Sunday, February 16, 2014

V day Jealousy

GoOd MoRnInG...
ဒီတစ်ပတ်ထဲမှာ ထူးထူးခြားခြား ခေါင်းထဲမှာ တွေးနေမိတာတွေ များနေတယ်။ ဘယ်နားက စရေးရမှန်းတောင် မသိဘူး။ OK... လောလောဆယ် မနေ့က Dinner အကြောင်းလေးနဲ့ပဲ စ,လိုက်တာ ကောင်းပါတယ်။ ညနေ(၃)နာရီလောက် အလုပ်ကနေ အိမ်ပြန်ရောက်ပြီး ခဏအိပ်လိုက်တယ်။ နိုးလာတော့ ကန်ဒီ့ညီမက Jem မှာ ညစာသွားစားမယ်၊ လိုက်ခဲ့... ဆိုတာနဲ့ ပါသွားပါလေရော...



Marche ဆိုတဲ့ဆိုင်က ကန်ဒီ့ညီမပဲ ရွေးတာ။ သူက ဘိုစာတွေ စားတတ်သလို ကိုယ်တိုင်လည်း နည်းနည်းပါးပါးလည်း လုပ်တတ်တယ်။ စားတဲ့ထဲမှာ Spaghetti က လွဲရင် ကျန်တာတွေ စားလို့ကောင်းတယ်။ ဈေးလည်း ကောင်းတာကိုးး(xD)။ Menu ကတော့ တော်တော်နည်းတယ်။ အိပ်ချင်မူးတူး ရေချိုးပြီး ထသွားတော့ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေတယ်။ အဲ့ဒါကို ဆိုင်ကမီးရောင်က ကိုယ့်တစ်ယောက်တည်းပဲ ကွက်ထိုးတော့ ဖြူစုတ်သွားတယ် -.-'



စားပြီးသောက်ပြီးတော့ Shopping Mall ထဲ ဟိုလျှောက်ဒီလျှောက်လုပ်။ အိမ်ပြန်ရောက်တော့ (၁၀)နာရီခွဲတော့မယ်။ တခါတလေ အဲ့လိုမျိုးလေးလည်း လိုအပ်တယ်။ အိမ်နဲ့အလုပ်၊ အလုပ်နဲ့အိမ်ချည်းဆို လူလည်း ရူးသွားနိုင်တယ်။ Valentine's Day??? ဘာလုပ်လဲဆို Facebook ပေါ်မှာ သူငယ်ချင်းတွေ ကြွားထားတဲ့ (အဲ... တင်ထားတဲ့) ပိုစ့်တွေကို အမြင်ကတ်ပုဒ်မနဲ့ဖတ်... နောက်ဆုံး အစ်ကိုဆီ Message ပို့ပြီး လိုက်နှောင့်ယှက်တယ် ဟဟဟ xD

Excuse my Grammer. When I type very fast, everything is wrong >.<

ဟီးဟီး... ကန်ဒီ့အစ်ကိုက ချစ်ဖို့ကောင်းသားနော် (xD)။ ဘာပဲဖြစ်ဖြစ် ချစ်သူတွေအားလုံးကို သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းရပါစေလို့ ကန်ဒီဆုတောင်းပေးပါတယ် ^_^

ဟိုနေ့က Orientation CEO's Talk သွားနားထောင်တော့ စင်္ကာပူ Healthcare System အကြောင်းပြောရင်း Primary Healthcare က ဘယ်လောက်အရေးပါကြောင်း သူကပြောပြတယ်။ Primary Healthcare ဆိုတာ ကန်ဒီတို့လို Polyclinics တွေ၊ GP တွေကို ပြောတာပေါ့။ အဲ့ဒါတွေ အခိုင်အမာမရှိရင် ဆေးရုံတွေမှာချည်း လူနာတွေ ပြုံနေမှာလေ။ အဲ့ဒါကိုပြောရင်း ဥပမာပေးတော့... သူ Primary Healthcare အခိုင်အမာမရှိတဲ့ နိုင်ငံတွေ့ဖူးကြောင်း၊ ဘယ်နိုင်ငံလဲဆိုတာ သူမပြောလိုကြောင်း၊ အဲ့နိုင်ငံမှာဆို GP တွေ၊ Polyclinic တွေက အရည်အချင်းမမှီတဲ့အခါ လူနာတော်တော်များများက တစ်ခုခုဆို ဆေးရုံကိုချည်း လာကြရကြောင်း ပြောပြတယ်။ အဲ့နိုင်ငံက စင်္ကာပူရဲ့မြောက်ဘက်မှာလည်း ရှိတယ်၊ Politics အရလည်း ရှုပ်ထွေးတယ်ဆိုတဲ့ သူ့ပြောပုံကိုထောက်ကြည့်ရင် ကန်ဒီတို့ မြန်မာနိုင်ငံဆိုတာ သိလိုက်တော့ စိတ်မကောင်းဖြစ်ရတယ်။ မှန်လည်း မှန်နေတာပဲလေ။ သက်ဆိုင်တဲ့လူကြီးတွေလည်း အခုထက်ကောင်းအောင် ကြိုးစားနေကြမှာပါ။ တိုးတက်လာဖို့ မျှော်လင့်တယ်။

အထူးသဖြင့် Pharmacist တွေအတွက် ဒီမှာလို Role တစ်ခုရှိလာစေချင်တယ်။ အခုဖြစ်နေတာက ကျောင်း(၄)နှစ်တက်၊ စာတွေအသားကုန်ကျက်ပြီး Pharmacist ဘွဲ့ရထားတဲ့လူနဲ့ ဆေးဝါးအကူဆိုတဲ့ (၃)လသင်တန်းတက်ပြီး ဆေးခန်းမှာလုပ်နေတဲ့သူတွေနဲ့က Level မတိမ်းမယိမ်းဖြစ်နေတယ်။ ဒါ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကန်ဒီသိသလောက်အနေအထား။ အခုတော့ ဘယ်လိုရှိတယ်မသိ။ ဒီက Pharmacist တွေဆို လုပ်ပိုင်ခွင့်တွေ အများကြီးရှိကြတယ်။ တကယ်လည်း တော်ကြတယ်။ ဒီက Pharmacist တွေလို Role တစ်ခုရဖို့ဆို ကန်ဒီတို့ မြန်မာနိုင်ငံက Pharmacist တွေကလည်း အများကြီးတော်ဖို့ လိုအပ်သေးတယ်။ ဒီက Pharmacist တွေ Warfarin Counselling လုပ်နေချိန်မှာ ကန်ဒီတို့ မြန်မာနိုင်ငံက Pharmacist တွေက Warfarin ဆိုတာ အန္တာရာယ်များတဲ့ Anti-coagulant (သွေးကျဲဆေး) ဆိုတာလောက်ပဲ သိတဲ့အနေအထား။ အဲ့လိုဆိုတော့လည်း Role တစ်ခုရဖို့ဆိုတာ ဘယ်လွယ်မလဲနော်။ ဒီမှာဆို Pharmacist မပြောနဲ့ Pharmacy Technician တောင် ဆရာဝန်ပေးတဲ့ Dose က မှားနေရင် ဆရာဝန်ဆီဖုန်းဆက်ပြီး မေးခွင့် Suggest လုပ်ခွင့်ရှိတယ်။ မြန်မာနိုင်ငံမှာ အဲ့ဒါမျိုးရပြီလား?? ကန်ဒီမသိဘူး။ ဒါပေမယ့် တကယ်ဖြစ်လာစေချင်တယ်။ အဲ့ဒါတွေက CEO's Talk နားထောင်ပြီး ၀င်လာတဲ့အတွေးတွေ...

ကန်ဒီ အလုပ်မှာ နည်းနည်းကျင့်သားရလာပြီ ထင်တယ်။ မသိသေးတာတွေ ရှိသေးပေမယ့် ဒီလိုပဲ အမှားတွေထဲကနေပဲ သင်ယူရတာပေါ့။ လူနာတွေအရမ်းများတဲ့အခါမျိုးမှာ အနည်းနဲ့အများတော့ Stress တွေရှိတယ်။ ဒါပေမယ့် လူနာတွေနဲ့စကားပြောရတာကို ကန်ဒီပျော်တတ်လာပြီ။ စောင့်ရလို့ စိတ်မရှည်၊ ဒေါသကြီးတဲ့ လူနာတွေရှိသလို၊ အရမ်းရီရတဲ့ လူနာတွေလည်းရှိတယ်။ ဟိုနေ့ကဆို လူနာတစ်ယောက်က ကန်ဒီသူ့ကိုဆေးပေးနေတုန်း "Give me one, I forgot to take this morning" ဆိုပြီး ဘာမပြော၊ ညာမပြောနဲ့ ပါးစပ်ထဲ ဆေးတစ်လုံးကောက်ထည့်လိုက်ပါလေရော... အဲ့ဒါကန်ဒီက သူ့ကိုကြောင်ကြည့်ပြီး "Do you want water?" လို့မေးတော့ "Yes"တဲ့။ Ekk... အဲ့ဒါနဲ့ ရေရှာတော့ ရေသန့်ဗူးက မရှိဘူးလေ။ Pantry မှာထားထားတဲ့ ကန်ဒီ့ရေဗူးပဲ ရှိတယ်။ အဲ့ဒါနဲ့ အဲ့ဒါပဲ သူ့ပေးသောက်ရတာပေါ့ ဟဟဟ xD

ဟိုနေ့က လိပ်ခေါင်းဖြစ်တဲ့လူနာကလည်း ကန်ဒီ့ကိုမေးတယ် "ပတ်တီးရှိလား??" ဆိုတော့ ကန်ဒီတို့ဆီမှာတော့ မရှိဘူး... Retail မှာ ၀ယ်လို့ရတယ်လို့ ပြန်ပြောတော့ "OK.. I want to go toilet and do it now. My one is bleeding already. So painful >.<" ဆိုပြီး မျက်နှာကြီး ရှုံ့မဲ့ပြောတော့ ကန်ဒီက ဘာပြန်ပြောရမလဲ မသိတော့ဘူး။ အရမ်းရီချင်လာလို့ ရီနေလိုက်တယ်။ သူနာတာကို ရီချင်တာမဟုတ်ပါဘူး။ သူပွင့်လင်းတာကို ရီချင်တာ ဟဟဟ xD xD

မြန်မာလူနာတွေနဲ့တွေ့ရင် ကန်ဒီကရီရတဲ့လူဖြစ်သွားရော။ ကန်ဒီမှ မြန်မာလိုဆေးမပေးတတ်တာ။ တစ်ချို့ရောဂါတွေဆို မြန်မာလိုဘယ်လိုပြောရမလဲ ကန်ဒီမသိဘူး။ ဟိုတလောက အစ်မတစ်ယောက်ရဲ့သားလေးက မျက်နှာမှာ Fungal Infection ဖြစ်တာ။ အဲ့ဒါဆရာဝန်က လိမ်းဆေးပေးလိုက်တယ်။ Fungal Infection ကို မြန်မာလိုဘယ်လိုပြောရမလဲမသိတာနဲ့ Fungal Infection အတွက်လို့ပဲပြောလိုက်တော့ အဲ့အစ်မက မြန်မာလိုဆို ဘယ်လိုမျိုးခေါ်လဲ ပြန်မေးရော။ အဲ့ဒါနဲ့ ကန်ဒီ့မှာ ခေါင်းတော်တော်စားသွားတယ်။ မှိုရောဂါလို့ပဲ ခေါ်တာလား... အမှန်က ပွေးတို့၊ ညှင်းတို့ အဲ့လိုခေါ်တာထင်တယ် xD

ဒီရက်ထဲ မြင်ရ၊ကြားရဖန်များလာလို့ ၀င်နေတဲ့အတွေးတစ်ခုက... ကန်ဒီတို့ လူတော်တော်များများက တစ်ဖက်လူကို Judge လုပ်ဖို့အရမ်းလွယ်သလို၊ လုပ်ပြီးသွားရင်လည်း အဲ့ဒီလူအပေါ်ဆက်ဆံတဲ့အခါ ကိုယ့်လုပ်ထားတဲ့ Judgement တစ်ခုနဲ့ Filter လုပ်ပြီး အမြဲဆက်ဆံတတ်ကြတယ်။ ရှုပ်သွားပြီလား မသိဘူး... ဆိုလိုတာက ဒီလူက ဒီနေရာမှာမကောင်းဘူး၊ မကြိုက်ဘူးလို့ သုံးသပ်လိုက်ပြီးပြီဆို အဲ့လူနဲ့သေချာမဆက်ဆံကြည့်ရသေးဘူး... ကန်ဒီတို့မျက်လုံး/စိတ်ထဲမှာ မကြိုက်ဘူးဆိုတာက အရင်နေရာယူထားတတ်ကြတယ်။ အဲ့လို Cover ထားတာကြီးက သူ့ကောင်းတဲ့အချက်တွေကို မမြင်နိုင်လောက်အောင် မှေးမှိန်စေတယ်။ သူဘာလုပ်လုပ်အကောင်းမြင်တော့မှာ မဟုတ်ဘူး။ ကိုယ်တိုင် Judge လုပ်ပြီးမှ မဟုတ်ပါဘူး။ ဒီလူနဲ့မပေါင်းကြည့်ရသေးဘူး တခြားလူတစ်ယောက်ပြောပြထားတဲ့ သူ့အကြောင်းကို နားထောင်ပြီးတောင် ကန်ဒီတို့စိတ်ထဲမှာ Filter တစ်ခု ရှိထားနှင့်နေပြီ။ တကယ်တော့ အဲ့လိုမဖြစ်သင့်ဘူး။ ကန်ဒီအဲ့လို Attitude မျိုးကို မကြိုက်ဘူး။ အကောင်းအဆိုး ဒွန်တွဲနေတတ်တာ လူ့သဘာဝပဲလေ။ တပါးသူမကောင်းတဲ့အချက်ကို ကောင်းတာနဲ့ Balance လုပ်ပြီး ကြည့်ပေးနိုင်ရမယ်။ တကယ်လို့ မကြည့်ပေးနိုင်ဘူးဆိုရင် သူမကောင်းတာကို တတွတ်တွတ်ပြောနေခြင်းထက် လစ်လျူရှုပေးလိုက်ပါ။

Don't color your eyes before you actually reach out to that person.

Have a nice day^^

8 comments:

Anonymous said...

Not only u, Canday. I also didn't get chocolate on VDay. But u r still lucky to have a brother who can borrow the photo :D I have none.

Candy said...

Hee... Yeah, Thanks to my bro :D

Anonymous said...

ဒီမှာဆေးသွားဝယ်တိုင်းကန်ဒီလေးကိုသတိရမိတယ်။
ကန်ဒီလေးလည်းဒီလိုဘဲရှင်းပြရတယ်လို့ ဆိုပြီး။
နောင်နှစ် ဗီ ဒေးကျရင်တော့ ချော့ကလက်တွေ ဘန်နီတွေ တယ်ဒီဘဲ တွေအများကြီးနဲ့ တွေ့ ချင်တယ်နော်။း)
အိုင်အိုရာ

Ma Tint said...

သကြားလုံးလေးတောင် အတော်ရင့်ကျက်လာပြီပဲ ..
ဒေါသဖြစ်ရင် အရင်လိုတော့ ထိုင်ပြီး ငိုမနေလောက်ပါဘူးပေါ့နော် :P

မေတ္တာဖြင့်
တီတင့်

မြတ်ကြည် said...

Tinea corporis ကို ပွေးလို့ ခေါ်ကြတယ်။. မြတ်ကြည်လည်း ဘာမှမရပါဘူး။ :D

ကူးကူးလှိုင် said...

ကန်ဒီရေ. အလုပ်ထဲမှာ ပျော်နေတာမြင်ရတာ ၀မ်းသာပါတယ်..အလုပ်အကြောင်းတွေ များများရေးနော် ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်...

ကိုကိုမောင်(ပန်းရနံ့) said...

အလုပ်မှာ မွေ့လျော်လာရင် တိုးတက်ကြီးပွါးမဲ့ လက္ခဏာပါဘဲ။ လုပ်နေတဲ့အလုပ်ကို ကြိုက်နှစ်သက်တတ်ဖို့ လိုအပ်တယ် မဟုတ်လား။
အလုပ်တခြား ၀ါသနာတခြားဆိုရင် အလုပ်ထဲ စိတ်က ရောက်မနေတတ်လို့ အမှားတွေ ပါတတ်တယ်။
အထူးသဖြင့် အခုလို လူနာတွေနဲ့ ဆက်ဆံရတဲ့အခါ ပို အရေးကြီးတယ်မဟုတ်လား။ အမှားပါသွားလို့ မဖြစ်ဖူးလေ။ ဆေးနဲ့ ပတ်သက်နေတာကိုး။
ပိစိ...ဒီထက်မက ကြီးပွါးတိုးတက်နိုင်ပါစေ။ မိဘညီအကိုမောင်နှမတွေကို ပြုစုစောင့်ရှောက်နိုင်ပါစေ။

မိုးသက် said...

တော်တယ်.. နအမ...
ဒါနဲ့ အရင်ကနဲ့ သိပ်မတူတော့ ဘူးနော်အစ်မ.။ အလုပ်လုပ်ရလို့လားမသိဘူး..။ ပိုပြီးရင့်ကျတ်လာသလိုပဲ..။ :))