Sunday, December 15, 2013

ပွင့်သောပန်းများ လန်းပါစေ

Good Morning...
ဒီနေ့တနင်္ဂနွေနေ့ အပီအိပ်ပစ်မယ်လို့ ကြုံးဝါးထားရဲ့သားနဲ့ လူကမနက်(၆)နာရီထဲက နိုးနေတယ်။ ပြန်အိပ်လို့လည်း မရဘူး... အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့်နဲ့ (၈)နာရီခွဲသွားတယ် (>.<)။ အိပ်မရမယ့်အတူတူတော့ မနက်စာစားရင်း စာရေးတာပဲကောင်းတယ်။ မနေ့က အမေတို့အတွက် လက်ဆောင်တွေ ကိုကြီးတို့အိမ်သွားပေးတယ်။ မသွားတာကြာတော့ ဘာကားစီးရလဲ မေ့သွားလို့ လှမ်းဖုန်းဆက်မေးရသေးတယ်။ ကန်ဒီလည်း အလည်ပြန်ချင်လိုက်တာ :(

ပစ္စည်းသွားပေးရင်း အစ်မနဲ့စကားပြောဖြစ်တော့မှ ကိစ္စတော်တော်များများသိရတယ်။ ကန်ဒီက ကိုယ့်ဟာကိုယ်နေတတ်တော့ ဘာဆိုဘာမှမသိဘူး။ ကိုယ့်အသိတွေထဲမှာ ဖြစ်နေတဲ့အကြောင်းအရာတွေက စိတ်မကောင်းစရာတွေချည်းပဲ။

ကန်ဒီတို့ Serious Topic တစ်ခုပြောရအောင်... "ခိုးရာလိုက်ခြင်း ကိစ္စ"။ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး လူတစ်ယောက်စီမှာ မတူညီတဲ့အမြင်ကိုယ်စီရှိကြမယ်ဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါကတော့ ကန်ဒီ့အမြင်တစ်ခုတည်းပေါ့။ ကိုယ့်မျက်စိရှေ့မှာတင် ပန်းကောင်းလေးတစ်ပွင့် နွမ်းသွားတာမြင်လိုက်ရတော့ စိတ်ထဲမကောင်းလွန်းလို့ ချရေးမိတယ်ပဲ ဆိုပါတော့။ တကယ်တော့ ခိုးရာလိုက်တယ်ဆိုတာ တကယ်မလွယ်တဲ့ကိစ္စတစ်ခု... ငယ်ရွယ်သူတွေကတော့ ငါတို့အဲ့လိုလုပ်လိုက်လို့ မိဘတွေစိတ်ဆိုးလည်း ခဏပဲ... ပြန်ခေါ်မှာပဲ အထင်နဲ့ လုပ်ကြတာလားတော့ မပြောတတ်ဘူး။ ပြန်မခေါ်ခဲ့ရင်??? ကျောင်းသူအရွယ် ပညာရေးတစ်ပိုင်းတစ်စနဲ့ ခေါ်သွားတဲ့ကောင်လေးကလည်း ကျောင်းတက်တုန်း... ဘ၀ကို ဘယ်လိုရုန်းကန်ကြမလဲ?? နှစ်ယောက်စလုံးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေတဲ့အနေအထားမျိုးဆို ထားပါတော့။ OK ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်ထားဦး... ဒီကိစ္စက ကိုယ့်မိဘ စိတ်ဆင်းရဲစေမယ့်ကိစ္စ။ အဲ့ဒါကြောင့် မလုပ်ခင် အများကြီး စဉ်းစားစေချင်တယ်။ ကိုယ်ကကျိုးကြောင်းဆီလျော်အောင် ပြောပြခွင့်တောင်းရင် မိဘဆိုတာမျိုးက ကိုယ့်သားသမီးစိတ်ချမ်းသာမယ်ဆို ခွင့်ပြုကြမယ့် သူတွေချည်းပါ။ အဲ့လိုမှမရလို့ ကိုယ်ကစိတ်ဒုန်းဒုန်းချပြီးပြီ၊ နောက်ဆက်တွဲပြဿနာတွေကိုလည်း ခံနိုင်ရည်ရှိတယ်ဆို Go for it... အဲ့လိုမှမဟုတ်ဘဲ ဘာမှသေချာမစဉ်းစားဘဲ ယောက်ျားနောက်လိုက်တာ လွယ်လွယ်ကူကူကိစ္စတစ်ခုလို့တော့ ဆယ်ကျော်သက်မလေးတွေကို မထင်စေချင်ဘူး။ ခုတော့ သွားပြီ... မိဘတွေကလည်း စိတ်ဆိုးပြီး ကျောင်းဆက်မထားပေးတော့ဘူး။ ဒီကောင်မလေးရဲ့အနာဂတ် ဘယ်လိုရှေ့ဆက်မလဲ...

Ekk... အခုတင် အဖေက Viber ကနေ ဓာတ်ပုံပို့လာတယ်။ သမီးမောင်လေးက အရင်လိုကလေးမဟုတ်တော့ဘူး... အကျီသေးနေတယ်တဲ့ (>.<)။ နောက်ဆို Large size ၀ယ်ရမယ်။ ရန်ကုန်အိမ်မှာ ဦးလေးလည်းရောက်နေတော့ ဦးလေးနဲ့စကားပြောဖြစ်တယ်။ ရွှေကူက အဘွားရဲ့ညီမ ဘွားလေးက တွေ့ချင်လို့လာခဲ့ပါဦးတဲ့။ ရန်ကုန်ပြန်ဖြစ်ရင် ရွှေကူကိုသွားလည်ချင်သေးတယ်။ ကားစီးရင် တစ်ရက်နဲ့ နောက်နေ့မနက်ဆိုရောက်ပြီ။ လေယာဉ်နဲ့ဆိုရင်တော့ ဘယ်လောက်မှ မကြာဘူးတဲ့။ ဗန်းမော်လေဆိပ်မှာဆင်းပြီး ရွှေကူကိုကားပြန်စီးရင် ခဏလေးတဲ့။ တကယ်တော့ အဲ့မှာ တခြားဘာမှမရှိပါဘူး။ ဖော်ရွေတဲ့အမျိုးတွေရှိတယ်... သဘာဝရှုခင်းတွေရှိတယ် ^_^


မနေ့ကတော့ မရှိ ရှိတဲ့အချိန်လုပြီး ပုံထိုင်ဆွဲနေလိုက်တယ်။ ပုံဆွဲနေတဲ့အချိန်က ကန်ဒီ့ခေါင်းထဲမှာ ဘာဆိုဘာမှ မတွေးတဲ့အချိန်... အာရုံက စက္ကူပေါ်မှာပဲ ရှိတယ်။ မြန်မာတော်တော်များများကတော့ အဲ့အချိန် ဘောလုံးပွဲကြည့်နေကြမယ်ထင်တာပဲ။ ကန်ဒီ့မှာ ကြည့်ဖို့အဖော်မှမရှိတာ။ ဟဟဟ... အဲ့လိုပြောလို့ ဘောလုံးပွဲအားပေးတာ အဖော်လိုလားလို့ မေးရင်... လိုတာပေါ့ ဘောလုံးပွဲဆိုတာမျိုးက လူအများကြီးနဲ့ကြည့်ပြီး အားပေးမှကောင်းတာ (အထူးသဖြင့် ကန်ဒီ့လို ဘောလုံးဝါသနာမပါတဲ့လူမျိုးအတွက်...)။


တစ်နှစ်တစ်နှစ် မြန်လိုက်တာ။ အသက်တွေကြီးလာတော့ လူလည်းရင့်လာတယ်။ စိတ်လည်း ရင့်ကျက်လာတယ် (ထင်ရတာပဲ :P)။ မနှစ်က ခရစ်စမတ်ကတော့ အမေတို့လာတယ်။ Humm... ဒီနှစ်ခရစ်စမတ်ကို ဘယ်သူနဲ့သွားရင် ကောင်းမလဲ?? *မျက်ခုံးတစ်ဖက်ပင့်ကာ မေးပွတ်ရင်း တွေးနေသည်* :P

Have a nice weekend^^

6 comments:

မောင်သစ္စာ said...

လူကတော့မရင့်ပါဘူးးးးးး:Dအမ်းးးစိတ်တော့ရင့်ကျတ်လာရမှာပေါ့..ဟီးးးညီမကတော်ပြီးသားပါကွာ..

Vista said...

ပန်းချီဆွဲတဲ့ ပစ္စည်းလေးတွေ ချစ်စ၇ာ ဘယ်ကဝယ်လည်း ကန်ဒီ ?

ကူးကူးလှိုင် said...

မိန်းကလေးတိုင်း သိသင့်တဲ့မှန်ကန်တဲ့ အတွေးခေါ်လေးတွေပါ ကန်ဒီရေ...

Candy said...

Mini stand, Brush တွေနဲ့ ဆေးတွေက Spotlight က ၀ယ်ပြီး ကျန်တာတွေကတော့ ကြုံရင် ကြုံသလို ၀ယ်လိုက်တာပဲ :D :D

ကိုဇော် သွင် said...

ဟိုလေ ဒီနှစ်ခရစ်စမတ် က ဘယ်သူနဲ့လို့
ရွေးပြီးပြီလားလို့။

မိုးသက် said...

ခိုးရာလိုက်မယ့် ကိစ္စဆိုတော့ မောင်လုပ်သူက မျက်လုံးပြူးသွားတယ်..။ :3
ဒါနဲ့ အစ်မ..။ မျက်စိထဲ မြင်တာလေး ဆရာလုပ်လိုက်ပါဦးမယ်.။ လက်ပတော့ ရဲ့ ခလုတ်တွေအပေါ်က ဘာမှ မအုပ်ရဘူး သိလားအစ်မ.။
အပူတွေမှန်သမျှ အဲဒီခလုတ်ကြားတွေထဲက ပြန်ထွက်တာဗျ.။ ဖုန်ဝင်မှာ ကြောက်ရင် ဖုန်းစုပ်တဲ့ ဟာလေးတွေရှိတယ်.။ အဲဒါသုံးရတယ်.။ လက်ပ်တော့ သုံးတဲ့သူတော်တော်များများ အဲဒါကို မသိကြဘူး..။
ဆရာလုပ်တာဟုတ်ဘူးနော်.။ (ဟုတ်ရင်လည်း နည်းနည်းပေါ့.) ဘလော့လာလည်ပါဦး.။ ၂ နှစ် ကျော်သွားပြီး အန်နီဗာစရီက ကွကိုယ်တောင်မေ့နေတယ်.။ ပို့စ်ကတော့ တစ်ခြားပို့စ်တွေ တင်ဖြစ်လိုက်တယ်.။
နေကောင်းကျန်းမာ၊ စိတ်ချမ်းသာပါစေ အစ်မတော်..
တော်သေးပြီ..
မောင်ငယ်
ဂျပိုး. အဲလေ. ငမိုး..