Sunday, January 26, 2014

Just Rambling

Hello...
ဒီအပတ် တော်တော်ပင်ပန်းတယ်... စိတ်ရော၊ လူရောပဲ ဖူးးး...(-.-')။ နောက်အပတ်ထဲတော့ ခရီးခဏထွက်ပြီး စိတ်အပန်းပြေနိုင်ကောင်းပါရဲ့။ မနေ့ကအစ်မနဲ့ Arab Street ကို နောက်တစ်ခေါက်ရောက်သွားသေးတယ်။ အဖော်လိုက်ပေးတာပါ...


အရောင်စပ်ထားတာလေး ကြိုက်လို့ ဓာတ်ပုံရိုက်ခဲ့တာ။ အဲ့ကအပြန်ကျတော့ ကန်ဒီ့ညီမနဲ့ Far East Plaza က သူပြောတဲ့ Mega Sale ဆိုတဲ့ဆီကို သွားကြတယ်။ တကယ်တော့ Chinese New Year နီးတော့ အားလုံးက Mega Sale နေတာပါပဲ။ Far East Plaza တစ်ခါမှ မရောက်ဖူးဘူး။ Bugis နဲ့ ခပ်ဆင်ဆင်ပဲ... ဒါပေမယ့် အဲ့က အကျီတွေက Bugis နဲ့ ယှဉ်ရင် ဈေးနည်းနည်းပိုကြီးပြီး Quality နည်းနည်းပိုကောင်းတယ်။ ကန်ဒီဘာမှမ၀ယ်တာ ကြာာာာလှပြီ။ ၀ယ်ဖြစ်ရင်လည်း Formal တွေပဲ ၀ယ်ဖြစ်တယ်။ နေ့စဉ်ဝတ်နေရတာက အဲ့ဒါတွေကိုးး Gerrr >.<


ကန်ဒီအဲ့လိုစကပ်အကားမျိုး တစ်ခါမှမ၀တ်ဖူးဘူး... လေတိုက်ရင် လန်မှာစိုးလို့(xD)။ ဒီစကပ်အနီလေးတွေ့တော့ လိုချင်သွားတယ်။ အသားက Leather လို အပြောင်သားဆိုတော့ ရိုးရိုးပိတ်စအသားနဲ့ယှဉ်ရင် နည်းနည်းလေးတယ်။ အဲ့တော့ တော်ရုံလေနဲ့ မလန်လောက်ဘူး ထင်တာပဲ ဟဟ(xD)။ အဲ့ဒါ ကန်ဒီ့ညီမကလည်း လိုချင်တယ်ဆိုတော့ နှစ်ယောက်စပ်တူ တ၀က်စီပေးပြီးဝယ်တာပေါ့။ အပေါ်ကအကျီလည်း နှစ်ယောက်စပ်တူပဲ။ ညီမရှိတာ ဘယ်လောက်ကောင်းလဲနော်... အကျီတွေ စပ်တူဝယ်လို့ရတယ်။ ပြီးရင် Share ၀တ်တာပဲ။ ဒါပေမယ့် သူ့စတိုင်လ်နဲ့ ကိုယ့်စတိုင်လ်က မတူတော့ အကုန်လုံးတော့ အဲ့လို မ Share ဖြစ်ပါဘူး။ သူက Formal Style... Dress တွေ ၀တ်တာများတယ်။ ကန်ဒီက Casual Style (^_^)။ အဲ့ဒီအကျီအပေါ်က ဘာနဲ့ထပ်ဝတ်ရမလဲ ရှာမရသေးဘူး။

Guess what?! ကန်ဒီတို့အနှစ်နှစ်အလလ ဖုံးကွယ်ထားတဲ့ဟာကြီး ခုအန်တီလာတော့ ပေါ်သွားပြီ။ အရင်က အန်တီက သူ့အခန်းသူနေတာဆိုတော့ ကန်ဒီတို့အခန်းထဲမှာ ဟမ်းစတားလေးတွေ မွေးထားတာ မသိဘူး။ ခု ခဏလာလည်တော့ သူ့အခန်းမှာ အိမ်ငှားကောင်မလေးနှစ်ယောက် ရောက်နေပြီဆိုတော့ အန်တီက ကန်ဒီတို့အခန်းနေရတယ်။ အဲ့တော့ ဖုံးလို့မရတော့ဘူး။ အဲ့ဒါသူက "သူတို့သေသွားရင် ထပ်မမွေးနဲ့တော့နော်... ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုလည်း လှောင်အိမ်ထဲထည့်ထားတာ အကုသိုလ်များတယ်" တဲ့(>.<)။ သူတို့သေသွားရင်တဲ့... ပြောရက်လိုက်တာ(!_!)။ သူတို့သက်တမ်းတိုတိုလေးမှာ သက်တမ်းစေ့နေသွားနိုင်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ် (!_!)။ အကုသိုလ်များတယ်ဆိုတာနဲ့ ပက်သက်ပြီးတော့ သိပ်မထောက်ခံချင်ဘူး။ သူတို့က အိမ်မှာမွေးရတဲ့ တိရိစ္ဆာန်မျိုးလေ။ နောက်ပြီး ကန်ဒီ့အကောင်လေးတွေက မွေးကတည်းက လှောင်အိမ်ထဲပဲ နေလာတာ။ လွတ်ထားကြည့်ပါလား... သူတို့အစာမရှာတတ်လို့ အစာငတ်ပြီး သေသွားမှာ။ အဲ့တစ်ခုတော့ မထောက်ခံဘူး >.<

ငယ်ငယ်က သူများကြက်တူရွေးလေး ခဏမွေးပေးတုန်းကလည်း အမေက အဲ့လိုပြောဖူးတယ်။ ငှက်မွေးတာနဲ့ ပက်သက်ပြီး အကုသိုလ်များတာတော့ နည်းနည်းလက်ခံတယ်။ ဘာလို့လဲဆိုတော့ သူတို့က မပျံနိုင်အောင် အတောင်ကိုညှပ်ပစ်တာလေ။ သူတို့အတောင်က ပြန်ပေါက်တယ်ထင်တယ်။ အဲ့တော့ သူတို့လည်း ပျံချင်ရှာမှာပေါ့ဆိုပြီး နောက်ဆုံး အမေပြောတာကို လက်ခံပြီး ပိုင်ရှင်ဆီပြန်ပေးလိုက်တယ်။


မနေ့က ရန်ကုန်က ကန်ဒီ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့မွေးနေ့အတွက် ကန်ဒီတို့တွေ Celebrate လုပ်ပေးတယ်။ သုံးယောက်လုံးက တစ်နိုင်ငံစီမှာဆိုတော့ Skype ကနေပဲပေါ့။ သူ Webcam ကြီးက မကောင်းတော့ ၀ါးနေတာပဲ(>.<)။ အဲ့ဒီနှစ်ယောက်က ဓာတ်ပုံရိုက်မယ်မှန်းသိလို့များ လှလှပပလေးတွေ လုပ်ထားလား မသိဘူး။ ကန်ဒီတစ်ယောက်ထဲ အိမ်နေရင်းပုံနဲ့ စုတ်ပြတ်နေတယ်။ အမှန်အတိုင်းပြောရရင် သူတို့နဲ့ချိန်းထားတာကို မေ့နေတာ ခိခိ(xD)။ Whats app ကနေ Message ပို့လာမှ သတိရလို့ လိုင်းပေါ်အမြန်တက်ရတယ်(:P)။ စကားပြောရင်း Google+ Hangout က Effect တွေလည်း ကလိသေးတယ် xD


ဟီးဟီး... ရုပ်ဆိုးလို့ အကြီးမချဲ့တော့ဘူးနော် (:P)။ ငယ်သူငယ်ချင်းတွေနဲ့ စကားပြောရင် တော်ရုံနဲ့မပြီးတော့ဘူး။ ပြောစရာတွေက တစ်ခုပြီး တစ်ခုပေါ် ပေါ် လာတာ... ဒီကြားထဲ သူ့ Connection က မကောင်းတော့ ပျောက်လိုက်ပေါ်လိုက်။ ခုဆို သူ(၂၆)နှစ်ပြည့်သွားပြီ။ မကြာခင် ကန်ဒီလည်း (၂၆)နှစ်ပြည့်တော့မယ်။ Woww!!! တဖြည်းဖြည်းနဲ့ အသက်အစိတ်တောင် ကျော်လာပြီ။ အချိန်တွေက မြန်လိုက်တာ...

Okie... ဒီနေ့တော့ ဒီလောက်ပဲ။ ခဏနေ ရေမိုးချိုးပြီး ဘုန်းကြီးကျောင်းသွားမယ်။ ညကျရင် မနက်ဖြန် Training အတွက် စာကြည့်ရမယ်။ အားလုံးပဲ တာ့တာ...

See you on Next week (Hopefully ^_^)

4 comments:

May Thinn said...

စကတ်အနီလေးနဲ့ ပန်းပွင့်အကျီလေးကြိုက်တယ် :D

မိုးငွေ့........ said...

အဲစကပ်လေးဝတ်ရင် ဓါတ်ပုံရိုက်ပြဦး သမီး

မောင်သစ္စာ said...

ဟဟဟဟဘတ်ဒေးလုပ်ကြတဲ့သူငယ်ချင်းတွေကချောတာကွာ...ပုံစံတွေကတော့ဟဟဟဟဟဟဟဟဟား

Anonymous said...

Arab Street သွားတာ ပလာတာ သွားစားတာမလား။
စကပ်သိပ်မဝတ်ချင်ပေမဲ့ ဒီစကပ်လေးက လှသား။ စပ်တူဝတ်လို့ရတယ်ဆိုတာ ကိုယ်လုံးတူမှလဲရတာပါ။ ကန်ဒီတို့ ညီအမ ကံကောင်းတာပေါ့။

လေးစားစွာဖြင့်
လရိပ်အိမ်