွေရောင်းတဲ့ "PinkyParadise" လို့ခေါ်တဲ့ နာမည်ကြီး Website လေးတစ်ခု သွားတွေ့တယ်။ အဲ့မှာ ကန်ဒီ့လို Astigmatism သမားတွေအတွက် Toric Circle lens တွေလည်း ရောင်းတာတွေ့ရတယ်။ ဈေးက တစ်စုံကို USD 49.90 ဆိုတော့ မဆိုးဘူးပြောလို့ရတယ်။ Circle lens မဟုတ်တဲ့ ရိုးရိုး Toric lens ၀ယ်ရင်တောင် အဲ့လောက်နီးနီး (သို့) အဲ့ထက်ပိုပေးရတယ်လေ။ တစ်ခုရှိတာက Toric Lens ဆို သူတို့က Pre order ပဲလက်ခံတယ်။ အဲ့တော့ အနည်းဆုံးနှစ်လလောက်တော့ စောင့်ရမယ်။ Toric မဟုတ်တဲ့ ရိုးရိုး Circle lens တွေဆိုရင်တော့ ဒီတိုင်းတန်းဝယ်လို့ရတယ်။
ကန်ဒီ့ညီမ လက်ဆောင်ပေးထားတဲ့ Lenses...
ပြီးခဲ့တဲ့နှစ် မွေးနေ့တုန်းက ကန်ဒီ့ညီမလက်ဆောင်ပေးထားတဲ့ Circle lens တစ်စုံတော့ ကန်ဒီ့ဆီမှာရှိတယ်။ အဲ့တုန်းက သူ SGD 150 လောက်ပေးလိုက်ရတယ် ထင်တယ်။ အဲ့ဒါနဲ့ယှဉ်ရင် ခုဟာက ပိုဈေးသက်သာတယ် ပြောလို့ရတယ်။ Circle lens နဲ့ ပက်သက်ရင် ကန်ဒီ့ထက် ကန်ဒီ့ညီမက ပိုသိတယ်။ သူ့မှာ အရောင်စုံ ဆိုဒ်စုံရှိတယ်။ ကန်ဒီကတော့ တခါတလေမှ တပ်ဖြစ်တယ်။ အဲ့ဒါတပ်ထားရင် ဓာတ်ပုံထဲမှာ ကြည့်ကောင်းပေမယ့် အပြင်မှာကျတော့ သိပ်သဘာဝမကျလို့လေ။ ကန်ဒီ့ကို သူပေးထားတဲ့ Lens ရဲ့ Diameter က 14.5 mm ရှိတယ်။ Diameter သေးလေ ပိုသဘာဝကျလေပေါ့။ ခု ကန်ဒီပြောတဲ့ ဆိုဒ်မှာတင်ထားတဲ့ Toric Lens တွေအကုန်လုံး 14 mm ပဲရှိတယ်။ နောက်ပြီး 1 Year Disposal ဆိုတော့ တစ်ခါဝယ်ထားရင် တစ်နှစ်တောင် သုံးလို့ရတာပေါ့။ ဟဟဟဟ... ပြောရင်းပြောရင်း ကြော်ငြာနဲ့တူလာပြီ ဟီးး (xD)။ အဓိကကတော့ ၀ယ်ရအလွန့်အလွန်ခက်ခဲလှတဲ့ Toric Circle lens တွေ ၀ယ်နိုင်တဲ့ Website လေးကို ရှယ်ချင်တာပါ :D :D
ဝယ်ချင်ရင် ဒီလင့်ခ်လေးတွေကနေ သွားကြည့်လိုက်နော်...
PinkyParadise: http://www.pinkyparadise.com/
Toric Circle Lenses for Astigmatism: https://www.pinkyparadise.com/toric-circle-lenses-s/1928.htm
Happy Online Shopping...
Sharing is Caring^^
14 comments:
တချိန်ကျရင်..ကြော်ငြာပြီးဈေးကွက်ရှာတဲ့နေရာခန့်ရမယ်ကွာာာာာ:)
ယောက်ျားလေးအတွက်ရောရှိလားအစ်မ..
နေပူဆာလှုံတဲ့ ကမ်းခြေရောက်မှ ဟိုဟိုသည်သည် ကြည့်ရင် ၀ါးတားတား ဖြစ်တဲ့အခါ မျက်မှန်ကြီးတပ်ပြီး ဗူးရတာ..အဲလေ.. ဗျူးရတာ. ရုပ်ပျက်လွန်းလို့...
တိန် ငမိုးးး နာတော့မယ် ဟင်း =.='
ငမိုးဒါ့ကြောင့် ကန်ဒီ့ကိုအမတော်ချင်နေတာကိုးဟဟဟဟ
Barrrrrrrrrrr
ဟဟဟဟဟ အဲ့မှာပွဲကလှပြီ LOL xD xD
ဘာမှ မတပ်ရဲဘူး။ ဒါကြောင့်.....:D
like
Thank you ^_^
ဟမ်.. chatboxက သော့ခတ်ထားသတဲ့ ရောက်စ်.... :P လို့ ရေးလို့ မရတော့ဘူး :)
ဘမှုံ လည်းမှတ်သားထားရမယ် မဒမ်မှုံကြရင် ဆင်ပေးရအောင်လို့ :p
မဒမ်မှုံတဲ့။ ခွီး ခွီး ခွီး။
သူ့မဒမ်မှုံက မွေးတောင်မွေးသေးရဲ့လား မသိ။း)
Candy , I got exactly the same with your circle lens from American Vision with 10,000 Ks. If you have Luu Gyone, you can order from Ygn :-))
Thanks for your info sis ^_^
Post a Comment