ဝုန်းဝုန်း ဒိုင်း...
မနက်က အဲ့မိုးခြိမ်းသံနဲ့ လန့်နိုးသွားတယ်... ကြောက်စရာ လန့်စရာကြီး (O_O")။ စင်္ကာပူမှာ မိုးခြိမ်းတာ ရန်ကုန်မှာ မိုးခြိမ်းတာနဲ့ မတူဘူးနော်။ ဒီက မိုးခြိမ်းသံကြီးက အကျယ်ကြီးနဲ့ ကြောက်ဖို့ပိုကောင်းတယ်။ ဒီနေ့တနေကုန် မိုးတွေသည်းကြီးမည်းကြီး ရွာနေတာ။ ကန်ဒီတို့နေတဲ့နား ရေကြီးတယ်ပြောတယ်။ကန်ဒီတို့တိုက်ကတော့ တောင်ကုန်းလေးပေါ်မှာဆိုတော့ ရေမတက်လို့ထင်တယ်... ရေကြီးတာ မမြင်မိပါဘူး O_o
အိပ်ယာပေါ်ကထ၊ မျက်နှာသစ်၊ သွားတိုက်... ကော်ဖီသောက်မယ်လုပ်တော့ ရေနွေးအိုးက တည်လို့မရဘူး။ တခြားမီးတွေဖွင့်ကြည့်တော့လည်း ဘာမီးမှမလာတော့ဘူး။ သိတော့သိလိုက်တယ်... မိုးခြိမ်းလို့ ခလုတ်တစ်ခုခု OFF သွားပြီဆိုတာ။ မိန်းခလုတ်လို့ ထင်ရတဲ့ ခလုတ်တွေ လိုက်နှိပ်ကြည့်... မရတော့ အိမ်အပြင် မီတာပုံးနားက ခလုတ်တွေကိုပါ ခုံနဲ့တက်ပြီး လျှောက်နှိပ်ကြည့်။ အဲ့ဒါလည်း မရဘူး။ ခလုတ်တွေလည်း အကုန်နှိပ်ပြီးနေပြီ... နှိပ်လို့မရတာ တစ်ခုပဲကျန်တယ်။ အဲ့ခလုတ်ကကြပ်နေတော့ အတင်းလည်း မနှိပ်ရဲဘူး... (ကိုယ်နှိပ်လိုက်မှ ကျိုးသွားမှာစိုးလို့ =.=')။ ကန်ဒီ့ညီမကိုပြောတော့ သူဖုန်းခေါ်ကြည့်မယ်တဲ့။ ခဏနေတော့ အဲ့ဒါကြည့်ပေးမယ့် အဘိုးကြီးတစ်ယောက် ရောက်လာတယ်။ အိမ်ဝရောက်တော့ အထဲဝင်ကြည့်ပေးရင် ပိုက်ဆံပေးရမှာနော်တဲ့။ ဘယ်လောက်လဲမေးတော့ SGD 20 တဲ့ (ဈေးကြီးပါ့ >.<)။ လူတောင်ရောက်လာမှတော့ အထဲဝင်မကြည့်လို့ ဘယ်လိုလုပ်မှာလဲ။ အင်း... ရတယ်လို့ပြောပြီး ၀င်ခိုင်း ကြည့်ခိုင်းရတာပေါ့။ ဟိုကြည့် ဒီကြည့်လုပ်ပြီး နောက်ဆုံး ကန်ဒီနှိပ်မရတဲ့ခလုတ်ကို နှိပ်ပြီး SGD 20 ယူသွားတယ် ဟင့် ဟင့် ဗြဲ..... T_T
စိတ်ထဲမှာ တကယ်ကလိကလိဖြစ်ပြီး ကျန်ခဲ့တာ။ အင်းပေါ့လေ... ကိုယ်နားမလည်တော့လည်း ပေးရမှာပေါ့။ ကန်ဒီ့အဖေကို သွားသတိရတယ်။ သူဆို အကုန်သိတယ်။ အကုန်ပြင်တတ်တယ်။
မနေ့က ကြက်သားနဲ့အာလူးဆီပြန်ချက်တာ သူများတွေချက်သလို ဆီလည်းမပြန်ဘူး(>.<)။ ဆီအရမ်းများတာတော့ ကန်ဒီကိုယ်တိုင်လည်း မကြိုက်ပါဘူး။ ဆီလည်း မစားဘူး။ ဒါပေမယ့် ဟင်းနဲ့တူရုံလောက်တော့ ဆီပြန်သင့်တာပေါ့ နော့(=.=')။ အခန်းဖော်အသစ်တွေ ရောက်လာပြီ။ သူတို့လာတဲ့နေ့ တစ်ရက်တည်းမှာပဲ အန်တီကလည်းပြန်တော့ အဲ့နေ့က အလုပ်နည်းနည်းရှုပ်သွားတယ်။ နေသားမကျသေးပေမယ့် အဆင်ပြေအောင် နေပါတယ်။ အစ်မတစ်ယောက်ကတော့ ရောက်တာ သုံးလေးရက်လောက်ပဲ ရှိသေးတယ် ပြောင်းမယ့်ပုံစံ စကားစနေတယ်။ ကြည့်ရတာ သူနဲ့တစ်ခန်းထဲနေတဲ့ နောက်တစ်ယောက်နဲ့ အဆင်မပြေလို့ထင်တယ်။ အသက်ကလည်း ကွာတာကိုး။ တစ်ယောက်က ၂၀၊ တစ်ယောက်က ၂၉။ ဟိုကောင်မလေးက ကျောင်းသူဆိုတော့ လူငယ်စတိုင်လ် ပေါ့ပေါ့ပါးပါး...
အဲကွန်းကလည်း အသံမြည်လို့ အိပ်မရဘူးလို့ အဲ့အစ်မက ပြောတယ်။ အန်တီမပြန်ခင်နေခဲ့တုန်းကတော့ ဘာမှပြောသံမကြားမိပါဘူး။ ဟိုညီမလေးကတော့ အားလုံးအဆင်ပြေတယ်ပြောတာပဲ။ ခု အိပ်မရလို့ဆိုပြီး အပြင်ထွက်အိပ်တယ်။ သူ့ကြည့်ရတာ စိတ်မချမ်းသာလိုက်တာ။ ဟုတ်တယ်လေ... ကိုယ်တွေက အခန်းထဲမှာအိပ်ပြီး သူကအပြင်ထွက်အိပ်တော့ မနေတတ်ဘူး... အားနာတယ် >.<
If I were a Cartoon ^_^
အင်း... အဲ့လိုကိုယ်မသိတဲ့လူနဲ့ တခန်းထဲနေရတာလည်း မလွယ်ဘူးနော်။ လူတစ်ယောက်နဲ့တစ်ယောက်က ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်ချင်း မတူသလို အကျင့်တွေလည်း တူတာမှ မဟုတ်တာ။ ကန်ဒီကတော့ ရောက်ကတည်းက ကန်ဒီ့ညီမနဲ့တူတူနေရတာဆိုတော့ ကံကောင်းတယ်ပဲပြောရမှာပေါ့။ ကန်ဒီတို့နဲ့ တခန်းတည်းနေတဲ့ ဟိုအန်တီ့သမီးကလည်း ကိုယ်တွေနဲ့ သူငယ်ချင်းလိုဆိုတော့ အေးဆေး။ ခု အဲ့ဒါ သူပြောင်းမယ်ဆို နောက်တစ်ယောက်ထပ်ရှာရဦးမယ်။ ကန်ဒီတို့အိမ်က ဈေးနည်းနည်းကြီးတော့ လူတော်တော်များများက မနေချင်ကြဘူး။ ဈေးကြီးဆို မြို့ထဲနဲ့လည်း နီးတယ်၊ နောက် ရေမီးကလည်း ရှယ်တာလေ။ တစ်လဘယ်လောက်ဆိုပြီး အပြီးမသတ်မှတ်ထားဘူး။ ဘယ်အချိန်မှ အဲကွန်းဖွင့်ရမယ်၊ ဘယ်အချိန်ဆို အဲကွန်းပိတ်ရမယ်ဆိုတာတွေလည်း မရှိဘူး။ တတ်နိုင်သမျှ ညဘက်ပဲဖွင့် ဆိုတာလောက်ပဲ ပြောထားတယ်။ အဲ့လိုလွတ်လွတ်လပ်လပ်ပဲဆိုတော့ ကျသလောက်တော့ ရှယ်ရမှာပဲ။ ခုလောလောဆယ်တော့ လူသစ်ရှာရမလို မရှာရမလိုဖြစ်နေတယ်။ သူက Confirm မလုပ်သေးဘူး။
အုန်းရည်ကြိုက်တယ်။ အုန်းသီးက အပူကန်တယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် အုန်းစိမ်းကတော့ အပူမကန်ဘူးမလား ဟီးဟီး (ကိုယ်ကြိုက်တာဆိုတော့ အဲ့လိုဖြေတွေးပြီး သောက်တာပဲ :P)။ မနေ့က ပန်နီဆူလာမှာ ဘုရားပန်းဝယ်ပြီး သင်္ဘောကြီးနားသွားထိုင်ဖြစ်တယ်။ ကြားရက်ဆိုတော့ လူရှင်းတယ်။ ထိုင်လို့ကောင်းတယ်။ စနေ၊ တနင်္ဂနွေဆို လူအရမ်းရှုပ်တာ... အဲ့လိုနေ့မျိုးဆို မသွားဘူး။
အိတ်ကတခြား လူကတခြား... သူများဆွဲသွားမယ်ဆို ပါသွားလောက်ပြီ ဟဟ xD
ခုနောက်ပိုင်း အဲ့လို Muscle Tee တွေ ခေတ်စားလာတယ်။ အဲ့လိုအကျီမျိုးတွေကို Muscle Tee လို့ခေါ်တယ်။ ကန်ဒီ့ကြီးမားလှတဲ့ Muscle တွေကို ပြချင်လို့ ၀ယ်ထားတာ... ဟဟဟ နောက်တာ (:P)။ အဲ့လိုအကျီတွေက လည်ပင်းမကျယ်တော့ အထဲကဟာကို ကြိုးပျောက်ရွေးဝတ်စရာမလိုဘူးလေ။ နောက် လုံခြုံပြီး သက်တောင့်သက်သာလည်း ရှိတယ်။ အဲ့ဒါကြောင့် ကြိုက်တာ :D
Good Night^^
Good Night^^
11 comments:
တစ်ခန်းအတူနေရတဲ့ကိစ္စက တကယ်မလွယ်တာပါ ကန်ဒီရေ ကန်ဒီပြောသလိုပဲ ကျင်လည်လာခဲ့တဲ့ပတ်ဝန်းကျင်ချင်း မတူတော့ အကျင့်စရိုက်တွေလည်း မတူညီလို့လေ...
ကျန်းမာပျော်ရွှင်ပါစေ
ကြွက်သားကြီးတွေကျိပီး
ဖျားချင်ချင် ဖစ်သွားဒယ်...
~နမိုး~
ညီမလေး အာလူးကြက်သားဟင်း ဆီမပြန်တာ အာလူးအမျိုးအစားကွာလို့ပါ.. NTUC မှာရောင်းတဲ့ အစိမ်းရောင် အိတ်လေးတွေနဲ့ရောင်းတဲ့ အာလူး (တထုပ်ကို ၂ ကျပ် ကျော်လောက်ပေးရတယ်) ဆို စီးစီးလေးနဲ့ ချက်လိုက်ရင် ဆီပြန်တာ မြင်ရတယ်.. အာလူးကမစီးရင် ပွပြီး ဆီတွေစုပ်သွားတော့ ဆီဘယ်လောက်ထည့်ထည့် မမြင်ရတော့ဘူး..သိသလောက်ဝေမျှပါသည်။
TZN
ကိုယ်ချက်ထားတဲ့ကြက်သားအာလူးမစားချင်လို့ မနေ့ ကပုဇွန်ချက်စားတယ်။ ခုကန်ဒီချက်ထားတဲ့ကြက်သားအာလူးလေးကျစားချင်စရာ။
ကန်ဒီနှိပ်ဖို့ ကြိုးစားခဲ့တဲ့...ခလုတ်နှိပ်ခ ၂၀ ပေးလိုက်ရတာတော့ရင်နာသကွယ်။း)
အိုင်အိုရာ
အစ်မ TZN ရေ... ပြောပြလို့ ကျေးဇူးအများကြီးတင်ပါတယ်နော်။ နောက်တခါချက်ရင် အဲ့လိုအာလူးမျိုးနဲ့ ချက်ကြည့်ရမယ် :D :D
ကိုယ်တို့ အိမ်မှာ ည၁၀နာရီလောက်မီးပျက်သွားတုန်းက ၉၉၉ကို ခေါ်လိုက်တယ်။ ၉၉၉ကပေးတဲ့ ဖုန်းနံပတ်တခုကိုခေါ်လိုက်တာ PUB က ဝန်ထမ်းတယောက် နာရီဝက်အတွင်း ရောက်လာပြီး Main ပြန်တင်ပေးသွားတယ်။ :D
ဗြဲ (ငိုသံ).. အခုလာသွားတာလည်း PUB ကို ဖုန်းခေါ်လိုက်လို့ သူတို့လွှတ်ပေးတာပဲ။ ဒါပေမယ့် ပိုက်ဆံတောင်းသွားတယ် >.<
cartoon me ဆိုပြီး ဘယ်သူဆွဲပေးလဲ မပြောပြဘူး လူဇိုးး ဆိုင်းထိုးထားပေမယ့် ဘယ်သူမှန်းမသိဘူးလေ...။
ကိုယ့်ဟာကိုယ် ဆွဲထားတာလေ ^_^
ဗ-ဗလ နံရိုးပြ...
ကိုယ်နဲ့ ကီးမကိုက်တဲ့လူနဲ့တော့ အခန်းမရှယ်ဘူး ကိုယ့်လူရေ...ပန်းခြံထဲမှာပဲ သွားနေတော့မယ်...း)
ုစရိုက်မတူဘဲ တစ်ခန်းထဲ နေရတဲ့ ဒုက္ခက တကယ်မသေးဘူး ပိစိ။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ်လို့ မဆိုသာပေမဲ့ အမူအကျင့်ချင်းမတူရင်တော့ နေရထိုင်ရတာ အဆင်မပြေတော့ဘူး။ အိပ်ရေးလဲ မ၀တော့ဘူး။ အကောင်းဆုံးကတော့ ညှိပြီးနေထိုင်ကြရင် အကောင်းဖြစ်မှာ သေချာတယ်။
ပိစိက လှပြီးသားဆိုတော့ ဘာဝတ်ဝတ် တင့်တယ်ပြီးသားပါ။ မင်းတို့ဝတ် ပိုးချည်းဘဲ ဆိုသလိုပေါ့။
Post a Comment