Sunday, February 23, 2014

ပိကျိကွေးလေးများ

Good Evening...
ဒီနေ့တော့ လိုရင်းတိုရှင်းပဲ ရေးမှဖြစ်မယ်။ ခုပဲ ည(၇)နာရီခွဲနေပြီ။ ပြီးရင် မနက်ဖြန် Training အတွက် စာဖတ်ရဦးမယ်။ အဲ့လိုပြောလို့ စာဖတ်စရာရှိတာ မဖတ်ဘဲ ဒီမှာစာလာရေးနေတယ်လို့ အပြောခံရဦးမယ်။ ဒါကလည်း တစ်ပတ်မှတစ်ခါ မရေးရရင် မနေနိုင်တော့ ခက်သား ဟဟ(xD)။ သဘက်ခါ ညနေဘက်လည်း အလုပ်ပြီးရင် Seminar တစ်ခုသွားတက်ရမယ်။ Woodland အထိသွားရမှာ... အဝေးးးကြီးပဲ(>.<)။ အမေထည့်ပေးလိုက်တဲ့ ပစ္စည်းလည်း ကိုကြီးတို့အိမ်မှာ သွားယူရဦးမယ်။ ဗုဒ္ဓဟူးနေ့လောက်မှ သွားဖြစ်မယ်ထင်တယ်။

ဒီနေ့ကတော့ ဘုန်းကြီးကျောင်းက ကလေးတွေနဲ့ Botanic Garden ကို သွားလည်ကြတယ်။ Game တွေ ဆော့ကြတယ်။ နေပူလိုက်တာ မပြောပါနဲ့တော့။ နေပူထဲ ဆော့ရတဲ့ ကလေးတွေ သနားပါတယ်။ တကယ်တော့ ကိုယ်လည်းနေပူထဲမှာပါပဲ။


ကန်ဒီ့ကို ရှာမနေနဲ့ဦးနော်... ကန်ဒီက ဓာတ်ပုံရိုက်နေတော့ မပါဘူး။ နေ့လည်တရုတ်စာကျောင်းက ကလေးတွေနဲ့ ညနေမြန်မာစာကျောင်းက ကလေးတွေပေါင်းသွားကြတော့ လူတွေအများကြီးပဲ။ မိဘတွေလည်း ပါတယ်လေ။ ကလေးတွေကတော့ နေပူလည်း ဆော့ရတော့ ပျော်နေတာပဲ။



ကန်ဒီ့အတန်းက ကလေးတွေက သေးသေးလေးတွေပဲရှိသေးတော့ တချို့တလေပဲ လိုက်တယ်။ တော်တော်များများ မပါဘူး။ တစ်ခါ အတန်းထဲက ကလေးနှစ်ယောက်က သူတို့မိဘတွေ အခန်းအပြင်ဘက်ထွက်သွားလို့ ငိုတော့ သူတို့ကိုချော့ရင်း... ကန်ဒီကျောင်းစတက်တုန်းကရော အဲ့လိုပဲ ငိုခဲ့လားလို့ တွေးမိတယ်။  အမေ့ကိုမေးကြည့်တော့ မငိုဘူးတဲ့... ကန်ဒီငယ်ငယ်က သတ္တိကောင်းသားပဲ(^_^)။ အခန်းထဲက ကလေးပိကျိလေးတွေ "ဆရာမ"ဆိုပြီး သူတို့လက်သေးသေးလေးတွေနဲ့ လက်လာဆွဲရင် ပြုံးမိတယ်။ ဒါ ဆရာမတွေ ဖြစ်တတ်တဲ့ ပီတိလား :)



ကန်ဒီ့အကျီက ဆိုဒ်အရမ်းကြီးနေလို့ အပေါ်ကကုဒ်ထပ်ဝတ်ထားရတယ်။ ဘယ်လောက်ကြီးနေလဲဆို ပုခုံးက လက်လေးလုံးလောက် ကျနေပြီး လက်ကတတောင်ဆစ်ထိနေတယ် ဟဟဟ(xD)။ ဆိုဒ်အသေးမရှိလို့ ရှိတာယူထားရတာ။ ပုံမှန်စာသွားသင်တဲ့နေ့မျိုးဆိုရင်တော့ ဗမာအကျီနဲ့ထမီပဲ ၀တ်ဖြစ်တယ်။ ဒီနေ့ ကန်ဒီ့ဘလော့ကိုဖတ်တယ်ဆိုပြီး လာနှုတ်ဆက်တဲ့၊ လိုအပ်တာရှိရင် ဘာမဆိုပြောပါဆိုပြီး လာအားပေးသွားတဲ့ အန်တီ့ကို ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်းပြောရရင် အဲ့မှာစာသွားသွားသင်နေတာ ကလေးတွေနဲ့ပဲ အထိအတွေ့ရှိတယ်။ စာသင်ပြီး တန်းပြန်တာဆိုတော့ တခြားဆရာမတွေ၊ ဘာတွေနဲ့ အဲ့လောက်မသိဘူး။ ကိုယ့်အခန်းက ဆရာမလောက်ပဲ သိတယ်။ အန်တီက အဲ့လိုလာအားပေးတော့ အားရှိတယ်(^_^)။ ကန်ဒီ့ဘလော့ကို လူငယ်တွေပဲ လာဖတ်တယ်ထင်တာ... လူကြီးတွေလည်း လာတာသိရတော့ တခါတလေကိုယ်ပေါက်ကရတွေ ရေးတာတွေအတွက် ရှက်မိတယ် :P :P

OMG!! သင်္ကြန်ကျတော့မယ်။ တစ်လပဲ လိုတော့တယ်။ အားလုံးတော့ မသိဘူး... ကန်ဒီ့သင်္ကြန်ပိုးက နည်းနည်းထနေပြီ။ ဒီနှစ်လည်း က,ဖြစ်ဖို့ များတယ် ဟဲဟဲ။ က,ဖို့သာ မသေချာသေးတာ အကျီက တိုင်းပြီးသွားပြီ (နည်းနည်းများ လွန်သွားလား :P)။ ဒီနေ့တော့ ဒီလောက်ပဲ တော်သင့်ပြီ။ သင်္ကြန်အကြောင်းကတော့ နီးမှဆက်ပြောတော့မယ် ^_^

Good Night^^

4 comments:

သူကြီးမင်း said...

ပိစိ ပီတိတွေ ကြည်နူးဖို့သိပ်ကောင်း။ များများလုပ်ရလေ များများပီတိဖြစ်လေပေါ့။

သူကြီးမင်း said...

အံမယ်... ဒီကွန်မင့်တွေက ဘယ်လို စာလုံးတွေ ပေါ်နေပါလိမ့်နော်။ ကွန်မင့်ပေးချင်လွန်းလို့ အိုင်ပက်ကလေးနဲ့ တို့လိုက်တာ ဒီမှာတုန်းက အဟုတ် ဟိုဘက်ရောက်တော့ ဘယ်လို စာလုံးတွေ ထွက်နေမှန်းမသိ။ ခက်ပါ့။

ဆရာမပိစိ ပီတိလေးတွေ များများစားနိုင်ပါစေလို့ ဆုတောင်းပေးခဲ့တာ ထင်တာဘဲ။ အပေါ်က ကွန်မင့်ထဲမှာလေ။း)

မိုးသက် said...

ချာမ ပိစိကွေးလေးပေါ့.. ငါ့အစ်မက ^_^

ကူးကူးလှိုင် said...

ကန်ဒီက အကြားအမြင် ကြိုရနေတယ်ထင်တယ် ဓာတ်ပုံထဲမှာ ကန်ဒီကို တကယ်ရှာနေသေးတယ် မတွေ့လို့ စာ ဆက်ဖတ်တော့မှ ပြုံးလိုက်ရသေးတယ်...