Monday, September 2, 2013

Basic Eyeshadow ♥ 2 (Suitable for Doublelids)

Hello...

ဒါကတော့ လွန်ခဲ့တဲ့တစ်လကျော်ကျော်လောက်က ကန်ဒီရေးခဲ့တဲ့ အခြေခံအိုင်းရှဲဒိုးပိုစ့်ရဲ့ နောက်ဆက်တွဲပေါ့။ ဟဟ... ဟုတ်ပါ့ အဲ့ပိုစ့်နဲ့ ဒီပိုစ့်ကြား တစ်လတောင် ကြာသွားတယ်။ ဒီလို Beauty ပိုစ့်မျိုးရေးရတာလည်း မလွယ်ဘူးလေ။ ပထမဆုံး အခန်းထဲမှာဘယ်သူမှမရှိတဲ့အချိန်ကို ရွေးရတယ်၊ ပြီးရင် ကင်မရာကြီးတစ်လုံးနဲ့ အလုပ်ရှုပ်၊ ပြီးရင် ဓာတ်ပုံရိုက်၊ ပြီးရင် Video/Photo Edit လုပ်၊ အဲ့ဒါတွေပြီးမှ စာရေးလို့ရတာ။ အဲ့လောက် အချိန်ပေးပြီး လုပ်ထားတဲ့ပိုစ့်ကို Dislike လုပ်လို့ကတော့... ဟင်းဟင်း (ခြိမ်းခြောက်သံ)။ ဟီး စတာပါ... ကန်ဒီ့ဆီလာတဲ့ အစ်မတွေ၊ ညီမတွေက ဘာရေးရေး မကောင်းဘယ်တော့မှ မပြောဘူး (:D)။ OK OK လိုရင်းမရောက်တော့ဘူး... ဒီတခေါက်ပိုစ့်က မျက်ရစ်ရှိတဲ့ မမတွေ၊ ညီမလေးတွေအတွက် ^_^


မျက်ခွံပေါ်လွင်အောင် အသားပေးခြယ်တဲ့ ဒီနည်းက မျက်ရစ်ရှိတဲ့သူတွေအတွက် အထူးသင့်တော်တယ်။ ဒါဆို စလိုက်ရအောင်နော်။ ပထမဆုံး အိုင်းရှဲဒိုးကြာကြာခံပြီး အရောင်လှအောင် Eyeshadow Primer သုံးပါ။ 

♥ Step 1
မျက်လုံးဖွင့်ထားတဲ့အခါ မျက်ခွံလေးပေါ်နေအောင် အနုဆုံးအရောင်ကို မျက်ခွံပေါ်ခြယ်ပါ။

♥ Step 2
ခုနက မျက်ခွံပေါ်သုံးတဲ့အရောင်ထက် နှစ်ဆင့်လောက်ရင့်တဲ့အရောင်နဲ့ မျက်လုံးရဲ့ Crease နေရာကို ခြယ်ပေးနော်။ Crease ဆိုတာ မျက်လုံးအိမ်ဆုံးတဲ့နေရာနဲ့ မျက်ခုံးရိုးကြားကို ပြောတာ။ တနည်းအားဖြင့် Eyeshadow Brush နဲ့ မျက်ခွံတ၀ိုက်ထောက်ကြည့်ရင် ချိုင့်ဝင်သွားတဲ့နေရာပေါ့။ ကန်ဒီကတော့ ဒီနေရာမှာ အညိုနုရောင်ကို သုံးထားတယ်။ အရောင်ကို မျက်လုံးအပြင်ဘက်ကစ,ခြယ်ပြီး အတွင်းပိုင်းအထိ ဆက်ဆွဲသွားဖို့ မမေ့နဲ့နော်။ အတွင်းပိုင်းထိ ဆက်မဆွဲရင် သဘာဝမကျတတ်ဘူး။ ဒီအဆင့်က သဘာဝကျကျ Contour လုပ်တဲ့အဆင့်ပေါ့။ Contour လုပ်တယ်ဆိုတာ 3D သဘောမျိုး ရုပ်ကြွလာအောင် လိုအပ်တဲ့နေရာတွေမှာ Shadow တွေ လိုက်ထည့်တာကိုပြောတာ။ တကယ်တော့ ဒီအဆင့်မှာတင် ရပ်လိုက်လို့ရတယ်။ ကန်ဒီက ကင်မရာထဲမှာဆို အရောင်မပေါ်မှာစိုးလို့ဆိုပြီး တတိယအဆင့်ထပ်ထည့်လိုက်တယ်။


♥ Step 3
နောက်ဆုံးအဆင့်မှာ ခုနကအရောင်ထက် နည်းနည်းလေးပိုရင့်တဲ့အရောင်ကို သုံးမယ်။ ဒီတခေါက်တော့ မျက်လုံးအပြင်ဘက် Crease နေရာကိုပဲခြယ်ပါ။ ဒါလည်း Contour လုပ်နည်းတစ်မျိုးပဲ။ အဲ... ဒါပေမယ့် ဒီအဆင့်က ခုနကဒုတိယအဆင့်ပါမှ ကောင်းတယ်။ သူ့ချည်းပဲဆို ကြည့်မကောင်းတတ်ဘူး။ ကိုယ့်စိတ်တိုင်းကျအရောင်ရပြီဆို Eyeshadow Brush သန့်သန့်နဲ့ အရောင်တွေညီအောင် ညှိပေးဖို့မမေ့နဲ့နော်။ အဓိကကတော့ Crease နေရာကိုပေါ့။

အားလုံးပြီးပြီဆို အိုင်းလိုင်နာဆွဲ၊ မျက်တောင်ကော့။ သြော်.... အောက်မျက်ခမ်းတစ်လျှောက်ကိုလည်း အညိုရောင်အိုင်းရှဲဒိုးနဲ့ခြယ်ပေးဖို့ မမေ့နဲ့ဦးနော်။ အဲ့ဒါပါမှ အပေါ်နဲ့အောက် Balance ညီမှာ။ ဒါလေးက ဗွီဒီယို ^_^


ဗွီဒီယိုကြီးပါနေရဲ့သားနဲ့များ ဘာလို့တကူးတက ပုံကိုစာနဲ့ရှင်းပြနေရသလဲ မေးရင် မြန်မာပြည်ကလူတွေ Internet Connection မကောင်းလို့ ဗွီဒီယိုကြည့်မရမှာ စိုးလို့ပါ။ ဒီလောက်ချစ်ဖို့ကောင်းတဲ့ကန်ဒီ့ကို အပြင်မှာတွေ့ရင် တခုခုတော့ ကျွေးသင့်နေပြီနော် ဟဟဟဟ :P :P


  Stay Beautiful^^

7 comments:

ကူးကူးလှိုင် said...

ကန်ဒီက အရမ်းချစ်ဖို့ကောင်းပါတယ် ဒါပေမဲ့ အပြင်မှာ မတွေ့တာက ခက်တယ်...း))

Candy said...

ကွန်မန့်အမြဲပေးပြီး အားပေးလို့ ကျေးဇူးအများကြီးနဲ့ အမြဲတင်ပါတယ် မမကူးကူး :D

Anonymous said...

ပိုက်ဆံမပေးရတိုင်း အရမ်းကာရောကြီးကို မဟားတရားကြီး လှနေပါလားနော်။။။။

ဘယ်ပျောက်နေလဲ ဖွားလေး?
- You know who.

Candy said...

I don't know who @_@

Wi Wi said...

မမချောချောကန်ဒီရဲ့ အလှအပဆိုင်ရာ နည်းပညာကို လေ့လာသွားပါတယ်။ ယောကျာ်းလေးတွေတွက်ကော ရှိဘူးလား???

Candy said...

မေးပြန်ပြီ တစ်ယောက် ခိခိ :P xD

နွေတေးရှင် (မင်းဧရာ) said...

ခင်တုတ်တုတ်ဗြုန်းကို ခြယ်သ ပေးလို့ရအောင်လို့
ဖတ်မှတ်သွားတယ်အေ :p ။