Sunday, November 24, 2013

Sunday Drama?!

Ready for Drama?!
တနေ့သ၌ ကန်ဒီသည် အိပ်ယာခင်းလဲရန် ပြင်ဆင်ရာ... ကုတင်ပေါ်မှပစ္စည်းများကို သင့်တော်ရာနေရာသို့ အရင်ရွေ့လေသည်။ ကုတင်ပေါ်တွင် ထောင်ထားနေကျ White Board ကို ကုတင်အောက်ချစဉ်... White Board ပေါ်တွင် ချိတ်ထားနေကျဖြစ်သော ပန်းခွေလေးသည် တစုံတခုနှင့်တိုက်မိ၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်... ဒန် တန် တန်... (ဇာတ်ရှိန်မြင့်သောအခန်းဟု သတ်မှတ်ပါလေ)။ ထိုစဉ်... မျက်လုံးအစုံသည် White Board ပေါ်တွင် ပန်းခွေဖြင့်ဖုံးထားလေ့ရှိသော ဓာတ်ပုံအား အကြည့်ရောက်သွားလေရာ *ဒိုင်းးးး* မေ့ထားသည်မှာ ကြာပြီဖြစ်သော အကြောင်းအရာတချို့သည် နှလုံးအိမ်တွင်းသို့ အစီအရီ တွန်းတိုက်လူးလိမ့် ၀င်လာလေတော့သတည်း။



ထိုအရာကို အသည်းကွဲခြင်းဟု အမည်တပ်ပါမူ ရှုံ့ချည်နှပ်ချည်ဖြင့် ၀န်ခံရမည်သာ။ ပျော့ညံ့လွန်းလှသည်ဟုထင်၍ ဘယ်သောအခါမှ ၀န်မခံခဲ့ဖူးပါ။ အမုန်းတရားများဖြင့်လည်း ကိုယ့်ကိုကိုယ် လိမ်ညာခဲ့ဖူးပါသည်။ ကံတရားကိုပဲ အပြစ်ပုံချရမည်လား... သို့သော် ကံသည် အလုပ်သာဖြစ်သည်။ ကိုယ်တိုင်အားနည်းချက်များရှိခဲ့သလို သူ့တွင်လည်း လိုအပ်ချက်များရှိခဲ့သည်။ ဝေးနေရခြင်းများက တစ်ယောက်ချင်းစီ၏ အားနည်းချက်ကိုယ်စီကို ပိုမိုပံ့ပိုးအားပေးသည်။ ထိုအခြင်းအရာများကြောင့်သာ ဇာတ်သိမ်းမလှခဲ့ခြင်းဖြစ်သည်။ နောင်တရချင်သော်လည်း တကယ်တမ်းဆိုသော် ထိုအချိန်များသည် ဘ၀၌ အပျော်ရွှင်ရဆုံးသောအချိန်များ ဖြစ်ခဲ့သည်ကိုတော့ ခုချိန်ထိ ငြင်းနိုင်စွမ်းအား မရှိပါချေ။

ဒီတစ်ကြိမ်လည်း ထိုဓာတ်ပုံသည် ထိုပန်းခွေနောက်တွင် ရှိမြဲ ရှိဆဲ...


****************************************************************

ညညဆို(၃)နာရီလောက်မှ အိပ်ရတော့ မနက်ရောက်ရင် (၇)နာရီခွဲအိမ်ကထွက်ရမှာ (၇)နာရီ(၁၅)မိနစ်မှ အိပ်ယာကနိုးတယ်။ အဲ့ဒါမနက်စာလည်း အိမ်မှာမစားနိုင်၊ ဒီတနင်္ဂနွေမနက် မနက်စာစားမယ်ကြည့်လိုက်တော့ ၀ယ်ထားတဲ့ ပေါင်မုန့်တွေကမှိုတက်၊ အဲ့ဒါနဲ့ ရေခဲသေတ္တာထဲက သူများပလာတာနဲ့ နှစ်ပါးသွားလိုက်ရတယ်။ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ :(


မနက်စာစားပြီး စာလုပ်၊ ညနေ(၃)နာရီမှပြီးလို့ ခုမှစာရေးနိုင်တော့တယ်။ ၀မ်းသာစရာက ကန်ဒီ Assignment တင်ဖို့ နောက်ဆုံးတစ်ပိုင်းပဲ ကျန်တော့တယ်။ နောက်တစ်ပတ်ကျော်ကျော်လောက်ဆိုရင်တော့ ဒီဝဋ်ကလွတ်ပြီ ထင်ရတာပဲ။ နောက်ထပ် ထပ်ပေးရင်တော့ မပြောတတ်ဘူး >.<


Humm... ဒီရက်ပိုင်း နားထောင်ဖြစ်နေတာက ၀ိုင်းစုခိုင်သိန်းရဲ့ "အာဘွား"အယ်လ်ဘမ်။ သီချင်းအားလုံးနီးပါး ကြိုက်တယ်။ သြော်...နောက်တစ်ခု၊ ကန်ဒီကြည့်ကြည့်နေတယ်... စင်္ကာပူမှာရှိတဲ့ ယောက်ျားလေးတော်တော်များများ(အားလုံးနီးပါး)က Weekend တွေ၊ အထူးသဖြင့် စနေနေ့ညတွေဆို သူတို့ကို အရက်၊ ဘီယာသောက်ကိုသောက်ရမယ်လို့များ ဘယ်သူတွေ သတ်မှတ်ပေးထားကြလို့လဲ မသိဘူး... အဲ့နေ့ရောက်တယ်ဆိုတာနဲ့ကို သောက်ကြတော့တာပဲ။ အဲ့ဒါ ဒီမှာမို့လို့လား?? ဒီမှာမိဘတွေမရှိလို့ လွတ်လွတ်လပ်လပ်နေရလို့ သောက်တာလား?? မြန်မာပြည်က လူတွေရော အဲ့လိုပဲလားဆိုတာ သိချင်တယ် ဟဟဟ(xD)။ ကြံကြံဖန်ဖန် ဘယ်ကမှန်းမသိ ခေါင်းထဲဝင်လာတဲ့ အတွေးလေးပါ။

အင်း... လွတ်လွတ်လပ်လပ်နေတာနဲ့ပတ်သက်ပြီး ဆက်ပြောရရင် ကန်ဒီကိုယ်တိုင်လည်း ပါပါတယ်။ ဒီမှာကျတော့ ကိုယ်သွားချင်တဲ့ဆီ ခုသွားချင်တယ်ဆိုတာနဲ့ ကောက်ထသွား၊ ပြန်ချင်တဲ့အချိန်မှ ပြန်လာ။ မိဘတွေမရှိတော့ ခွင့်တောင်းနေစရာမလိုဘူး။ မိဘစိတ်ပူမှာလည်း စိုးရိမ်နေစရာမလိုဘူး။ အခုနေ ကန်ဒီရန်ကုန်ပြန်သွားကြည့်ပါလား... ချက်ချင်းကြီး နေတတ်မှာမဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ရန်ကုန်ကိုလည်း ကန်ဒီမကျွမ်းကျင်ဘူး။ ဟိုမှာနေတုန်းကဆို ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာ အိမ်ကလိုက်ပို့နေတာကိုး။ ကိုယ့်ဟာကိုယ်သွားဆို မသွားတတ်တော့ဘူး။ Woww... ခုမှစဉ်းစားမိတယ်။ ကန်ဒီရန်ကုန်မပြန်တာ (၃)နှစ်တောင်ရှိပြီ။ အများကြီး ပြောင်းလဲနေမှာပဲနော်။ ကန်ဒီထွက်လာခါစကဆို လူတန်းစေ့ ဖုန်းမကိုင်နိုင်သေးဘူး။ နောက် ကားတွေလည်း အဲ့လောက်ဈေးမပေါသေးဘူး။ ပြောရင်းနဲ့ မဆီမဆိုင် မုန့်ဟင်းခါးစားချင်လာပြီ (မြန်မာပြည်ကို သတိရသွားလို့ပါ)။ ဒီကမုန့်ဟင်းခါးတွေ ၀မ်းလျောလို့ မစားရဲဘူး၊ သူတို့အပြစ်မဟုတ်ပါဘူး... ကန်ဒီ့ဗိုက်ကသာမကောင်းတာ။ သူများတွေစားတာ ဘာမှ,မှမဖြစ်တာ >.<

ကန်ဒီလုပ်ချင်တာလုပ်ရတဲ့ အချိန်ဆိုလို့ ဒီစာရေးတဲ့တစ်ချိန်ပဲရှိတယ်။ ရုပ်ရှင်မကြည့်ရတာလည်း ကြာပြီ၊ Beauty Post ရေးဖို့ စာမဖတ်ရတာလည်း ကြာပြီ၊ ပုံမဆွဲရတာလည်း ကြာပြီ။ အလုပ်မှာ မြန်မြန်နေသားကျမှပဲ -.-'

Have a nice week ahead^^

Sunday, November 17, 2013

Stress + ကထိန်

Hello...
ဒီရက်ပိုင်းတွေ အရမ်း အရမ်း အရမ်း Stress များတယ်။ အလုပ်က Training တွေနဲ့တင် လူလည်းလုံးလည်လိုက်ပြီး ရူးတော့မယ်။ ညညဆို Assignment လုပ်ရတာအပြင် သူတို့ ဒီနေ့မေးထားတာတွေလည်း နောက်နေ့ဖြေနိုင်အောင် ကြည့်ရသေးတယ်။ တစ်နေ့တစ်နေ့ (၄)နာရီ၊ (၅)နာရီလောက်ပဲ အိပ်ရတယ် (ညည်းတာအရမ်းများ များသွားပြီလား >.<)။ ကန်ဒီ့ကို Dispensing စသင်နေပြီလေ။ Training ပေးနေတာ (၃) (၄)ရက်ပဲရှိသေးတာကို ဘာမပြောညာမပြောနဲ့ "The one is easy, you dispense" ဆိုတော့... အဲ့မှာတင် သွားတာပဲ။ ပထမဦးဆုံး Dispensing... လက်တွေရော၊ အသံတွေရော တုံနေတာ... သေချာလည်း မရှင်းပြနိုင်ဘူး (Failed)။ နောက်နေ့ ဒုတိယအကြိမ်မြောက် Dispense လုပ်တော့လည်း လက်နဲ့အသံက တုံတုန်း။ အဲ့ဒါ Patient ကတောင် ကန်ဒီ့ကို "Calm Calm... You're good" ဆိုပြီး ပြန်အားပေးသွားရတယ် ဟဟဟ xD

ကန်ဒီက ခုမှ Counseling Point တွေကို စလေ့လာတုန်းရှိသေးတယ်လေ။ နောက် ကိုယ်ကသိထားတယ်ဆိုတာက Medical Term တွေနဲ့သိထားတာ။ Patient ကို ပြန်ရှင်းပြတဲ့အခါမှာကျတော့ Medical Term တွေနဲ့သွားပြောရင် သူတို့နားမလည်ဘူး (ဥပမာ- သွေးတိုးရောဂါအတွက် ဆေးတွေဆို ဒီဆေးက For Hypertension လို့ ပြောတာထက် For High Blood Pressure လို့ ပြောမှ သူတို့နားလည်တယ်)။ တစ်ချို့ဆေးတွေဆို Asthma ရှိရင်ပေးလို့မရဘူး။ အဲ့ဒါမျိုးဆို သူတို့ကို Asthma ရှိမရှိ အရင်မေးရမယ်။ Antibiotics တွေဆို တစ်ပတ်ဆို တစ်ပတ်ပြည့်အောင်သောက်ဖို့ သတိပေးရမယ်။ Anti-fungal cream တွေဆို ယားတာသက်သာသွားရင်တောင် (၂)ပတ်ဆက်လိမ်းပေးဖို့ ပြောရမယ်။ အဲ့ဒါမျိုးတွေပေါ့... ဆေးတစ်မျိုးစီအလိုက် Counseling Point တွေက အများကြီးရှိတယ်။ ရုတ်တရက်ကြီး Dispense ဆိုတော့ မှာစရာရှိတာတွေ မေ့ပြီးမမှာလိုက်မိမှာ အရမ်းစိုးတယ်။ နောက် ပထမဆုံးအကြိမ်ဆိုတော့ အရမ်းကြောက်တာလည်း ပါတယ်။ လောလောဆယ်မှာ Stress အများဆုံးကတော့ အဲ့ဒီ Training အချိန်ပဲ။ နောက် ဆေးတစ်မျိုးစီရဲ့ Maximum Dose တွေလည်း မှတ်ရသေးတယ်... ဥပမာ- Paracetamol ဆို Max dose: 4g/day တစ်နေ့(၈)လုံးထက် ပိုမသောက်ရဘူး။ တကယ်လို့ ဆရာဝန်က ပိုပေးထားမိတယ်ဆို ဆရာဝန်ကိုပြင်ပေးဖို့ ပြန်ပြောရမယ်။ အဲ့လိုမျိုးတွေ စုံနေတာပဲ။

တစ်ခုကောင်းတာကတော့ ကန်ဒီဆေးတွေအကြောင်းကို အရင်ကထက်အများကြီး ပိုသိလာတယ်။ ကျောင်းမှာသင်တယ်ဆိုတာက ဒီဆေးကို ဘယ်ရောဂါအတွက်သုံးတယ် ဆိုတာလောက်ပဲ။ အလုပ်မှာကျတော့ ဘယ်ရောဂါအတွက်ဆိုတာအပြင် ဘာတွေနဲ့တွဲမစားသင့်ဘူး... ဘယ်လိုလူနာတွေမှာ မပေးသင့်ဘူး။ အဲ့ဒါမျိုးတွေ အများကြီးပိုသိလာရတယ်။ OK OK... အလုပ်အကြောင်းတော်သင့်ပြီ။ 

ဒီနေ့ကစနေနေ့ဆိုတော့ ကန်ဒီစာမလုပ်တဲ့နေ့... လုံးလုံးနားတဲ့နေ့။ နေ့လည်အလုပ်ကအပြန် မေသင်းနဲ့ Jurong East က အသစ်ဖွင့်ထားတဲ့ "Jem" ဆိုတဲ့ Shopping Mall မှာ နေ့လည်စာ ပီဇာစားပြီး လျှောက်ကြည့်တယ်။ တော်တော်စုံတယ် ပြောရမယ်။ Buona Vista မှာ အသစ်ဖွင့်တဲ့ Mall ဆို ဘာဆိုဘာမှ မရှိဘူး။

ဒီပုံက မေသင်းပြင်ထားတာ... ကန်ဒီဆို အဲ့လောက်စိတ်မရှည်ဘူး ဟဟဟ xD


အဲ့ကအပြန်ကျတော့ မနက်ဖြန်ကထိန်အတွက် လုပ်အားပေးသွားတယ်။ ဖဲကြိုးလေးတွေလုပ်... လှူဖွယ်ပစ္စည်းတွေကို ကြိုးတွေနဲ့စည်း... အာလုံးပြီးလို့ အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးတော့မယ်။ အခုစာရေးရင်းတောင် အိပ်ချင်လာပြီ ၀ါးးးးး Zzzz...
 



► Sunday
အိပ်ရေးဝအောင်အိပ်ပြီး နိုးတာနဲ့ ကထိန်သွားတယ်။ ဟိုမှာ သတ်သတ်လွတ်ဒံပေါက်ကျွေးတယ်... ကြက်သားနေရာမှာ အသားတုနဲ့ ပိန္နဲသီးဟင်းထည့်ထားတာ စားလို့ကောင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့က ကန်ဒီသတ်သတ်လွတ်စားတဲ့နေ့။ ဟီးဟီး အမှန်အတိုင်းပြောရရင် အစက ဒံပေါက်ကျွေးမယ်ဆိုတော့ "ဗြဲ... သတ်သတ်လွတ်နေ့ကြီး စားလို့မရဘူး"ဆိုပြီး ၀မ်းပန်းတနည်း ဖြစ်သွားသေးတယ် (ကုသိုလ်တွေတော့ ရဦးမယ်... ကန်ဒီက ဒံပေါက်ကြိုက်လို့ပါ :D)။ နောက် သတ်သတ်လွတ်ဒံပေါက်ဆိုပြီးလည်း ကြေငြာရော ပျော်ပြီးထခုန်မတတ် xD xD

ငှက်ပျောသီးပေါင်းလည်း ကျွေးတယ်။ ဒီနေ့ကတော့ အဲ့ဒါပါပဲ။ ဓာတ်ပုံတွေအများကြီး မရိုက်ဖြစ်ဘူး။ ကန်ဒီ့ကင်မရာကို အားသွင်းဖို့ မေ့သွားလို့။ ရသလောက်အားလေးနဲ့တော့ ဗွီဒီယိုရိုက်ထားတယ်။ အဖွဲ့ထဲက ကန်ဒီနဲ့ခင်တဲ့ အစ်ကိုတစ်ယောက် ရိုက်ပေးထားတာ။ Editing ကတော့ ထုံးစံအတိုင်း ကန်ဒီလုပ်တာပေါ့ :D


ဒီအပတ်တော့ ဒီလောက်ပဲနော်...
Have a Nice Day ^_^

Sunday, November 10, 2013

The Funniest Photo ever

Hello...
အမှန်အတိုင်းပြောရရင် စာရေးရမှာ အားလည်းနာတယ်။ Beauty post တွေ မရေးဖြစ်တာ ကြာလှပြီ။ Diary post နဲ့တင် ပြီးနေတယ်။ ကန်ဒီသိသလောက်တော့ ကန်ဒီဆီလာလည်တဲ့လူတော်တော်များများက Beauty post တွေ ကြိုက်ကြတယ်။ ခုလောလောဆယ်တော့ အဲ့ဘက်မလှည့်နိုင်သေးလို့ ဆောရီးး(-.-')။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရားပွဲမှာသွားကူဖြစ်တယ်။ တရားလည်း နာရင်းပေါ့။ တရားပွဲအဆုံးမှာ အမြဲလုပ်လေ့ရှိတဲ့ အမေးအဖြေအစီအစဉ်လေးကို သဘောကျတယ်။

ကထိန်သင်္ကန်းအလှူငွေတွေ ကောက်ပေးနေတာ...

ကန်ဒီရုပ်ရှင်မကြည့်ဖြစ်တာ ကြာာာာလှပြီ။ မနေ့ကတော့ စိတ်ပြေလက်ပျောက် ရုပ်ရှင်သွားကြည့်တယ်။ ထောင်ဖောက်တဲ့ကား "Escape Plan" ဆိုတာ... ကောင်းတယ်။ ကန်ဒီကြည့်ချင်တဲ့ကားတွေ ဒီလကုန်လောက်ဆို ရုံတင်ပြီ။ "The Hobbit" ဒုတိယပိုင်းလည်း တင်မယ်။ နောက် "Frozen" ဆိုတဲ့ Disney Animation ကားလေးလည်း တင်မယ်(^_^)။ ဒီရက်ပိုင်း ကန်ဒီအစားတွေ အရမ်းစားနေတယ်။ စိတ်ဖိစီးမှုများရင် စားတယ်ဆိုတာ တကယ်မှန်တယ် ထင်တယ် (O_o)။ အရင်ကမစားတဲ့ သရေစာအချိုမုန့်တွေလည်း စားတယ်။ ကော်ဖီတွေ အအေးတွေလည်း အရင်ကထက် ပိုသောက်တယ်။ ဟီးး... ပြောရမယ်ဆို အစားနဲ့ပါးစပ်နဲ့ မပြတ်ဘူးဖြစ်နေတယ်။ အဲ့ဒါကိုယ့်ကိုကိုယ်သဘောမကျလွန်းလို့ မနေ့ကအသီးအနှံနဲ့ အရွက်တွေချည်း ၀ယ်လာတယ်။ ညစာကို Salad စားတယ်။


အပြင်စာချည်းစားနေရတာ စိတ်ပျက်လာလို့ တခါတလေအားတဲ့နေ့မျိုးဆို ထမင်း၊ဟင်းချက်ပြီး ထမင်းဗူးလေးထည့်သွားလို့ရအောင် Lunch box လေး ၀ယ်ထားတယ်။ အဲ့ဒါဝယ်တဲ့အချိန်ကစလို့ခုထိ တစ်ခါပဲထည့်ရသေးတယ် ဟဟဟ... ဟင်းချက်ဖို့မှ အချိန်မရှိတာကိုးးး(>.<)။ ဘာပဲဖြစ်ဖြစ် အဲ့ဒါလေးရှိနေတော့ ထမင်းဗူးထည့်လို့ရတယ်ဆိုပြီး တစ်ရက်တစ်လေဖြစ်ဖြစ် ဟင်းချက်ဖြစ်တာကိုပဲ ကျေးဇူးတင်ရမယ်(:P)။ ငယ်ငယ်ကကျောင်းသွားခါနီးဆို လွယ်အိတ်လေးလွယ်ပြီး ကျောင်းကားလာရင် ထမင်းဗူးထည့်ထားတဲ့ခြင်းလေး ကောက်ဆွဲသွားရုံပဲ။ အဒေါ်တွေက အကုန်အဆင်သင့်လုပ်ပေးထားတာကိုး။ ခုဒီမှာတော့ ထမင်းဗူးထည့်မယ့်နေ့ဆို (၁၅)မိနစ်လောက်က စောထရတယ်။ ပြီးရင် ဟင်းတွေနွေး၊ ဗူးထဲထည့် အကုန်ပြင်ဆင်ရတော့ အမြဲအဆင်သင့်လုပ်ပေးတတ်တဲ့ အဒေါ်တွေကို သတိရတယ်။


အဲ့ဒီ Lunch box လေးက VivoMart က... လက်ဆွဲတဲ့ဟာလေးကလည်း တစ်ခါလည်းပါတာ၊ Set လိုက်ပေါ့။ ထမင်းဗူးထည့်ဖို့ အိတ်သက်သက်ရှာနေစရာမလိုတော့ဘူး (^_^)။ ဟိုတရက်က "Humm... ကိုလေးနဲ့တောင် မတွေ့တာကြာပြီ" ဆိုပြီး ထူးထူးခြားခြား အတွေးထဲရောက်လာတယ်။ အဲ့နေ့မှာပဲ ကိုလေးက ကန်ဒီ့ဆီဖုန်းဆက်တယ်။ "အလုပ်အဆင်ပြေလား... ဆေးခန်းမှာဆိုတော့ ကျန်းမာရေးဂရုစိုက်... လိုအပ်ရင် Mask ၀တ်..." ဆိုပြီး သတိပေး၊ နောက် သူအားတဲ့အပတ်ကျရင် တစ်ခုခုသွားစားမယ်တဲ့။ လခရနေပြီဆိုတော့ အဲ့အခါကျရင် ကန်ဒီကျွေးပေါ့တဲ့။ ဒီစရောက်ကတည်းက အစ်ကိုတွေပဲ တစ်ခုမဟုတ်တစ်ခုကျွေးတယ်... ကန်ဒီတစ်ခါမှ မကျွေးဖူးသေးဘူး ဟီး(xD)။ စင်္ကာပူတစ်နိုင်ငံတည်းမှာ ရှိနေပြီး မတွေ့ဖြစ်ကြတာလည်း ဒီကထုံးစံပဲနော်။ အတူတူနေတဲ့ ကန်ဒီ့ညီမနဲ့တောင် အိပ်ခါနီးတစ်ချိန်လေးပဲ တွေ့တာဆိုတော့ အစ်ကိုတွေနဲ့ဆို တစ်နှစ်မှာဘယ်နှစ်ခါတွေ့လဲ လက်ချိုးရေလို့ရတယ်။ ကိုလေးက ကန်ဒီအလုပ်မရခင်တုန်းကလည်း မုန့်ဝယ်ဝယ်ကျွေးပြီး အမြဲအားပေးတယ်။ ပါးစပ်ကဘာမှမပြောဘဲ ဖုန်းဆက်ခေါ်ပြီး မုန့်ကျွေးတတ်တာ သူအားပေးတဲ့စတိုင်လ်ပဲ ဟဟဟ xD


ကန်ဒီပြောပြဖူးလားတော့ မသိဘူး။ ကန်ဒီ့မှာ ၀မ်းကွဲမောင်လေးတစ်ယောက်ရှိတယ်။ ၀မ်းကွဲဆိုပေမယ့် မောင်အရင်းလိုပါပဲ။ သူကအခုမှ (၁၆)နှစ်၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်စတက်မယ့်အရွယ်... ကန်ဒီသူ့ကိုဆုံးမတဲ့ပုံကို သူများတွေ့ရင် ရီမလားပဲ ဟီးးး(xD)။ ပုံမှန်ဆို ကန်ဒီ အဲ့လိုဘာမလုပ်နဲ့၊ ဘာလုပ်လို့ မပြောတတ်ဘူး။ ဆုံးမခဲတယ်။ ကိုယ့်မောင်ဆိုတော့ ဒီတစ်ခုတော့ မဖြစ်စေချင်ဘူး။ ကိုယ့်မောင်မှမဟုတ်ပါဘူး... လူငယ်တွေတိုင်းကို အဲ့ဆေးစွဲတာကြီးတော့ မဖြစ်စေချင်ဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ သူ့တို့ကို ဘာလုပ်၊ ဘာမလုပ်နဲ့ သွားပြောလို့မရတဲ့အရွယ်တွေမလား?? ကန်ဒီသူ့ကို Request လုပ်တာ အဲ့တစ်ခုပဲ။ ဆေးမစွဲစေဖို့၊ ဆေးမချဖို့... အဲ့ဒါစမိရင် လူညွှန့်တုံးပြီလေ။ မိဘကို မိဘမှန်းမသိ၊ ကိုယ်ဘာပြောလို့ ပြောနေမှန်းမသိတဲ့ ဘ၀မျိုးတော့ မရောက်စေချင်ဘူး။

ကန်ဒီ့မိသားစုအကြောင်းချည်းပြောနေလို့ ဖတ်တဲ့လူတွေ စိတ်ညစ်နေပြီလားတော့ မသိ။ ဒီနောက်ပိုင်း ကန်ဒီကိုယ့်မိသားစုကိုပဲ ပိုခင်တွယ်လာတယ်။ ဒါအသက်က စကားပြောလာတာလား... ဒါမှမဟုတ် တခြားခင်တွယ်စရာမရှိလို့လား ဟဟဟ(xD)။ နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ ကန်ဒီ့ကို (၂၅)နှစ်ဆို အလုပ်ကလူတွေအပါအ၀င် တော်တော်များများက မယုံကြဘူး။ ကိုယ့်ဟာကိုယ်တော့ ကန်ဒီ့အသက်နဲ့ ကန်ဒီ့ရုပ်နဲ့ ကိုက်တယ်ထင်တာပဲ။ Forever 25 ပဲ ဖြစ်ချင်တယ်... ဟဟဟ :P :P

Snapshot...

ပြီးခဲ့တဲ့အပတ်က ဓာတ်ပုံသွားရိုက်ထားတဲ့ ပုံတွေရပြီ။ ဒီတစ်ခေါက် ရိုက်ပေးတဲ့အစ်ကိုက ကန်ဒီနဲ့အရမ်းခင်တယ်။ Volunteer အဖွဲ့မှာ သိတဲ့အစ်ကိုပေါ့။ သူအကူအညီတောင်းထားတာ ကြာလှပြီ။ ကန်ဒီကလည်း စနေဆို အလုပ်ကပြန်လာပြီး သွားမရိုက်ချင်တာနဲ့ ကြာသွားတာ။ သူက တရားပွဲဓာတ်ပုံတွေနဲ့ ပန်းတွေရိုက်တာများတယ်။ Model တစ်ခါမှ မရိုက်ဖူးဘူး။ ကန်ဒီ့ကိုသာ အရမ်းခင်လို့ အကူအညီတောင်းတာ ထင်တယ်။



ကန်ဒီနဲ့ အရင်ကရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတွေအားလုံး ဘယ်သူမှမရီခိုင်းဘူး။ ဒီအစ်ကိုကတော့ ထူးထူးခြားခြား ရီခိုင်းတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ Fashion ကို အဓိကထားရိုက်မယ်ဆိုရင်တော့ မရီတာမှန်တယ်။ ကန်ဒီငယ်ငယ်က Fashion Show တွေကြည့်ရင် ဘာလို့မျက်နှာကြီးတွေ တည်နေကြတာလဲဆိုပြီး အမြဲစဉ်းစားတယ်။ ခုနောက်ပိုင်းမှ သိလာရတာက အဲ့လိုမျိုး Fashion ကို အသားပေးပြနေတဲ့အချိန်မှာ မျက်နှာကရီတာတို့၊ ပြုံးတာတို့လုပ်လိုက်ရင် ကြည့်နေတဲ့လူတွေရဲ့အာရုံက မျက်နှာကိုပိုရောက်သွားတယ်။ ၀တ်ထားတဲ့အရာပေါ်မှာ မရှိတော့ဘူး။ အဲ့ဒါကြောင့် မရီ၊ မပြုံးရတာ...

O_o ????

ဒီပုံကတော့ ဓာတ်ပုံဆရာအကြိုက်။ သူဘာကိုကြိုက်လဲတော့ ကန်ဒီလည်း မသိဘူး... ကန်ဒီ့မျက်လုံးထဲမှာတော့ တော်တော်ဆိုးတယ် ဟဟဟ(xD)။ မသိရင် ရန်ဖြစ်တာကြနေတာပဲ... သူခါးထောက်ခိုင်းလို့သာ နှစ်ဖက်လုံး ခါးထောက်လိုက်ရတယ် ကိုယ့်ဟာကိုယ် ဘာ Pose ဖြစ်နေမှန်း စဉ်းစားလို့ကို မရတာ။ ခန္ဓာကိုယ်ကလည်း ရထားသံလမ်းကြနေတာပဲ၊ မျဉ်းပြိုင်နှစ်ကြောင်းဆွဲရင်တောင် အဲ့လောက်ညီမှာမဟုတ်ဘူး။ ကန်ဒီနဲ့မြန်မာဝတ်စုံနဲ့ မလိုက်ဘူးဆိုတာ အဲ့ဒါပဲကြည့်။ ကန်ဒီ့မှာ မြန်မာဝတ်စုံနဲ့လိုက်တဲ့ ခန္ဓာကိုယ်မရှိဘူး (>.<)။ ဒါပေမယ့် မြန်မာဝတ်စုံဝတ်ရတာတော့ အရမ်းကြိုက်တယ်။ ၀တ်မယ်ဆိုလည်း ၀တ်စုံပြည့် အပေါ်အောက်လိုက်ဖက်တာမျိုးပဲ ၀တ်ချင်တယ်။ ထမီနဲ့ အပေါ်ကတီရှပ်ကြီးနဲ့ဝတ်တာမျိုး လုံးဝ(လုံးဝ)မကြိုက်ဘူး။ Okie... ဒီအောက်ကပုံလေးတွေကတော့ အဲ့ဒီအစ်ကိုရိုက်တဲ့ထဲက ကန်ဒီအကြိုက်ဆုံးပုံလေးတွေ ^_^




အစ်မတစ်ယောက်က သူစိတ်ဓာတ်ကျနေတဲ့အချိန်မျိုးဆို ကန်ဒီ့ဘလော့ဂ်ဖတ်လိုက်ရင် အားရှိတယ်တဲ့။ အဲ့စကားကြားရတာ စိတ်အရမ်းချမ်းသာတာပဲ။ တစ်ချိန်တည်းမှာပဲ "ငါရေးတဲ့ထဲမှာ စိတ်အားတက်စရာရော ပါရဲ့လား" ဆိုပြီး ပြန်စဉ်းစားကြည့်မိတယ်။ အဖြေခုထိမရသေးဘူး... အဲ့လိုတော်တာ(>.<)။ ဘာပဲဖြစ်ဖြစ် အဲ့လိုဖတ်တဲ့သူကို တစ်ခုခုပေးတယ်ဆိုတာ ကြားရရုံနဲ့တင် ပျော်ပါတယ်(:D)။ ဒီနေ့ ကန်ဒီအရမ်းကြိုက်တဲ့၊ ကန်ဒီစိတ်ဓာတ်ကျတိုင်း နားထောင်လေ့ရှိတဲ့ သီချင်းလေးတစ်ပုဒ် ရှယ်မယ် ^_^


Have a Nice Day^^

Sunday, November 3, 2013

Don't misuse Facebook!!

ဒီနေ့စနေ Public Holiday ပိတ်ရက်လေး အပီနားပြီး စာလုပ်မယ်လို့ ကြံစည်ထားသော်ငြားလည်း... ပြောထားပြီးသားကိစ္စတွေက ပေါ်လာတာနဲ့ မနက်အစောကြီးထပြီး Botanic Garden ကို ဓာတ်ပုံရိုက်ဖို့ ရောက်သွားပါလေရော။ အဲ့ကပြန်ရောက်တော့ ညနေ(၃)နာရီလောက်။ ဟိုဘက်အခန်းမှာနေမယ့် အသစ်ကောင်မလေးတစ်ယောက်ကလည်း ဒီနေ့ပဲပြောင်းလာတယ်။ အဲ့ဒါသူ့ကို အိမ်သန့်ရှင်းရေးကိစ္စတွေဘာတွေ ပြောမယ်ဆိုတော့ ကိုယ်ကအရင်အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ကိုယ်ကစံပြဖြစ်မနေဘဲ သူများကို ဒါလုပ်လို့သွားပြောလို့မရဘူးမလား...

At Botanic Garden...

အဲ့ဒါနဲ့ပက်သက်လို့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ကန်ဒီ့ကို အစ်ကိုတစ်ယောက်ပြောပြဖူးတာ။ မှတ်မိသလောက်ပြောပြရရင်... ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ တိုင်းသူပြည်သားတွေယုံကြည်အားထားရတဲ့ ဆရာကြီးတစ်ဦးရှိတယ်တဲ့။ တနေ့မှာ အမျိုးသမီးတစ်ဦးဟာ အဲ့ဆရာကြီးဆီလာပြီး သူ့သားလေးက အချိုအရမ်းစားလို့ မစားအောင်ဆုံးမပေးပါလို့ ဆရာကြီးထံ တောင်းဆိုသတဲ့။ အဲ့ဒါနဲ့ဆရာကြီးက အဲ့ဒီအမျိုးသမီးကို ကောင်းပြီ... သူဆုံးမပေးမယ်။ နောက်တစ်လနေရင် လာခဲ့လို့ပြောသတဲ့။ အဲ့ဒါနဲ့ တစ်လကြာတဲ့အခါ အဲ့အမျိုးသမီးက ဆရာကြီးဆီပြန်လာသတဲ့။ အဲ့ဒီအခါဆရာကြီးက သူ့သားလေးမျက်နှာကိုကြည့်ပြီး "သား... နောက်ဆိုအချိုတွေအများကြီး မစားနဲ့နော်" လို့ပြောသတဲ့။ ကောင်လေးကလည်း ဆရာကြီးကို "ဟုတ်ကဲ့"ဆိုပြီး ခေါင်းညိတ်ပြတယ်တဲ့။ အဲ့ဒါကိုကြည့်ပြီး အမေဖြစ်သူအမျိုးသမီးက မကျေမချမ်းနဲ့ "ဆရာကြီးရယ်... ဒီစကားလေးတစ်ခွန်းပြောဖို့ကို ဘာလို့များ တစ်လနေမှလာခဲ့ဖို့ ချိန်းရပါသလဲ"တဲ့။ အဲ့ဒါနဲ့ ဆရာကြီးက "လွန်ခဲ့တဲ့တစ်လလောက်က ငါလည်းအချိုအရမ်းစားတယ်... ဒီကလေးကိုဆုံးမဖို့အတွက် ငါကိုယ်တိုင်လည်း အချိုလျော့စားမှ ဖြစ်မှာပေါ့"လို့ ဖြေလိုက်တယ်တဲ့။ ဘယ်လောက်အတုယူစရာကောင်းတဲ့ ပုံပြင်လေးလဲနော်...

အဲ... ခုနကပြောတာ ပြန်ဆက်ရရင် ကန်ဒီ သူ့ကိုသန့်ရှင်းရေးကိစ္စပြောမယ်ဆိုလို့ ကြီးကြီးကျယ်ကျယ်ထင်နေဦးမယ်။ "အမြင်မတော်တာရှိရင် တံမြတ်စည်းလှဲပါ" ဒီလောက်ပဲ ပြောတာပါ။ ကန်ဒီတို့အိမ်မှာ သူများအိမ်တွေလို သန့်ရှင်းရေးအတွက် ဘယ်နေ့ဘယ်သူဘာလုပ်ဆိုပြီး Schedule မရှိဘူး။ ဒီအသက်အရွယ်တွေပဲရောက်နေပြီ... ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ်လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မလုပ်တော့လည်း ကန်ဒီပဲလုပ်ပေါ့... ဟဟ ဒါတွေက ကျင့်သားရနေပါပြီ။ ကိုယ်ရှင်းထားတာ မဖွရင်ဘဲ တော်တော်ကျေးဇူးတင်တယ် (တကယ် xD)။ အဲ့ဒါသူ့ကိုပြောစရာရှိတာပြောပြီး စာထိုင်လုပ်... စာလုပ်ပြီးရင် ကိုယ့်ကိုကိုယ်ဆုချတဲ့အနေနဲ့ Blog ရေးမယ်ပေါ့။ အဲ့လိုတွေးထားရင် ဒါပြီးရင် ငါလုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး လုပ်ရမယ့်ဟာတွေ ပြီးအောင်လုပ်ဖြစ်တယ်(xD)။ အဲ့ဒါကန်ဒီငယ်ငယ်ထဲကလုပ်တဲ့ အကျင့်တစ်ခုပဲ။ ကိုယ်မဖြစ်မနေလုပ်ရမယ့်ဟာ လုပ်စရာရှိတာလုပ်ပြီးသွားရင် ကိုယ်ကြိုက်တဲ့ဟာတစ်ခုခုလုပ်ပြီး ကိုယ့်ကိုကိုယ်ဆုချတယ်။ ၀ါးးး... အိပ်ချင်လာပြီ... မနက်ဖြန်မှ ဆက်ရေးတော့မယ် Zzzzz -.-

Sunday 8am
Morning ^_^
ကော်ဖီတစ်ခွက်ဘေးချပြီး စာဆက်ရေးရင် ဒီနေ့ညနေ Arena Country Club မှာ ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ မေတ္တာရှင်ဆရာတော် တရားပွဲရှိတယ်။ တကယ်တော့ မနေ့ကလည်း တရားပွဲရှိတယ်။ မနေ့က သိတဲ့အတိုင်း တနေကုန်ရှုပ်နေတာနဲ့ မသွားလိုက်ရဘူး။ ဒီနေ့တော့ သွားရမယ်။


ကန်ဒီငယ်ငယ်လေးတုန်းကပြတဲ့ ကလေးဆရာဝန်က လေးဘက်နာဖြစ်မှာစိုးလို့ဆိုပြီး Penicillin ကို (၂)နှစ်သောက်ခိုင်းလိုက်ပြီးကတည်းက ဆေးဆိုသောက်ကိုမသောက်ချင်တော့တာ။ Penicillin အနံ့ကလည်း တော်တော်ဆိုးတာကိုး။ အဲကတည်းက တော်ရုံတန်ရုံဖြစ်ရင် ဆေးမသောက်တာများတယ်။ ခုတော့ မရတော့ဘူး။ VitaminC တော့ သောက်မှဖြစ်မယ်။ ဆေးခန်းမှာဆိုတော့ နေမကောင်းဖြစ်ဖို့ အရမ်းလွယ်တယ်။ တခါတလေ ချောင်းဆိုချင်သလိုလို၊ လည်ချောင်းယားသလိုလို ဖြစ်တယ်။ လူနာနဲ့တွေ့ပြီးရင် လက်ဆေးဖို့ အမြဲမေ့တာလည်းပါတယ် (ဒါတောင်ကိုယ်က သူများတွေလို စကားအကြာကြီးပြောပြီး အမြဲတွေ့ရတာမဟုတ်သေးဘူး)။ အလုပ်ကလူတွေက VitaminC သောက်ထားတဲ့။ VitaminC က Immune system အတွက် ကောင်းတယ်။ အဲ့ဒါနဲ့အခု အဲ့ဒါသောက်နေတယ် (ဖျားမှမဖျားချင်တာ)။ ဆေးတစ်လုံးတစ်လုံးက ဘာကိစ္စဒီလောက်ကြီးရတာလဲ Gerrrr >.<


ကန်ဒီ့ညီမပို့လာတာ... ဟဟ ကန်ဒီနဲ့ တော်တော်တူတယ်နော်။ ရုတ်တရက်ကြည့်လိုက်တော့ ကိုယ့်ဟာကိုယ်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကန်ဒီ့ပုံကို ပိုလှအောင် သူများ Edit လုပ်လိုက်တာလားလို့(xD)။ Facebook မှာ အစ်မတစ်ယောက်တင်ထားတဲ့ Status လေး ပြဦးမယ်။ ကိုယ်တိုင်ဖတ်ပြီး အရမ်းအံသြမိသလို ဖတ်မိတဲ့သူတွေအတွက်လည်း သင်ခန်းစာရစေချင်လို့ပါ။




အဲ့ဒါစင်္ကာပူမှာဖြစ်တာနော်။ မြန်မာပြည်မှာလို့ မထင်လိုက်နဲ့ဦး။ စ,စဖတ်ချင်တော့ အင်တာနက်ဆိုင်ကလူကြီးကို အမြင်ကတ်သလိုလို။ ဟုတ်တယ်လေ... စဉ်းစားကြည့်ပါဦး Gmail နဲ့ Facebook Account လေးဖွင့်တာ SGD 10/ SGD 15 ယူတယ်ဆိုတော့... ကန်ဒီဖွင့်ပေးလိုက်ရင်တောင် (၁၀)မိနစ်မကြာဘူး။ နောက်ပြန်တွေးကြည့်တော့လည်း ဒါသူတို့စီးပွားရေးပဲလေပေါ့။ ဆက်ဖတ်ရင်း ဟိုကောင်မလေးတွေ စကားပြောတဲ့နားရောက်လာတော့ မျက်လုံးပြူးမျက်ဆံပြူးတွေ ဖြစ်လာတယ်။ စင်္ကာပူထိတောင်ရောက်လာပြီး ဘာလို့များ အဲ့လိုအတွေးတွေနဲ့ ပိုက်ဆံအကုန်ခံ Facebook Account ဖွင့်ပြီး ဒီလိုတွေလုပ်ဖို့ ကြိုးစားနေကြလဲပေါ့။ အစ်မအစမှာရေးခဲ့သလို ပညာမတတ်ကြလို့ပဲလား?? ဒါမှမဟုတ် သူတို့ကြီးပြင်းတဲ့ လူ့ပတ်ဝန်းကျင်ကြောင့်လား?? အဲ့လိုဆိုတော့လည်း သူတို့ကိုအပြစ်တင်လို့ မရပြန်ဘူး။ အဲ့ဒါမျိုးတွေ ဖတ်ရတဲ့အခါ စိတ်မကောင်းဘူး။ မြန်မာမိန်းကလေးတွေကို အမြင်ကျယ်စေချင်တယ်။ အင်တာနက်ကိုအကျိုးရှိရှိ အသုံးချတတ်စေချင်တယ်။

တဆက်တည်း နောက်ဇာတ်လမ်းတစ်ပုဒ် ထပ်ပြောပြဦးမယ်။ တရက်ကန်ဒီ့ Facebook Message box ထဲကို စာတစ်စောင်ဝင်လာတာနဲ့ ဖတ်လိုက်တော့ ကန်ဒီ့ Friend list ထဲက လူတစ်ယောက်က သူစင်္ကာပူမှာအလုပ်လုပ်ချင်လို့ အေးဂျင့်ဈေးဘယ်လောက်လောက်ရှိလဲ သိချင်ပါတယ်တဲ့။ ကူညီပါ ဘာညာပြောပြီး ကိစ္စရှိရင် Viber နဲ့ မေးလို့ရအောင် ကန်ဒီ့ဖုန်းနံပါတ်တောင်းတော့ ကိုယ်ကလည်း အကူအညီလိုနေတဲ့သူပဲဆိုပြီး ပေးလိုက်မိတယ်။ ကန်ဒီလည်း အေးဂျင့်နဲ့တစ်ခါမှ မလုပ်ဖူးတော့ သူငယ်ချင်းတစ်ယောက်ကို မေးပေးမယ်လို့စာပြန်ပြီး မေးပေးတာပေါ့။ မေးပေးပြီး သူ့ကိုပြန်ပြောတော့... "နောက်တာပါ။ သူ့မှာ အလုပ်ရှိပြီးသားပါ"တဲ့။ ဘယ်လောက်အမြင်ကတ်ဖို့ ကောင်းလဲ အဲ့ဒါသာကြည့်။ ပြီးတော့ Viber ကနေ ပို့လာတဲ့ Message တွေကိုလည်း ကြည့်ဦး။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ အဲ့လိုလူကို အကူအညီလိုသလိုလိုနဲ့ အယုံသွင်းတတ်တဲ့လူတွေလည်း ရှိသေးတယ်ဆိုတာ ကန်ဒီ့အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူနော်...


Have a Nice Sunday ^_^