Sunday, December 29, 2013

Sick

Hello...
နေမကောင်းးးဘူးးးး... Christmas Eve က အလုပ်မှာ Christmas Party ရှိတယ်။ အဲ့ကပြန်လာကတည်းက ဖျားလိုက်တာ အခုထိပဲ။ ကိုယ်ပူလာလိုက် ဆေးသောက်လို့ကျသွားလိုက်၊ ပြန်ပူလာလိုက် ဖြစ်နေတာ ဒီနေ့မှ နည်းနည်းသက်သာတယ်။ သက်သာတယ်ဆိုတာ အဖျားပြန်မတက်သေးတာကို ဆိုလိုတာ... တကိုယ်လုံးနာနေတုန်းပဲ... လှုပ်တောင် မလှုပ်ချင်ဘူး။ နှာခေါင်းပိတ်ပြီး ချောင်းကလည်း ဆိုးချင်နေတယ်။ ဟုတ်တယ်... အဲ့နေ့တွေက နေမကောင်းတဲ့ကြားက အလုပ်ကလည်း သွားရသေးတယ်။ မလျှော်မဖြစ်တဲ့ ကုတ်အကျီကလည်း လျှော်ရသေးတယ်။ စကားပြောတာတောင် မထွက်တဲ့အသံကို ညှစ်ထုတ်ပြီး ပြောနေရတယ် :(

Group Photo... 

ကန်ဒီတို့ Pharmacy ရဲ့ အရှေ့မျက်နှာစာနေရာပေါ့။ အပြာရောင်ခုံလေးတွေက လူနာတွေထိုင်စောင့်ဖို့... ဒါပေမယ့် ခုံကနည်းပြီး လူနာတွေကအမြဲများနေတာဆိုတော့ လူနာတိုင်းလည်း မထိုင်ရပါဘူး။ သြော်... ကန်ဒီမပြောပြရသေးဘူး ထင်တယ်။ ကန်ဒီ ဟိုးးးအစတုန်းကလို အမြဲမတ်တပ်ရပ် မနေရတော့ဘူး။ အခု Roster လိုမျိုးနဲ့ဆိုတော့ အပြင်ထွက်လိုက် အထဲဝင်လိုက်နဲ့ ထိုင်ရတဲ့အချိန်နဲ့ ထရတဲ့အချိန်က မျှမျှတတဖြစ်သွားပြီ :D

မနေ့က ကန်ဒီဆေးပေးဖို့ခေါ်လိုက်တဲ့ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင် ဦးလေးကြီးတစ်ယောက်က ကန်ဒီ့ကိုကြည့်ပြီး "Are you so Happy??" ဆိုပြီးမေးတော့ လူကကြောင်တောင်တောင်ဖြစ်သွားတယ်။ ရုတ်တရက် ဘာဖြေရမှန်းမသိဘူး (တကယ်က လူကနေလို့မကောင်းလို့ မပျော်နိုင်ပါဘူး)... ပြီးတော့ "Are you Vietnamese??" မေးပြန်ရော။ "No, I'm Myanmar." လို့ဖြေတော့... "It's very nice to see your smile. I noted your smile." အဲ့လို Compliment လေးတွေရတော့လည်း ပျော်ရပြန်ရော ခိခိ။ ဒါပေမယ့် အဲ့ဒါမျိုးက လူတစ်ရာမှာတစ်ယောက်ပါ။ တော်တော်များများက စောင့်ရလို့ စိတ်မရှည်တဲ့လူတွေချည်းပဲ >.<


နေမကောင်းတဲ့ကိစ္စကို ဆက်ညည်းရရင်... အဲ ဆက်ပြောရရင် အဲ့လိုနေမကောင်းဖြစ်တော့ တစ်ယောက်တည်း အားငယ်တယ် (>.<)။ တစ်ခါတစ်ခါ ငိုချင်လာရော... (ဟင့် T_T)။ နေလည်းမြန်မြန်ကောင်းမှပဲ။ နေမကောင်းရင် အားငယ်တတ်တာ ကန်ဒီတစ်ယောက်တည်းလား?? လူတိုင်းလိုလိုလား?? ပြီးခဲ့တဲ့အပတ်က ပေါင်ချိန်ကြည့်တာ 2kg တက်လာတယ် (>.<)။ ဒါပေမယ့်အခုတော့ ပြန်ကျသွားလောက်ပြီထင်တယ် (ဘာမှစားချင်စိတ်မရှိတာနဲ့ ဖြစ်သလိုစားနေတာဆိုတော့)။ 

OMG!! ဒီညအကယ်ဒမီပေးပွဲ ရှိတာလား?? လုံးဝမသိဘူး (ကန်ဒီသည် အရာအားလုံးနှင့် ကင်းကွာနေလေသည်)။ ဒီနေ့ပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါနော်...

Have a Nice Day!!

Sunday, December 22, 2013

Christmas 2013

Good Morning...
ဒီနေ့ပိုစ့်ကတော့ ခရစ်စမတ်ဓာတ်ပုံတွေနဲ့ပဲ ပြည့်နေမယ်ထင်တယ်။ ပြီးခဲ့တဲ့အပတ်က Orchard သွားပြီး ဓာတ်ပုံတွေရိုက်ခဲ့တယ်။ နေရာတိုင်းလိုလိုမှာ ခရစ်စမတ်သစ်ပင်တွေနဲ့ စင်္ကာပူတစ်မြို့လုံးလည်း လှနေပြီ။ Humm... အဲ့နေ့ကသွားပြီးပြီဆိုတော့ Christmas Eve တော့ သွားဖြစ်တော့မယ် မထင်ဘူး။


မနေ့က "The Hobbit 2" သွားကြည့်တယ်။ ဒီတစ်ခေါက်လည်း ဆန့်တငင်ငင်နဲ့ ပြီးသွားတယ်။ နောက်တစ်ပိုင်းမှာ ပြန်ဆက်ဦးမှာ... Gerrrrr အဲ့လိုဇာတ်လမ်းတွေကို တန်းလန်းကြီးကြည့်ရတာ မကြိုက်ဘူး(>.<)။ အမှန်က "Frozen" ကြည့်ဖို့သွားတာ... ကြည့်ချင်တဲ့အချိန်မှာ လူပြည့်နေတာနဲ့ "The Hobbit 2" ပဲ ကြည့်ဖြစ်သွားတယ်။ "The Hunger Games" လည်း ကြည့်ချင်သေးတယ်။ Ekk... ကြည့်ချင်တာတွေ များနေပြီ ဟဟဟ (xD)။ မနှစ်က ဒီအချိန်မှာပြတဲ့ "Rise of the Guardians" ဆိုတဲ့ Christmas Animation ကားလေး အရမ်းကောင်းတယ်။ ပျင်းရင် Online မှာ ရှာကြည့်ကြည့်နော်...


အိတ်အသစ်တစ်လုံးလောက် လိုနေတယ်။ ဒီအချိန်ဆို ဆိုင်တိုင်းလိုလိုက Discount ချနေတာဆိုတော့ ၀ယ်စရာရှိရင် ဒီအချိန်ဝယ်တာ ပိုတန်တယ်နော်။ နောက်တခါအပြင်ရောက်မှ အိတ်ရှာပုံတော်ဖွင့်ရမယ်။ အဲ့လို တစ်ခုခုကိုဝယ်မယ်ဆိုပြီးရှာပြီဆို ဘယ်တော့မှ ကိုယ်ကြိုက်တာမတွေ့တော့ဘူး။ မ၀ယ်ဘူးစဉ်းစားထားရင် ကြိုက်တာအမြဲတွေ့တယ် >.<

ဓာတ်ပုံထဲက လိုးလိုးလက်လက်လေးတွေ ဘယ်လိုထည့်လဲ လာမမေးနဲ့ဦးနော်။ ကန်ဒီလည်း မသိဘူး (:P :P)။ Google+ က သူ့ဟာသူ လုပ်ပေးတာကို ယူသုံးလိုက်တာ (xD)။ Humm... ပြောစရာလည်း သိပ်မရှိဘူး။ သြော်... ဟိုတလောတုန်းက ကန်ဒီ Raspberry Leaf Tea အကြောင်းပြောတော့ ၀ယ်သောက်ကြတဲ့လူတွေ ရှိတယ်နော်။ အဲ့ဒါကိုဆေးအဖြစ်သောက်မယ်ဆို တနေ့နှစ်ခွက်လောက်တော့ ပုံမှန်သောက်ရတယ်။ အဲ့တော့မှ သူ့အာနိသင်ပိုရမှာ... အဲ့ဒါပြောဖို့မေ့ခဲ့လို့ အခုပြန်ပြောပြတာ :)


Facebook မှာ သူငယ်ချင်းတွေ မိသားစုကိုယ်စီနဲ့ အေးအေးချမ်းချမ်းရှိနေတာမြင်ရတော့ စိတ်ချမ်းသာတယ်။ ကိုယ်ရော တချိန်ကျရင် အဲ့လိုလေး နေနိုင်မှာလား?? (I hope so -.-) ပြောရင်း ပြောရင်း Drama တွေ ပြန်ဝင်လာဦးမယ်။ ဒီနေရာမှာ ရပ်တာပဲ ကောင်းတယ် ဟဟ (xD)။ Yayy... အဂါင်္နေ့ နေ့တ၀က်ပြီးရင် ဗုဒ္ဓဟူးနေ့အလုပ်ပိတ်တယ် :D

ကန်ဒီ့ကို Facebook က သူငယ်ချင်းတွေက ပျောက်ချက်သားကောင်းလှချည်လားတဲ့။ ပျောက်ဆို တနေ့တနေ့ ဘယ်လိုကုန်သွားမှန်းတောင် မသိတော့ Facebook ဘက်မလှည့်နိုင်ဘူး။ ခုဆို ခေါင်းချတာနဲ့ အိပ်ပျော်တတ်နေပြီ (ပင်ပန်းတာကိုးး >.<)။ ကန်ဒီတို့အလုပ်မှာ မြန်မာဆရာဝန်နှစ်ယောက်ရှိတယ်။ သူ့တို့အစား ဂုဏ်ယူလိုက်တာ။ အားလုံးသိတဲ့အတိုင်း စင်္ကာပူမှာ ဆရာဝန်လိုင်စင်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ လူကိုတော့ တစ်ခါမှမတွေ့ဖူးသေးပါဘူး။ လူနာကိစ္စနဲ့ပက်သက်ပြီး ဖုန်းတော့ပြောဖူးတယ်။ 

တချိန်တည်းမှာပဲ အဘွားကြီးတစ်ယောက်ထိုင်နေတဲ့ တွန်းလှည်းလေးကို တွန်းလာတဲ့ မြန်မာမလေးကိုမြင်တော့ စိတ်ထဲမကောင်းပြန်ဘူး။ အဲ့နေ့က ကန်ဒီ Queue No. ပေးနေတုန်း မေးစရာရှိတာနဲ့ အဘွားကြီးကတရုတ်အဘွားကြီးဆိုတော့ သူ့မမေးဘဲ တွန်းလှည်းကိုတွန်းလာတဲ့ ကောင်မလေးကို အင်္ဂလိပ်လိုမေးမိတယ်။ အဘွားကြီးက တရုတ်လို "သူက မြန်မာပြည်က လာတာ... အင်္ဂလိပ်လို နားမလည်ဘူး..."လို့ ပြောတော့ စိတ်ထဲအောင့်ကနဲ ဖြစ်သွားတယ်။ ပြီးတော့မှ ကောင်မလေးကို မြန်မာလို မေးစရာရှိတာမေးပြီး Queue No. ပေး... နံပါတ်ခေါ်ရင် သွားဖို့ပြောရတယ်။ သူများနိုင်ငံကိုလာပြီး စလုံးအိမ်မှာ သူများမျက်နှာကြည့်နေကြရတဲ့ မြန်မာမလေးတွေလည်း ရှိသေးတယ်ဆိုတာ မြင်ရတော့ စိတ်ထဲတကယ်မကောင်းဘူး :(



အဲ့နားမှာ နှစ်သစ်အတွက် ဆုတောင်းလေးတွေရေးဖို့ ဘောလုံးနဲ့ဘောပင်လေးတွေ ပေးထားတယ်။ ပြီးရင် အဲ့ဘောလုံးတွေကို ရေထဲချမှာထင်တယ်။ အားလုံးအလုအယက်ရေးနေလိုက်ကြတာ ကန်ဒီလည်းရေးမယ်ဆိုပြီး စဉ်းစားတော့ ရုတ်တရက်ခေါင်းထဲက ထွက်မလာတာနဲ့ မရေးခဲ့ရဘူး။ Humm... ဘာဆုတောင်းရင် ကောင်းမလဲ?? 

I wish everybody had Peaceful Mind and Happy Life ^_^

Sunday, December 15, 2013

ပွင့်သောပန်းများ လန်းပါစေ

Good Morning...
ဒီနေ့တနင်္ဂနွေနေ့ အပီအိပ်ပစ်မယ်လို့ ကြုံးဝါးထားရဲ့သားနဲ့ လူကမနက်(၆)နာရီထဲက နိုးနေတယ်။ ပြန်အိပ်လို့လည်း မရဘူး... အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့်နဲ့ (၈)နာရီခွဲသွားတယ် (>.<)။ အိပ်မရမယ့်အတူတူတော့ မနက်စာစားရင်း စာရေးတာပဲကောင်းတယ်။ မနေ့က အမေတို့အတွက် လက်ဆောင်တွေ ကိုကြီးတို့အိမ်သွားပေးတယ်။ မသွားတာကြာတော့ ဘာကားစီးရလဲ မေ့သွားလို့ လှမ်းဖုန်းဆက်မေးရသေးတယ်။ ကန်ဒီလည်း အလည်ပြန်ချင်လိုက်တာ :(

ပစ္စည်းသွားပေးရင်း အစ်မနဲ့စကားပြောဖြစ်တော့မှ ကိစ္စတော်တော်များများသိရတယ်။ ကန်ဒီက ကိုယ့်ဟာကိုယ်နေတတ်တော့ ဘာဆိုဘာမှမသိဘူး။ ကိုယ့်အသိတွေထဲမှာ ဖြစ်နေတဲ့အကြောင်းအရာတွေက စိတ်မကောင်းစရာတွေချည်းပဲ။

ကန်ဒီတို့ Serious Topic တစ်ခုပြောရအောင်... "ခိုးရာလိုက်ခြင်း ကိစ္စ"။ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး လူတစ်ယောက်စီမှာ မတူညီတဲ့အမြင်ကိုယ်စီရှိကြမယ်ဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါကတော့ ကန်ဒီ့အမြင်တစ်ခုတည်းပေါ့။ ကိုယ့်မျက်စိရှေ့မှာတင် ပန်းကောင်းလေးတစ်ပွင့် နွမ်းသွားတာမြင်လိုက်ရတော့ စိတ်ထဲမကောင်းလွန်းလို့ ချရေးမိတယ်ပဲ ဆိုပါတော့။ တကယ်တော့ ခိုးရာလိုက်တယ်ဆိုတာ တကယ်မလွယ်တဲ့ကိစ္စတစ်ခု... ငယ်ရွယ်သူတွေကတော့ ငါတို့အဲ့လိုလုပ်လိုက်လို့ မိဘတွေစိတ်ဆိုးလည်း ခဏပဲ... ပြန်ခေါ်မှာပဲ အထင်နဲ့ လုပ်ကြတာလားတော့ မပြောတတ်ဘူး။ ပြန်မခေါ်ခဲ့ရင်??? ကျောင်းသူအရွယ် ပညာရေးတစ်ပိုင်းတစ်စနဲ့ ခေါ်သွားတဲ့ကောင်လေးကလည်း ကျောင်းတက်တုန်း... ဘ၀ကို ဘယ်လိုရုန်းကန်ကြမလဲ?? နှစ်ယောက်စလုံးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေတဲ့အနေအထားမျိုးဆို ထားပါတော့။ OK ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်ထားဦး... ဒီကိစ္စက ကိုယ့်မိဘ စိတ်ဆင်းရဲစေမယ့်ကိစ္စ။ အဲ့ဒါကြောင့် မလုပ်ခင် အများကြီး စဉ်းစားစေချင်တယ်။ ကိုယ်ကကျိုးကြောင်းဆီလျော်အောင် ပြောပြခွင့်တောင်းရင် မိဘဆိုတာမျိုးက ကိုယ့်သားသမီးစိတ်ချမ်းသာမယ်ဆို ခွင့်ပြုကြမယ့် သူတွေချည်းပါ။ အဲ့လိုမှမရလို့ ကိုယ်ကစိတ်ဒုန်းဒုန်းချပြီးပြီ၊ နောက်ဆက်တွဲပြဿနာတွေကိုလည်း ခံနိုင်ရည်ရှိတယ်ဆို Go for it... အဲ့လိုမှမဟုတ်ဘဲ ဘာမှသေချာမစဉ်းစားဘဲ ယောက်ျားနောက်လိုက်တာ လွယ်လွယ်ကူကူကိစ္စတစ်ခုလို့တော့ ဆယ်ကျော်သက်မလေးတွေကို မထင်စေချင်ဘူး။ ခုတော့ သွားပြီ... မိဘတွေကလည်း စိတ်ဆိုးပြီး ကျောင်းဆက်မထားပေးတော့ဘူး။ ဒီကောင်မလေးရဲ့အနာဂတ် ဘယ်လိုရှေ့ဆက်မလဲ...

Ekk... အခုတင် အဖေက Viber ကနေ ဓာတ်ပုံပို့လာတယ်။ သမီးမောင်လေးက အရင်လိုကလေးမဟုတ်တော့ဘူး... အကျီသေးနေတယ်တဲ့ (>.<)။ နောက်ဆို Large size ၀ယ်ရမယ်။ ရန်ကုန်အိမ်မှာ ဦးလေးလည်းရောက်နေတော့ ဦးလေးနဲ့စကားပြောဖြစ်တယ်။ ရွှေကူက အဘွားရဲ့ညီမ ဘွားလေးက တွေ့ချင်လို့လာခဲ့ပါဦးတဲ့။ ရန်ကုန်ပြန်ဖြစ်ရင် ရွှေကူကိုသွားလည်ချင်သေးတယ်။ ကားစီးရင် တစ်ရက်နဲ့ နောက်နေ့မနက်ဆိုရောက်ပြီ။ လေယာဉ်နဲ့ဆိုရင်တော့ ဘယ်လောက်မှ မကြာဘူးတဲ့။ ဗန်းမော်လေဆိပ်မှာဆင်းပြီး ရွှေကူကိုကားပြန်စီးရင် ခဏလေးတဲ့။ တကယ်တော့ အဲ့မှာ တခြားဘာမှမရှိပါဘူး။ ဖော်ရွေတဲ့အမျိုးတွေရှိတယ်... သဘာဝရှုခင်းတွေရှိတယ် ^_^


မနေ့ကတော့ မရှိ ရှိတဲ့အချိန်လုပြီး ပုံထိုင်ဆွဲနေလိုက်တယ်။ ပုံဆွဲနေတဲ့အချိန်က ကန်ဒီ့ခေါင်းထဲမှာ ဘာဆိုဘာမှ မတွေးတဲ့အချိန်... အာရုံက စက္ကူပေါ်မှာပဲ ရှိတယ်။ မြန်မာတော်တော်များများကတော့ အဲ့အချိန် ဘောလုံးပွဲကြည့်နေကြမယ်ထင်တာပဲ။ ကန်ဒီ့မှာ ကြည့်ဖို့အဖော်မှမရှိတာ။ ဟဟဟ... အဲ့လိုပြောလို့ ဘောလုံးပွဲအားပေးတာ အဖော်လိုလားလို့ မေးရင်... လိုတာပေါ့ ဘောလုံးပွဲဆိုတာမျိုးက လူအများကြီးနဲ့ကြည့်ပြီး အားပေးမှကောင်းတာ (အထူးသဖြင့် ကန်ဒီ့လို ဘောလုံးဝါသနာမပါတဲ့လူမျိုးအတွက်...)။


တစ်နှစ်တစ်နှစ် မြန်လိုက်တာ။ အသက်တွေကြီးလာတော့ လူလည်းရင့်လာတယ်။ စိတ်လည်း ရင့်ကျက်လာတယ် (ထင်ရတာပဲ :P)။ မနှစ်က ခရစ်စမတ်ကတော့ အမေတို့လာတယ်။ Humm... ဒီနှစ်ခရစ်စမတ်ကို ဘယ်သူနဲ့သွားရင် ကောင်းမလဲ?? *မျက်ခုံးတစ်ဖက်ပင့်ကာ မေးပွတ်ရင်း တွေးနေသည်* :P

Have a nice weekend^^

Sunday, December 8, 2013

My Magic Jacket

Hello...
တနင်္ဂနွေနေ့ ရောက်လာပြန်ပြီ။ မနေ့က Shopping ထွက်တယ်။ ကိုယ့်အတွက်တော့ မဟုတ်ဘူး။ နောက်အပတ်စနေနေ့ကျရင် ယောင်းမက ခဏပြန်မယ်ဆိုတော့ အမေတို့အတွက် လက်ဆောင်ထည့်ပေးလိုက်ချင်လို့ သွားဝယ်တာ။ 313 Somerset ပဲ သွားလိုက်တယ်... သွားသာသွားရတယ်၊ လူက ဘာဝယ်ပေးရမလဲ မသိသေးဘူး။ နောက်ဆုံး... အဖေ့အတွက် အတွင်းခံစွပ်ကျယ်။ အဖေကစွပ်ကျယ်ကို လက်ပါတဲ့ဟာပဲ ၀တ်တတ်တယ်လေ။ တစ်ခါရန်ကုန်မှာ သူအဲ့လိုစွပ်ကျယ်မျိုးရဖို့ မနည်းရှာလိုက်ရတာ တွေ့ဖူးတယ်။


အမေနဲ့ညီမလေးအတွက်က Victoria Secret က Body Wash, Fragrance Mist နဲ့ Body Lotion... မောင်ဝမ်းကွဲလေးအတွက်ကတော့ ရှပ်အကျီ။ အစက အမေ့အတွက် လက်ကိုင်အိတ်ဝယ်ပေးရင်ကောင်းမလား စဉ်းစားသေးတယ်။ သယ်သွားပေးမယ့်လူ မျက်နှာလည်း ကြည့်ရသေးတယ်ဆိုတော့ ဒီလောက်ပဲကောင်းပါတယ် ဟီးး xD


ဟင်းမချက်နိုင်ဘူး။ အပြင်စာချည်းစားနေရတာ ညည်းငွေ့လာပြီ။ မနေ့ကတော့ ငါးကင်သွားစားတယ် (ဓာတ်ပုံမပါ)။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ညကျတော့ အမေက ရန်ကုန်အိမ်မှာငါးကင်လုပ်စားတယ်တဲ့ *ရှလွတ်*။ သူများပေးတဲ့ ဒီမုန့်ကို မစားရက်လို့ လောလောဆယ် အလှကြည့်ထားတယ် ဟဟ :D


Yayyy... ကန်ဒီ White Coat စ၀တ်လို့ရပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ကန်ဒီ့ကို စ,၀တ်ခိုင်းတယ်။ သူတို့က "Magic Jacket" လို့ခေါ်တယ်။ Confidence ပိုရှိစေလို့တဲ့။ Training ကတော့ မပြီးသေးဘူး။ ကန်ဒီ့ကို Capturing ပိုင်း စ,သင်တုန်းရှိသေးတယ်။ Capture လုပ်တယ်ဆိုတာ ဆရာဝန်ကပို့လိုက်တဲ့ ဆေးအော်ဒါကို ကန်ဒီတို့ Pharmacy ကနေ Dose သင့်တော်လား၊ ဆေးရှိလား အဲ့လိုမျိုးတွေစစ်ဆေး၊ Confirm လုပ်ပြီး Price Label, Drug Label ထုတ်ပေးတာကို ပြောတာ။ အဲ့လို Capture လုပ်ပြီးမှ ဆေးတွေ စ, Pack လုပ်တယ်။ Pack ပြီးရင် Dispense လုပ်တယ်ပေါ့။ Packing နဲ့ Dispensing ပိုင်းတွေကတော့ ကန်ဒီ့ကို Train ပြီးသွားပြီ။ တစ်ယောက်တည်းတော့ Dispense မလုပ်ရသေးဘူး။ Pharmacist က ကန်ဒီ Dispense လုပ်တာ ကြည့်ပေးပြီး လိုအပ်တာတွေ ပြောပြတယ်။


Dispensing (သို့) ဆေးပေးတဲ့အပိုင်းက ကန်ဒီတို့ Pharmacy ရဲ့နောက်ဆုံးအဆင့်ဆိုတော့ အမှားတစ်ခုခုပါခဲ့လို့ အဲ့အဆင့်မှာမတွေ့ခဲ့ရင် လူနာဒုက္ခရောက်ပြီလေ။ အမှန်က ခုနကန်ဒီပြောတဲ့ Capturing အဆင့်ကတည်းက အမှားကတွေ့ရမှာ... Capture လုပ်တဲ့လူက မတွေ့ခဲ့ရင် Dispense လုပ်တဲ့လူတွေ့မှ... မဟုတ်ရင် မရတော့ဘူး။ ဆေးက Patient လက်ထဲရောက်သွားပြီ။ ကန်ဒီ ဒီတစ်ပတ်ထဲမှာတင် အမှားသုံးခုလောက်တွေ့တယ်။ အသက်(၅)နှစ် (၁၆)ကီလိုပဲရှိတဲ့ကလေးလေးကို ဆရာဝန်ပေးထားတဲ့ အကိုက်အခဲပျောက်ဆေး Dose က လိုတာထက်ပိုများနေတယ်။ ကလေးအဖေကို အရင်ခေါ်၊ "ဆရာဝန်ကိုပြန်မေးစရာလေးရှိလို့ပါ..." ပြောပြီး စောင့်ခိုင်းထားရတယ်။ ပြီးတော့ဆရာဝန်ကို ဖုန်းခေါ်၊ Dose များနေကြောင်းပြောတော့ ဆရာဝန်က ပြန်ပြင်ပေးလိုက်တယ်။ ကလေးအဖေကစောင့်ရလို့ စိတ်မရှည်တော့ဘူး။ သူ့ဘက်ကကြည့်လည်း မှန်တာပဲလေ။ သူ့ကိုတော့ ဆရာဝန်ပေးတဲ့ဆေး Dose များနေလို့ ပြန်ပြင်နေရတာတွေ ဘာတွေပြောမနေတော့ဘူး။ တချို့စကားတွေကျတော့ ကိုယ်ပြောလည်းအကျိုးမရှိတာမျိုးဆို မပြောတာပဲကောင်းတယ်လေ။

ကန်ဒီတို့တော်တော်များများက တစ်ခုခုဆို ကိုယ့်အပြစ်ကလွတ်အောင် အဖြစ်မှန်ကို ရှင်းပြ၊ ပြောပြတတ်ကြတာများတယ်။ ကန်ဒီကိုယ်တိုင်လည်း တစ်ခါတစ်လေ ပါးစပ်က တ၀က်ဟပြီး ပြောဖို့ဟန်ပြန်နေပြီ။ အဲ့အချိန်မှာ ရုတ်တရက်ခေါင်းထဲပြန်တွေးလိုက်လို့ သူများအပေါ်မုန်းတာပဲ အဖတ်တင်မယ့်ကိစ္စမျိုးဆို ဟထားတဲ့ပါးစပ်ကို ပြန်ပိတ်လိုက်မိတာများတယ် (တခါတလေတော့လည်း :P)။

နောက်အမှားတစ်ခုက ညဘက်သောက်ရမယ့် Cholesterol ဆေးကို ဆရာဝန်က မနက်သောက်ခိုင်းထားတယ်။ Cholesterol ဆေး အများစုက ညဘက်ပဲသောက်ရတယ် (မနက်သောက်လို့ရတဲ့ ဆေးတချို့လည်းရှိပါတယ်)။ ဘာလို့လဲဆိုတော့ ကန်ဒီတို့ခန္ဓာကိုယ်က Cholesterol ကို ညအိပ်နေတဲ့အချိန်မှ ထုတ်တတ်တယ်လေ။ အဲ့တော့မနက်သွားသောက်ရင် အကျိုးမရှိဘူးပေါ့။ အဲ့ကိစ္စလည်း ဆရာဝန်ကိုဖုန်းခေါ်ရတယ်။ ဆရာဝန်က ညဘက်ပြန်ပြင်ပေးလိုက်တယ်။ အဲ့လို အမှားတစ်ခါတွေ့တိုင်း လူကရင်တုန်တယ်။ ဟုတ်တယ်လေ... ဒီတစ်ခေါက်တွေ့သွားပေမယ့် နောက်တစ်ခေါက်မတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ?? အဲ့ဒါကြောင့် အလုပ်မှာ အရမ်းဂရုစိုက်ဖို့ လိုတယ်ပြောတာ =.='

တစ်ပတ်တစ်ပတ် အလုပ်အကြောင်းချည်းပြောနေလို့ ဖတ်တဲ့လူတွေ စိတ်ညစ်နေမလားတော့ မသိဘူး။ လတ်တလော ခေါင်းထဲရှိတာလည်း ဒါတွေပဲဆိုတော့ ဒါတွေပဲ ရေးစရာရှိတယ် (>.<)။ မနက်ဖြန် Chicken pox vaccine သွားထိုးရမယ်။ အလုပ်က အလကားထိုးပေးတာ။ မထိုးချင်ဘူး... ကြောက်တယ် (>.<)။ နောက်အပတ် (သို့) ခရစ်စမတ်မရောက်ခင်အပတ်လောက်ကို Orchard သွားဖို့ဟန်ပြင်နေတယ်။ မီးထွန်းထားတာလေးတွေ သွားကြည့်ချင်လို့...

Okie... ကန်ဒီနေ့လည်စာစားဖို့ သွားပြင်လိုက်ဦးမယ်။ ခေါက်ဆွဲပြုတ်ပဲဖြစ်မလား မသိဘူး ဟဟ။ ဟင်းမှမချက်ချင်တာ =.='

Have a Nice Sunday^^

Sunday, December 1, 2013

Hello December

ပထမဦးဆုံးအနေနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကန်ဒီကြားရက်တွေ စာမရေးဖြစ်လောက်ဘူးဆိုတာ သိသိရက်နဲ့ကို ပုံမှန်လာလည်နေကြတဲ့လူတွေ ရှိလို့လေ(^_^)။ ကန်ဒီညဘက်ကွန်ပျူတာ စ,ဖွင့်တာနဲ့ ပထမဆုံးကြည့်ဖြစ်တာ အဲ့ဒီ Blog counter... ဒါလည်း ရောဂါတစ်မျိုးပဲ ဟဟ xD

အမေက ပြီးခဲ့တဲ့ပိုစ့်ကို ဖတ်မိလို့လား မသိဘူး... သူ့သမီးကို အိမ်ထောင်ဘက်ကောင်းကောင်းနဲ့ မတွေ့မှာ စိတ်ပူသွားပုံရတယ် (ကန်ဒီရေးသမျှ ဒိုင်ခံဖတ်တဲ့ထဲမှာ အမေလည်းပါတာကိုး)။ အိမ်ထောင်ဘက်ကို သေချာစဉ်းစားရွေးချယ်ဖို့ စာပို့လာတယ်။ ဟီးး... လောလောဆယ် အဲ့ကိစ္စအတွက် ခေါင်းထဲမှာ ဘာမှမရှိသေးတာ သေချာတယ်... No worry Mom :)


မနေ့က Bugis Junction, Food Court မှာ နေ့လည်စာစားရင်း အောက်ကိုမြင်ရတဲ့ မြင်ကွင်းကို ရိုက်ထားတာ။ Giordano နဲ့ Bossini တွေ့တော့ ရန်ကုန်ကို သတိရတယ်။ ကန်ဒီ ဒီမလာခင်အချိန်တုန်းက ရန်ကုန်ကလူ တော်တော်များများ Giordano ၀တ်ကြတာကိုး။ Bossini ဆို ဈေးကြီးလို့ အနားမကပ်နိုင်ကြဘူး။ စင်္ကာပူမှာကျ အဲ့ Brand တွေက ဈေးအရမ်းသက်သာတဲ့အပြင် လူကြိုက်လည်းနည်းကြတယ်။ Discount ဆိုလည်း တစ်ချိန်လုံးချတယ်။ Bossini က ရန်ကုန်မှာ ဘာလို့ဈေးအရမ်းကြီးလည်း မသိဘူးနော်။ အဲ... ကန်ဒီက Outdated ဖြစ်နေပြီး ခုနေ ရန်ကုန်မှာ ဘယ် Brand တွေ ခေတ်စားနေလဲ မသိဘဲ ပြောနေမိတယ် ဟဟဟ xD 


ကြာသပတေးနေ့က အလုပ်ကလူတွေနဲ့ JCube က "Nando" မှာ ညစာစားတယ်။ တကယ်တော့ ကန်ဒီတို့ဆီမှာ Internship လာဆင်းနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို နှုတ်ဆက်တဲ့ပွဲပါ။ ဒီမှာဆို Polytechnic Diploma လည်း Internship ဆင်းရတယ်။ ရန်ကုန်ကကျောင်းတွေလည်း အဲ့လိုအလေ့အထလေးရှိရင် ကောင်းမယ်။ အဲ့လိုဆို တကယ်ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝယ်မယ်ဆို အရမ်းအဆင်ပြေမှာ။

အလုပ်ဆိုလို့... ဒီအပတ် ကန်ဒီတကယ်လန့်သွားတာ တစ်ခုရှိတယ်။ အဖြစ်က ဒီလို... ကန်ဒီတို့ ကောင်တာကနေ ဆေးပေးဖို့ Patient ကို မခေါ်ခင် သူ့ဆေးတွေကို Pack တဲ့လူက Pack ပေးထားတာ မှန်ရဲ့လား၊ ဆရာဝန်ပေးထားတဲ့ Dose ကရော သင့်လျော်လား၊ တွဲမသောက်သင့်တဲ့ ဆေးနှစ်မျိုးပါနေလား အားလုံးအရင်စစ်ရတယ်လေ။ အဲ့ဒါ ကန်ဒီစစ်နေတာပေါ့... အဲ့ဒီလူနာကို ဆရာဝန်ပေးထားတဲ့ ဆီးချိုဆေး Dose က 50mg, 224 tablets... ဆေးတစ်ဗူးမှာ (၁၀)ကဒ်၊ အလုံး(၁၀၀)ပါတော့ Pack လုပ်တဲ့လူက ဗူးနှစ်ဗူးနဲ့ ဆေး(၂၄)လုံး Pack ပေးလိုက်တယ်။ ကန်ဒီပထမစစ်လိုက်တဲ့အချိန်မှာ အပြင်မှာမြင်နေတဲ့ ဆေး(၂၄)လုံးက 50mg ဆိုတော့ မှန်တယ်ပေါ့။ များသောအားဖြင့် ဆေးတစ်ခုကို Pack ဖို့ယူရင် Container တစ်ခုထဲကပဲ ယူရတာဆိုတော့ တစ်ခုမှန်ရင် ကျန်တာတွေလည်း မှန်တတ်တယ်လေ။ ဘာရယ်မဟုတ်ဘူး နောက်တစ်ကြိမ်ကြည့်လိုက်မိတော့မှ ဗူးနှစ်ဗူးက 100mg ဗူးတွေဖြစ်နေတယ်။ လူက တော်တော်လန့်သွားတယ်။ အဲ့ဒါသာ မမြင်လိုက်မိရင် သွားပြီလို့... လူနာက လိုတာထက်ပိုပြီး သောက်မိနေမှာ။ အခန့်မသင့်ရင် Overdose တွေ ဖြစ်ပြီး ဒုက္ခရောက်နိုင်တယ်။ Pack တဲ့လူက ဘယ်လိုဖြစ်လို့ Container နှစ်ခုက Strength တစ်မျိုးစီကို ယူလိုက်မိလဲ မသိဘူး။ ဘေးချင်းကပ်ရပ်မို့ မှားနှိုက်မိတာလည်း ဖြစ်နိုင်တယ်။ နောက်ဆို အများကြီးပိုပြီး ဂရုစိုက်စစ်ရမယ်။

Yayy... ကန်ဒီ့ Assignment နောက်ဆုံးအပိုင်း ဒီနေ့ပဲတင်ပြီးသွားပြီ။ တခြားလုပ်စရာတွေ၊ မေးထားတာတွေ အဖြေရှာရမှာတွေရှိသေးပေမယ့် Assignment ကြီးပြီးသွားတော့ အလုံးတစ်လုံးကျသွားတယ် (^_^)။ ဒီနေ့ကတော့ တနင်္ဂနွေနေ့ဆိုတော့ အိမ်မှာဖြစ်သလိုပဲ စားတယ်။ နေ့လည်စာ လက်ဖက်ထမင်းနဲ့ ရေနွေးကြမ်း။ သြော်... ရေနွေးကြမ်းဆိုလို့ ပြောပြစရာရှိတယ်။ ကန်ဒီသောက်သောက်နေတဲ့ ရေနွေးက ရိုးရိုးရေနွေးမဟုတ်ဘူး... "Raspberry Leaf Tea" ကန်ဒီက အဲ့ဒါကို ဆေးအနေနဲ့သောက်တာ။ အဲ့ဒါအကြောင်းကို Health ပိုစ့်အနေနဲ့ ရေးမယ် ရေးမယ်နဲ့လုပ်နေတာ တစ်လကျော်ကျော်လောက်ရှိပြီ။ မအားတာနဲ့ မရေးနိုင်ဘူး။


သေချာပိုစ့်တစ်ပုဒ်အနေနဲ့ မရေးနိုင်သေးခင် လောလောဆယ်အကြမ်းဖျင်းပြောရရင် Raspberry Leaf Tea က မိန်းကလေးတွေအတွက် အရမ်းသင့်တော်တယ်။ အထူးသဖြင့် ရာသီမမှန်တဲ့ မိန်းကလေးတွေ သောက်သင့်တယ်။ ကန်ဒီက အဲ့ကိစ္စအမြဲ ပြဿနာတက်တယ်။ တစ်ခါကဆို (၃)လနေတာတောင် မလာဘူး (ဒီကိစ္စဒီမှာပြောရတာ ရှက်တာ... ကျန်းမာရေးဗဟုသုတအနေနဲ့ ဖတ်ပေးပါ >.<)။ အဲ့ဒါနဲ့ ဆေးခန်းလည်းမပြချင်တော့ ကန်ဒီစာတွေလိုက်ဖတ်တယ်။ အဲ့ဒီမှာ အဲ့ဒါကို တွေ့တာပဲ။ ၀ယ်ရတာတော့ အရမ်းခက်တယ်။ နေရာတိုင်းမှာ မရှိဘူး။ ကန်ဒီက Online က ၀ယ်တာ။ အဲ့ဒါကို နေ့တိုင်းစ,သောက်ပြီး နှစ်ပတ်ကျော်ကျော်လောက်နေတော့ စ,လာတာပဲ။ ဒီနောက်ပိုင်း မှန်နေတော့ မသောက်ဖြစ်တာ ကြာပြီ။ တကယ်ဆို ပုံမှန်သောက်ပေးရမှာ။ အဲ့ကိစ္စပြဿနာတက်နေတဲ့ မိန်းကလေးတွေ Raspberry Leaf Tea ကို စမ်းသောက်ကြည့်နော်...

OMG!! ဒီဇင်ဘာတောင် ရောက်ပြီ။ စင်္ကာပူတစ်မြို့လုံးလည်း Christmas အပြင်အဆင်တွေနဲ့ လှနေပြီ။ Orchard ကို မရောက်သေးဘူး။ ပြီးခဲ့တဲ့နှစ် ဒီအချိန်တုန်းက အမေတို့လာလည်တယ်။ အချိန်တွေကလည်း ကုန်တာမြန်လိုက်တာ။ ဘာလိုလိုနဲ့ ၂၀၁၄ ရောက်တော့မယ် O_o

Facebook က သူငယ်ချင်းတစ်ယောက် ရှယ်ထားတာလေးကို သဘောကျလို့...

တခါတလေ ကန်ဒီမျက်လုံးမှိတ်ပြီး ကိုယ့်စိတ်နှလုံးကို ကိုယ်ပြန်ဆန်းစစ်ကြည့်တတ်တယ်။ ကန်ဒီလည်း လူထဲကလူမို့ ကန်ဒီ့စိတ်ထဲမှာ ဂျိုကောင်လေး ရှိတယ်။ သူက မနာလိုခြင်းတွေ၊ လိုချင်တပ်မက်ခြင်းတွေရှေ့က ဦးဆောင်တယ်။ ကန်ဒီမျက်လုံးမှိတ်ကြည့်လိုက်တဲ့အခါ သူ့ကိုမြင်တိုင်း ကြိုးစားတွန်းထုတ်ပစ်တယ်။ သူခဏထွက်သွားတဲ့အချိန်တိုင်း အေးချမ်းတယ်။ ကန်ဒီတို့အားလုံး ကိုယ့်စိတ်နှလုံးကို ကိုယ်ပြန်ဆန်းစစ်ကြည့်ဖို့ လိုတယ်။ ဖြူသောနှလုံးရှိသောသူသည်သာ ကြည်သောအပြုံးကို ပေးစွမ်းနိုင်မှာမဟုတ်လား...

Good Night everyone^^