Sunday, November 17, 2013

Stress + ကထိန်

Hello...
ဒီရက်ပိုင်းတွေ အရမ်း အရမ်း အရမ်း Stress များတယ်။ အလုပ်က Training တွေနဲ့တင် လူလည်းလုံးလည်လိုက်ပြီး ရူးတော့မယ်။ ညညဆို Assignment လုပ်ရတာအပြင် သူတို့ ဒီနေ့မေးထားတာတွေလည်း နောက်နေ့ဖြေနိုင်အောင် ကြည့်ရသေးတယ်။ တစ်နေ့တစ်နေ့ (၄)နာရီ၊ (၅)နာရီလောက်ပဲ အိပ်ရတယ် (ညည်းတာအရမ်းများ များသွားပြီလား >.<)။ ကန်ဒီ့ကို Dispensing စသင်နေပြီလေ။ Training ပေးနေတာ (၃) (၄)ရက်ပဲရှိသေးတာကို ဘာမပြောညာမပြောနဲ့ "The one is easy, you dispense" ဆိုတော့... အဲ့မှာတင် သွားတာပဲ။ ပထမဦးဆုံး Dispensing... လက်တွေရော၊ အသံတွေရော တုံနေတာ... သေချာလည်း မရှင်းပြနိုင်ဘူး (Failed)။ နောက်နေ့ ဒုတိယအကြိမ်မြောက် Dispense လုပ်တော့လည်း လက်နဲ့အသံက တုံတုန်း။ အဲ့ဒါ Patient ကတောင် ကန်ဒီ့ကို "Calm Calm... You're good" ဆိုပြီး ပြန်အားပေးသွားရတယ် ဟဟဟ xD

ကန်ဒီက ခုမှ Counseling Point တွေကို စလေ့လာတုန်းရှိသေးတယ်လေ။ နောက် ကိုယ်ကသိထားတယ်ဆိုတာက Medical Term တွေနဲ့သိထားတာ။ Patient ကို ပြန်ရှင်းပြတဲ့အခါမှာကျတော့ Medical Term တွေနဲ့သွားပြောရင် သူတို့နားမလည်ဘူး (ဥပမာ- သွေးတိုးရောဂါအတွက် ဆေးတွေဆို ဒီဆေးက For Hypertension လို့ ပြောတာထက် For High Blood Pressure လို့ ပြောမှ သူတို့နားလည်တယ်)။ တစ်ချို့ဆေးတွေဆို Asthma ရှိရင်ပေးလို့မရဘူး။ အဲ့ဒါမျိုးဆို သူတို့ကို Asthma ရှိမရှိ အရင်မေးရမယ်။ Antibiotics တွေဆို တစ်ပတ်ဆို တစ်ပတ်ပြည့်အောင်သောက်ဖို့ သတိပေးရမယ်။ Anti-fungal cream တွေဆို ယားတာသက်သာသွားရင်တောင် (၂)ပတ်ဆက်လိမ်းပေးဖို့ ပြောရမယ်။ အဲ့ဒါမျိုးတွေပေါ့... ဆေးတစ်မျိုးစီအလိုက် Counseling Point တွေက အများကြီးရှိတယ်။ ရုတ်တရက်ကြီး Dispense ဆိုတော့ မှာစရာရှိတာတွေ မေ့ပြီးမမှာလိုက်မိမှာ အရမ်းစိုးတယ်။ နောက် ပထမဆုံးအကြိမ်ဆိုတော့ အရမ်းကြောက်တာလည်း ပါတယ်။ လောလောဆယ်မှာ Stress အများဆုံးကတော့ အဲ့ဒီ Training အချိန်ပဲ။ နောက် ဆေးတစ်မျိုးစီရဲ့ Maximum Dose တွေလည်း မှတ်ရသေးတယ်... ဥပမာ- Paracetamol ဆို Max dose: 4g/day တစ်နေ့(၈)လုံးထက် ပိုမသောက်ရဘူး။ တကယ်လို့ ဆရာဝန်က ပိုပေးထားမိတယ်ဆို ဆရာဝန်ကိုပြင်ပေးဖို့ ပြန်ပြောရမယ်။ အဲ့လိုမျိုးတွေ စုံနေတာပဲ။

တစ်ခုကောင်းတာကတော့ ကန်ဒီဆေးတွေအကြောင်းကို အရင်ကထက်အများကြီး ပိုသိလာတယ်။ ကျောင်းမှာသင်တယ်ဆိုတာက ဒီဆေးကို ဘယ်ရောဂါအတွက်သုံးတယ် ဆိုတာလောက်ပဲ။ အလုပ်မှာကျတော့ ဘယ်ရောဂါအတွက်ဆိုတာအပြင် ဘာတွေနဲ့တွဲမစားသင့်ဘူး... ဘယ်လိုလူနာတွေမှာ မပေးသင့်ဘူး။ အဲ့ဒါမျိုးတွေ အများကြီးပိုသိလာရတယ်။ OK OK... အလုပ်အကြောင်းတော်သင့်ပြီ။ 

ဒီနေ့ကစနေနေ့ဆိုတော့ ကန်ဒီစာမလုပ်တဲ့နေ့... လုံးလုံးနားတဲ့နေ့။ နေ့လည်အလုပ်ကအပြန် မေသင်းနဲ့ Jurong East က အသစ်ဖွင့်ထားတဲ့ "Jem" ဆိုတဲ့ Shopping Mall မှာ နေ့လည်စာ ပီဇာစားပြီး လျှောက်ကြည့်တယ်။ တော်တော်စုံတယ် ပြောရမယ်။ Buona Vista မှာ အသစ်ဖွင့်တဲ့ Mall ဆို ဘာဆိုဘာမှ မရှိဘူး။

ဒီပုံက မေသင်းပြင်ထားတာ... ကန်ဒီဆို အဲ့လောက်စိတ်မရှည်ဘူး ဟဟဟ xD


အဲ့ကအပြန်ကျတော့ မနက်ဖြန်ကထိန်အတွက် လုပ်အားပေးသွားတယ်။ ဖဲကြိုးလေးတွေလုပ်... လှူဖွယ်ပစ္စည်းတွေကို ကြိုးတွေနဲ့စည်း... အာလုံးပြီးလို့ အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးတော့မယ်။ အခုစာရေးရင်းတောင် အိပ်ချင်လာပြီ ၀ါးးးးး Zzzz...
 



► Sunday
အိပ်ရေးဝအောင်အိပ်ပြီး နိုးတာနဲ့ ကထိန်သွားတယ်။ ဟိုမှာ သတ်သတ်လွတ်ဒံပေါက်ကျွေးတယ်... ကြက်သားနေရာမှာ အသားတုနဲ့ ပိန္နဲသီးဟင်းထည့်ထားတာ စားလို့ကောင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့က ကန်ဒီသတ်သတ်လွတ်စားတဲ့နေ့။ ဟီးဟီး အမှန်အတိုင်းပြောရရင် အစက ဒံပေါက်ကျွေးမယ်ဆိုတော့ "ဗြဲ... သတ်သတ်လွတ်နေ့ကြီး စားလို့မရဘူး"ဆိုပြီး ၀မ်းပန်းတနည်း ဖြစ်သွားသေးတယ် (ကုသိုလ်တွေတော့ ရဦးမယ်... ကန်ဒီက ဒံပေါက်ကြိုက်လို့ပါ :D)။ နောက် သတ်သတ်လွတ်ဒံပေါက်ဆိုပြီးလည်း ကြေငြာရော ပျော်ပြီးထခုန်မတတ် xD xD

ငှက်ပျောသီးပေါင်းလည်း ကျွေးတယ်။ ဒီနေ့ကတော့ အဲ့ဒါပါပဲ။ ဓာတ်ပုံတွေအများကြီး မရိုက်ဖြစ်ဘူး။ ကန်ဒီ့ကင်မရာကို အားသွင်းဖို့ မေ့သွားလို့။ ရသလောက်အားလေးနဲ့တော့ ဗွီဒီယိုရိုက်ထားတယ်။ အဖွဲ့ထဲက ကန်ဒီနဲ့ခင်တဲ့ အစ်ကိုတစ်ယောက် ရိုက်ပေးထားတာ။ Editing ကတော့ ထုံးစံအတိုင်း ကန်ဒီလုပ်တာပေါ့ :D


ဒီအပတ်တော့ ဒီလောက်ပဲနော်...
Have a Nice Day ^_^

4 comments:

Ma Tint said...

တီတင့်လဲ ခရီးသွားလုလင်ဘ၀ကို ရောက်မှန်းမသိရောက်နေလို့ အခုမှအလည်ရောက်တော့တယ် သိကြားလုံးလေးရေ.. အခွင့်အရေးဆိုတာ နောက်တစ်ခေါက်အတွက် မသေချာတာမို့ အသက်အရွယ်ငယ်တုန်း ရနိုင်သမျှ အသိပညာ အတတ်ပညာတွေ စုစည်းထားပေါ့ကွယ်။ ကထိန် ဗီဒီယိုဖိုင်လေးကြည့်ချင်တာ ကွန်နက်ရှင်က မတက်ပြန်ဘူး :D သာဓု သာဓု သာဓု။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးငွေ့........ said...

အတော်ပဲ နောက်ဆို ဘာဖြစ်ရင် ဘာဆေးစားရမယ်ဆိုတာ အကြံဥာဏ်တောင်းလို့ရပြီ...။ မအားတဲ့ကြားက ပင်ပန်းနေတဲ့ကြားက ကထိန်အလှူကိုသွားကူနိုင်တဲ့အတွက် သာဓုသုံးကြိမ်ခေါ်ပါတယ် ချိုချဉ်လေးရေ...။ အစ်မလဲ ခရီးသွားနေတာ ပြင်ဦးလွင်ကို အလှူတစ်ခုသွားလှူတာ အခုဒီပို့စ်ကို အပြန်ကားပေါ်မှာ ဖုန်းနဲ့ဖတ်လာတာ ကော်မန့်ကတော့ ခုမှပေးဖြစ်တယ်..။

မောင်သစ္စာ said...

ကတောက်...ငှက်ပျောသီးပေါင်းတီးလိုက်ရလို့ကတော့ကွာ....ဘာပြောကောင်းမလည်း...:D။ ကျန်းမာပါစေချမ်းသာပါစေဗျာ..သွားလေရာလာလေရာခလုတ်မထိဆူးမငြိပဲအနာမျိုးရောဂါကင်းရှင်းပါစေဘေးကင်းပါစေသူတော်ကောင်းနဲ့တွေ့ပါစေ...ဟဟဟငယ်ငယ်ကအမေကြီးကိုကန်တော့ရင်အလို..ဆုပေးနေတာသတိရလို့...
အေးကွာ..တချိန်ကျရင်ကိုယ်ကြိုးစားရတဲ့ကိုယ်အားဥာဏ်အားတွေတွက်တချိန်ကျအသီးအပွင့်တွေ စားရမှာပဲ...လို့နှလုံးသွင်းပါလေ....:D

ကူးကူးလှိုင် said...

ကန်ဒီရေ ကြိုးစားထားနော် အလုပ်ဆိုတာ အစကတော့ အားလုံးဒီလိုပါပဲ နောက်တော့အသားကျသွားမှာပေါ့