Humm...
ဘာရေးရင်ကောင်းမလဲ?!?! တခြား Beauty ပိုစ့်တွေရေးဖို့ အိုင်ဒီယာတွေရှိပေမယ့် စ,ရေးဖို့အတွက်ဆို အချက်အလက်တွေ သေချာမစုရသေးဘူး။ ပြီးခဲ့တဲ့အပတ်က ကန်ဒီ့အခန်းဖော် မြန်မာပြည်ခဏပြန်သွားတာ ခုပြန်လာတော့ အမေ့ဆီက လူကြုံနဲ့စားစရာတွေ ပါလာတယ် :D
အမေကမေးတယ်... "ဘာထည့်ပေးလိုက်ရမလဲ?" တဲ့။ ကန်ဒီက "ဘာမှထည့်မပေးနဲ့၊ ဘာမှမလိုဘူး" ပြောတာ... အဲ့လိုပြောထားတာတောင် ဒီလိုအထုပ်နဲ့ တစ်ထုပ်ပါလာသေးတယ်။ သိတော့သိပြီးသားပါ... မလိုဘူးပြောလည်း ပါလာမှာပဲဆိုတာ ဟဟ(xD)။ စုံနေတာပဲ... အဲ့လိုမျိုးပါလာပြီဆို သူပြောတဲ့အတိုင်း ဗူးတွေနဲ့ အကုန်ပြန်သိမ်းရတယ်။ လက်ဖက်၊ ဂျင်းနဲ့ သရက်သီးသနပ်ကို ဆီဖြည့်ပြီး ရေခဲသေတ္တာထဲ ထည့်ပါတဲ့။ ကန်ဒီ့အကြိုက် ချဉ်ပေါင်ကြော်လည်း ပါလာသေးတယ်။ အဲ့ဒါနဲ့ချည်းစားနေတာ နှစ်ရက်ရှိပြီ ဗိုက်ဘာမှမဖြစ်ဘူး။ ဒီမှာရောင်းတဲ့ ဆိုင်ကချဉ်ပေါင်ကြော်တွေများ အဲ့လိုစားကြည့်ပါလား... ၀မ်းလျောပြီး မျော့မျော့ပဲ ကျန်တော့မှာ >.<
ဟိုဘက်အခန်းကအစ်မက ပြောင်းမယ်ဆိုတော့ ခုလူရှာနေရတယ်။ ကန်ဒီတို့အိမ်မှာ အစကတည်းက သတ်မှတ်ထားတာက... တစ်ယောက်ယောက်က ပြောင်းတော့မယ်ဆို အဲ့နေရာမှာ လူအစားထိုးဖို့ ရှာပေးပြီးမှ ပြောင်းလို့ရမှာ။ အဲ့ဒါကို အန်တီက သေချာမပြောလိုက်လို့ပဲလား သူကပဲနားလည်မှုလွဲတာလား မသိဘူး။ ခု ဘာမပြော ညာမပြောနဲ့ နောက်အပတ်ပြောင်းမယ်ဆိုတော့ ကန်ဒီတို့က ဒီမှာအကြပ်ရိုက်နေတယ်။ နောက်လနေလို့ လူမရခဲ့ရင် အဲ့တစ်ယောက်စာ အားလုံးကရှယ်ရမလို ဖြစ်နေတယ်။ ထုံးစံအတိုင်းဆို အဲ့လိုချက်ချင်းကြီးဖြစ်ရင် Deposit ပြန်ပေးစရာမလိုဘူးမလား? ရှုပ်နေတာပဲ (>.<)။ ကန်ဒီ့အခန်းဖော်က အဲ့အစ်မကိုတင်းပြီး စကားများသလိုတွေဖြစ်ထားတော့ သူအိမ်မှာ အနေခက်မှာစိုးလို့ဆိုပြီး ကန်ဒီက စကားတွေပြန်လိုက်ပြောနေရတယ် >.<
ဒီရက်ပိုင်းကြည့်ဖြစ်တာ "Awake" နဲ့ "Johnny English Reborn"... နှစ်ကားလုံး ကြိုက်တယ်။ "Johnny English Reborn" ကို မကြည့်ရသေးတာ ကိုယ့်ကိုကိုယ်တောင် အံ့သြမိတယ်။ Mr. Bean ကားတိုင်းကို ကန်ဒီမလွတ်တမ်းကြည့်နေကြလေ။ အဲ့ကားကို တွေ့တွေ့နေပေမယ့် အရင် ကန်ဒီကြည့်ပြီးသား Johnny English ပဲထင်နေတာ။ အဲ့ဒါဟိုနေ့ကမှ ဒုတိယပိုင်းမှန်းသိတယ်။ အဲ့ဒါကြည့်ပြီး အသားကုန်ရီတာ။ အရီလွန်သွားလို့ပဲလား... ဒါမှမဟုတ် သူ့ဟာသူအစကတည်းက ဖြစ်ချင်နေတာကို သွားဆွသလိုဖြစ်သွားလို့ပဲလား မပြောတတ်ဘူး။ အဲ့ဒါကြည့်ပြီးကတည်းက ပခုံးနာသွားတော့တာပဲ (အရာရာနဲ့ အကြောင်းကြောင်း -.-')။ အကြောမျက်တာလား မသိဘူး။ ရီတိုင်းနာတယ် ဗြဲ (T_T)... ကိုယ့်ဟာကိုယ်လည်း တွေးပြီးရီချင်တယ် ဟီးးး xD xD (အဲ.. ရီရင် နာဦးမယ် >.<)
အစက ရီမှနာရာကနေ မနေ့ကတော့ တချိန်လုံးနာတယ်။ လှုပ်တောင် မလှုပ်နိုင်ဘူး။ လက်မြှောက်လည်း နာတယ်။ အသက်အရမ်းရှုလည်း နာတယ်။ ညာဘက်စောင်းအိပ်လို့လဲ မရဘူး။ အဲ့ဒါနဲ့ နောက်ဆုံး ဆေးပရုတ်ဆီကပ်ထားရတယ် (>.<)။ ဒီနေ့မနက်နိုးတော့ နည်းနည်းသက်သာတယ်။ များသောအားဖြင့် အဲ့လိုအကြောမျက်ရင် ပခုံးအနောက်မှာ မျက်တာမလား။ ကန်ဒီ့အလှည့်ကျမှ အရှေ့မှာ လာမျက်တယ် :(
ဒီနောက်ပိုင်း ဂါဝန်လေးတွေ၊ စကပ်လေးတွေ ၀တ်ကြည့်ချင်နေတယ်။ ကန်ဒီက ဘောင်းဘီပဲဝတ်တာများတယ်။ သူများတွေ ဂါဝန်လေးတွေ ၀တ်ထားရင် အရမ်းကြည့်ကောင်းပြီး ကိုယ့်ဟာကိုယ်ဆို ကြည့်မကောင်းသလိုပဲ... ပြီးတော့ နေလည်းမနေတတ်ဘူး။ အသစ်အဆန်းဖြစ်အောင် တစ်ထည်လောက်တော့ ၀ယ်ဝတ်ကြည့်အုံးမှ :D
ဒီနောက်ပိုင်း ဂါဝန်လေးတွေ၊ စကပ်လေးတွေ ၀တ်ကြည့်ချင်နေတယ်။ ကန်ဒီက ဘောင်းဘီပဲဝတ်တာများတယ်။ သူများတွေ ဂါဝန်လေးတွေ ၀တ်ထားရင် အရမ်းကြည့်ကောင်းပြီး ကိုယ့်ဟာကိုယ်ဆို ကြည့်မကောင်းသလိုပဲ... ပြီးတော့ နေလည်းမနေတတ်ဘူး။ အသစ်အဆန်းဖြစ်အောင် တစ်ထည်လောက်တော့ ၀ယ်ဝတ်ကြည့်အုံးမှ :D
လေ့ကျင့်ခန်းလုပ်နေတယ်။ ဒီတစ်ခေါက်က အရင်လို ပေါ့ပေါ့ပါးပါး ချွေးထွက်ရင်ပြီးရော လုပ်တာမျိုးမဟုတ်ဘူး။ လုံးဝ Target ထားပြီးကို လုပ်နေတာ... ဟဲဟဲ (xD)။ ဘာလဲဆိုတာ သိချင်လား?? အင်္ဂလိပ်လိုဆို Core workout ခေါ်တယ်။ ဗိုက်၊ ခါးနဲ့ ခါးအနောက်ဘက်နေရာတွေကို အသားပေးပြီး လုပ်တဲ့ လေ့ကျင့်ခန်းမျိုး။ မိန်းကလေးတော်တော်များများက ဘယ်လောက်ပိန်နေပါစေ ဗိုက်နဲ့ခါးမှာတော့ အဆီတွေ ရှိတတ်ကြတယ်။ အဲ့ဒါမျိုးက မြန်မာအကျီအကြပ်တွေဝတ်တဲ့အခါ အရမ်းသိသာတယ်။ ထမီက စည်းထားတာနဲ့ အပေါ်ကအကျီကြပ်တာနဲ့ ပေါင်းလိုက်တော့ ခါးနေရာမှာ အလွှာလိုက်တွေ ဖြစ်နေတာမျိုးလေ... တွေ့ဖူးမှာပါ။ အဲ့လိုမဖြစ်အောင် ဗိုက်နဲ့ ခါးနေရာတွေကို လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုတယ်။ ကန်ဒီနဲ့အတူ လိုက်လုပ်ပေါ့။ ကန်ဒီလည်း စ,လုပ်တာ သိပ်မကြာသေးဘူး :D
Good Night^^
Sleep Tight!
Sleep Tight!
15 comments:
Hamster hamster
Yep Yep :D :D
အစ်ကိုတော့ ဒီလ အိတ်စိုက်..:(
ဟား စားစရာတွေအားကြီးပါလားကန်ဒီလေးရေ။
ပျော်စရာကြီး။ တော်တော်စားယူရမယ်နော်။
အနာမြန်မြန်သက်သာပါစေလို့ ....
အိုင်အိုရာ
ငါကြည့်ကြည့်နေတယ်သကြားလုံးဟာ ကျောက်ပျဉ်ကိုပါစားနေတယ်ထင်တာဘဲ တနေ့နည်းနည်းနဲ့ :P
စားစရာ ဗူးတွေပဲ လိုချင်တယ် ညီမလေးရေ...
အမလဲ လူသာပိန်တာ..ခါးနဲ့ရှေ့ဗိုက်နဲနဲတုတ်လာတယ်.
အထိုင်များတာလဲပါမယ်ထင်တယ်..အသက်ကလဲ၂၀ကျော်လာပြီ..:P
ဘာလေ့ကျင့်ခန်းတွေလုပ်လဲ..အမလဲလုပ်ချင်လို့
ကျောင်းမှာခုနေတိုင်းexerciseနဲ့ အကတွေတော့ကရတယ်.
သိသိသာသာကျမလားဘူး..ပိုဝလာတယ်.:P
အမကိုပြောပြအုန်းနော်..ဘာလေ့ကျင့်ခန်းတွေကောင်းလဲလို့။အဲ့တာတွေကိုပို့စ်အသစ်တင်ရင်လဲကောင်းတာပဲ :):)
အင်း အဲ့ဒါနဲ့ပက်သက်လို့ ပိုစ့်တပုဒ်ရေးဖို့ စဉ်းစားထားတယ် :D
ဂါဝန်လေးဝယ်ပြီးရင်...၀တ်ပြဦး
ကန်ဒီကလေးတွေတောင်တော်တော်ထွားလာပီနော်.... :)
အင်း ဟုတ်ပါ့... ၀တုတ်ပြဲလေးတွေ :D
သရက်သီးသနပ် စားချင်လိုက်တာ။
လေ့ကျင့်ခန်းလုပ်လို့ ပိုပိုလှလာတာဖြစ်မယ်။
အဲဒီရုပ်ရှင်ကားမကြည့်ဖူးဘူး။ Mr.Bean ဆိုကြိုက်တယ်။
နာလှအောင် ရီရတယ်ဆိုတော့ တော်တော်ရီရလို့ဘဲနော်။
အမက အဲဒီဆေးတွေကပ်လို့မရဘူး။ အရေပြားလောင်တတ်လို့။
လေ့ကျင့်ခန်း post ကိုစောင့်မျှော်နေတယ်။
အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးပါ့မယ် ဟီးဟီး xD
မရောက်တာ အတော်ကြာပါပေါ့အေ...........
အရှုပ်တွေ လုပ်နေလို့ ပြောပါတော့....
ခင်တုန်တုန်ဗြုန်းကိုလည်း ညေးကို သင်တန်းလေး တက်ခိုင်းမလား စဉ်းစားမိနေတယ် :p ။
မမ မီးလည်း ဗိုက်နည်းနည်းပူနေဒယ်.။ ရယ်ရင်းနဲ့ပခုံးနာတာ တစ်ခါမှ ကြားဖူးပါဘူးအေ..
Post a Comment