Sunday, January 12, 2014

ဇာ

Hellooo...
ပျင်းးးးဖို့ကောင်းလိုက်တာာာ... ကုတင်ပေါ်ကကို မဆင်းချင်ဘူး။ ဘာမှလုပ်စရာမရှိတာတော့ မဟုတ်ဘူး... ဘာမှမလုပ်ချင်ဘူး ဖြစ်နေတာ ဟဟ(xD)။ အိမ်သန့်ရှင်းရေးလုပ်ရမယ်။ အရင်က ကန်ဒီတို့နဲ့တူတူနေပြီး မြန်မာပြည်ပြန်သွားတဲ့အန်တီက ခဏပြန်လာလည်မယ်ဆိုတော့ အိမ်ကညစ်ပတ်နေရင် "ဟင်... နင်တို့ ငါမရှိတာနဲ့ ဖြစ်သလိုနေနေကြတယ်လား... တအိမ်လုံးညစ်ပတ်နေတာပဲ" ဘာညာ ဘာညာ ပြောခံရမှာစိုးလို့(:P)။ ပုံမှန်ဆိုရင်တော့ အိမ်ကမညစ်ပတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်က ကန်ဒီဖျားသွားတော့ ဘာမှမလုပ်နိုင်ဘူး။ အဲ့ဒါနဲ့ အဲ့လိုဖြစ်နေတာ...

Presents from Malaysia...

မနေ့ကတော့ တနေ့လုံးအပြင်ထွက်တယ်။ အလုပ်ကအပြန် Bugis သွားပြီး အစ်မ,မဒမ်ကိုးနဲ့ မလေးရှားကနေထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်းသွားယူတယ်။ ပြီးတော့ အစ်မက "Arab Street မှာ ဇာတွေအရမ်းပေါတယ်ဆိုလို့ သွားကြည့်ချင်တယ် လိုက်ခဲ့မလား"ဆိုတာနဲ့ သူနဲ့အဖော်လိုက်သွားတယ်။ Arab Street ကို Bugis ကနေသွားမယ်ဆို... BHG ဖိနပ်တွေရောင်းတဲ့နေရာနားမှာ အပြင်ကိုထွက်တဲ့အပေါက်ရှိတယ်။ အဲ့ကနေအပြင်ထွက်သွားပြီး Raffle Hospital ဘက်ကို လမ်းလျှောက်သွားရတာ... (၅)မိနစ်လောက်တောင် မလျှောက်ရဘူး၊ Arab Street ဆိုတာ တွေ့လိမ့်မယ်။ အဲ့မှာ ဇာတွေမှ အများကြီးပဲ... လှလည်းလှတယ်။ မလေးတွေဝတ်တဲ့ဇာတွေထင်တယ်။ ရန်ကုန်ဈေးနဲ့ယှဉ်ရင် အဲ့မှာပိုဈေးသက်သာတယ်လို့ အစ်မကပြောတယ်။ ကန်ဒီကတော့ မြန်မာပြည်မှာ ဘယ်ဈေးရှိလဲ မသိတော့ မပြောတတ်ဘူး။ အဲ့ကဇာတွေကတော့ တစ်မီတာကို SGD 20, 25, 30... အဲ့လောက်ရှိတယ်။ အရမ်းဈေးကြီးတာတွေလည်း ရှိတာပေါ့နော်... အမျိုးအစားအလိုက်ပေါ့။



အပေါ်ညာဘက်ကပုံထဲက ပန်းနုရောင်လေးဆို တစ်မီတာကို SGD 20 (15600Kyats)... သူ့ဘေးက ခရမ်းရောင်လေးဆို တစ်မီတာကို SGD 30 (23400Kyats)... လှတယ်နော် (Ekk... အထည်ရောင်းတာနဲ့တူနေပြီ -.-')။   မင်္ဂလာဆောင်လိုပွဲမျိုးတွေ သွားတဲ့အခါကျတော့ အဲ့လိုဇာလေးတွေက ပိုတင့်တယ်တယ်လို့ ကန်ဒီထင်တာပဲ။ ဒါ ရန်ကုန်က ကန်ဒီ့ညီမအငယ်ဆုံး... သူသတို့သမီးအရံလုပ်တုန်းကပုံ (သူ့ကောင်လေးနဲ့ :P)။ သူချုပ်ထားတာလေး အရမ်းလှတာပဲ။ ချစ်ဖို့လည်း ကောင်းတယ်။


ဟီးး... အစ်မ၀ယ်တော့ ကန်ဒီလည်း မနေနိုင် မထိုင်နိုင်လိုက်ဝယ်ခဲ့သေးတယ်။ ကန်ဒီဝယ်ခဲ့တဲ့ဟာကတော့ သာမာန်အဆင်လေးပါပဲ (ကန်ဒီဝယ်လိုက်တိုင်း ဘာလို့ခရမ်းရောင် ဖြစ်နေလဲ စဉ်းစားလို့မရဘူး)။ ဟိုသွား ဒီသွား ဘုရားသွား ကျောင်းတက်ဝတ်ဖို့... ကန်ဒီ့မှာ မြန်မာအကျီကောင်းကောင်းကန်းကန်းဆိုလို့ တစ်ထည်လားပဲ ရှိတယ်(>.<)။ ၀ယ်သာဝယ်ခဲ့တာ ဘယ်မှာသွားချုပ်ရမလဲ မသိသေးဘူး ဟဟ(xD)။ ဒီမှာချုပ်ရင်တော့ ဈေးတော်တော်ကြီးမှာ... လောလောဆယ်တော့ ဘယ်လိုချုပ်ရင်ကောင်းမလဲ ဒီဇိုင်းအရင်ရှာလိုက်ဦးမယ် :D

အစ်မ,မဒမ်ကိုးက ကန်ဒီအလုပ်က ပြန်လာတဲ့ပုံကြည့်ပြီး လူကြီးနဲ့တူလာတယ်တဲ့။ ဟုတ်ပါ့... အလုပ်သွားရင် အဲ့လို Formal ဒီဇိုင်းကြီးဆိုတော့ လူကြီးလိုကြီးဖြစ်နေတာပေါ့။ အဲ... တကယ်တော့ ကန်ဒီလည်း ငယ်မှမငယ်တော့တာ ဟဟဟ(xD xD)။ ဆံပင်ကလည်း စည်းထားရသေးတယ်ဆိုတော့ ပိုဆိုးးး >.<

လက်ဝဲ: အလုပ်သွားသောပုံ၊ လက်ယာ: လျှောက်လည်သောပုံ

အစ်မနဲ့ Arab Street မှာ ဇာတွေကြည့်ပြီး အိမ်ပြန်လာတယ်။ (၆)နာရီလောက်ကျတော့ ကန်ဒီ့ညီမအလတ်က သူ့မွေးနေ့ ဘူဖေးသွားစားမယ်ဆိုတော့ အပြင်ပြန်ထွက်တယ်။ Tiong Bahru နားက ဘူဖေးဆိုင်... ကားနှစ်မှတ်တိုင်လောက်စီးရသေးတယ်။ သူ့ကောင်လေးရယ်၊ သူရယ်၊ ကန်ဒီတို့အခန်းဖော်ရယ်၊ ကန်ဒီရယ် အားလုံးပေါင်း လေးယောက်...

Happy Birthday Zu...

ကန်ဒီနဲ့ ဘူဖေးနဲ့က ဘယ်လိုမှမဖြစ်ပါဘူး၊ စားမှမစားနိုင်တာ... မတန်ဘူး။ ကန်ဒီ့ညီမကို အမေက ပြောတယ်တဲ့။ သူ့သမီးအငယ်နှစ်ယောက်က ချစ်သူကိုယ်စီနဲ့ ကန်ဒီကတစ်ယောက်တည်းဆိုတော့ Weekend တွေဆို ပျင်းနေမှာပဲတဲ့ ဟဟဟဟ(xD)။ Don't worry Mom... "Single" doesn't mean I'm alone (:P) တကယ်တော့ ကိုယ့်ကိုကိုယ်လည်း "Single"လို့ မယူဆပါဘူး... အိုင်အမ် ကွန်ပလီကိတ်တက် (I'm Complicated xD)

အားလုံးက နှစ်သစ်ဆိုတော့ New Year Resolution ကိုယ်စီနဲ့ တက်ကြွနေကြတဲ့အချိန်မှာ ကန်ဒီတစ်ယောက်ထဲ အပျင်းတစ်နေတယ်။ နေမကောင်းစဖြစ်ကတည်းက ကန်ဒီ့မျက်နှာအခြေအနေ တော်တော်ဆိုးသွားတယ်။ အဖုတွေချည်း လိမ့်ထွက်နေတယ်။ အပူများနေလို့လား မသိဘူး(>.<)။ ကိုယ့်ကိုကိုယ်တောင် မကြည့်ချင်တဲ့ အနေအထားရောက်နေတယ်။ ဓာတ်ပုံထဲမှာက အလင်းရောင်ကြောင့် မသိသာတာ... အပြင်မှာ တော်တော်ဆိုးတယ်။ ဟိုအပတ်က Gathering သွားတုန်းကတောင် လူတိုင်းက ကန်ဒီ့မျက်နှာဘယ်လိုဖြစ်တာလဲချည်း မေးနေကြတယ်။ ၀မ်းနည်းတာာ :(

ဒီနေ့တော့ ဒီလောက်ပဲနော်...
Have a Nice Day^^

1 comment:

မောင်သစ္စာ said...

အဲ့လောက်လည်းမဆိုးပါဘူးကွာ:Dဇာကတော့မိုက်တယ်။
happy birthday ပါညီမလေး......။