Morning everyone...
ဒီရက်ပိုင်း ရာသီဥတုအရမ်းပူတယ်။ အပူအအေးမမျှလို့ပဲလား မသိဘူး... ဗုဒ္ဓဟူးနေ့က ကိုယ်တွေပူပြီး စ,ဖျားတယ်လေ။ ဆေးမှန်မှန်လေးသောက်လိုက်တော့ ကိုယ်ပူကျသွားတယ်။ အဖျားမရှိတော့ပေမယ့် အသံနာပြီး နှာစေးနေတုန်းပဲ။ ခုလည်း စောစောစီးစီး ခေါင်းကိုက်နေလို့ Paracetamol တစ်လုံးသောက်ထားရတယ်။
ကန်ဒီ Pharmacy အသေးလေးဆီရောက်သွားလို့ ဖျားတာလည်း ဖြစ်နိုင်တယ် (>.<)။ ကန်ဒီတို့ Polyclinic က တခြား Branch တွေနဲ့ယှဉ်ရင် သေးသလောက် လူနာအများဆုံးစာရင်းထဲမှာ ပါတယ်။ အဲ့ဒါနဲ့ Main Pharmacy တင် မလောက်တော့ပဲ နှာစေး၊ ချောင်းဆိုး၊ ၀မ်းလျောတဲ့ လူနာတွေအတွက် သီးသန့်ဆိုပြီး Pharmacy အသေးလေး အသစ်ဖွင့်လိုက်တယ်။ အဲ့မှာ သွေးတိုး၊ ဆီးချို ဆေးတွေမရှိဘူး။ အဲ့အသေးလေးကို Main Pharmacy က ၀န်ထမ်းတစ်ယောက်စီ တစ်လတော့ အနည်းဆုံးသွားရတယ်... အလှည့်နဲ့ပေါ့။ ကန်ဒီက ဒီအပတ် စ,သွားရတာ... ဧပြီလကုန်ခါနီးလောက်ထိ အဲ့မှာနေရမယ်။ စ,သွားတဲ့အပတ်မှာတင် ဖျားတော့တာပဲ။ လာတဲ့လူနာတွေကလည်း အအေးမိတဲ့ လူနာတွေချည်းကိုးး... မကူးဘဲနေမလား >.<
ဆရာဝန်ကြောက်တဲ့ရောဂါရှိတော့ တော်ရုံဖြစ်ရင် ဆေးခန်းပြခဲတယ် ဟဟ(xD)။ အဲ့ဒါနဲ့ပဲ ကိုယ့်ဟာကိုယ် ကျိတ်ကုတာပေါ့။ ရိုးရိုး Panadol နှစ်လုံးကို မနက်အလုပ်သွားရင် သောက်တယ်။ နေ့လည်ထမင်းစားပြီးရင် နှစ်လုံးထပ်သောက်တယ်။ ညအိပ်ခါနီးရင် Panadol Cough & Cold နှစ်လုံးသောက်တယ်။ အဲ့ဒါက ချောင်းဆိုးပျောက်ဆေးပါတော့ သောက်ပြီးရင် အိပ်ချင်တယ်လေ။ အပြာရောင်အကိုက်အခဲပျောက်ဆေးတွေက ကန်ဒီ့ညီမဆေးခန်းပြတုန်းက သူ့ကိုဆရာဝန်ပေးလိုက်တာတွေ... Panadol ထက်ပြင်းတယ်။ စ,စဖျားချင်းတုန်းက အိမ်မှာ Panadol မရှိတာနဲ့ အဲ့ဒါအရင်သောက်ထားတာ။ အဲ့ဒါသောက်ပြီးရင် Gastric ဖြစ်လို့ Gastric ဆေးနဲ့တွဲသောက်ရတယ်။ တကယ်တော့ ကော်ဖီမသောက်သင့်ဘူး။ ဒါပေမယ့် အိမ်မှာလည်း သောက်စရာ ဒါပဲရှိတယ်။
နေမကောင်းတဲ့ ဗုဒ္ဓဟူးနေ့လေးပဲ အလုပ်ကအပြန် အိမ်ကပ်တယ်။ အဖျားကျသွားပြီဆိုတာနဲ့ သွားတော့တာပဲ။ အဲ့ဒါကြောင့် ကန်ဒီ့ခြေထောက်မှာ မှည့်အသစ်ပေါ်လာတာ ဖြစ်မယ် ဟဟဟဟ(xD)။ သောကြာနေ့က တက္ကသိုလ်တက်တုန်းက သူငယ်ချင်းတွေနဲ့ Gathering... ကန်ဒီနဲ့ အလုပ်တူတဲ့တစ်ယောက်ကလွဲလို့ ကျန်တဲ့သူငယ်ချင်းတွေကို မတွေ့တာ(၄)နှစ်နီးပါးရှိပြီ။ တချို့က အိမ်ထောင်ကျသွားပြီ။ တချို့က အိမ်ထောင်ပြုဖို့ တာဆူနေတယ်။ ကန်ဒီတို့စကားဝိုင်းထဲက အကြောင်းအရာတွေကို ပြန်ဆန်းစစ်ကြည့်တော့ လွန်ခဲ့တဲ့(၄)နှစ်ကနဲ့ အများကြီးကွာသွားပြီ။ ကျောင်းတုန်းက စကားဝိုင်းထဲမှာဆို စာမေးပွဲအကြောင်း၊ ဘာသွားစားမယ်၊ ဘယ်သင်တန်းတက်မယ်၊ ဘာကားကောင်းတယ်၊ ကျောင်းပြီးရင် ဘာလုပ်မယ်... ဆိုတာတွေ။ အခုစကားဝိုင်းထဲမှာကျ မင်္ဂလာဆောင်တော့မယ့် နှစ်ယောက်က ဘယ်တော့မင်္ဂလာဆောင်မယ်၊ ဘယ်ဟိုတယ်က ဘယ်ဈေး၊ Dinner က ဘယ်မှာဆို ပိုကောင်းတယ်၊ နောက်.. ဘယ်သူငယ်ချင်းကတော့ ဘာတွေလုပ်နေတယ်၊ ဘယ်သူငယ်ချင်းကတော့ ဘာလေးမွေးတယ်၊ ဘယ်လိုစီးပွားရေးလုပ်ချင်တယ်... စတာတွေ။ သူတို့ပြောတာတွေ နားထောင်ရင်း ကန်ဒီတွေးနေမိတာက ကျောင်းတုန်းကနဲ့ အခု ကွာဟပုံတွေ... ကန်ဒီတို့ အချိန်နဲ့အတူ ရင့်ကျက်လာကြပါတယ် =)
အားလုံးက Pharmacy ကျောင်းဆင်းတွေဆိုတော့ တော်တော်များများက ဆေးဆိုင်ဖွင့်ချင်ကြတယ်။ ကန်ဒီ့ကိုလာမေးရင်တော့ Pharmacists ဆိုတာ "ဘာ.." ဆိုတာကို သိစေတဲ့ ဆေးခန်းလေးတစ်ခုဖွင့်ချင်တယ်။ အဲ့ဒီမှာ ဆရာဝန်ကလည်း Pharmacist ကို လေးစားမှုရှိရမယ်။ အားလုံးကို စင်္ကာပူမှာလို Run ချင်တယ်။ အရမ်းခက်ခဲပေမယ့် မဖြစ်လာဘူးလို့လည်း မပြောနိုင်ဘူးနော် ^_^
ဒါကမနေ့က... အစ်မတို့မိသားစုနဲ့ မတွေ့တာတော်တော်ကြာပြီ။ ငါးလလောက်တောင် ရှိတော့မယ်။ နေ့လည်စာစား၊ ခဏစကားပြော၊ တရေးအိပ်၊ ညစာအတွက် ပြင်ဆင်၊ ညစာစားပြီးမှ ပြန်။ ဒါ အစ်မတို့ဆီသွားလည်တိုင်း ကန်ဒီလုပ်နေကျပုံစံ ဟဟ ^_^
အမေက ကန်ဒီပြန်လာရင် ဘာတွေလုပ်မယ်ဆိုတာ အခုတည်းက စီစဉ်နေပြီ။ မနေ့က ဖုန်းဆက်ပြီး သူ့အစီအစဉ်ကို ပြောပြတယ်။ ပြန်ရောက်ပြီးနောက်တစ်ရက် မိဘမဲ့ကျောင်းမှာ အလှူ လုပ်မယ်။ ပြီးရင် လေယာဉ်နဲ့ ဗန်းမော်တက်မယ်တဲ့... အဲ့ကနေ ရွှေကူကို ကားပြန်စီး... ဟိုမှာ အဘွားလေးတို့နဲ့ နှစ်ရက်လောက်နေမယ်။ ပြီးရင် ရန်ကုန်ပြန်လာမယ်။ ခုကတည်းက လေယာဉ်လက်မှတ်ကြိုဝယ်ထားမလို့... သဘောတူလားတဲ့။ ကြည့်... အမေက အစစအရာရာ ထောင့်စေ့တဲ့သူ။ ကန်ဒီမှာထားတဲ့ သင်္ကြန်အတွက် ချိတ်လည်းသူချုပ်ပြီးပြီတဲ့။ သူဆိုင်မှာဝယ်နေတုန်း ဘာအရောင်ယူမလဲ ကန်ဒီ့ကိုလှမ်းရွေးခိုင်းသေးတယ်။ ကန်ဒီက "ပန်းရောင်ဆို အရမ်းတောက်သွားမလားမသိဘူး" ဆိုတော့... "သခွားရောင်ကြီးက တောမှာဇာတ်ကတဲ့အရောင်ကြီး"တဲ့ ဟဟဟ (xD)။ အဲ့ဒါနဲ့ သဘောဆိုပြီး... သူ့စိတ်တိုင်းကျ ပန်းရောင်လေးပဲ ယူလိုက်ပါလို့ ပြောလိုက်တယ် :D
ကန်ဒီတို့အက,တိုက်တဲ့ ဗွီဒီယိုလေး ကြည့်ချင်လား?? (:P :P) ကန်ဒီက က,ကွက်တွေ မှတ်ချင်လို့ ကင်မရာတင်ထားတာ... ကျောင်းက ကလေးတွေက ကန်ဒီ့ကင်မရာလည်း တွေ့ရော... သူတို့ရိုက်မယ်ဆိုပြီး စကားတပြောပြောနဲ့ ရိုက်ပေးနေတာ။ သူတို့ပြောတာတွေ သဘောကျလို့ တင်ဖြစ်သွားတယ် (:D :D)။ မြန်မာကလေးတွေပါပဲ... ဒီမှာကြီးတဲ့ကလေးတွေဆိုတော့ သူတို့အချင်းချင်း အင်္ဂလိပ်လိုပဲ ပြောတယ်။ Enjoy ^_^
Have a Nice Day^^