မင်္ဂလာညချမ်းပါရှင်...
ဒီတစ်ခေါက် နှုတ်ဆက်တာ အရမ်းယဉ်ကျေးသွားပြီ(xD)။ စာရေးတိုင်း ဦးနှောက်ခြောက်ရတာ အဲ့ဒီပထမဆုံး နှုတ်ဆက်တဲ့ကိစ္စပဲ။ ပြီးခဲ့တဲ့အပတ် F1ကားပြိုင်ပွဲ ရှိတဲ့နေ့က Clarke Quay ဘက်ကို ရောက်ဖြစ်တယ်။ ကားပြိုင်တာ သွားကြည့်တာတော့ မဟုတ်ဘူး... သူငယ်ချင်းတစ်ယောက်က သင်္ဘောကြီးနားမှာ ဓာတ်ပုံသွားရိုက်မယ်ဆိုလို့ သူနဲ့အဖော်လိုက်သွားပေးတာ။ ကားပြိုင်ပွဲရှိတော့ လမ်းတွေပိတ်ထားတာနဲ့ အဲ့နားလည်းမရောက်လိုက်ပါဘူး။ လူတွေကလည်းရှုပ်၊ အသံတွေကလည်း ဆူနေတာပဲ။
သူတို့ကြည့်တော့ ကြည့်နေကြတာပဲ... ပြိုင်ကားတွေက ဒီလောက်မြန်တာ မြင်ရော မြင်ရလို့လားမသိဘူး။ ကန်ဒီကတော့ အသံပဲ ကြားတယ်။ စင်္ကာပူမြို့ပြညတွေကတော့ ဘယ်တော့ကြည့်ကြည့် ဒီလိုပါပဲ။ မြင်ရဖန်များတော့ နည်းနည်းရိုးနေပြီ။ ဒါပေမယ့် အဲ့ကမ်းစပ်မှာ ထိုင်ရတဲ့အရသာကိုတော့ ကြိုက်တယ်။
အဲ့ဒီ Fullerton Hotel ထဲကို တစ်ခါရောက်ဖူးတယ်။ အရမ်းအရမ်း မိုက်တယ်။ အဲ့တုန်းက အမေ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းရဲ့သမီးက စင်္ကာပူကိုအလုပ်ကိစ္စတစ်ခုနဲ့လာတော့ အဖော်မရှိတာနဲ့ ကန်ဒီက သူနဲ့လိုက်ပေးရတာ။ သူတို့ Business Meeting က အဲ့ဟိုတယ်ထဲမှာလုပ်တာ... ကန်ဒီကတော့ ဒီတိုင်းလိုက်သွားပေးရုံပေါ့။ အဲ့ကပြန်လာတော့ အတွေးတွေ အများကြီးပါလာသေးတယ်။ သွားတွေ့တာကအဲ့မှာတည်းနေတဲ့အင်ဒိုသားအဖနှစ်ယောက်ကိုပေါ့။ကန်ဒီလိုက်သွားပေးတဲ့အစ်မရဲ့အသိ မြန်မာဦးလေးကြီးတစ်ယောက်လည်းပါတယ်။ ကန်ဒီတို့နှစ်ယောက် အဲ့ဦးလေးကြီးနဲ့စတွေ့တော့ အဲ့ဦးလေးကြီးက ကန်ဒီ့ကိုအဖတ်လုံးဝမလုပ်ဘူး။ အစ်မနဲ့စကားတွေပြောပြီး အင်ဒိုနှစ်ယောက်ကို စောင့်နေကြတယ်။ အင်ဒိုနှစ်ယောက်ရောက်လာပြီး အစ်မက ကန်ဒီတို့နဲ့မိတ်ဆက်ပေးတဲ့အခါ ကန်ဒီ့အမေနာမည်ပါလာတော့မှ အဲ့အဖတ်မလုပ်တဲ့လူကြီးက ကန်ဒီ့ကို စကားစပြောတော့တာ။ အဲ့ဒီခဏလေးပဲနော်... ဆက်ဆံပုံက ချက်ချင်းပြောင်းသွားတယ်။ အဲ့ဒါနဲ့ "Humm... ငါသာ အမေ့သမီးမဟုတ်ခဲ့ရင်..." ဆိုတဲ့ အတွေးက ၀င်လာတယ်။ အဲ့လိုခွဲခြားဆက်ဆံတတ်တဲ့လူတွေကို မုန်းတယ်။ အမေဟာ ကန်ဒီ့နားက စိန်နားကပ်တစ်ရံပါ။ ကန်ဒီလည်း အမေ့နားက စိန်နားကပ်လေးပဲ ဖြစ်ချင်တယ်။ ဖြစ်ဖို့လည်း ကြိုးစားမှာပါ ^_^
ကန်ဒီငယ်ငယ်က ကင်မရာကို မုန်းတယ်။ ဓာတ်ပုံရိုက်ရတာလည်း ၀ါသနာလုံးဝမပါဘူး။ ကန်ဒီ့အဖေက အဲ့ဒါတွေဝါသနာပါတယ်။ ခရီးသွားရင် သူကကင်မရာကြီး တကားကားနဲ့... အဲ့တုန်းက အဖေဓာတ်ပုံရိုက်ဖို့ခေါ်ရင် စိတ်ညစ်တယ်။ ခုကြတော့ ကန်ဒီကိုယ်တိုင် ကင်မရာကို ချစ်တတ်နေပြီ... ဘယ်သွားသွားသူ့လို ကင်မရာကြီးတကားကားနဲ့ ဖြစ်နေပြီ။ လူ့စိတ်က ပြောင်းလဲတတ်တယ်နော်။ မထင်ထားတာတွေ ဖြစ်တတ်တယ်။ ကန်ဒီငယ်ငယ်က မိတ်ကပ်လိမ်းတာကို အတုအယောင်တွေနဲ့တူတယ်လို့ မြင်တယ်။ ခုကျတော့ အဲ့လိုမမြင်တော့ဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေတဲ့အရာလို့ မြင်တယ်... ဟဟ(xD)။ ကန်ဒီငယ်ငယ်က ကန်ဒီ့အစ်ကိုငယ်ကို မုန်းတယ်။ လူကို လိုက်စ,တဲ့အပြင် သူ့ချောကလက်ကို ပေးမစားလို့(:P)။ ခုကျတော့ အစ်ကိုငယ်ကို ပိုချစ်တယ်။ ကန်ဒီအရင်က မလုပ်ဘူး... မဖြစ်နိုင်ဘူး... ဘယ်တော့မှဖြစ်မှာမဟုတ်ဘူးလို့ ထင်ထားတဲ့အရာတွေက စီစဉ်မထားဘဲကို သူ့အလိုလိုဖြစ်လာကြတယ်။ ယုံကြည်ထားတဲ့အရာတွေကလည်း ခုချိန်မှာအစအနကို ရှာမရတော့တာ။ ဒီနောက်ပိုင်း ပစ္စုပ္ပန်မှာပဲ နေတော့တယ်။ အနာဂတ်ကို ကြိုမမှန်းထားသလို အတိတ်ကိုလည်း ပြန်လှန်ကြည့်မနေတော့ဘူး။
ကန်ဒီကြားဖူးတာတစ်ခုရှိတယ်... "Happiness takes Effort" တဲ့။ အဲ့ဒါမှန်တယ်နော်။ လူတွေက ငါထီပေါက်ရင်တော့ အရမ်းပျော်မှာပဲ။ သူ ငါ့နားမှာရှိရင် အားလုံးပြည့်စုံပြီ... စသဖြင့် တစ်ခုခုဖြစ်လာမှ ပျော်ရွှင်မှုရမယ် ထင်နေကြတယ်။ အမှန်က ပျော်စရာလေးတွေ တွေးတတ်တဲ့အကျင့်လုပ်ရမှာ။ အဲ့လိုဖြစ်ဖို့ အတိတ်က စိတ်ညစ်စရာတွေလည်း မေ့ဖျောက်ပစ်နိုင်ရမယ်။ အနာဂတ်ရည်မှန်းချက်အတွက် ပူပန်နေတာတွေလည်း လျော့ချနိုင်ရမယ်။ ခုလက်ရှိ ကောင်းကင်ပေါ်မှာမြင်နေရတဲ့ လမင်းကြီးကိုကြည့်ပြီး ပြုံးတတ်ရမယ်။ ကန်ဒီတို့နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀တွေမှာ ပျော်ရွှင်မှုကို ရှာဖွေနိုင်ရမယ်။ အဲ့ဒါတွေလုပ်ဖို့ဆိုတာ အရမ်းတော့ မလွယ်ကူဘူးနော်။ အဲ့ဒါကြောင့် Happiness takes Effort လို့ပြောတာ...
လမုန့်စားပါဦး...
Blog Day တုန်းက ဘလော့ဂါတွေ "Blog Day Tag" တွေ ရေးကြတာ ကန်ဒီမရေးဖြစ်တာကို စိတ်မရှိပါနဲ့နော်။ အဲ့ Tag post က လွန်ခဲ့တဲ့ တစ်နှစ်လား၊ နှစ်နှစ်တုန်းကလား မသိဘူး... ရေးထားခဲ့ဖူးတော့ ထပ်မရေးဖြစ်တော့တာပါ။
Good Night^^