Sunday, February 9, 2014

CNY Malay Trip

Hello...
ကန်ဒီပြန်ရောက်ပါပြီရှင်... Chinese New Year သုံးရက်တည်းဆိုတော့ လည်ရတာ ခဏလေးရယ်။ ဒါပေမယ့် ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းနေတာထက်တော့ တော်သေးတာပေါ့နော့် (^_^)။ KLCC Aquaria ရောက်တယ်... I City ရောက်တယ်... ဒါပဲ။ ကန်ဒီခရီးသွားရင် နေရာမျိုးစုံရောက်အောင်သွားပြီး လူပင်ပန်းတာမျိုးကို မကြိုက်ဘူး။ တော်ရုံလောက်ပဲသွားပြီး အပန်းဖြေ အနားယူရတာမျိုးကို ပိုကြိုက်တယ်။ ခရီးသွားတယ်ဆိုတာ စိတ်အပန်းဖြေဖို့ သွားတာလေ။ ဟိုနေရာလည်း ရောက်အောင်သွားမယ်... ဒီနေရာလည်း ရောက်အောင်သွားမယ်ဆိုပြီး လောဘကြီးပြီး Rush ဖြစ်နေရင် လူလည်းပန်းတယ် စိတ်လည်းပန်းတယ်... ဟုတ်တယ်မလား :)





Snow Walk ထဲဝင်ခဲ့တယ်။ ဒါပေမယ့် ကြာကြာမနေနိုင်ပါဘူး။ အေးလွန်းလို့ တကိုယ်လုံးတောင့်လာတာ။ နောက်ပြီး သူတို့ပေးတဲ့အကျီကြီးကလည်း နံတယ် (Complain တက်ခြင်း)။ အထဲမှာ ရေခဲတွေနဲ့ အလှဆင်ထားတာလေးတွေတော့ လှတယ်။ ဖယောင်ရုပ်ထုတွေရှိတဲ့အထဲတော့ မ၀င်ခဲ့ဘူး။ အပေါ်ထပ်က ပြင်နေတယ်ဆိုလား... အဲ့တော့ ၀င်ရတာ မတန်ဘူးလေ။ 


5D ကြည့်ခဲ့တယ်။ Singapore University Studio ထဲက Shrek 4D ကို မမှီဘူး။ နောက် View ကြည့်တဲ့ ရဟတ်စီးခဲ့တယ်။ အဲ့ဒါ ချားမဟုတ်ဘူး... ရဟတ်နော် (ငယ်ငယ်က သူငယ်ချင်းတွေနဲ့ အမြဲငြင်းရတယ်)။ ချားက ဘေးတိုက်လည်တာ... ရဟတ်က အပေါ်အောက်လည်တာ... ကန်ဒီချားမစီးဘူး ဟဟဟ :P xD





နောက်နေ့ကျတော့ KLCC Aquaria သွားပြီး ငါးတွေ ကြည့်ခဲ့တယ်။ မှောင်တာကတစ်ကြောင်း... သူတို့က လှုပ်နေတာကတစ်ကြောင်းနဲ့ အထဲမှာ ဓာတ်ပုံရိုက်လို့မကောင်းဘူး။ ၀ါးတားတားတွေများတယ်။



ရေနဂါး...


ညစာကိုတော့ အဲ့နေရာမှာစားတယ်။ အရမ်းစည်တာပဲ။ Foreigner တွေလည်း အများကြီး... မြန်မာတွေလည်း အများကြီးပဲ။ ဒီတစ်ခေါက် မလေးခရီးကတော့ အဲ့ဒါပါပဲ။ Humm... တခြားအကြောင်းပြောရအောင်...

သက်မွန်မြင့်မင်္ဂလာဆောင်ပုံလေးတွေ ဖဦးထုပ်ရပ်ကွက် (သူကြီးမင်းခေါ်သလို ခေါ်ကြည့်တာ :P) မှာတွေ့တာ အရမ်းလှတာပဲ။ မြန်မာမင်းသမီးတွေထဲမှာ သူ့ကိုကြိုက်တယ်။ အနေအေးပြီး ချစ်ဖို့ကောင်းလို့။ အမေတို့ အိမ်မှာထမင်းနဲထိုးနေကြတဲ့ပုံတွေ တွေ့ပြန်တော့ ရန်ကုန်ကိုသတိရတယ်။ အိမ်ပြန်ချင်တယ်။


ကန်ဒီတို့အိမ်မှာ ဒီလိုရာသီချိန်ဆို ထမင်းနဲထိုးလေ့ရှိတယ်။ ပြီးရင် ဘေးအိမ်တွေကို လိုက်ဝေတယ်။ အမေ့ကို အဲ့လိုကျန်းကျန်းမာမာမြင်ရတာ ၀မ်းသာတယ်။ အမေ့နောက်က ကန်ဒီ့ဝမ်းကွဲမောင်လေး... ကြည့်ပါဦး အရပ်ကြီးကို အရှည်ကြီးပဲ။ အဲ့ဒါကြောင့် ကန်ဒီဝယ်ပေးလိုက်တဲ့ Medium size အကျီမတော်တာနေမှာ။ အမေ့ဘေးက ကန်ဒီ့ညီမအငယ်ဆုံးတို့အတွဲ။ Humm... မိသားစုအားလုံးစုံဖို့ဆိုတာ မလွယ်လိုက်တာနော်။ ကန်ဒီ့ညီမအလတ်နဲ့ ကန်ဒီက ဒီမှာ။ သူပြန်ရင် ကန်ဒီမပြန်ဖြစ်ဘူး။ အဲ့လိုနဲ့ မိသားစုစုံစုံလင်လင် ရိုက်ထားတဲ့ ဓာတ်ပုံဆိုတာ ကန်ဒီတို့မှာမရှိဘူး။

ဒီသီချင်းလေးကို စ,စနားထောင်ချင်းအချိန်တုန်းက သိပ်သတိမထားမိဘူး။ မနေ့ကအလုပ်မှာ အဲ့သီချင်းဖွင့်ထားတာ ကြားမိတော့မှ ကောင်းလိုက်တာ... ဆိုပြီး အိမ်ရောက်တော့ပြန်နားထောင်ဖြစ်တယ်။
♫♪ How long will I love you?? As long as stars are above you... and longer if I can...
How long will I need you?? As long as the seasons need to... follow their plan...
How long will I be with you?? As long as the sea is bound to... wash upon the sand... ♫♪


How long will I love you??
How long will you love me??

Good questions... ကန်ဒီ့ကို အဲ့လိုမေးခွန်းမျိုးတွေ လာမေးခဲ့ရင် အဖြေရှိမှာမဟုတ်သလို ကန်ဒီသူများကို ပြန်မေးလို့ ပြန်ဖြေတဲ့အဖြေတွေကလည်း ကန်ဒီ့ကိုကျေနပ်စေမှာမဟုတ်တာ သေချာတယ် Because.....

Have a Nice Weekend^^

8 comments:

မြတ်ကြည် said...

You are not willing to trust love?

မိုးသက် said...

အဲ့ စနိုးဝါလ် က ဘယ်လောက်ဒီဂရီလဲမမ..။
ရန်ကုန်မှာလဲ ရှိတယ်ပြောတယ်.။ မရောက်သေးဘူး.။ သွားတော့မသွားတော့ပါဘူး.။ ဒီမှာ “ ဝ” ပါပီ.။

ကိုကိုမောင်(ပန်းရနံ့) said...

အကျိုးရှိရှိ ခရီးထွက်ခဲ့တယ်ပေါ့လေ။ သူကြီးမင်းတို့ကတော့ နေရာတစ်ခုထဲ ကျောက်ချထားသလိုဘဲ။ ဘယ်မှ မသွားဖြစ်ဘူး။
ဒါနဲ့
ပိစိစီးခဲ့တာက ချားစီးခဲ့တာ ဖြစ်မယ်။ ရဟတ်စီးခဲ့တာ မဟုတ်လောက်ဘူး။ ရဟတ်က ဘေးတိုက်လည်တာ။ ချားက အထက်အောက်လည်တာလေ။ ဥပမာ ရဟတ်ယာဉ်ကို ကြည့်ပါလား။ အပေါ်အောက် မလည်ဘူးလေ။း)

ဒီလိုလေးမှတ်ထားရင် ပို အဆင်ပြေမယ် ထင်တယ်။
"ချားထက်အောက်ပြေး၊ ရဟတ်ဘေးတိုက်၊ လယ်၌ချားရဟတ်၊ သေချာမှတ်လော့" တဲ့။

ချား=ထက်အောက်လည်ခြင်း
ရဟတ်=ဘေးတိုက်ခြင်း။
ချားရဟတ်=ထက်အောက်လဲမဟုတ် ဘေးတိုက်လဲ မဟုတ် စကောစက အလယ်၌ခပ်ကိုင်းကိုင်း လည်ခြင်း။

ဟဲဟဲ။ အဟုတ်မှတ်မနေနဲ့ဦး ရမ်းတီးသွားတာ။း)

Anonymous said...

ထမနဲတောင်စားချင်သွားပြီ။
ကန်ဒီ့စီပို့ ရင်ကျွေးနော်။း)
အိုင်အိုရာ

ကူးကူးလှိုင် said...

ထမနဲဒယ်အိုးကြီးမြင်ပြီး စားချင်လိုကတာ ကန်ဒီရေ...ခရီးသွားရတာ ကောင်းလိုက်တာနော် . လန်းဆန်းသွားမှာပဲ...

မောင်သစ္စာ said...

ဟုတ်ပါ့..ထမနဲစားချင်လာတယ်ခုမှ:(

Thinzar Najma said...

ပုံလေးတွေ လှတယ်။ ;-) i-city ထဲက trick art museum ထဲမဝင်ခဲ့ဘူးလား? ဝင်ကြေး၁၀ဘဲ ပေးရတာ.. အဲထဲမှာ ဓါတ်ပုံ ရိုက်လို့ကောင်းတယ်။ :)

Candy said...

မ၀င်ခဲ့မိဘူး >.<