Sunday, December 29, 2013

Sick

Hello...
နေမကောင်းးးဘူးးးး... Christmas Eve က အလုပ်မှာ Christmas Party ရှိတယ်။ အဲ့ကပြန်လာကတည်းက ဖျားလိုက်တာ အခုထိပဲ။ ကိုယ်ပူလာလိုက် ဆေးသောက်လို့ကျသွားလိုက်၊ ပြန်ပူလာလိုက် ဖြစ်နေတာ ဒီနေ့မှ နည်းနည်းသက်သာတယ်။ သက်သာတယ်ဆိုတာ အဖျားပြန်မတက်သေးတာကို ဆိုလိုတာ... တကိုယ်လုံးနာနေတုန်းပဲ... လှုပ်တောင် မလှုပ်ချင်ဘူး။ နှာခေါင်းပိတ်ပြီး ချောင်းကလည်း ဆိုးချင်နေတယ်။ ဟုတ်တယ်... အဲ့နေ့တွေက နေမကောင်းတဲ့ကြားက အလုပ်ကလည်း သွားရသေးတယ်။ မလျှော်မဖြစ်တဲ့ ကုတ်အကျီကလည်း လျှော်ရသေးတယ်။ စကားပြောတာတောင် မထွက်တဲ့အသံကို ညှစ်ထုတ်ပြီး ပြောနေရတယ် :(

Group Photo... 

ကန်ဒီတို့ Pharmacy ရဲ့ အရှေ့မျက်နှာစာနေရာပေါ့။ အပြာရောင်ခုံလေးတွေက လူနာတွေထိုင်စောင့်ဖို့... ဒါပေမယ့် ခုံကနည်းပြီး လူနာတွေကအမြဲများနေတာဆိုတော့ လူနာတိုင်းလည်း မထိုင်ရပါဘူး။ သြော်... ကန်ဒီမပြောပြရသေးဘူး ထင်တယ်။ ကန်ဒီ ဟိုးးးအစတုန်းကလို အမြဲမတ်တပ်ရပ် မနေရတော့ဘူး။ အခု Roster လိုမျိုးနဲ့ဆိုတော့ အပြင်ထွက်လိုက် အထဲဝင်လိုက်နဲ့ ထိုင်ရတဲ့အချိန်နဲ့ ထရတဲ့အချိန်က မျှမျှတတဖြစ်သွားပြီ :D

မနေ့က ကန်ဒီဆေးပေးဖို့ခေါ်လိုက်တဲ့ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင် ဦးလေးကြီးတစ်ယောက်က ကန်ဒီ့ကိုကြည့်ပြီး "Are you so Happy??" ဆိုပြီးမေးတော့ လူကကြောင်တောင်တောင်ဖြစ်သွားတယ်။ ရုတ်တရက် ဘာဖြေရမှန်းမသိဘူး (တကယ်က လူကနေလို့မကောင်းလို့ မပျော်နိုင်ပါဘူး)... ပြီးတော့ "Are you Vietnamese??" မေးပြန်ရော။ "No, I'm Myanmar." လို့ဖြေတော့... "It's very nice to see your smile. I noted your smile." အဲ့လို Compliment လေးတွေရတော့လည်း ပျော်ရပြန်ရော ခိခိ။ ဒါပေမယ့် အဲ့ဒါမျိုးက လူတစ်ရာမှာတစ်ယောက်ပါ။ တော်တော်များများက စောင့်ရလို့ စိတ်မရှည်တဲ့လူတွေချည်းပဲ >.<


နေမကောင်းတဲ့ကိစ္စကို ဆက်ညည်းရရင်... အဲ ဆက်ပြောရရင် အဲ့လိုနေမကောင်းဖြစ်တော့ တစ်ယောက်တည်း အားငယ်တယ် (>.<)။ တစ်ခါတစ်ခါ ငိုချင်လာရော... (ဟင့် T_T)။ နေလည်းမြန်မြန်ကောင်းမှပဲ။ နေမကောင်းရင် အားငယ်တတ်တာ ကန်ဒီတစ်ယောက်တည်းလား?? လူတိုင်းလိုလိုလား?? ပြီးခဲ့တဲ့အပတ်က ပေါင်ချိန်ကြည့်တာ 2kg တက်လာတယ် (>.<)။ ဒါပေမယ့်အခုတော့ ပြန်ကျသွားလောက်ပြီထင်တယ် (ဘာမှစားချင်စိတ်မရှိတာနဲ့ ဖြစ်သလိုစားနေတာဆိုတော့)။ 

OMG!! ဒီညအကယ်ဒမီပေးပွဲ ရှိတာလား?? လုံးဝမသိဘူး (ကန်ဒီသည် အရာအားလုံးနှင့် ကင်းကွာနေလေသည်)။ ဒီနေ့ပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါနော်...

Have a Nice Day!!

8 comments:

Anonymous said...

Get well soon sis.
Fighting ^.^

မောင်သစ္စာ said...

ခြောက်ဆယ်ဝန်းကျင် ဦးလေးကြီးတစ်ယောက်က ...အင်းးးးး ဘိုးတော်များလားမသိဘူး...:oဟဟဟ...လူတယောက်ကို မြင်ရုံနဲ့ ဘယ်လိုစကားဟာသူ့အတွက် ကောင်းမွန်စေမလည်းဆိုတာ....အမ်းလေး....သူလည်းအသတ်ခြောက်ဆယ်လောက်ရှိပြီကိုးးးး...။ နေမကောင်းတဲ့အခါတော့ ဒီလိုပါပဲကွာ...ဂရုစိုက်...........

ကူးကူးလှိုင် said...

ကန်ဒီရေ နေမကောင်းတဲ့အချိန်တော့ အစ်မတို့လဲ အတူတူပါပဲ ဒါပေမဲ့ ကန်ဒီက ညီမလေးရှိသေးတယ်လေ တော်သေးတာပေါ့ ..ကျန်းမာရေးကို ဂရုစိုက်နော်...

Ma Tint said...

အမြန်ဆုံးကျန်းမာပျော်ရွှင်ပါစေ သကြားလုံးလေးရေ...
Happy New Year <3

မေတ္တာဖြင့်
တီတင့်

နွေတေးရှင် (မင်းဧရာ) said...

ဟဲ့ အာပေတူး
ဂရုစိုက်ဦး ။

နေမကောင်းလို့ အားငယ်တာတော့ ကျုပ်တို့ လို လူတွေတောင် မကျန်ဘူး အားငယ်တာပဲ
တရပ်တကျေး တကောင်ကြွက်နေရတာကိုး အားမငယ်ပဲ ရှိမလား ။

မြန်မြန်ကျန်းမာပါစေ သကြားပိန်လေး :)

ကိုကိုမောင်(ပန်းရနံ့) said...

အခုလောက်ဆိုရင်တော့ နေကောင်းလောက်ရောပေါ့။
နှစ်သစ်မှာ ပျော်ရွှင်ကျန်းမာနေပြီလို့ဘဲ မှတ်ယူလိုက်တော့မယ်။

မိုးသက် said...

ငါ့အစ်မမျက်နှာလေးမြင်ရတာ သနားလိုက်တာ..
အစပ်တွေ အသုတ်တွေသွားမစားနဲ့ဦးနော်...
သနားပါတယ်..ငါ့အစ်မ.။ ဖျားနေရတဲ့ကြားထဲ အလိုက်မသိတဲ့ မောင်က ဗိုက်ဗာကနေ တစ်ဂျောက်ဂျောက်ရိုက်သေးတယ်.. >.<

ရင်လှိုင်း said...

Sick နေလည်း ချစ်ဖို့ ကောင်းနေတာပဲ။ အားမငယ်နဲ့ နော် .. ရင်လှိုင်း ရှိတယ်။