ကန်ဒီစာရေးနေတဲ့ ShweBeauty ဆိုဒ်ကို သိမှာပေါ့။ အဲ့ဒီဆိုဒ်မှာ ကန်ဒီအပြင် တခြားစာရေးသူအစ်မတွေလည်း ရှိတယ်လေ။ အဲ့ထဲက မကဗျာ(သို့)မဟေမာ ဆိုတဲ့အစ်မကတော့ Makeup Artist ပေါ့။ ShweBeauty Makeup & Hair Service ဆိုတဲ့ Page နာမည်နဲ့လည်း Facebook မှာရှိတယ်။ အဲ့မှာ မင်္ဂလာဆောင်တွေအတွက် မိတ်ကပ်နဲ့ဆံပင်ပြင်ပေးတယ်။ သတို့သမီးဝတ်စုံတွေလည်း ငှားတယ်ပြောတယ်။ ပြီးခဲ့တဲ့အပတ်ရဲ့အရှေ့အပတ် စနေနေ့က မဟေမာက Facebook ကနေ Message ပို့လာတယ်။ မော်ဒယ်လ်လုပ်ပေးနိုင်မလားတဲ့... မိတ်ကပ်ရော Dress ရော သူအားလုံးလုပ်ပေးမယ် ပြောတယ်။
ဟိုတခေါက် မယ်ဒေါ်လုပ်ပြီးကတည်းက နည်းနည်းမှတ်သွားတော့ ဒီတစ်ခေါက်ထပ်မဖြစ်ရလေအောင် Theme က ဘာလဲ၊ Dress က ဘယ်လိုမျိုးလဲ၊ ဓာတ်ပုံဆရာက ဘယ်နှစ်ယောက်လဲ ဘာညာ ဘာညာ သေချာမေးရတယ်။ မေးတော့ "သတို့သမီးဝတ်စုံပါ... ဓာတ်ပုံဆရာကလည်း တစ်ယောက်တည်းပါ"ဆိုတာနဲ့ လက်ခံဖြစ်သွားတယ်။ မကူညီခင်လည်း ကြိုပြောရသေးတယ် "အစ်မ... အရမ်းအရေးကြီးတာမျိုးဆို တကယ့်မော်ဒယ်လ်နဲ့ ရိုက်တာပိုကောင်းတယ်"လို့။ ဟုတ်တယ်လေ ကိုယ်က မော်ဒယ်လ်မဟုတ်တော့ အားလုံးပြီးတော့မှ သူလိုချင်သလို ပုံကောင်းကောင်းမထွက်လာရင် ကိုယ့်ကြောင့်အားလုံးပင်ပန်းတာပဲ အဖတ်တင်မှာမလား...
အဲ့ဒါနဲ့ တနင်္ဂနွေနေ့ မနက်(၁၀)နာရီလောက် မဟေမာအိမ်သွားရတယ်။ မိတ်ကပ်နဲ့ဆံပင် သူပဲလုပ်ပေးတာပေါ့။ (၁၀)နာရီခွဲလောက်ကတည်းက စလုပ်တာ နေ့လည်(၂)နာရီကျော်ကျော်လောက်မှ ပြီးတယ် (>.<)။ ဆံပင်လုပ်တာ ကြာနေတာ... ကန်ဒီ့ဆံပင်က ကောက်ရခက်တယ်။ ကောက်ပြီးရင် ဘယ်လောက်မှမကြာဘူး ပြန်ပြန်ပြေပြီး ဖြောင့်သွားတာ... အဲ့ဒါ နှစ်ကျော့လောက်ပြန်ကောက်နေရတော့ အဲ့လောက်ကြာသွားတယ်။ ဒါတောင် အိမ်ကထွက်တော့ ဆံပင်က အကုန်မပြီးသေးဘူးနော်... ၀တ်စုံဝတ်ပြီးမှ ပန်းပန်မယ်ဆိုပြီး ဒီတိုင်း အိမ်ကထွက်သွားတာ...
အဲ့နေ့က ရာသီဥတုမကောင်းဘူး... မိုးတွေ တချိန်လုံးရွာနေတယ်။ အဲ့ဒါနဲ့ သူတို့ရိုက်မယ်လို့မှန်းထားတဲ့ နေရာမှာ မရိုက်လိုက်ရဘူး။ နောက်ဆုံး ကုန်းတံတားတစ်ခုအောက်မှာ ရိုက်ဖြစ်သွားတယ်။ ဓာတ်ပုံဆရာက ကိုအယ်လ်ဘတ်... ကန်ဒီနဲ့ အဲ့ရောက်မှ တွေ့ဖူးတာ။ စရိုက်မယ်ဆိုတော့ ကိုအယ်လ်ဘတ်က သတို့သမီးဝတ်စုံမလဲခိုင်းသေးဘူး။ သွေးပူအောင် Casual ပေါ့ပေါ့ပါးပါးပဲ အရင်ရိုက်မယ်ပြောတယ်။ အဲ့ဒါနဲ့ မဟေမာယူလာပေးတဲ့ သူ့အကျီအဖြူလေးဝတ်ပြီး အဲ့ဒါနဲ့ စရိုက်တယ်။
မဟေမာက မဂ္ဂဇင်းတွေထဲက သူကြိုက်တဲ့ Pose လေးတွေ ကန်ဒီ့ကို ဆံပင်လုပ်ပေးနေတုန်းက ကြည့်ခိုင်းထားတယ်။ ဒါပေမယ့် အဲ့စာအုပ်က ကျန်ခဲ့တော့ ကန်ဒီလည်း မမှတ်မိဘူး ဟဟ (xD)။ ကိုအယ်လ်ဘတ်ကတော့ အဲ့လိုမလုပ်တာ ပိုကောင်းတယ်တဲ့။ ကိုယ့်ဟာကိုယ် ပေါ့ပေါ့ပါးပါးပဲနေတဲ့။ သူအဲ့လောက်ပြောတာလည်း မရပါဘူး။ ကိုယ်ကကြောက်ပြီး မျက်နှာကြီးက တင်းနေတယ်။ သူရိုက်ပြီးထားတဲ့ပုံတွေကို ကန်ဒီ့ကို ယှဉ်ပြတယ်။ ဒီပုံက မျက်နှာနဲ့ ဒီပုံက မျက်နှာမတူဘူး... လူက Stress များနေရင် မျက်နှာမှာပေါ်တယ်၊ မျက်နှာကြီးတင်းနေတယ်လို့ ပြောပြတယ်။ သက်တောင့်သက်သာဖြစ်အောင် ကန်ဒီ့ကို နားခိုင်းတယ်၊ စကားပြောတယ်။ နောက် မျက်လုံးက ကင်မရာကိုကြည့်တဲ့အခါ အသက်ပါရမယ်တဲ့။ ကိုယ့်ဓာတ်ပုံကိုကြည့်တဲ့သူတွေကို ကိုယ်ကကြည့်နေသလို ဖြစ်ရမယ်တဲ့။ သူက သေချာသင်ပေးတယ်။
မိတ်ကပ်နဲ့ဆံပင်က သတို့သမီးဝတ်စုံနဲ့လိုက်ဖက်အောင် ပြင်ထားတော့ Casual ပုံစံနဲ့ မလိုက်ဘူး ဖြစ်နေတယ်။ အဲ့ဒါနဲ့ မဟေမာက ဆံပင်ကိုပြီးမှပြန်လုပ်ပေးမယ်ဆိုပြီး အဲ့ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်ကိုဖြည်ပြီး ဒီတိုင်းရိုက်ခိုင်းတယ်။ နောက်ဆုံး သတို့သမီးဝတ်စုံလဲတဲ့အချိန်မှာ ဆံပင်က လုံးဝမကောက်တော့ဘူး... အဲ့ဒါနဲ့ ပန်းလည်း မပန်ဖြစ်တော့ဘူး။ အစ်မက ရှေ့နားက ဆံပင်လေးနည်းနည်းကိုပဲ ကျစ်ဆံမြီးပြေပြေလေးကျစ်ပေးတယ်။
ဒီပုံက ဆံပင်လုပ်ခါနီး ရိုက်ထားတာ... ခေါင်းက ရှုတ်ပွနေတာပဲ(>.<)။ ကိုအယ်လ်ဘတ်က မရီခိုင်းဘူး။ ဆွေးဆွေးလေးပဲနေတဲ့။ အဲ့ဒါနဲ့ ရုပ်တည်နဲ့ပေါ့။ Casual နဲ့ အရင်ရိုက်လိုက်လို့ပဲလား... နည်းနည်းပင်ပန်းသွားလို့ပဲလား မပြောတတ်ဘူး။ သတို့သမီးဝတ်စုံနဲ့ရိုက်တော့ မျက်နှာမှာ Stress သိပ်မရှိတော့ဘူး။ သူကြည့်ဆိုတဲ့နေရာကို ကြည့်လိုက်တယ်... စ,စရိုက်တုန်းကလောက် စိတ်မသက်မသာမဖြစ်တော့ဘူး။ သူကရိုက်နေကျဆိုတော့ အဲ့ဒါကိုသိလို့ပဲ ပေါ့ပေါ့ပါးပါးဝတ်စုံနဲ့ အရင်ရိုက်ခိုင်းတာလား မပြောတတ်ဘူး။ ဒါလည်း သူတို့ပညာပဲနော်...
ဓာတ်ပုံဆရာတော်တယ်နော်... ရိုက်ထားတာ။ ဒီနောက်ဆုံးပုံလေးဆို သူက ၁ ၂ ၃ ဆိုတာနဲ့ ကန်ဒီက ဂါဝန်ကို ရမ်းပေးရတာ။ အစက ရုပ်တည်နဲ့ပဲ ရမ်းနေတာ။ ကိုအယ်လ်ဘတ်က မျက်နှာကစူပုတ်နေတာပဲဆိုလို့ ရီပြီး ထပ်ရမ်းရတယ်။ မသိဘူးလေ... အစက မရီရဘူး ပြောထားတော့ မရီဘူးပေါ့ ဟဟ (xD)။ မိတ်ကပ်လိမ်းလိုက်တော့ ကန်ဒီ့ရုပ်အရမ်းပြောင်းသွားတယ်နော်။ ပုံမှန်ရုပ်နဲ့ မတူတော့သလိုပဲ >.<
ဓာတ်ပုံတွေက အကုန်မရသေးဘူး။ ရိုက်ထားတာက နှစ်ပတ်လောက်ရှိနေပြီဆိုတော့ အခုမှမတင်ရင် စာရေးဖို့ Feel လာတော့မှာ မဟုတ်လို့ ရှိတဲ့ဓာတ်ပုံလေးနဲ့ပဲ ပိုစ့်တင်လိုက်တာ။ ဒီတခေါက် Experience ကတော့ အရင်တစ်ခေါက်နဲ့ လုံးဝမတူဘူး။ ဆံပင်တွေဘာတွေ အဆင်မပြေဖြစ်နေရင် ကြည့်ပေးမယ့် လုပ်ပေးမယ့် မဟေမာက ဘေးမှာရှိတယ်။ ဓာတ်ပုံဆရာကလည်း စိတ်ရှည်ပြီး သေချာပြောပြတယ်။ ရိုက်ထားတာတွေလာလာယှဉ်ပြပြီး ဘာလိုတယ်ဆိုတာပြောပြတော့ ကိုယ်လည်းပညာရတယ်။ မဟေမာ စိတ်တိုင်းကျပါစေပဲ ဆုတောင်းရမှာပဲ။ သူကအဓိကလေ... သူ့ဝတ်စုံလေးတွေ ငှားဖို့ရိုက်တာဆိုတော့ သူသဘောကျဖို့ အရေးကြီးတယ်။ ဒါမှလည်း ကန်ဒီ ကူညီရကျိုးနပ်မှာပေါ့ ^_^
အိမ်ပြန်ရောက်တော့ ဒီလို Flag ပြပြီး အိပ်သွားပါတယ်ရှင်...
Have a Nice Day^^
9 comments:
ဓာတ်ပုံဆရာကလဲတော် မော်ဒယ်ကလဲ လှဆိုတော့ ဓာတ်ပုံတွေ အရမ်းလှတယ် ကန်ဒီရေ...
Da pone NHS ma hla par lol
Da pone mha ma hla par lol
Wrong spelling
စကတ်ကို ရမ်းပြီး ပြေးနေတဲ့ပုံက လှတယ်..
ဒါပေမယ့် စကတ်က လှုပ်နေတဲ့ ပုံ ပေါက်ပြီး ကိုယ်နဲ့ မျက်နှာက နည်းနည်း တောင့်နေသလိုပဲ..
But, carry on!!
-m
မိတ်ကပ်လိမ်းလိုက်တော့ ရုပ်တော်တော်ပြောင်းသွားတယ် ဟုတ်တယ်..။ ဒါပေမယ့် ရိုက်ထားတာ မိုက်တယ် ၀တ်စုံလဲလှတယ် ပို့စ်တွေအကုန်ကြိုက်တယ် ကာလာလေးလဲကြိုက်တယ်..မကြီးမငယ် ကိုယ်တောင်ထရိုက်ချင်သွားတယ် ဟီးး
ညီမ ရိုက်တဲ့ပုံတွေ လှတယ်။ တစ်ခါတစ်လေမှာ လူတွေဟာ ကိုယ်ယူထားတဲ့လိုင်းနဲ့မဟုတ်ဘဲ တခြားလိုင်းနဲ့အောင်မြင်သွားတာ အများကြီးရှိတယ်။ ညီမကို ဖိုတိုဂရပ်ဖာတော်တော်များများက မော်ဒယ်အဖြစ် စိတ်ဝင်စားကြတယ်။ တိုက်တွန်းတာတော့ မဟုတ်ပါဘူး။ အကြံပေးကြည့်တာပါကွယ်။ :)
ဘာလိုလိုနဲ့ ဓါတ်ပုံလှလှလေးတွေတော်တော်များနေပြီနော်။
သေသေချာချာသိမ်းထားကန်ဒီလေးရေ။
အသက်ကြီးလာရင်ပြန်ကြည့်လို့ ရအောင်။း)
အို်င်အိုရာ
pretty pretty !အရမ်းလှတယ် အစ်မ ^_^
Post a Comment