Sunday, January 26, 2014

Just Rambling

Hello...
ဒီအပတ် တော်တော်ပင်ပန်းတယ်... စိတ်ရော၊ လူရောပဲ ဖူးးး...(-.-')။ နောက်အပတ်ထဲတော့ ခရီးခဏထွက်ပြီး စိတ်အပန်းပြေနိုင်ကောင်းပါရဲ့။ မနေ့ကအစ်မနဲ့ Arab Street ကို နောက်တစ်ခေါက်ရောက်သွားသေးတယ်။ အဖော်လိုက်ပေးတာပါ...


အရောင်စပ်ထားတာလေး ကြိုက်လို့ ဓာတ်ပုံရိုက်ခဲ့တာ။ အဲ့ကအပြန်ကျတော့ ကန်ဒီ့ညီမနဲ့ Far East Plaza က သူပြောတဲ့ Mega Sale ဆိုတဲ့ဆီကို သွားကြတယ်။ တကယ်တော့ Chinese New Year နီးတော့ အားလုံးက Mega Sale နေတာပါပဲ။ Far East Plaza တစ်ခါမှ မရောက်ဖူးဘူး။ Bugis နဲ့ ခပ်ဆင်ဆင်ပဲ... ဒါပေမယ့် အဲ့က အကျီတွေက Bugis နဲ့ ယှဉ်ရင် ဈေးနည်းနည်းပိုကြီးပြီး Quality နည်းနည်းပိုကောင်းတယ်။ ကန်ဒီဘာမှမ၀ယ်တာ ကြာာာာလှပြီ။ ၀ယ်ဖြစ်ရင်လည်း Formal တွေပဲ ၀ယ်ဖြစ်တယ်။ နေ့စဉ်ဝတ်နေရတာက အဲ့ဒါတွေကိုးး Gerrr >.<


ကန်ဒီအဲ့လိုစကပ်အကားမျိုး တစ်ခါမှမ၀တ်ဖူးဘူး... လေတိုက်ရင် လန်မှာစိုးလို့(xD)။ ဒီစကပ်အနီလေးတွေ့တော့ လိုချင်သွားတယ်။ အသားက Leather လို အပြောင်သားဆိုတော့ ရိုးရိုးပိတ်စအသားနဲ့ယှဉ်ရင် နည်းနည်းလေးတယ်။ အဲ့တော့ တော်ရုံလေနဲ့ မလန်လောက်ဘူး ထင်တာပဲ ဟဟ(xD)။ အဲ့ဒါ ကန်ဒီ့ညီမကလည်း လိုချင်တယ်ဆိုတော့ နှစ်ယောက်စပ်တူ တ၀က်စီပေးပြီးဝယ်တာပေါ့။ အပေါ်ကအကျီလည်း နှစ်ယောက်စပ်တူပဲ။ ညီမရှိတာ ဘယ်လောက်ကောင်းလဲနော်... အကျီတွေ စပ်တူဝယ်လို့ရတယ်။ ပြီးရင် Share ၀တ်တာပဲ။ ဒါပေမယ့် သူ့စတိုင်လ်နဲ့ ကိုယ့်စတိုင်လ်က မတူတော့ အကုန်လုံးတော့ အဲ့လို မ Share ဖြစ်ပါဘူး။ သူက Formal Style... Dress တွေ ၀တ်တာများတယ်။ ကန်ဒီက Casual Style (^_^)။ အဲ့ဒီအကျီအပေါ်က ဘာနဲ့ထပ်ဝတ်ရမလဲ ရှာမရသေးဘူး။

Guess what?! ကန်ဒီတို့အနှစ်နှစ်အလလ ဖုံးကွယ်ထားတဲ့ဟာကြီး ခုအန်တီလာတော့ ပေါ်သွားပြီ။ အရင်က အန်တီက သူ့အခန်းသူနေတာဆိုတော့ ကန်ဒီတို့အခန်းထဲမှာ ဟမ်းစတားလေးတွေ မွေးထားတာ မသိဘူး။ ခု ခဏလာလည်တော့ သူ့အခန်းမှာ အိမ်ငှားကောင်မလေးနှစ်ယောက် ရောက်နေပြီဆိုတော့ အန်တီက ကန်ဒီတို့အခန်းနေရတယ်။ အဲ့တော့ ဖုံးလို့မရတော့ဘူး။ အဲ့ဒါသူက "သူတို့သေသွားရင် ထပ်မမွေးနဲ့တော့နော်... ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုလည်း လှောင်အိမ်ထဲထည့်ထားတာ အကုသိုလ်များတယ်" တဲ့(>.<)။ သူတို့သေသွားရင်တဲ့... ပြောရက်လိုက်တာ(!_!)။ သူတို့သက်တမ်းတိုတိုလေးမှာ သက်တမ်းစေ့နေသွားနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ် (!_!)။ အကုသိုလ်များတယ်ဆိုတာနဲ့ ပက်သက်ပြီးတော့ သိပ်မထောက်ခံချင်ဘူး။ သူတို့က အိမ်မှာမွေးရတဲ့ တိရိစ္ဆာန်မျိုးလေ။ နောက်ပြီး ကန်ဒီ့အကောင်လေးတွေက မွေးကတည်းက လှောင်အိမ်ထဲပဲ နေလာတာ။ လွတ်ထားကြည့်ပါလား... သူတို့အစာမရှာတတ်လို့ အစာငတ်ပြီး သေသွားမှာ။ အဲ့တစ်ခုတော့ မထောက်ခံဘူး >.<

ငယ်ငယ်က သူများကြက်တူရွေးလေး ခဏမွေးပေးတုန်းကလည်း အမေက အဲ့လိုပြောဖူးတယ်။ ငှက်မွေးတာနဲ့ ပက်သက်ပြီး အကုသိုလ်များတာတော့ နည်းနည်းလက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့က မပျံနိုင်အောင် အတောင်ကိုညှပ်ပစ်တာလေ။ သူတို့အတောင်က ပြန်ပေါက်တယ်ထင်တယ်။ အဲ့တော့ သူတို့လည်း ပျံချင်ရှာမှာပေါ့ဆိုပြီး နောက်ဆုံး အမေပြောတာကို လက်ခံပြီး ပိုင်ရှင်ဆီပြန်ပေးလိုက်တယ်။


မနေ့က ရန်ကုန်က ကန်ဒီ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့မွေးနေ့အတွက် ကန်ဒီတို့တွေ Celebrate လုပ်ပေးတယ်။ သုံးယောက်လုံးက တစ်နိုင်ငံစီမှာဆိုတော့ Skype ကနေပဲပေါ့။ သူ Webcam ကြီးက မကောင်းတော့ ၀ါးနေတာပဲ(>.<)။ အဲ့ဒီနှစ်ယောက်က ဓာတ်ပုံရိုက်မယ်မှန်းသိလို့များ လှလှပပလေးတွေ လုပ်ထားလား မသိဘူး။ ကန်ဒီတစ်ယောက်ထဲ အိမ်နေရင်းပုံနဲ့ စုတ်ပြတ်နေတယ်။ အမှန်အတိုင်းပြောရရင် သူတို့နဲ့ချိန်းထားတာကို မေ့နေတာ ခိခိ(xD)။ Whats app ကနေ Message ပို့လာမှ သတိရလို့ လိုင်းပေါ်အမြန်တက်ရတယ်(:P)။ စကားပြောရင်း Google+ Hangout က Effect တွေလည်း ကလိသေးတယ် xD


ဟီးဟီး... ရုပ်ဆိုးလို့ အကြီးမချဲ့တော့ဘူးနော် (:P)။ ငယ်သူငယ်ချင်းတွေနဲ့ စကားပြောရင် တော်ရုံနဲ့မပြီးတော့ဘူး။ ပြောစရာတွေက တစ်ခုပြီး တစ်ခုပေါ် ပေါ် လာတာ... ဒီကြားထဲ သူ့ Connection က မကောင်းတော့ ပျောက်လိုက်ပေါ်လိုက်။ ခုဆို သူ(၂၆)နှစ်ပြည့်သွားပြီ။ မကြာခင် ကန်ဒီလည်း (၂၆)နှစ်ပြည့်တော့မယ်။ Woww!!! တဖြည်းဖြည်းနဲ့ အသက်အစိတ်တောင် ကျော်လာပြီ။ အချိန်တွေက မြန်လိုက်တာ...

Okie... ဒီနေ့တော့ ဒီလောက်ပဲ။ ခဏနေ ရေမိုးချိုးပြီး ဘုန်းကြီးကျောင်းသွားမယ်။ ညကျရင် မနက်ဖြန် Training အတွက် စာကြည့်ရမယ်။ အားလုံးပဲ တာ့တာ...

See you on Next week (Hopefully ^_^)

Sunday, January 19, 2014

Dream ♥ came true?!

Good Morning...
မင်္ဂလာနံနက်ခင်းပါ (အကြာကြီး အိပ်ရလို့ :P)။ စနေညနဲ့ တနင်္ဂနွေမနက်က ကန်ဒီအကြိုက်ဆုံးအချိန်တွေပေါ့။ စနေညတွေဆို ဘယ်မှမသွားဖြစ်ရင် ပုံထိုင်ဆွဲဖြစ်တယ်။ တကယ်တမ်းဆို ပန်းချီဆွဲတာနဲ့ပက်သက်လို့ ကန်ဒီ့မှာ ပါရမီမပါဘူး။ ၀ါသနာပါတာ တစ်ခုပဲရှိတယ်... စိတ်နှစ်ပြီး ပုံဆွဲနေရတဲ့ အရသာကို ကြိုက်တယ်...

ဆွဲလက်စ...

Petals Failed...

အရင်ကကန်ဒီတို့နဲ့တူတူနေသွားတဲ့အန်တီ သူ့ PR ကို Cancel လုပ်ဖို့ စင်္ကာပူခဏပြန်လာတယ်လေ။ သူဟင်းချက်ဖို့ဂျင်းလိုတာနဲ့ ကန်ဒီတို့ကြက်သွန်တွေ၊ ဂျင်းတွေထည့်တဲ့ခြင်းတောင်းလေးကို ကြည့်တော့ ဂျင်းကအထုပ်ကလေးထဲမှာပဲ အတက်တွေထွက်နေပြီ... ဟဟဟ ဘယ်လောက်တောင် ဟင်းမချက်လဲဆို အဲ့ဒါသာကြည့်။ ကန်ဒီ နှစ်ကီလိုတက်လာတာလည်း အပြင်စာချည်းစားလို့ဖြစ်မယ်။ အရင်ကဆို အိမ်မှာဟင်းချက်စားတာ ၀ိတ်မတက်ပါဘူး။ အန်တီက "မနက်ထမင်းဗူးယူသွားမလား? သူစီစဉ်ပေးမယ်"လို့ မေးတော့... "ရတယ် ရတယ် အန်တီ၊ မယူပါဘူး တကူးတက မလုပ်ပေးပါနဲ့..." လို့ ဖြေလိုက်ပေမယ့် စိတ်ထဲကတော့ လိုချင်သား ဟဟဟ(xD)။ အမေဆိုရင်တော့ ငြင်းဖြစ်မှာ မဟုတ်ဘူး...


အန်တီယူလာပြီး ပြုတ်ကျွေးတဲ့ ပဲမြစ်... မစားရ၊ မမြင်ရတာ တော်တော်ကြာပြီ။ အမေပြုတ်ကျွေးတာနဲ့တော့ မတူဘူး။ အမေက ထန်းလျက်ထည့်ပြုတ်တယ် ထင်တယ်... ပဲမြစ်က ပိုချိုပြီး အညိုရောင်လေးသန်းတယ်။ နောက် စားရလွယ်အောင် အမေက ကျည်ပွေ့နဲ့ထုလိုက်သေးတယ်။ ပြောရင်း သရေတောင်ကျလာပြီ ရှလွတ် :P

အိမ်ကိုလာလည်တဲ့ အန်တီ့သူငယ်ချင်း အန်တီတစ်ယောက်နဲ့ သူ့သားက စကားပြောအရမ်းကောင်းတာပဲ။ သူတို့နဲ့စကားပြောတာ တစ်ချိန်လုံးရီနေရတယ်။ ကန်ဒီ့လို ဘာသိဘာသာနေတတ်တဲ့လူမျိုးကိုတောင် ရီအောင်ပြောနိုင်တယ်ဆိုတာ နည်းတဲ့ပါရမီမှမဟုတ်တာ... ဟဟ(xD)။ ကန်ဒီ့အခန်းထဲမှာချိတ်ထားတဲ့ ပုံလေးတွေကို ကြည့်ပြီး "သမီးက ပုံဆွဲတယ်လား... အန်တီ့ပုံလည်း ဆွဲပေးလေ၊ အန်တီ့ပုံဆွဲရင်တော့ ၀လုံးလေး လေးလုံးဆွဲရင် ပြီးပြီ၊ ခေါင်းတစ်လုံး၊ မျက်လုံးနှစ်လုံးနဲ့ ဗိုက်တစ်လုံး၊  အရမ်းလွယ်တယ်"တဲ့... ဟဟဟဟ သူပြောတာနားထောင်ပြီး ရီလိုက်ရတာ(xD)။ ကန်ဒီ့ဟမ်းစတားလေးတွေကို ကြည့်ပြီး အန်တီက "ကိုက်တတ်လား??"လို့ မေးတော့... သူ့သားက ကြားထဲကနေ၀င်ပြီး "အမေသိချင်ရင် လက်ထည့်ကြည့်လေ"တဲ့ (xD xD)။ သူတို့နဲ့စကားပြောတာ တချိန်လုံးပါးစပ်မပိတ်ရဘူး။ တပါးသူပျော်အောင် စကားပြောတတ်တာလည်း မွေးရာပါ ပါရမီထင်တယ်နော်။

လာမယ့်တရုတ်နှစ်ကူးမှာ ကန်ဒီတို့အလုပ်က သုံးရက်ပိတ်တယ်။ နောက်တစ်ကြိမ် အဲ့လိုသုံးရက်ပိတ်ဖို့ဆိုတာ မလွယ်တော့ဘူးဆိုတော့ တနေရာရာသွားမယ်ဆိုပြီး စဉ်းစားမိတယ်။ သုံးရက်ထဲနဲ့ ရန်ကုန်ပြန်ဖို့ကလည်း မဖြစ်။ နောက်ဆုံး အနီးဆုံးလည်းဖြစ်၊ အသိတွေလည်းရှိတဲ့ မလေးရှားပဲ သွားလည်မယ်လို့ ဆုံးဖြတ်ချက်ချပြီး လက်မှတ်တွေဝယ်၊ ဗီဇာတွေလျှောက် စ,လုပ်တော့တာပဲ။ ကန်ဒီလည်း တော်တော်ရီရတယ်။ အစက ဘာအစီအစဉ်မှ မရှိဘူး၊ ပြီးခဲ့တဲ့အပတ်ကမှ ဗြုန်းစားကြီး ခေါင်းထဲဝင်လာတယ်။ တရုတ်နှစ်ကူး သုံးရက်ကြီးများတောင် ဆိုင်တွေလည်းပိတ်နဲ့ ပျင်းခြောက်ခြောက် စင်္ကာပူမှာ ဘာကိစ္စနေရမှာလဲဆိုပြီး(xD)။ City Hall မှာ မလေးဗီဇာသွားအပ်တော့ အဲ့ဆိုင်က ဓာတ်ပုံလိုတာကို မေ့ပြီးမတောင်းဘူး။ နောက်နေ့မှ ဖုန်းဆက်ပြီး ဓာတ်ပုံတောင်းဖို့ မေ့သွားလို့ လာပေးပါဆိုတာနဲ့ နောက်တကြိမ်သွားပေးရတယ်။ စိတ်တိုလိုက်တာ... City Hall တစ်ခါတစ်ခါသွားဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ အထူးသဖြင့်အလုပ်ကအပြန်ဆို ပင်ပန်းလို့ အိမ်ပဲပြန်ချင်တယ်။ ဘယ်မှမသွားချင်ဘူး >.<


"This & That" က ၀ယ်လာတဲ့ ဘောပင်လေးတွေ... ချစ်စရာလေး။ ဟိုနေ့က Pet Shop ရောက်တော့တောင် ကန်ဒီလိုချင်တဲ့ ယုန်လေး တွေ့ခဲ့သေးတယ်။ ချစ်ဖို့ကောင်းလိုက်တာ... သူ့ကြည့်ရတာ အဆော့မက်မယ့်ပုံပဲ။ Humm.... ဒီမှာနေရတာ ကိုယ့်ဟာကိုယ်တောင်မပိုင်တာ... သူ့ကိုမွေးထားပြီး ကိုယ်ကပြန်ရရင် ဘယ်လိုလုပ်မလဲဆိုပြီး မမွေးဖြစ်ဘူး >.<

♥ 9:00PM
ခုနကပဲ Topayoh ဘုန်းကြီးကျောင်းက ပြန်ရောက်တယ်။  မေတ္တာရှင်ဖောင်ဒေးရှင်းက ညီမတစ်ယောက်က ကန်ဒီတို့ Facebook Group မှာ Topayoh ဘုန်းကြီးကျောင်းက ကလေးတွေကို မြန်မာစာသင်ပေးဖို့ ဆရာမလိုတယ် ဆိုပြီးကြေငြာထားတာနဲ့ ကန်ဒီစိတ်ဝင်စားသွားတယ်။ ကန်ဒီ့ဘလော့ဂ်ကို ဟိုးးးအရင်ကတည်းက ဖတ်တဲ့သူဆို သိမှာပါ။ ကန်ဒီငယ်ငယ်လေးကတည်းက ဖြစ်ချင်တာ ဆရာမတစ်ယောက်ဆိုတာ၊ နောက် ဖြစ်နိုင်ရင် အဖိုးအခမယူတဲ့ စေတနာ့ဝန်ထမ်းဆရာမတစ်ယောက် ဖြစ်ချင်တယ်လို့လည်း တစ်ခါရေးခဲ့ဖူးတယ်။ Topayoh ဆိုတော့ အနီလိုင်းပေါ်မှာ... ကန်ဒီကအစိမ်းလိုင်းပေါ်မှာနေတာဆိုတော့ သွားကူချင်ပေမယ့် လူကနည်းနည်းတွေနေတယ်... ဝေးတာကိုးးး။ နောက်ဆုံး "Direct Bus ရှိရင်သွားမယ်ကွာ..." ဆိုပြီး Map မှာလိုက်ရှာ၊ ဖြစ်ချင်တော့ ကန်ဒီ့အိမ်ကနေ အဲ့ကို Direct Bus ရှိတယ်... (၄၅)မိနစ်လောက် စီးရမယ်လို့ ရေးထားတယ်။ ကိုယ်လည်းလုပ်ချင်နေတဲ့အရာဆိုတော့ (၄၅)မိနစ်လည်း ဘာဖြစ်လဲ သွားမယ်ပေါ့။ ဒီနေ့တကယ်တမ်း အဲ့ကိုအိမ်ကနေကားစီးသွားတော့ (၁၅)မိနစ်ကျော်ကျော်လောက်ပဲ ကြာတယ်၊ နီးနီးလေးရယ်... အရင်က မသိခဲ့ဘူး။ အမြဲ Topayoh ဘုန်းကြီးကျောင်းသွားမယ်ဆို ရထားနှစ်ဆင့်စီး၊ ပြီးလမ်းပြန်လျှောက် အဲ့လိုမျိုးချည်း သွားခဲ့တာ... ပိန်းချက် >.<

ကန်ဒီ့ ပထမဆုံးစာသင်တဲ့  အတွေ့အကြုံကို ပြောပြရမလား ဟဟဟ။ တကယ်အမြဲအမှတ်ရနေမှာတော့ သေချာတယ်။ အဖြစ်က ဒီလို... ကန်ဒီကစောရောက်နေတာနဲ့ ကိုယ့်ဟာကိုယ် ဘုရားရှိခိုး၊ ပုတီးစိပ်နေလိုက်တယ်။ (၅)နာရီခွဲလောက်ကျတော့ ဘုန်းဘုန်းက ကလေးတွေကို ပညာပေးပုံပြင်လေးတစ်ပုဒ်ပြောပြတယ်။ အဲ့အချိန်မှာ ကလေးလေးနှစ်ယောက်က ဘုန်းဘုန်းပြောတာကို နားမထောင်ပဲ ထပြီးလျှောက်ဆော့နေတယ်။ စိတ်ထဲမှာတော့ ဒီကောင်လေးနှစ်ယောက် တော်တော်အဆော့မက်တာပဲပေါ့။ ဘုန်းဘုန်းပုံပြင်ပြောပြီးတော့ အားလုံးစာသင်ဖို့ ကိုယ့်အခန်းထဲ ကိုယ်ဝင်ကြတယ်။ ဖြစ်ချင်တော့ အဲ့ကောင်လေးနှစ်ယောက်က ကန်ဒီသင်ရတဲ့ အခန်းထဲက။ ကဗျာဆိုနေတဲ့အချိန်မှာလည်း ဆော့နေကြလို့ ကဗျာကိုလက်နဲ့လိုက်ထောက်ပြီး ဆိုခိုင်းရတယ်။ အခန်းထဲမှာ ဆရာမလေးယောက်ရှိတယ်။ ကလေးတွေက (၁၅)ယောက်လောက် ရှိမယ်။

"တို့ကျောင်း"
ပန်းကလေးများ ပွင့်တော့မည်၊
ဖူးတံဝင့်လို့ချီ၊ နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း။

ဆရာမတစ်ယောက်က တစ်လိုင်းစီကို တာဝန်ယူပြီး ကဗျာစစ်ရပြန်တော့ ကန်ဒီက သူတို့နှစ်ယောက်ရှိတဲ့လိုင်းကို တာဝန်ယူရတယ်။ စိတ်ထဲမှာတော့ "တိန်... ငါ ဒီနှစ်ယောက်ကို ဘယ်လိုစည်းရုံးရပါ့" ပေါ့။ သူတို့က အဆော့မက်တဲ့သူတွေဆိုတော့ ပြီးရင် တူတူဆော့မယ် ဘာညာနဲ့ပြောပြီး စည်းရုံးရတယ်။ အဲ့လိုပြောတော့ ကဗျာကောင်းကောင်းလိုက်ဆိုတယ်။ ပြီးတော့ ဆော့မယ် ဘာဆော့မလဲဆိုတော့ တယောက်က သေနတ်ပစ်မယ်၊ တယောက်က တစ်ပြား နှစ်ပြား ပဲလင်ပြား ဆော့မယ်တဲ့။ အဲ... တစ်ပြား နှစ်ပြား ပဲလင်ပြား (ပဲနံပြား??) က ဘယ်လိုဆော့တာလဲ ကန်ဒီဘယ်လိုမှ စဉ်းစားလို့မရတော့ဘူး ဟဟ(xD)။ ငယ်ငယ်ကတော့ ကိုယ်တိုင်လည်းဆော့ခဲ့ဖူးပါတယ်။ အဲ့ဒါနဲ့ နောက်ဆုံး သူတို့နဲ့ စကားပြောလိုက်၊ ကဗျာပြန်ဆိုခိုင်းလိုက်နဲ့ ပြီးသွားတယ်။ အတန်းလွှတ်ပြီးတော့ ဘုန်းဘုန်းစကားပြောတဲ့အချိန်မှာလည်း ဒင်းတို့နှစ်ယောက်က အငြိမ်မနေပြန်ဘူး။ စကားတွေအကျယ်ကြီးပြောပြီး ဆော့နေကြပြန်ရော ဟဟ... တကယ်မလွယ်တဲ့ကလေးတွေ xD xD

ပြန်ခါနီးမှာ ကန်ဒီရေးတာတွေဖတ်တယ်ဆိုပြီး တရင်းတနှီး လာနှုတ်ဆက်တဲ့အစ်မကို ကျေးဇူးတင်တယ်။ အဲ့အစ်မမျက်နှာနဲ့ အပြုံးက အေးချမ်းတယ်။ အမှန်အတိုင်းပြောရရင် မျက်နှာစိမ်းတွေကြားထဲမှာ ကိုယ့်ကိုစကားလာပြောတဲ့သူရှိတော့ စိတ်ထဲ တကယ်ဝမ်းသာသွားတယ်။ အဆော့မက်တဲ့ ကလေးနှစ်ယောက်ကလည်း ကန်ဒီ့ကို ပြန်ခါနီး "Bye" တွေ ဘာတွေလာလုပ်သွားသေးတယ် ^_^

ဒီတပတ်ပိုစ့်ကတော့ တော်တော်ရှည်သွားပြီ...
See you all on next post^^

Sunday, January 12, 2014

ဇာ

Hellooo...
ပျင်းးးးဖို့ကောင်းလိုက်တာာာ... ကုတင်ပေါ်ကကို မဆင်းချင်ဘူး။ ဘာမှလုပ်စရာမရှိတာတော့ မဟုတ်ဘူး... ဘာမှမလုပ်ချင်ဘူး ဖြစ်နေတာ ဟဟ(xD)။ အိမ်သန့်ရှင်းရေးလုပ်ရမယ်။ အရင်က ကန်ဒီတို့နဲ့တူတူနေပြီး မြန်မာပြည်ပြန်သွားတဲ့အန်တီက ခဏပြန်လာလည်မယ်ဆိုတော့ အိမ်ကညစ်ပတ်နေရင် "ဟင်... နင်တို့ ငါမရှိတာနဲ့ ဖြစ်သလိုနေနေကြတယ်လား... တအိမ်လုံးညစ်ပတ်နေတာပဲ" ဘာညာ ဘာညာ ပြောခံရမှာစိုးလို့(:P)။ ပုံမှန်ဆိုရင်တော့ အိမ်ကမညစ်ပတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်က ကန်ဒီဖျားသွားတော့ ဘာမှမလုပ်နိုင်ဘူး။ အဲ့ဒါနဲ့ အဲ့လိုဖြစ်နေတာ...

Presents from Malaysia...

မနေ့ကတော့ တနေ့လုံးအပြင်ထွက်တယ်။ အလုပ်ကအပြန် Bugis သွားပြီး အစ်မ,မဒမ်ကိုးနဲ့ မလေးရှားကနေထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းသွားယူတယ်။ ပြီးတော့ အစ်မက "Arab Street မှာ ဇာတွေအရမ်းပေါတယ်ဆိုလို့ သွားကြည့်ချင်တယ် လိုက်ခဲ့မလား"ဆိုတာနဲ့ သူနဲ့အဖော်လိုက်သွားတယ်။ Arab Street ကို Bugis ကနေသွားမယ်ဆို... BHG ဖိနပ်တွေရောင်းတဲ့နေရာနားမှာ အပြင်ကိုထွက်တဲ့အပေါက်ရှိတယ်။ အဲ့ကနေအပြင်ထွက်သွားပြီး Raffle Hospital ဘက်ကို လမ်းလျှောက်သွားရတာ... (၅)မိနစ်လောက်တောင် မလျှောက်ရဘူး၊ Arab Street ဆိုတာ တွေ့လိမ့်မယ်။ အဲ့မှာ ဇာတွေမှ အများကြီးပဲ... လှလည်းလှတယ်။ မလေးတွေဝတ်တဲ့ဇာတွေထင်တယ်။ ရန်ကုန်ဈေးနဲ့ယှဉ်ရင် အဲ့မှာပိုဈေးသက်သာတယ်လို့ အစ်မကပြောတယ်။ ကန်ဒီကတော့ မြန်မာပြည်မှာ ဘယ်ဈေးရှိလဲ မသိတော့ မပြောတတ်ဘူး။ အဲ့ကဇာတွေကတော့ တစ်မီတာကို SGD 20, 25, 30... အဲ့လောက်ရှိတယ်။ အရမ်းဈေးကြီးတာတွေလည်း ရှိတာပေါ့နော်... အမျိုးအစားအလိုက်ပေါ့။



အပေါ်ညာဘက်ကပုံထဲက ပန်းနုရောင်လေးဆို တစ်မီတာကို SGD 20 (15600Kyats)... သူ့ဘေးက ခရမ်းရောင်လေးဆို တစ်မီတာကို SGD 30 (23400Kyats)... လှတယ်နော် (Ekk... အထည်ရောင်းတာနဲ့တူနေပြီ -.-')။   မင်္ဂလာဆောင်လိုပွဲမျိုးတွေ သွားတဲ့အခါကျတော့ အဲ့လိုဇာလေးတွေက ပိုတင့်တယ်တယ်လို့ ကန်ဒီထင်တာပဲ။ ဒါ ရန်ကုန်က ကန်ဒီ့ညီမအငယ်ဆုံး... သူသတို့သမီးအရံလုပ်တုန်းကပုံ (သူ့ကောင်လေးနဲ့ :P)။ သူချုပ်ထားတာလေး အရမ်းလှတာပဲ။ ချစ်ဖို့လည်း ကောင်းတယ်။


ဟီးး... အစ်မ၀ယ်တော့ ကန်ဒီလည်း မနေနိုင် မထိုင်နိုင်လိုက်ဝယ်ခဲ့သေးတယ်။ ကန်ဒီဝယ်ခဲ့တဲ့ဟာကတော့ သာမာန်အဆင်လေးပါပဲ (ကန်ဒီဝယ်လိုက်တိုင်း ဘာလို့ခရမ်းရောင် ဖြစ်နေလဲ စဉ်းစားလို့မရဘူး)။ ဟိုသွား ဒီသွား ဘုရားသွား ကျောင်းတက်ဝတ်ဖို့... ကန်ဒီ့မှာ မြန်မာအကျီကောင်းကောင်းကန်းကန်းဆိုလို့ တစ်ထည်လားပဲ ရှိတယ်(>.<)။ ၀ယ်သာဝယ်ခဲ့တာ ဘယ်မှာသွားချုပ်ရမလဲ မသိသေးဘူး ဟဟ(xD)။ ဒီမှာချုပ်ရင်တော့ ဈေးတော်တော်ကြီးမှာ... လောလောဆယ်တော့ ဘယ်လိုချုပ်ရင်ကောင်းမလဲ ဒီဇိုင်းအရင်ရှာလိုက်ဦးမယ် :D

အစ်မ,မဒမ်ကိုးက ကန်ဒီအလုပ်က ပြန်လာတဲ့ပုံကြည့်ပြီး လူကြီးနဲ့တူလာတယ်တဲ့။ ဟုတ်ပါ့... အလုပ်သွားရင် အဲ့လို Formal ဒီဇိုင်းကြီးဆိုတော့ လူကြီးလိုကြီးဖြစ်နေတာပေါ့။ အဲ... တကယ်တော့ ကန်ဒီလည်း ငယ်မှမငယ်တော့တာ ဟဟဟ(xD xD)။ ဆံပင်ကလည်း စည်းထားရသေးတယ်ဆိုတော့ ပိုဆိုးးး >.<

လက်ဝဲ: အလုပ်သွားသောပုံ၊ လက်ယာ: လျှောက်လည်သောပုံ

အစ်မနဲ့ Arab Street မှာ ဇာတွေကြည့်ပြီး အိမ်ပြန်လာတယ်။ (၆)နာရီလောက်ကျတော့ ကန်ဒီ့ညီမအလတ်က သူ့မွေးနေ့ ဘူဖေးသွားစားမယ်ဆိုတော့ အပြင်ပြန်ထွက်တယ်။ Tiong Bahru နားက ဘူဖေးဆိုင်... ကားနှစ်မှတ်တိုင်လောက်စီးရသေးတယ်။ သူ့ကောင်လေးရယ်၊ သူရယ်၊ ကန်ဒီတို့အခန်းဖော်ရယ်၊ ကန်ဒီရယ် အားလုံးပေါင်း လေးယောက်...

Happy Birthday Zu...

ကန်ဒီနဲ့ ဘူဖေးနဲ့က ဘယ်လိုမှမဖြစ်ပါဘူး၊ စားမှမစားနိုင်တာ... မတန်ဘူး။ ကန်ဒီ့ညီမကို အမေက ပြောတယ်တဲ့။ သူ့သမီးအငယ်နှစ်ယောက်က ချစ်သူကိုယ်စီနဲ့ ကန်ဒီကတစ်ယောက်တည်းဆိုတော့ Weekend တွေဆို ပျင်းနေမှာပဲတဲ့ ဟဟဟဟ(xD)။ Don't worry Mom... "Single" doesn't mean I'm alone (:P) တကယ်တော့ ကိုယ့်ကိုကိုယ်လည်း "Single"လို့ မယူဆပါဘူး... အိုင်အမ် ကွန်ပလီကိတ်တက် (I'm Complicated xD)

အားလုံးက နှစ်သစ်ဆိုတော့ New Year Resolution ကိုယ်စီနဲ့ တက်ကြွနေကြတဲ့အချိန်မှာ ကန်ဒီတစ်ယောက်ထဲ အပျင်းတစ်နေတယ်။ နေမကောင်းစဖြစ်ကတည်းက ကန်ဒီ့မျက်နှာအခြေအနေ တော်တော်ဆိုးသွားတယ်။ အဖုတွေချည်း လိမ့်ထွက်နေတယ်။ အပူများနေလို့လား မသိဘူး(>.<)။ ကိုယ့်ကိုကိုယ်တောင် မကြည့်ချင်တဲ့ အနေအထားရောက်နေတယ်။ ဓာတ်ပုံထဲမှာက အလင်းရောင်ကြောင့် မသိသာတာ... အပြင်မှာ တော်တော်ဆိုးတယ်။ ဟိုအပတ်က Gathering သွားတုန်းကတောင် လူတိုင်းက ကန်ဒီ့မျက်နှာဘယ်လိုဖြစ်တာလဲချည်း မေးနေကြတယ်။ ၀မ်းနည်းတာာ :(

ဒီနေ့တော့ ဒီလောက်ပဲနော်...
Have a Nice Day^^

Monday, January 6, 2014

Gathering

GoOd MoRnInG...
ဒီနေ့ ကန်ဒီသွားစရာရှိတယ်။ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့က East Coast မှာ Gathering လုပ်မှာဆိုတော့ အဲ့သွားရမယ်။ အမှန်အတိုင်းပြောရရင် သွားရမှာ အရမ်းးးပျင်းနေတယ်။ မနက်(၁၀)နာရီစမယ်ပြောထားတာ ခု(၉)နာရီထိုးနေပြီ ဘာမှမလုပ်ရသေးတာဘဲကြည့်။ နောက်ကျမယ်လို့တော့ ကြိုပြောထားပြီးသားပါ။ သူတို့ပထမအစီအစဉ်ကလည်း ဘောလုံးကန်မှာဆိုတော့ ကန်ဒီနဲ့မဆိုင်ဘူး ထင်တာပဲ ဟဟ(xD)။

နေပြန်ကောင်းသွားပြီ။ချောင်းဆိုးတာလေးတော့နည်းနည်းကျန်သေးတယ်။ နှာမစေးတာပဲ ကျေးဇူးတင်ပါတယ်။ နေမကောင်းဖြစ်ပြီး နှာစေးတာလောက် စိတ်ပျက်တာမရှိဘူး (>.<)။ New Year ဘာတွေလုပ်ဖြစ်ကြလဲ?? ကန်ဒီကတော့ အဲ့တုန်းကနလန်ထူခါစဆိုတော့ ဘယ်မှမသွားဘူး။ New Year Eve အလုပ်နေ့တ၀က်ဆင်းပြီးပြန်လာတော့ ပင်ပန်းတယ်ဆိုပြီး တန်းအိပ်တာပဲ။ ညနေ(၄)နာရီလောက်မှာ တရေးနိုးလာပြီး ကိုယ့်ကိုကိုယ်ဒေါပွသေးတယ်... အိမ်မက်မက်တာ အလုပ်အကြောင်းတွေ မက်လို့လေ။ ကိုယ့်ဟာကိုယ် "NOO!! တခြားအကြောင်းမက်..." ဆိုပြီး အတင်းပြန်အိပ်ရော။ ညနေ(၆)နာရီလောက်ကျတော့လည်း အလုပ်အကြောင်းပဲထပ်မက်ပြီး နိုးလာတယ်။ "Gerrrrr... တော်ပြီ ဆက်မအိပ်တော့ဘူး"ဆိုပြီး ရေချိုးပစ်လိုက်တယ်။ ဟုတ်တယ်လေ... Holiday ပါဆို အလုပ်အကြောင်းတွေ အိမ်မက်မက်နေတယ် (>.<)။ ဟိုတလောက ကိုကြီးရန်ကုန်ခဏပြန်သွားတာ ပြန်ရောက်လာပြီဆိုတော့ အမေက ဟင်းတွေထည့်ပေးလိုက်တယ်။ ဒီရက်ပိုင်းတွေ အမေထည့်ပေးတာတွေနဲ့ သာယာနေတယ် (:D)။ ကန်ဒီ့အကြိုက် ၀မ်းမလျောတဲ့ ချဉ်ပေါင်ကြော်လည်း ပါတာပေါ့ :D


ဒါခရစ်စမတ်တုန်းက လက်ဆောင်ရထားတဲ့ Face Mask တွေနဲ့ မျက်နှာသစ်ဆေးတွေ။ ကိုယ့်ဟာကိုယ်ဆို Face Mask တွေ သိပ်ဝယ်မသုံးဖြစ်ဘူး။ မကြိုက်တာရယ်တော့ မဟုတ်ပါဘူး။ လုပ်ရမှာ ပျင်းလို့။ မနေ့ကစနေဆိုတော့ လက်ဆောင်ရထားတာလေးတွေနဲ့ ကိုယ့်ဟာကိုယ် Pampering ပေါ့ ဟီးးး (မှတ်ချက်- နေမကောင်းတုန်းကရုပ်နဲ့ အခုရုပ် နှိုင်းယှဉ်မကြည့်ရ xD)

Sticky is my favorite candy ^_^

ဖုန်းနံပါတ်ပျောက်သွားလို့ ကန်ဒီ့ဘက်က ဆက်သွယ်လို့မရတဲ့ လူတစ်ယောက်ဆီက Message ၀င်လာတယ်။ အဲ့ဒီMessageက သူမဆီကဆိုတာ သိလိုက်တော့ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို။ ၀မ်းနည်းရတဲ့အကြောင်းရင်းကတော့ "သူမ"ဆိုတာ ကန်ဒီမေ့ဖို့ကြိုးစားနေတဲ့လူရဲ့ အမေဖြစ်နေတာကြောင့်။ အန်တီက ကန်ဒီ့ကိုအရမ်းချစ်တယ်။ ရန်ကုန်ကထွက်လာပြီး လေးနှစ်နေတာတောင် ခုချိန်ထိ ကြိုကြားကြိုကြား ဆက်သွယ်နေတာပဲကြည့်။ တစ်ခါတစ်လေ လူကြုံရှိရင်တောင် အစားအစာတွေ ပို့တတ်သေးတာ။ အဲ့လိုလူမျိုးကို သူ့အတွက်ကြောင့်နဲ့တော့ ဥပက္ခာပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အန်တီလည်း ကန်ဒီနဲ့သူ့သားကိစ္စကို သိပြီးဖြစ်လောက်မှာပါ။ မသိသေးရင်လည်း ပြောပြဖို့ အင်အားမရှိဘူး >.<

လူတစ်ယောက်က ကန်ဒီ့ကိုချစ်တာ (၁၂)နှစ်ရှိပြီဆိုပဲ။ တိန်...

Ekk... Gathering နောက်ကျနေပြီ။ ပြန်လာမှ ဆက်မယ် တာ့တာ...
 *************************************************************

ဖူးးး... မောပါ့။ ဒါပေမယ့် ပျော်ဖို့အရမ်းကောင်းတယ်။ ထုံးစံအတိုင်း East Coast ဆိုတော့ BBQ ပဲပေါ့။ ကြာဇံကြော်လည်းပါတယ်။ Game အစီအစဉ်တွေက အရမ်းရီရတယ်။ လူအယောက် (၅၀)ကျော်လောက်လာတယ်။ မဆိုးပါဘူး... အသင်းသားဦးရေနဲ့တွက်မယ်ဆို လာတဲ့လူဦးရေအရမ်းနည်းပေမယ့် ကန်ဒီမှန်းထားတာလည်း အဲ့လောက်ပဲဆိုတော့ မဆိုးဘူး ပြောရမှာပေါ့။ တချို့တွေကျတော့ လှူပဲလှူနေပြီး အဖွဲ့ရဲ့ Event တွေမှာ ပါဝင်လေ့မရှိကြဘူးလေ။



အဲ့ဒါရှုံးလို့ မြနန္ဒာသီချင်းနဲ့ က,ရမှာကို မက,ဘဲ ဒိုင်တွေအလုပ်ရှုပ်နေတုန်း ဓာတ်ပုံစုရိုက်နေကြတာ... ရှုံးတဲ့ရုပ်တွေကိုလည်း ကြည့်ဦး(xD)။ ကံစမ်းမဲနှိုက်တော့ ကန်ဒီမဲပေါက်တယ်ကွ... အရှင်ဆန္ဒာဓိကရဲ့ "ပရဟိတစိတ်ဓာတ်" ဆိုတဲ့ စာအုပ်လေး။



ဝါ၊ စိမ်း၊ နီ၊ ပြာ အဖွဲ့တွေခွဲပြီး Game ကစားကြတာ... ကန်ဒီတို့ အနီရောင်အဖွဲ့က ဒုတိယဆုရတယ် (^_^)။ အသင်းအဖွဲ့တစ်ခုမှာ အဲ့လို Gathering လေးတွေ လုပ်ဖို့လည်း လိုအပ်တယ်လို့ ကန်ဒီထင်တယ်။ ဒီလိုလုပ်တာ အသင်းသားအချင်းချင်း ပိုမိုရင်းနှီးမှုရစေပြီး နောက်နောင် တရားပွဲတွေမှာ ဝေယျာဝစ္စသွားကူတဲ့အခါကျ တွေ့ရင်လည်း အရမ်းမစိမ်းတော့ဘူးပေါ့။

မနက်က ပြောနေတာ ဘယ်ရောက်သွားပါလိမ့်။ သြော်... (၁၂)နှစ် ကိစ္စ။ ကန်ဒီပြန်မေးမိတာက "လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက ငါနဲ့နင်နဲ့ရော စပြီးသိနေပြီမို့လား?" လို့... အဲ့တုန်းက ကန်ဒီ (၁၃)နှစ် (၁၄)နှစ်ပဲ ရှိဦးမယ် (@_@)။ ကန်ဒီနဲ့သူနဲ့ သိတာတော့ တော်တော်ကြာပါပြီ။ ဒါပေမယ့် လုံးဝအဆက်အသွယ်မရှိဘူး။ ဒီတလောမှ Facebook မှာ ပြန်တွေ့၊ စကားနည်းနည်းပြန်ပြောဖြစ်တာကို အဲ့လိုလာပြောတယ်။ မှားပါတယ်... မဖြစ်နိုင်တာတွေ >.<

ဟီးး... ကန်ဒီ ဟိုမရောက် ဒီမရောက်ပြောတာတွေ နည်းနည်းများသွားပြီ။
Sweet Dream Everyone~