Sunday, October 13, 2013

TGIS

ဖူးးးး.... (သက်ပြင်းချသံ)

ပင်ပန်းတယ်။ အရမ်းအရမ်း ပင်ပန်းတယ်။ အိမ်ပြန်ရောက်တာနဲ့ ခဏနားပြီး ရေချိုး၊ ဘုရားရှိခိုး၊ နောက်နေ့အတွက် အကျီမီးပူတိုက်... အဲ့ဒါတွေအားလုံးပြီးလို့ နာရီကြည့်လိုက်ရင် (၉)နာရီထိုးနေပြီ။ ဟမ်းစတားအိမ်လေးတွေ သန့်ရှင်းရေးလုပ်ပေးတဲ့နေ့မျိုးဆို (၉)နာရီခွဲကျော်နေပြီ။ (၁၁)နာရီခွဲကျော်လောက်ဆို အိပ်ချင်ချင် မအိပ်ချင်ချင်အိပ်ရတယ်။ မအိပ်ရင် နောက်နေ့မနက်(၆)နာရီခွဲ ထနိုင်မှာ မဟုတ်ဘူးလေ။ အဲ့ဒါက ဒီရက်ပိုင်းလုံးလည်လိုက်နေတဲ့ ကိစ္စ... ခုထိဘာမှ Manage မလုပ်နိုင်သေးဘူး >.<




ဟင်းမချက်တာတော်တော်ကြာပြီ။ နေ့လည်စာရော၊ ညစာရော အပြင်မှာချည်းစားဖြစ်နေတယ်။ အရင်ကထက်လည်း အများကြီးပိုစားတယ်(O_O")။ မကြာခင် ၀လာတော့မှာ မြင်ယောင်သေးတယ်(>.<)။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘာစားစားအန်နေတာနဲ့ နောက်ဆုံးဆေးခန်းသွားပြရတယ်။ တနင်္ဂနွေနေ့ဆိုတော့ ဆေးခန်းတော်တော်များများ ပိတ်တယ်လေ။ အဲ့ဒါနဲ့ (၂၄)နာရီဖွင့်တဲ့ဆေးခန်းကို သွားပြလိုက်တာ ဘယ်လောက်ကုန်သွားတယ်မှတ်လဲ?!?!?!?! SGD 84!!! (>.<)။ နှမြောပေမယ့်လည်း သက်သာသွားတယ်ဆိုတော့ တော်ပါသေးတယ်လေ (မတင်မကျ ကိုယ့်ကိုကိုယ်ဖြေသိမ့်သော လေသံဖြင့် ပြောသည်)။ ဆရာဝန်က ဆန်ပြုတ်လိုဟာမျိုးစားဆိုတော့ အဲ့နှစ်ရက်က ဆန်ပြုတ်ပဲစားရတယ်။ ဆန်ပြုတ်ထဲမှာ အီကြာကွေးထည့်စားရတာ ကြိုက်တယ်။ ဒါပေမယ့် ဒီကအီကြာကွေးကို မကြိုက်ဘူး... ထောပတ်လိုလို အနံ့ကြီးပါလို့။ မြန်မာပြည်က အီကြာကွေးပဲ ကြိုက်တယ် ^_^


မနေ့ကစနေဆိုတော့ နေ့လည်(၁)နာရီပြီးတာနဲ့ Shopping သွားတယ်။ မသွားလို့လည်း မရဘူး။ အလုပ်သွားဖို့ ၀တ်စရာ ဘာမှမရှိဘူး။ ကန်ဒီက ပုံမှန်ဆို Formal မှ မ၀တ်တတ်တာ။ ကျောင်းမှာ Presentation လုပ်တုန်းက ၀တ်တဲ့ Formal အကျီနှစ်ထည်လောက်ပဲရှိတယ်။ ရုံးအလုပ်တွေလို ကွန်ပျူတာရှေ့ထိုင်ပြီး လုပ်နေရတာမျိုးမဟုတ်ဘဲ အမြဲလမ်းလျှောက်နေရတော့ ဖိနပ်ကောင်းကောင်းတစ်ရံကလည်း အရမ်းအရမ်းလိုတယ်။ အလုပ်စသွားတဲ့ နှစ်ရက်ကဆို ခြေထောက်တွေနာပြီးညောင်းလို့ ငိုတောင် ငိုချင်ပါတယ်ဆို... တစ်ခါမှ အဲ့လောက်မညောင်းဖူးဘူး (ကိုယ့်ကိုကိုယ်တောင် သနားတယ် =.=')။ ခုတော့ အဲ့တုန်းကလောက် မဟုတ်တော့ပါဘူး။ နည်းနည်းကျင့်သားရလာပြီ။ အဲ့ဒီဖိနပ်ရော၊ စကပ်ရောက Robinson က ၀ယ်တာ... ဖိနပ် Brand က "Andre Comfort"တဲ့။ စီးလို့တော်တော်ကောင်းတယ်... ဈေးကလည်း ကောင်းတာကိုး (Mom ဆောရီး... ဖိနပ်ကောင်းကောင်းမ၀ယ်လို့ မဖြစ်လို့နော် :D)။ ကန်ဒီ့ခြေထောက်က ဖိနပ်အရမ်းရွေးတယ်။ အထူးသဖြင့် အဲ့လိုထိပ်ပိတ်ဖိနပ်တွေဆို ခြေထောက်နာလို့ တော်ရုံဝတ်လို့မရဘူး။ ဖိနပ်အလယ်အတွင်းပိုင်းမှာ ဖုအခုံးလေးပါတဲ့ဖိနပ်မျိုး စီးကြည့်... ခြေဖ၀ါးခွက်တဲ့လူမျိုးတွေအတွက်ဆို အဲ့လိုဖိနပ်မျိုးတွေက နေလို့အရမ်းကောင်းတယ်။


စကပ်ကတော့ Robinson က ဆိုပေမယ့် ဈေးအရမ်းမကြီးလို့ ၀ယ်လာတာ... SGD 29 ပဲ။ အဲ့က အ၀တ်အထည်တွေက အနည်းဆုံး SGD50-100 ကြားရှိတယ်လေ။ တစ်ခါမှ မ၀ယ်ဖူးဘူး။ ဟီးး... ဆံပင်ကလည်း ရှုပ်ပွနေတာပဲ။ အဲ့ဒါပြီးရင် ဆံပင်သွားညှပ်မှာမို့လို စည်းထားတဲ့ဆံပင်ကို ဖြည်လိုက်တာ... ဆံပင်ညှပ်ဆိုင်တွေက သိတဲ့အတိုင်းပဲ။ လူကိုနည်းနည်းလေးတော့ ကသိကအောက်ဖြစ်အောင် ပြောလိုက်ရမှ။ ဆံပင်ကျိုးနေရင် "ခေါင်းအမြဲစည်းထားတာလား... အဲ့ဒါကြောင့် အဲ့လိုဖြစ်တာ..." ဆံပင်မွဲခြောက်ခြောက်ဖြစ်နေရင် "ဆီမလိမ်းဘူးလား... ညီမတို့ဆီမှာ ဒါရှိတယ်... အရမ်းကောင်းတယ်" ဆံပင်ကပ်နေရင် "ခေါင်းမလျှော်လို့ ဆီထွက်နေတာ... ခေါင်းလျှော်မလား" ဘာညာ ဘာညာ... သူတို့ပြောမှပဲ ကိုယ့်ဆံပင်ကိုယ် သိမ်ငယ်ရတယ် အမြဲ Gerrrr >.<



ဒီနေ့တော့ အိမ်မှာရှိနေတာလေးတွေနဲ့ ဟင်းချက်ဖြစ်တယ်။ ခုမှမချက်ရင်လည်း ကောင်းတော့မှာ မဟုတ်ဘူး။ ၀ယ်ထားတာ ကြာာာလှပြီ။ ဒီတခေါက် ကြက်သားနဲ့အာလူးဟင်းကတော့ ဆီပြန်တယ်။ အာလူးအမျိုးအစား ပြောင်းဝယ်ဖို့ပြောပြသွားတဲ့ အစ်မကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်အပတ်ကစပြီး Assignment တွေလုပ်ပြီး တင်ရတော့မယ်။ သုံးလလောက် ဆက်တိုက်လုပ်ရမယ်ထင်တယ်။ အဲ့ဒါတွေအားလုံးပြီးမှ ကန်ဒီ Dispense လုပ်လို့ရမှာ။ Dispense လုပ်တယ်ဆိုတာ လူနာကို ဆေးပေးပြီး Counselling လုပ်တာကို ပြောတာ။ ဆေးကပ်ဖောက်တိုင်း အထဲက Leaflet လေးတွေ အိတ်ထဲထည့်ထည့်လာတယ်။ Assignment လုပ်ရင်အဲ့ဒါလေးတွေက အသုံးဝင်မှာလေ ^_^


အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းပြီးအိပ်ချင်နေပြီကို Assignment ဘယ်အချိန်သွားလုပ်ရမလဲတောင် စဉ်းစားလို့မရဘူး။ "Medication Safety Manual"ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်ခိုင်းထားသေးတယ်။ အဲ့ဒါခဏနေ ဖတ်ရမယ်။ Humm... ကန်ဒီ့ကို ညည်းလိုက်တာလို့ တွေးနေမှာပဲ။ ဗြဲ(ငိုသံ)... ကန်ဒီက တစ်ခါမှမှ အလုပ်မလုပ်ဖူးတာ။ နောက်ပိုင်းဆိုရင်တော့ မညည်းတော့ပါဘူးနော် (ဖြစ်နိုင်ရင် :P)


Okie... ကန်ဒီ့အရှုပ်တော်ပုံတွေ ခဏထား။ တခြားအကြောင်းပြောရအောင်။ Facebook မကြည့်ဖြစ်တာ ကြာပြီ။ ဟိုနေ့ကတချက်ကြည့်မိတော့ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ အဲ့ဒီပိုစ့်လေးတွေ့တယ်။ အရမ်းကြိုက်တယ်။ လူတိုင်းမှာ ဆိုးကွက်လေးတွေနဲ့ ကောင်းကွက်လေးတွေ ဒွန်တွဲနေတတ်ကြစမြဲပဲလေ။ ဆိုးကွက်ရှိခဲ့ရင်တောင် သူ့ကောင်းတဲ့အချက်လေးတွေနဲ့ Cancel လုပ်ပေးနိုင်ရမယ်။ တပါးသူရဲ့ကောင်းကွက်လေးတွေကို မြင်တတ်၊ အတုယူတတ်ရမယ်။ လူအများစုက သူများတကာကို အပြစ်တင်ပြောဆိုဖို့ လွယ်သလောက် ချီးမွမ်းဖို့ကျ ခက်တတ်ကြတယ်နော်...

Have a Nice Weekend!!

16 comments:

နွေတေးရှင် (မင်းဧရာ) said...

ဟယ်................
ပိုစ့်တစ်ပုဒ်လုံး ဟိုးးးးးးးးးးးး
အောက်ဆုံးအပိုဒ်ကို အကြိုက်ဆုံးပဲ ။

အလုပ်တွေ လုပ်နေရပြီဆိုတော့
ဝမ်းသာတယ်အေ ဘာဖြစ်ဖြစ်
အနည်းဆုံးတော့ စိတ်ကို တည်ငြိမ်စေတယ်မို့လား အခု
ပင်ပန်းတယ်ဆိုပေမယ့်လို့
နောက်ကျ အသားကျသွားမှာပါ ။

Po po said...

မ candy ရေ။ ပိုပိုကရန်ကုန်ကပါ။ မျက်နှာကအရမ်းအဆီပြန်တဲ့အသားအရေမျိုးပါ။ အဲဒါ clay mask သုံးကြည့်ချင်လို့ရှာဝယ်တာမရဘူးဖြစ်နေလို့ပါ။ ရန်ကုန်မှာ ဘယ်ဆိုင်မှာဝယ်လို့ရမလဲဆိုတာသိရင်ပြောပြစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်။

Candy said...

ပိုပိုရေ...
ကန်ဒီလည်း ရန်ကုန်မှာဆို ဘယ်နေရာမှာ ၀ယ်လို့ရနိုင်လဲ မပြောပြတတ်ဘူး။ စင်္ကာပူမှာဆိုရင်တော့ ဘယ်မှာဝယ်ရလဲသိတယ် >.<

Khin Maung Thinn said...

when I stay in japan I am very tired like u first month of working time because I had no siting time all the day only 30 minite at lunch time rest. then I was happy and benifit after one month. So don't worries about this,you must pass this life experence exam latter .pls eat protin much to safe ur energy.

ဆုမြတ်မိုး said...

လုပ်ငန်းခွင်ထဲမှာတော့အဲလိုပဲကန်ဒီရယ်.. နောက်အဆင်ပြေသွားမှာပါ ။ ဖိနပ်မပေါက်အောင်လေ.... ဖိနပ်ကို hand cream , foot cream , body lotion ကြိုက်တာတစ်ခုခု ပေါက်တတ်တဲ့နေရာတွေ (ခြေချောင်းထိပ်နား ၊ ဖနောင့်နား) တွေမှာ လိမ်းလိုက် ၊ တစ်နေ့နှစ်ကြိမ်မှန်မှန်လေးလိမ်းလိုက် ။ ဖိနပ်ကိုနော်..ခြေထောက်မဟုတ်ဘူး ။ ဒါဆိုတကယ်ဖိနပ်မပေါက်တော့ဘူး ။ ကိုယ်တွေ့ (တီသက်ဝေ ဘလော့မှာရှဲထားတာတွေ့လို့ လုပ်ကြည့်တာ တကယ်ထိရောက်တယ်..) အစစအဆင်ပြေပါစေ ကန်ဒီရယ်..
ခင်မင်လျက်
ဆုမြတ်

Anonymous said...

ကန်ဒီလေး..
အလုပ်လုပ်စလူတိုင်းအဲလိုပါဘဲ ..တောင့်ထား တောင့်ထား။
နောက်ကျလူကတော်တော်အပင်ပန်းခံလာနိုင်တာတွေ့ ရလိမ့်မယ်။
စင်္ကာပေါရီးယန်းတွေတော့မသိဘူး။
အမေရိကန်တွေကတော့အလုပ်ကိုအရမ်းလုပ်နိုင်တယ်။
သူဌေးနိုင်ငံသားတွေမို့ အပင်ပန်းမခံနိုင်ဘူးလို့ တော့မတွေးလိုက်နဲ့ ။ ကိုယ်တို့ ထက်အရမ်းလုပ်နိုင်တယ်။
ကိုယ်တို့ ကဆင်းရဲတဲ့နိုင်ငံကလာပေမဲ့ကိုယ့်အိမ်မှာကိုယ့်ဖာသာကိုယ်မလုပ်ပဲသူများလုပ်ပေးတာတွေကိုခံယူလာတော့ဇယ်ဆက်သလိုဆက်တိုက်လုပ်ရင်သူတို့ ထက်ပိုပင်ပန်းတယ်။
နောက်တော့နေ့ စဉ်လုပ်ရင်းမတ်တတ်ရပ်စရာရှိရပ်ရင်းနဲ့ ခုဆိုအရင်ကထက်အများကြီးအပင်ပန်းခံနီုင်လာတာသိလာတယ်။
ကန်ဒီလေးလည်းအဲလိုဘဲ..အကြမ်းခံအပင်ပန်းခံပြီးအလုပ်တွေလုပ်လာနိုင်မှာ..စောင့်ကြည့်နေ။း)
အို်င်အိုရာ

Anonymous said...

You can buy formal clothing in G2000. Now they have sales. You can shop at Square2 also (Novena mrt), alot of clothing shops in there. For shoes, Comfort series in Bata also not bad, around $39-$60 only.

မိုးငွေ့........ said...

ချိုချဉ်လေးပင်ပန်းသွားပြီ...

Thu said...

င်္Fighting!Sis candy လေး
အလုပ်လုပ်ခါစတော့အဲ့လိုပါပဲ။ခုအမအလုပ်ဆိုလဲ..Internationalဆိုတာနဲ့ကိုင်ပေါက်ပြီး..အလုပ်အရမ်းလုပ်ရတာ.. အလုပ်အခြေကျသွားရင်အားလုံးအဆင်ပြေသွားမှာပါ။
စကားမစပ်အဲ့လိုဖိနပ်လေးကြိုက်တယ်..^_^
နောက်ဆုံးပုံလေးအကြိုက်ဆုံး :D

Anonymous said...

အာလူးဟင်းလေး ဆီပြန်သွားတဲ့အတွက်လည်း ဝမ်းသာပါတယ် ညီမလေးရေ

အပေါ်မှာ ညီမလေးတယောက်မေးထားတာ clay mask သုံးချင်တယ်ဆိုလို့.. တော်ဝင်စင်တာက F&C မှာ ARSOA brand က အစိမ်းရောင်ကို သုံးကြည့်ပါ.. တခါသုံး အထုပ်လေးတွေလည်း ဝယ်လို့ရပါတယ်.. အဆီပြန်တဲ့အသားရေပိုင်ရှင်များအတွက် အစိမ်းရောင်ပါ.. ပုံမှန်အသားရေကတော့ ပန်းရောင်ပါ.. အမကိုယ်တိုင်လည်း ပန်းရောင် သုံးနေပါတယ်.. made in japan ပါ။ ကြော်ငြာတာမဟုတ်ပါဘူးနော်... သိချင်တဲ့သူရှိလို့ မျှဝေတာပါ.. ဘလော့ပိုင်ရှင်ညီမလေးရေ စိတ်မရှိပါနဲ့နော်..

TZN

ကူးကူးလှိုင် said...

အလုပ်ကတော့ နောက်ပိုင်း အသားကျလာရင် ပျော်စရာကောင်းလာမှာပါ ကန်ဒီရေ...ကျန်းမာရေးတော့ ဂရုစိုက်နော်...

Po po said...

Clay mask အတွက် ဂရုတစိုက်ဖြေပေးတဲ့အမနှစ်ယောက်စလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ တော်ဝင်စင်တာမှာသွားဝယ်လိုက်ပါ့မယ်။ :)

Anonymous said...

May be old wives' belief..
Rub the inner side of new shoe with candle not to get such blister..
Ganbatte!!
-m

ရွှေယွန်းဝါ said...

နောက်တော့ သူ့ဟာသူ အဆင်ပြေသွားမှာပေါ့။
ပုလဲလက်ဖက်ရည်နဲ့ဝက်အူချောင်းတွဲမစားမိစေနဲ့ ကန်ဒီလေး။

Twinkle Twinkle said...

အလုပ်စဝင်တဲ့ အတွေ့အကြုံလေးတွေတင်ပေးတာ ကျေးဇူးပါ အစ်မ ! ညီမလည်း ဗဟုသုတရတာပေါ့ အလုပ်လုပ်ရင် hee2 :) ! Fighting အစ်မ

မိုးသက် said...

နောက်ဆို အလုပ်အကြောင်း သတင်းတွေ ကြားရတော့မယ်..။ အဆင်ပြေမှာပါ. ။ အစ်မက တော်ပြီးသား. :)