Hello,
ခုပဲ ထမင်းစားပြီး ဘုရားရှိခိုးပြီးလို့ စာရေးမယ်ဆိုပြီး ကွန်ပျုတာရှေ့ထိုင်ပါတယ်... ပြီးခဲ့တဲ့အပတ်ကလည်း ဘာမှထွေထွေထူးထူး သိပ်မလုပ်ဖြစ်ဘူးဆိုတော့ ရေးဖို့က အကြံအိုက်နေတယ် (လူလည်းအိုက်... အခန်းထဲက အဲကွန်းကရေကျလို့ ပိတ်ထားရတယ် >.<)။ ဓာတ်ပုံသွားရိုက်ထားတာတော့ရှိတယ်။ ဒါပေမယ့်အဲ့ဒါက ဓာတ်ပုံတွေမရသေးတော့ အဲ့အကြောင်း နောက်မှရေးတော့မယ်။
အိမ်မှာ ကြက်သားနဲ့မှိုရှိနေတာနဲ့ ဘယ်လိုချက်ရင်ကောင်းမလဲဆိုပြီး Google လိုက်တော့ တီချမ်းရေးထားတဲ့ ကြက်သားမှိုချက်နည်းလေးတွေ့တယ်။ အဲ့နည်းအတိုင်းချက်ကြည့်တာ မှိုမတူလို့လား မသိဘူး မကောင်းဘူး(-.-')။ တီချမ်းသုံးထားတာက ရေစိမ်ရတဲ့ မှိုအကြီးကြီးတွေ (ကြွက်နားရွက်မှိုမဟုတ်ဘူးနော်)... ကန်ဒီသုံးတာက အဲ့လိုဟာမဟုတ်ဘူး။ မှိုပုံစံတွေကလည်း များပါ့... ကန်ဒီလည်း နာမည်မခေါ်တတ်ဘူး။ အဲ့ဒါစားလို့မကောင်းတော့ ဓာတ်ပုံလည်းမရိုက်တော့ဘူး :P
ကြက်သားမှိုမအောင်မြင်လိုက်ပေမယ့် ထမင်းသုပ်လုပ်စားတာတော့ အောင်မြင်ပါတယ်နော်... အဲ့ပုံက နည်းနည်းကြာပြီ၊ ကြွားစရာမရှိလို့ ပြန်ရှာပြီးကြွားတာ ဟီး(:D)။ မနက်ဖြန် သက်သတ်လွတ်နေ့... အာလူးကတ်တလိပ်လုပ်စားဖို့ စဉ်းစားထားတယ်။ ညနေကျ အပြင်သွားအုန်းမှာဆိုတော့ တစ်နပ်စာတည်းလုပ်ရမှာ... မတန်ဘူး >.<
ဟိုးးးအပေါ် စ,ရေးကတည်းက ခုထိရေးသမျှပြန်ဖတ်လိုက်တာ ဘာစိတ်ဝင်စားစရာမှမတွေ့ဘူး။ စားစရာသောက်စရာ အကြောင်းချည်းပြောနေတယ်။ ကန်ဒီ့ Life ကလည်း ပျင်းခြောက်ခြောက်ကြီးကိုးး။ မထူးပါဘူး... ထုံးစံကို သွေဖီသွားမှာစိုးလို့ စားစရာပြီးတော့ ရုပ်ရှင်အကြောင်းပြောမယ်နော်။ ခွေး(၁၀၁)ကောင်ကား "101 Dalmatians" ပြန်ကြည့်တယ်။ ငယ်ငယ်ကကြည့်ဖူးတာ မေ့သွားလို့ ပြန်ကြည့်တာ။ သြော် ဟုတ်ပြီ... အစ်ကိုတစ်ယောက်ပြောပြဖူးတဲ့ ပုံပြင်တိုလေး ပြောပြမယ်... အဟင်း အဟမ်း *ချောင်းဟန့်သံ*
"တခါတုန်းက ပင်လယ်ကူးသင်္ဘောကြီးတစ်စင်းဟာ ပင်လယ်ထဲကိုရွှက်လွင့်သွားတယ်တဲ့။ သင်္ဘောသားတွေလည်းပါတာပေါ့။ အဲ့လိုနဲ့သွားရင်း လမ်းခရီးမှာ မုန်တိုင်းနဲ့မိရောတဲ့။ လှိုင်းလုံးကြီးတွေဆိုတာ အိမ်လောက်တောင်မြင့်သတဲ့။ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ခေါင်းဆောင်က သူ့တပည့်တစ်ယောက်ကို ရွှက်တိုင်တက်ဖြုတ်ခိုင်းတယ်တဲ့။ တပည့်ကလည်း သူ့ဆရာပြောတဲ့အတိုင်း တက်ဖြုတ်တာပေါ့။ တက်ဖြုတ်ပြီး အပေါ်ကနေပြန်ဆင်းမယ်လုပ်တော့ အောက်ကိုကြည့်မိတဲ့အခါ လှိုင်းလုံးတွေ၊ သားစားငါးတွေ၊ ငမန်းတွေ သင်္ဘောဘေးမှာဝိုင်းနေတာမြင်တော့ တပည့်လုပ်သူက အောက်ကိုမဆင်းရဲတော့ဘူးတဲ့။ အဲ့ဒါနဲ့ ခေါင်းဆောင်က "တပည့် မင်းဆင်းခဲ့ပါ.. အောက်ကိုမကြည့်ပါနဲ့... အပေါ်ကိုကြည့်ပါ၊ ဘေးကိုကြည့်ပါ" လို့ ဖျောင်းဖျပြောဆိုတော့မှ တပည့်လုပ်သူလည်း အောက်ကိုပြန်ဆင်းလာရဲတော့တယ်တဲ့..."
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ သိစေချင်တာကတော့... "ကန်ဒီတို့တွေဟာ ပြဿနာကိစ္စတခုခုနဲ့ကြုံလာပြီဆို မကောင်းတဲ့ဘက်ကပဲတွေးပြီး အမြဲကြောက်ရွံ့တွန့်ဆုတ်တတ်ကြတယ်၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ကောင်းတဲ့ဘက်ကတွေးတော ဆင်ခြင်ကြည့်တဲ့အခါ အကောင်းဆုံးအဖြေဆိုတာ နောက်ဆုံးမှာပေါ်လာတတ်စမြဲပဲ" ဆိုတာပါ။ ဟီး... သူများပြောပြထားတဲ့ပုံပြင်နဲ့ မျက်နှာပြန်လုပ်နေတယ် :P
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။ သိစေချင်တာကတော့... "ကန်ဒီတို့တွေဟာ ပြဿနာကိစ္စတခုခုနဲ့ကြုံလာပြီဆို မကောင်းတဲ့ဘက်ကပဲတွေးပြီး အမြဲကြောက်ရွံ့တွန့်ဆုတ်တတ်ကြတယ်၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ကောင်းတဲ့ဘက်ကတွေးတော ဆင်ခြင်ကြည့်တဲ့အခါ အကောင်းဆုံးအဖြေဆိုတာ နောက်ဆုံးမှာပေါ်လာတတ်စမြဲပဲ" ဆိုတာပါ။ ဟီး... သူများပြောပြထားတဲ့ပုံပြင်နဲ့ မျက်နှာပြန်လုပ်နေတယ် :P
ဒီရက်ပိုင်းကြိုက်နေတဲ့အဆိုတော်က "Mindy Gledhill"... သူ့သီချင်းလေးတွေက အရမ်းအေးချမ်းပြီး ချစ်စရာကောင်းတယ်။ နားထောင်လို့လည်း ကောင်းတယ်။ အဲ့ဒါနားထောင်ပြီး အိပ်တော့နော်...
ကန်ဒီလည်း အိပ်ပြီ...
Good Night^^
8 comments:
Good night!
Iora
အာလူးကတ်တလိပ်များ လွယ်လွယ်လေးကို...ဟဟဟဟဟဟဟဟ
ဘယ်လိုလုပ်ရလည်းမသိ။စားလည်းမစားဖူးဘူး။
အာလူးကတ်တလိတ် မစားဖူးဘူး O_O
သူက သီချင်းနှစ်ပုဒ်နဲ့လာချော့သိပ်တာကိုးး
ထမင်းသုပ်လေး စားချင်လိုက်တာ ကန်ဒီရေ...
"ကန်ဒီတို့တွေဟာ ပြဿနာကိစ္စတခုခုနဲ့ကြုံလာပြီဆို မကောင်းတဲ့ဘက်ကပဲတွေးပြီး အမြဲကြောက်ရွံ့တွန့်ဆုတ်တတ်ကြတယ်၊ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ကောင်းတဲ့ဘက်ကတွေးတော ဆင်ခြင်ကြည့်တဲ့အခါ အကောင်းဆုံးအဖြေဆိုတာ နောက်ဆုံးမှာပေါ်လာတတ်စမြဲပဲ"
ဟုတ်ကဲ့ပါချာမကန်ဒီ :P :P
ဖတ်သာပြီးသွားတယ်
ဘာတွေ ပြောလို့ ပြောသွားမှန်းကို
မသိဘူးအေ :p ။
ဖတ်မှတ်သွားပြီးတော့ အတင်းပြောမယ်
နက်ဖြန်ကျရင် ညေးကို :p ။
Mindy Gledhill song လေးတွေတော်တော်ကောင်းတာပဲ အစ်မ !! ခုလိုsong လေးတွေတင်ပေးတာကောင်းပါတယ် ^_^
Post a Comment