Hello...
ကန်ဒီခရီးသွားနေတဲ့အချိန်အတွင်း ဖတ်စရာရှိအောင်လို့ ဒီပိုစ့်လေး ကမန်းကတန်း ရေးခဲ့တယ်နော်...
ဒါ ကန်ဒီလောလောဆယ် ကြိုက်နေတဲ့ နှုတ်ခမ်းနီ။ "Cherish" က ၀ယ်ထားတာကြာလို့ တံဆိပ်တောင် ပျက်ကုန်ပြီ။ အစကတော့ ကြိုက်တယ်လည်း မဟုတ်ဘူး၊ မကြိုက်ဘူးလည်း မဟုတ်ဘူး။ သုံးလို့ကောင်းတယ်ပေါ့... ဒီလောက်ပဲ။ ဟိုနေ့ကမှ ကန်ဒီမနက်က Breakfast စားပြီးဆိုးသွားတဲ့ နှုတ်ခမ်းနီကို ကန်ဒီ့ Break Time (၁၀)နာရီခွဲလောက်မှာ ကြည့်မိတော့ ရှိသေးတယ်။ အဲ့ဒါနဲ့ အကြာကြီးခံလို့ဆိုပြီး ကြိုက်သွားတာ ဟဟဟ။ ခုမှထပ်ဝယ်လိုက်တာက Sweetheart/Valentine...

"Cherish" က Bubble Gum Pink အရောင်... ဘယ်လိုပြောမလဲ Cool Tone ဘက် ပိုရောက်တယ်။ Sweetheart/Valentine ကတော့ ရိုးရိုးပုံမှန် Sweet Pink colour လေးပဲ။ Balm
Stain ဆိုတဲ့ နာမည်နဲ့လည်း လိုက်ပါတယ်။ Lip Stain အများစုက နှုတ်ခမ်းကို
ခြောက်စေတယ်လေ။ သူက Balm Stain ဆိုတော့ Lip Balm + Stain...
နှုတ်ခမ်းမခြောက်ဘူး။ စ,စဆိုးချင်းမှာရှိတဲ့ အစိုဓာတ်ကတော့
ကြာရင်ပြယ်သွားတာပေါ့နော်... ဒါပေမယ့် အရောင်ကတော့ နှုတ်ခမ်းမှာစွဲပြီး
ကျန်ခဲ့တယ်။ ကန်ဒီ စ,၀ယ်ဝယ်ချင်းတုန်းက စမ်းဆိုးကြည့်တော့ သတိထားမိတာက
သူ့မှာပူရှိန်းလိုလို အနံ့တစ်မျိုးရှိတယ်။ အဲ့တစ်ခုတော့ မကြိုက်ဘူး။
ဒါပေမယ့်ဆိုးတာကြာသွားလို့လား မသိဘူး... ခုတော့ အဲ့အနံ့ကို
သတိမထားမိတော့ဘူး။
Enjoy your Holiday everyone ^_^
3 comments:
i should try these too :) Have a nice trip Candy xoxo
"Cherish" ဆုမြတ်မှာလည်းရှိတယ်..ကြိုက်တယ်..တစ်နေကုန်မပျက်ဘူး ။ ဗယ်လင်တိုင်းတော့မစမ်းရသေးဘူး ။ Happy CNY and Happy holiday!
အဲဒိ ၂မျိုးစလုံး မစမ်းဖူးဘူး... ခရီးက ဘယ်တွားတာလဲဟင်? :D .. ကိုယ်မသွားရတော့ အားကျရုံပေါ့...
Post a Comment