Sunday, October 6, 2013

Oh My Little Sunshine...

Helloooooo...

စာမရေးတာ တစ်ပတ်တောင် ရှိသွားပြီ။ ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ ကိစ္စတော်တော်များများဖြစ်သွားတယ်။ ဒီလကစပြီး ကန်ဒီအလုပ်စလုပ်နေပြီလေ။ အဲ့ဒါနဲ့ပဲ ရှုပ်ယှက်တွေခတ်နေတာ ဆိုပါတော့...

စင်္ကာပူတစ်ခုလုံးမှာ Government Polyclinic (၁၈)ခု ရှိတယ်။ အဲ့ထဲက Polyclinic တစ်ခုရဲ့ Pharmacy မှာပေါ့။ Position ကလည်း ကန်ဒီလိုချင်တဲ့ ကန်ဒီ့ဘွဲ့နဲ့ကိုက်တဲ့ Pharmacy Technician position ပဲ။ စက်တင်ဘာလအစလောက်က အင်တာဗျူးရတော့ အလုပ်ရမယ်လို့ သိပ်မမှန်းထားဘူး။ ဘာလို့လဲဆိုတော့ တခြား Branch က အဲ့ဒီ Position နဲ့ အင်တာဗျူးမျိုးကို ကန်ဒီတစ်ခါသွားဖူးတယ်။ အင်တာဗျူးမစခင် မိနစ်(၃၀) စာမေးပွဲဖြေရတယ်။ အဲ့ကမေးခွန်းတွေက အရမ်းအရမ်းခက်တယ်။ မေးခွန်းတွေက Practical ပိုင်းတွေ ပိုများတယ်။ ဆိုလိုတာက ဥပမာ- Scabies အတွက် ဘာဆေးကိုသုံးရမလဲဆိုတာထက် ဒီဆေးကို ဘယ်နှစ်ကြိမ်လိမ်းရမလဲ၊ ဘယ်နှစ်နာရီထားပြီး ရေဆေးရမလဲ ဆိုတာမျိုးတွေ။ အဲ့တစ်ခေါက်တုန်းက စာမေးပွဲမဖြေနိုင်ဘူး။ ဒီတစ်ခေါက် ဒီ Position နဲ့ပဲ တခြား Branch တစ်ခုမှာ အင်တာဗျူးထပ်ရတော့ အလုပ်ရမယ်လို့ တကယ်မမှန်းထားဘူး။ အဲ့လိုမမှန်းထားပေမယ့် မသွားခင်တော့ ကြိုပြင်ဆင်သွားပါတယ်။ အမေကပြောဖူးတယ်။ ပြိုင်ပွဲတစ်ခုမှာ နိုင်တာရှုံးတာ အဓိကမဟုတ်ဘူး၊ ကိုယ့်ဘက်ကအကောင်းဆုံးပြင်ဆင်ပြီး ယှဉ်ပြိုင်ခြင်းသည်သာ အဓိကတဲ့။ 


Practical ပိုင်းတွေ မေးတာဆိုတော့ သင်ရိုးထဲကစာတွေလောက် ကြည့်လို့မရဘူး။ အဲ့ဒါနဲ့ အင်တာနက်ပေါ်မှာ ဟိုဟာဒီရှာလုပ်ပြီး စာတွေဖတ်ရတယ်။ အဲ့လိုနဲ့ မိနစ်(၃၀)စာမေးပွဲက အောင်တယ်ဆိုရုံလေး ကပ်အောင်သွားတယ်(:P)။ အင်တာဗျူးမှာတော့ ဆီးချို၊သွေးချိုအတွက် သုံးနိုင်တဲ့ဆေးတွေ၊ သွေးတိုးရောဂါအတွက် သုံးနိုင်တဲ့ဆေးတွေကို ပြောခိုင်းတယ်။ နောက် ဒီဆေးပေးပြီးရင် လူနာကို Side effect နဲ့ပက်သက်ပြီး ဘယ်လိုပြောပြမလဲဆိုတာတွေပေါ့။ စင်္ကာပူမှာ တရုတ်စကားမတတ်တာ မကောင်းဘူးနော်။ ကန်ဒီ့ကိုမေးတော့ မတတ်ဘူးဖြေရတာ မျက်နှာငယ်တာ(-.-')။ သူက ဒီမှာတရုတ်စကားတတ်မှ ပိုအဆင်ပြေမှာတဲ့ :(

အဲ့ဒါနဲ့ မရလောက်ဘူးပဲ ထင်တာပေါ့။ နောက်တစ်ပတ်လောက်နေတော့ ကန်ဒီမနက်အိပ်နေတုန်း ဖုန်းလာတယ်။ သူက Salary Package ပြင်ဆင်တာ (၄)ရက်လောက် ကြာမယ်၊ အဲ့ဒါပြီးရင် ဖုန်းပြန်ခေါ်မယ်ပြောပြီး ဖုန်းချသွားတယ်။ ကိုယ်ကအိပ်ချင်မူးတူးနဲ့... သူနဲ့ဖုန်းပြောလို့သာ ပြီးသွားတယ်၊ ဘာမှန်းရေရေလည်လည် မသိလိုက်ဘူး။ ဖုန်းချသွားပြီးမှ Salary Package တွေ ဘာတွေပြောသွားတာဆိုတော့ Offer ရတာလားပေါ့။ ငါကြားချင်ရာတွေ ကြားလိုက်တာလားဆိုပြီး ပျော်ရမလား မပျော်ရမလားတောင် မသိဘူး ဟဟ xD

S pass လျှောက်တာရော ဆေးစစ်တာရော အားလုံးအဆင်ပြေတယ်။ အလုပ်ကတော့ ခုမှစတာ သုံးရက်ပဲရှိသေးတော့ အားလုံးသင်နေရတုန်း။ ကန်ဒီနေတဲ့နေရာနဲ့ မိနစ်(၄၀)လောက်တော့ ကားစီးရတယ်။ မြန်ရင် နာရီဝက်ကျော်ကျော်ပေါ့။ မနက်(၈)နာရီခွဲကနေ ညနေ(၅)နာရီထိ။ စနေက နေ့တ၀က် နေ့လည်(၁)နာရီထိ။ အဲ့လို အဲ့လို အဲ့ဒါတွေနဲ့ ရှုပ်ပြီး စာတောင်မရေးနိုင်ဘူး >.<

မနေ့က အပြင်မှာ မြန်မာအစားအစာ စားလိုက်မိတာ ညကအန်ပြီး ခုထိနေလို့မကောင်းသေးဘူး။ ကိုယ်လည်းပူချင်နေတယ်။ ရေးလက်စနဲ့တင် ခုသွားထပ်အန်သေးတယ်။ ဆေးသောက်လို့ရအောင် ခေါက်ဆွဲပြုတ်ထားတယ်။ ဒီရက်ပိုင်းတွေတော့ စာအရေးကျဲနေမှာ သေချာတယ်။ ရေးဖြစ်ရင်လည်း Diary ပိုစ့်တွေလောက်ပဲ ရေးဖြစ်လိမ့်မယ်ထင်တယ်။ အားလုံးကို နေသားတကျဖြစ်အောင် အရင်လုပ်ရဦးမယ်။ ကန်ဒီ့ကို မေ့မသွားနဲ့ဦးနော် ^_^

တာ့တာ...
Have a Nice Weekend :)

31 comments:

Anonymous said...

Congratulations!!!
Glad for you.

Thu said...

Congratulations my sis!!
Take care for ur health ;)

နွေတေးရှင် (မင်းဧရာ) said...

အလုပ်ဝင်နေပြီဆိုတော့
လစာထုတ်ရင် မုန့်ဝယ်ကျွေးလေ နော် :p

မေ့သွားပါဘုးအေ
ဝမ်းသာပါတယ် အဆင်ပြေတယ်ဆိုလို့
ပိုစ့်လေးတော့ မှန်မှန်ရေးပါ လေ ။

Anonymous said...

Humm..
Noodle for your meal??
Should take porridge with fish slice or something proper..
အာရောဂျံ ပရမံ လာဘံ တဲ့..
Anyway, take care..
-m

မီးမီးငယ် said...

Congratulations!!!

San Htun said...

Congratulations !

Anonymous said...

Congratulation sis, Best of luck :)

Anonymous said...

Congratulations and take care!
Iora

Anonymous said...

Congratulation sis!

အလုပ်ဝင်ပြီဆိုတော့ အလုပ်ထဲက အကြောင်းလေးတွေ ဖတ်ရတော့မယ် ထင်တယ်နော် :)

Anonymous said...

Congratulation!

TZN

ကူးကူးလှိုင် said...

အလုပ်ရသွားတယ်ကြားလို့ အရမ်းဝမ်းသာပါတယ် ကန်ဒီရေ အလုပ်အတွေ့အကြုံတွေဖတ်ဖို့ မျှော်နေမယ်နော် ညီမလေး...

မိုးငွေ့........ said...

အလုပ်ရသွားတာ ၀မ်းသာစရာသာစရာပေါ့ သမီး...။ ကျန်းမာရေးဂရုစိုက်ပါ...။ အလုပ်နဲ့နေသာတကျဖြစ်မှပဲ စာဆက်ရေးပေါ့..။အလုပ်ကအတွေ့အကြုံလေးဖတ်ရတာပေါ့...း)

Candy said...

Hee... so happy to read all your wishes. Thank you all ^_^

Anonymous said...

Congratulation!!
My Young Lady!!!Khine

Ma Ma Ei Ei said...

Congratulation ,Sis.And pease take care your health as well...Hope to read your update more ;-)

Anonymous said...

This morning i saw u on 198 bus stop. When i see, i knew she is candy khine. I didnt greet u coz i'd problem at that time (want to vomit n feel sleepy coz of medicine). If i talk, i m surely vomit. That's why. Sorry, sister. I dropped off 3 bus stop only. Ur job place is around j east. Or j west. I ll call u next time.

myomonyeeoo

ကန်ဒီကို ချစ်သော စာဖတ်သူအမတစ်ဦး said...

ညီမလေး ကန်ဒီရေ ...
အစစအရာရာအဆင်ပြေပါစေနော် ...

ကန်ဒီကိုချစ်သော စာဖတ်သူအမတစ်ဦး said...

ညီမလေးရေ ...
ဝမ်းသာပါတယ်ကွယ်။
ချစ်သောညီမလေး ... အစစအရာရာအဆင်ပြေပါစေနော်။

mstint said...

သိကြားလုံးလေးနဲ့ထပ်တူထပ်မျှ ၀မ်းသာကြည်နူးမိပါကြောင်း ... :)
လက်ရေးလေးတွေသပ်သပ်ရပ်ရပ်နဲ့လှတယ် လူလိုပဲ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

Thank you all ^_^

@myomonyeeoo This morning, I was also sleepy because of medicine hehe xD Yes, I was going to jurong east. Thanks for leaving the comment here and letting me know sis ^_^

Anonymous said...

My prayer has been answered. Praise the Lord!
Congratulations!

- You know who

Anonymous said...

ဒီနေ့လဲ ထပ်တွေ့ပြန်ပြီ ဒီနေ့က မူးနေတာကော အန်ချင်နေတာကော ပေါင်းပြီး ရုံးတောင် မတက်ချင်ဘူး။ နောက်၁ယောက်ရှိနေလို့။ ၂ပတ်လောက် ပျောက်နေဦးမယ်။ မနက်ဖြန်ရန်ကုန် အလည်ပြန်လိုက်ဦးမယ်။

Bye ... myomonyeeoo

Candy said...

Take care sis ^_^

ကိုကိုမောင်(ပန်းရနံ့) said...

အလုပ်ရသွားပြီဆိုတော့လဲ စာရေးတော့ နဲနဲ ကျဲပေမပေါ့။ စာရေးကျဲပေမဲ့ ပိစိမိတ်ဆွေတွေက ပိစိကို မေ့ပါဘူးတဲ့။

ကျန်းမာရေးတော့ ဂရုစိုက်ပေါ့။ အလုပ်ပင်ပန်းရင် နေမကောင်းဖြစ်တတ်တယ်။ ပိစိပုံစံက မကြာမကြာ မအီမသာ ဖြစ်မဲ့ပုံမျိုး။ ဒီတော့ အလုပ်ပင်ပန်းရင် စိတ်တိုအတိုမြန်တတ်တယ်။ ဒီတော့ နေကောင်းအောင်နေ။ စိတ်ကိုလျော့။ သူငယ်ချင်းတွေကိုလဲ မေ့မသွားနဲ့ပေါ့။ သူတို့က ပိစကို အမြဲသတိရနေမှာပါ။

Khin Maung Thinn said...

O medeto gosaimasu,genkide ne.mada wa o shogoto ganba te ne.

Candy said...

အမ်... ဘာစကားကြီးနဲ့ ပြောနေတာလဲ... ဂျပန်စကားလား @_@

ရွှေယွန်းဝါ said...

အလုပ်ရသွားတဲ့အတွက် တကယ်ကို ဝမ်းသာပါတယ် ညီမ ကန်ဒီလေး။
အစစအရာရာအဆင်ပြေပါစေ။
Blog တွေကိုမသွားဖြစ်တာကြာသွားပြီမို့ ဘာမှကိုမသိလိုက်တာပါ။

Anonymous said...

Sis,
Congratulation for your good new. Take Care Your health also.
Ma Theint

Twinkle Twinkle said...

Congradulation ပါအစ်မ ! ညီမ လည်းအစ်မရဲ့ post တွေကို စုပြီးဖတ်နေတာ ကြာလည်းရပါတယ် ^_^ I'll never forget you

Candy said...

Thank you so much everyone ^_^

မိုးသက် said...

အစ်မကို တရုတ်စပ်တယ် မှတ်နေတာ.. တရုတ်စကားတောင် ပြောတတ်ဘူးကိုး. .ဟီး..
ဘာပဲ ဖြစ်ဖြစ် ၀မ်းသာပါတယ်.။ အောင်မြင်တဲ့သတင်းတွေကြားရတာ ၀မ်းသာပါတယ်.
Fighting mama :))))))))))))