Sunday, November 24, 2013

Sunday Drama?!

Ready for Drama?!
တနေ့သ၌ ကန်ဒီသည် အိပ်ယာခင်းလဲရန် ပြင်ဆင်ရာ... ကုတင်ပေါ်မှပစ္စည်းများကို သင့်တော်ရာနေရာသို့ အရင်ရွေ့လေသည်။ ကုတင်ပေါ်တွင် ထောင်ထားနေကျ White Board ကို ကုတင်အောက်ချစဉ်... White Board ပေါ်တွင် ချိတ်ထားနေကျဖြစ်သော ပန်းခွေလေးသည် တစုံတခုနှင့်တိုက်မိ၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်... ဒန် တန် တန်... (ဇာတ်ရှိန်မြင့်သောအခန်းဟု သတ်မှတ်ပါလေ)။ ထိုစဉ်... မျက်လုံးအစုံသည် White Board ပေါ်တွင် ပန်းခွေဖြင့်ဖုံးထားလေ့ရှိသော ဓာတ်ပုံအား အကြည့်ရောက်သွားလေရာ *ဒိုင်းးးး* မေ့ထားသည်မှာ ကြာပြီဖြစ်သော အကြောင်းအရာတချို့သည် နှလုံးအိမ်တွင်းသို့ အစီအရီ တွန်းတိုက်လူးလိမ့် ၀င်လာလေတော့သတည်း။



ထိုအရာကို အသည်းကွဲခြင်းဟု အမည်တပ်ပါမူ ရှုံ့ချည်နှပ်ချည်ဖြင့် ၀န်ခံရမည်သာ။ ပျော့ညံ့လွန်းလှသည်ဟုထင်၍ ဘယ်သောအခါမှ ၀န်မခံခဲ့ဖူးပါ။ အမုန်းတရားများဖြင့်လည်း ကိုယ့်ကိုကိုယ် လိမ်ညာခဲ့ဖူးပါသည်။ ကံတရားကိုပဲ အပြစ်ပုံချရမည်လား... သို့သော် ကံသည် အလုပ်သာဖြစ်သည်။ ကိုယ်တိုင်အားနည်းချက်များရှိခဲ့သလို သူ့တွင်လည်း လိုအပ်ချက်များရှိခဲ့သည်။ ဝေးနေရခြင်းများက တစ်ယောက်ချင်းစီ၏ အားနည်းချက်ကိုယ်စီကို ပိုမိုပံ့ပိုးအားပေးသည်။ ထိုအခြင်းအရာများကြောင့်သာ ဇာတ်သိမ်းမလှခဲ့ခြင်းဖြစ်သည်။ နောင်တရချင်သော်လည်း တကယ်တမ်းဆိုသော် ထိုအချိန်များသည် ဘ၀၌ အပျော်ရွှင်ရဆုံးသောအချိန်များ ဖြစ်ခဲ့သည်ကိုတော့ ခုချိန်ထိ ငြင်းနိုင်စွမ်းအား မရှိပါချေ။

ဒီတစ်ကြိမ်လည်း ထိုဓာတ်ပုံသည် ထိုပန်းခွေနောက်တွင် ရှိမြဲ ရှိဆဲ...


****************************************************************

ညညဆို(၃)နာရီလောက်မှ အိပ်ရတော့ မနက်ရောက်ရင် (၇)နာရီခွဲအိမ်ကထွက်ရမှာ (၇)နာရီ(၁၅)မိနစ်မှ အိပ်ယာကနိုးတယ်။ အဲ့ဒါမနက်စာလည်း အိမ်မှာမစားနိုင်၊ ဒီတနင်္ဂနွေမနက် မနက်စာစားမယ်ကြည့်လိုက်တော့ ၀ယ်ထားတဲ့ ပေါင်မုန့်တွေကမှိုတက်၊ အဲ့ဒါနဲ့ ရေခဲသေတ္တာထဲက သူများပလာတာနဲ့ နှစ်ပါးသွားလိုက်ရတယ်။ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ :(


မနက်စာစားပြီး စာလုပ်၊ ညနေ(၃)နာရီမှပြီးလို့ ခုမှစာရေးနိုင်တော့တယ်။ ၀မ်းသာစရာက ကန်ဒီ Assignment တင်ဖို့ နောက်ဆုံးတစ်ပိုင်းပဲ ကျန်တော့တယ်။ နောက်တစ်ပတ်ကျော်ကျော်လောက်ဆိုရင်တော့ ဒီဝဋ်ကလွတ်ပြီ ထင်ရတာပဲ။ နောက်ထပ် ထပ်ပေးရင်တော့ မပြောတတ်ဘူး >.<


Humm... ဒီရက်ပိုင်း နားထောင်ဖြစ်နေတာက ၀ိုင်းစုခိုင်သိန်းရဲ့ "အာဘွား"အယ်လ်ဘမ်။ သီချင်းအားလုံးနီးပါး ကြိုက်တယ်။ သြော်...နောက်တစ်ခု၊ ကန်ဒီကြည့်ကြည့်နေတယ်... စင်္ကာပူမှာရှိတဲ့ ယောက်ျားလေးတော်တော်များများ(အားလုံးနီးပါး)က Weekend တွေ၊ အထူးသဖြင့် စနေနေ့ညတွေဆို သူတို့ကို အရက်၊ ဘီယာသောက်ကိုသောက်ရမယ်လို့များ ဘယ်သူတွေ သတ်မှတ်ပေးထားကြလို့လဲ မသိဘူး... အဲ့နေ့ရောက်တယ်ဆိုတာနဲ့ကို သောက်ကြတော့တာပဲ။ အဲ့ဒါ ဒီမှာမို့လို့လား?? ဒီမှာမိဘတွေမရှိလို့ လွတ်လွတ်လပ်လပ်နေရလို့ သောက်တာလား?? မြန်မာပြည်က လူတွေရော အဲ့လိုပဲလားဆိုတာ သိချင်တယ် ဟဟဟ(xD)။ ကြံကြံဖန်ဖန် ဘယ်ကမှန်းမသိ ခေါင်းထဲဝင်လာတဲ့ အတွေးလေးပါ။

အင်း... လွတ်လွတ်လပ်လပ်နေတာနဲ့ပတ်သက်ပြီး ဆက်ပြောရရင် ကန်ဒီကိုယ်တိုင်လည်း ပါပါတယ်။ ဒီမှာကျတော့ ကိုယ်သွားချင်တဲ့ဆီ ခုသွားချင်တယ်ဆိုတာနဲ့ ကောက်ထသွား၊ ပြန်ချင်တဲ့အချိန်မှ ပြန်လာ။ မိဘတွေမရှိတော့ ခွင့်တောင်းနေစရာမလိုဘူး။ မိဘစိတ်ပူမှာလည်း စိုးရိမ်နေစရာမလိုဘူး။ အခုနေ ကန်ဒီရန်ကုန်ပြန်သွားကြည့်ပါလား... ချက်ချင်းကြီး နေတတ်မှာမဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ရန်ကုန်ကိုလည်း ကန်ဒီမကျွမ်းကျင်ဘူး။ ဟိုမှာနေတုန်းကဆို ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာ အိမ်ကလိုက်ပို့နေတာကိုး။ ကိုယ့်ဟာကိုယ်သွားဆို မသွားတတ်တော့ဘူး။ Woww... ခုမှစဉ်းစားမိတယ်။ ကန်ဒီရန်ကုန်မပြန်တာ (၃)နှစ်တောင်ရှိပြီ။ အများကြီး ပြောင်းလဲနေမှာပဲနော်။ ကန်ဒီထွက်လာခါစကဆို လူတန်းစေ့ ဖုန်းမကိုင်နိုင်သေးဘူး။ နောက် ကားတွေလည်း အဲ့လောက်ဈေးမပေါသေးဘူး။ ပြောရင်းနဲ့ မဆီမဆိုင် မုန့်ဟင်းခါးစားချင်လာပြီ (မြန်မာပြည်ကို သတိရသွားလို့ပါ)။ ဒီကမုန့်ဟင်းခါးတွေ ၀မ်းလျောလို့ မစားရဲဘူး၊ သူတို့အပြစ်မဟုတ်ပါဘူး... ကန်ဒီ့ဗိုက်ကသာမကောင်းတာ။ သူများတွေစားတာ ဘာမှ,မှမဖြစ်တာ >.<

ကန်ဒီလုပ်ချင်တာလုပ်ရတဲ့ အချိန်ဆိုလို့ ဒီစာရေးတဲ့တစ်ချိန်ပဲရှိတယ်။ ရုပ်ရှင်မကြည့်ရတာလည်း ကြာပြီ၊ Beauty Post ရေးဖို့ စာမဖတ်ရတာလည်း ကြာပြီ၊ ပုံမဆွဲရတာလည်း ကြာပြီ။ အလုပ်မှာ မြန်မြန်နေသားကျမှပဲ -.-'

Have a nice week ahead^^

5 comments:

Anonymous said...

အသဲကွဲခါစဆိုနေရတော်တော်ခက်ပေမဲ့
ကြာသွားတော့အသဲမာပြီးလူကပိုရင့်ကျက်လာသလိုဘဲ။
ဒရာမာကမုန့် ဟင်းခါးနဲ့ ဆုံးသွားတော့
ပျော်စရာ။ ဒါပေမဲ့မစားရပဲဝမ်းသွားတဲ့အကြောင်းနဲ့ ဆုံးတော့ဒရာမာနဲ့ ပြန်အဆုံးသတ်သွားတာပေါ့။း)
အိုင်အိုရာ

မောင်သစ္စာ said...

အေးကွာ..ပျော်စရာဂုဏ်ယူစရာမဟုတ်ပေမယ့်လည်း..
အင်းးးးဓားကောင်းတလတ်ဖြစ်ဖို့ ပေပေါ်တူကြီးကြီးနဲ့
အထုခံရတယ်မှတ်ပေါ့ညီမ...ဖိုက်တင်းးး:D

ကူးကူးလှိုင် said...

ကန်ဒီက အများကြီး ရင့်ကျက်လာတယ် တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်သွားနိုင်ခဲ့တယ်...

Anonymous said...

ကုတင်မှာ အဲလောက်အရုပ်တွေများတာ လူက ဘယ်နားသွားအိပ်လဲလို.း))

ဝမ်းနည်းစရာ အဆုံးသတ်အတွက် စိတ်မကောင်းပါဘူး။
ဓါတ်ပုံလေးဘေးဖယ်လိုက်ရင် သတိရစရာ အကြောင်းတွေနဲများသွားမလားဟင်။

Thu said...

အချိန်တန်ရင်မေ့သွားမှာဆိုပေမယ့် အမှတ်တရတွေကဘယ်လိုဖျောက်ပစ်ရမှာလဲနော့။
(ကြုံတုန်း ရင်ဖွင့်သားသည်) ^_^
အဆင်ပြေသွားမှာ။ညီမလေးလဲလုပ်ငန်းခွင်ဝင်နေပြီဆိုတော့
အလုပ်နဲ့ပဲကုစားသွားမှာပါ။
မုန့်ဟင်းခါးကိုကိုယ့်ဘာသာချက်စားကြည့်ရင်ရော.
နည်းနည်းပဲချက်ပေါ့။အလွမ်းပြေလေးကိုယ့်ဘာသာဆိုတော့နဲနဲများပိုသန့်မလား။ရယ်ဒီမိတ်တွေလဲရှိနေပြီပဲ.:D
အဆင်ပြေပါစေညီမလေး
@Ahthu