Monday, January 6, 2014

Gathering

GoOd MoRnInG...
ဒီနေ့ ကန်ဒီသွားစရာရှိတယ်။ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့က East Coast မှာ Gathering လုပ်မှာဆိုတော့ အဲ့သွားရမယ်။ အမှန်အတိုင်းပြောရရင် သွားရမှာ အရမ်းးးပျင်းနေတယ်။ မနက်(၁၀)နာရီစမယ်ပြောထားတာ ခု(၉)နာရီထိုးနေပြီ ဘာမှမလုပ်ရသေးတာဘဲကြည့်။ နောက်ကျမယ်လို့တော့ ကြိုပြောထားပြီးသားပါ။ သူတို့ပထမအစီအစဉ်ကလည်း ဘောလုံးကန်မှာဆိုတော့ ကန်ဒီနဲ့မဆိုင်ဘူး ထင်တာပဲ ဟဟ(xD)။

နေပြန်ကောင်းသွားပြီ။ချောင်းဆိုးတာလေးတော့နည်းနည်းကျန်သေးတယ်။ နှာမစေးတာပဲ ကျေးဇူးတင်ပါတယ်။ နေမကောင်းဖြစ်ပြီး နှာစေးတာလောက် စိတ်ပျက်တာမရှိဘူး (>.<)။ New Year ဘာတွေလုပ်ဖြစ်ကြလဲ?? ကန်ဒီကတော့ အဲ့တုန်းကနလန်ထူခါစဆိုတော့ ဘယ်မှမသွားဘူး။ New Year Eve အလုပ်နေ့တ၀က်ဆင်းပြီးပြန်လာတော့ ပင်ပန်းတယ်ဆိုပြီး တန်းအိပ်တာပဲ။ ညနေ(၄)နာရီလောက်မှာ တရေးနိုးလာပြီး ကိုယ့်ကိုကိုယ်ဒေါပွသေးတယ်... အိမ်မက်မက်တာ အလုပ်အကြောင်းတွေ မက်လို့လေ။ ကိုယ့်ဟာကိုယ် "NOO!! တခြားအကြောင်းမက်..." ဆိုပြီး အတင်းပြန်အိပ်ရော။ ညနေ(၆)နာရီလောက်ကျတော့လည်း အလုပ်အကြောင်းပဲထပ်မက်ပြီး နိုးလာတယ်။ "Gerrrrr... တော်ပြီ ဆက်မအိပ်တော့ဘူး"ဆိုပြီး ရေချိုးပစ်လိုက်တယ်။ ဟုတ်တယ်လေ... Holiday ပါဆို အလုပ်အကြောင်းတွေ အိမ်မက်မက်နေတယ် (>.<)။ ဟိုတလောက ကိုကြီးရန်ကုန်ခဏပြန်သွားတာ ပြန်ရောက်လာပြီဆိုတော့ အမေက ဟင်းတွေထည့်ပေးလိုက်တယ်။ ဒီရက်ပိုင်းတွေ အမေထည့်ပေးတာတွေနဲ့ သာယာနေတယ် (:D)။ ကန်ဒီ့အကြိုက် ၀မ်းမလျောတဲ့ ချဉ်ပေါင်ကြော်လည်း ပါတာပေါ့ :D


ဒါခရစ်စမတ်တုန်းက လက်ဆောင်ရထားတဲ့ Face Mask တွေနဲ့ မျက်နှာသစ်ဆေးတွေ။ ကိုယ့်ဟာကိုယ်ဆို Face Mask တွေ သိပ်ဝယ်မသုံးဖြစ်ဘူး။ မကြိုက်တာရယ်တော့ မဟုတ်ပါဘူး။ လုပ်ရမှာ ပျင်းလို့။ မနေ့ကစနေဆိုတော့ လက်ဆောင်ရထားတာလေးတွေနဲ့ ကိုယ့်ဟာကိုယ် Pampering ပေါ့ ဟီးးး (မှတ်ချက်- နေမကောင်းတုန်းကရုပ်နဲ့ အခုရုပ် နှိုင်းယှဉ်မကြည့်ရ xD)

Sticky is my favorite candy ^_^

ဖုန်းနံပါတ်ပျောက်သွားလို့ ကန်ဒီ့ဘက်က ဆက်သွယ်လို့မရတဲ့ လူတစ်ယောက်ဆီက Message ၀င်လာတယ်။ အဲ့ဒီMessageက သူမဆီကဆိုတာ သိလိုက်တော့ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို။ ၀မ်းနည်းရတဲ့အကြောင်းရင်းကတော့ "သူမ"ဆိုတာ ကန်ဒီမေ့ဖို့ကြိုးစားနေတဲ့လူရဲ့ အမေဖြစ်နေတာကြောင့်။ အန်တီက ကန်ဒီ့ကိုအရမ်းချစ်တယ်။ ရန်ကုန်ကထွက်လာပြီး လေးနှစ်နေတာတောင် ခုချိန်ထိ ကြိုကြားကြိုကြား ဆက်သွယ်နေတာပဲကြည့်။ တစ်ခါတစ်လေ လူကြုံရှိရင်တောင် အစားအစာတွေ ပို့တတ်သေးတာ။ အဲ့လိုလူမျိုးကို သူ့အတွက်ကြောင့်နဲ့တော့ ဥပက္ခာပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အန်တီလည်း ကန်ဒီနဲ့သူ့သားကိစ္စကို သိပြီးဖြစ်လောက်မှာပါ။ မသိသေးရင်လည်း ပြောပြဖို့ အင်အားမရှိဘူး >.<

လူတစ်ယောက်က ကန်ဒီ့ကိုချစ်တာ (၁၂)နှစ်ရှိပြီဆိုပဲ။ တိန်...

Ekk... Gathering နောက်ကျနေပြီ။ ပြန်လာမှ ဆက်မယ် တာ့တာ...
 *************************************************************

ဖူးးး... မောပါ့။ ဒါပေမယ့် ပျော်ဖို့အရမ်းကောင်းတယ်။ ထုံးစံအတိုင်း East Coast ဆိုတော့ BBQ ပဲပေါ့။ ကြာဇံကြော်လည်းပါတယ်။ Game အစီအစဉ်တွေက အရမ်းရီရတယ်။ လူအယောက် (၅၀)ကျော်လောက်လာတယ်။ မဆိုးပါဘူး... အသင်းသားဦးရေနဲ့တွက်မယ်ဆို လာတဲ့လူဦးရေအရမ်းနည်းပေမယ့် ကန်ဒီမှန်းထားတာလည်း အဲ့လောက်ပဲဆိုတော့ မဆိုးဘူး ပြောရမှာပေါ့။ တချို့တွေကျတော့ လှူပဲလှူနေပြီး အဖွဲ့ရဲ့ Event တွေမှာ ပါဝင်လေ့မရှိကြဘူးလေ။



အဲ့ဒါရှုံးလို့ မြနန္ဒာသီချင်းနဲ့ က,ရမှာကို မက,ဘဲ ဒိုင်တွေအလုပ်ရှုပ်နေတုန်း ဓာတ်ပုံစုရိုက်နေကြတာ... ရှုံးတဲ့ရုပ်တွေကိုလည်း ကြည့်ဦး(xD)။ ကံစမ်းမဲနှိုက်တော့ ကန်ဒီမဲပေါက်တယ်ကွ... အရှင်ဆန္ဒာဓိကရဲ့ "ပရဟိတစိတ်ဓာတ်" ဆိုတဲ့ စာအုပ်လေး။



ဝါ၊ စိမ်း၊ နီ၊ ပြာ အဖွဲ့တွေခွဲပြီး Game ကစားကြတာ... ကန်ဒီတို့ အနီရောင်အဖွဲ့က ဒုတိယဆုရတယ် (^_^)။ အသင်းအဖွဲ့တစ်ခုမှာ အဲ့လို Gathering လေးတွေ လုပ်ဖို့လည်း လိုအပ်တယ်လို့ ကန်ဒီထင်တယ်။ ဒီလိုလုပ်တာ အသင်းသားအချင်းချင်း ပိုမိုရင်းနှီးမှုရစေပြီး နောက်နောင် တရားပွဲတွေမှာ ဝေယျာဝစ္စသွားကူတဲ့အခါကျ တွေ့ရင်လည်း အရမ်းမစိမ်းတော့ဘူးပေါ့။

မနက်က ပြောနေတာ ဘယ်ရောက်သွားပါလိမ့်။ သြော်... (၁၂)နှစ် ကိစ္စ။ ကန်ဒီပြန်မေးမိတာက "လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက ငါနဲ့နင်နဲ့ရော စပြီးသိနေပြီမို့လား?" လို့... အဲ့တုန်းက ကန်ဒီ (၁၃)နှစ် (၁၄)နှစ်ပဲ ရှိဦးမယ် (@_@)။ ကန်ဒီနဲ့သူနဲ့ သိတာတော့ တော်တော်ကြာပါပြီ။ ဒါပေမယ့် လုံးဝအဆက်အသွယ်မရှိဘူး။ ဒီတလောမှ Facebook မှာ ပြန်တွေ့၊ စကားနည်းနည်းပြန်ပြောဖြစ်တာကို အဲ့လိုလာပြောတယ်။ မှားပါတယ်... မဖြစ်နိုင်တာတွေ >.<

ဟီးး... ကန်ဒီ ဟိုမရောက် ဒီမရောက်ပြောတာတွေ နည်းနည်းများသွားပြီ။
Sweet Dream Everyone~

6 comments:

Anonymous said...

ဖဘမှာပြန်မတွေ့ ရင်တော့တစ်သက်လုံးကန်ဒီသိလိုက်မှာမဟုတ်ဖူးထင်တယ်။ အဟက်း)
မင်္ဂလာနှစ်သစ်ပါကန်ဒီလေးရေ။

အိုင်အိုရာ

မောင်သစ္စာ said...

:)..aye..aye..:D
ညီမ...မမေ့အပ်မမေ့သင့်သူကိုမမေ့ပဲနေတာမင်္ဂလာတပါးပါပဲကွယ်...။

ကူးကူးလှိုင် said...

အစ်မလဲ ကန်ဒီလိုပဲ အလုပ်အကြောင်းတွေ ခဏခဏ အိပ်မတ် မတ်တတ်တယ် ...

Anonymous said...

အဲဒါကြောင့် ညီမကန်ဒီကိုကြည့်ရတာ ပိန်သွားပါတယ်လို့ ၊ အလုပ်ပင်ပန်းလို့ထင်တာ ၊ နေမကောင်းဖြစ်နေတာကိုး။

ခင်မင်စွာဖြင့်
ရွှေယွန်းဝါ

မိုးသက် said...

၁၂ နှစ်က ဇာတ်လမ်းကိုတောင် ပြန်ဆက်နေသေးတယ်.။
အစ်မနော် ကိုယ့်မောင်ကိုယ် အပူမီးတွေ ပြန်မဆွ ချင်ပါနဲ့.. :3
ကလေးတုန်းက ဇာတ်လမ်းတွေ သတိရလာပီ ..

ရင်လှိုင်း said...

သကြားလုံး ရဲ့ ဟိုမရောက် ဒီမရောက် ပြောတာလည်း နားထောင်လို့ ကောင်းနေတာပဲ။