Sunday, March 16, 2014

Scent of Rain

Good Morning...
အပြင်မှာမိုးတဖွဲဖွဲနဲ့ အိပ်ယာထဲပဲ ကွေးနေချင်တယ်။ စင်္ကာပူမှာ မိုးမရွာတာ တော်တော်ကြာပြီနော်။ မနေ့က East Coast မှာ သဲပုံစေတီပွဲရှိတယ်... မသွားလိုက်ရဘူး။ အလုပ်မှာ OT ရှိနေတာနဲ့ (၄)နာရီခွဲ၊ (၅)နာရီလောက်မှ ပြီးတယ်။ (၆)လလောက်မှ တစ်ခါရှိတဲ့ OT က ဘာလို့များ အဲ့နေ့နဲ့ သွားတိုက်နေလဲ မသိပါဘူး (>.<)။ မေတ္တာရှင်က အဖွဲ့တွေ ဟိုမှာလက်ဖက်ထမင်း ကျွေးကြတယ်... ပျော်စရာကြီး >.<

အကလည်း သွားမတိုက်ဘူး။ တောက်လျှောက်ဆို အရမ်းပင်ပန်းပြီး နေမကောင်းတွေ ဘာတွေဖြစ်ကုန်မှာစိုးလို့။ တပတ်နှစ်ရက်၊ သုံးရက်လောက်ပဲသွားမယ် စဉ်းစားထားတယ်။ ဒီနေ့ကတော့ သွားကိုသွားရမှာလေ... စာလည်းသင်ရမှာဆိုတော့။ သီချင်းက (၄)ပုဒ်တောင် တိုက်ရတာ... အရမ်းများတယ်။ ကန်ဒီက တစ်ပုဒ်ဆို တစ်ပုဒ်ပဲ ကောင်းကောင်းက,ချင်တာ။ (၄)ပုဒ်တောင်ဆိုတော့ အကွက်တွေရောပြီး မှားကုန်ရင် ဒုက္ခ (>.<)။ Sembawang နဲ့ Topayoh သင်္ကြန်က တစ်ရက်ထဲ ထင်တယ်။ အဲ့ဒါဆိုရင်တော့ တစ်ခုလွတ်သွားပြီ။ မေတ္တာရှင်က ကန်ဒီ့အဖွဲ့တွေက Sembawang မှာ စတုဒိသာ လှူကြမှာ >.<


ကန်ဒီဆိုတာ အားနေရင် Google မှာ သွားပြီး "Bunny for Adoption" ဆိုပြီး သွားသွားနှိပ်တတ်တဲ့လူမျိုး။ မနေ့ကလည်း သွားရှာတော့ ဒီကောင်လေးကို တွေ့တာနဲ့ ခုလိုချင်တဲ့ ရောဂါတက်နေပြန်ပြီ။ သူ့ကို ဆေးခန်းအပြင်ဘက်ကနေ ကောက်ရပြီး ခုမွေးစားထားတဲ့ သူ့ပိုင်ရှင်ကလည်း Allergy ရှိတာနဲ့ သူ့ကိုမွေးလို့မဖြစ်တော့လို့ ပေးချင်နေတာတဲ့။ သနားပါတယ်။ ဟမ်းစတားလေးကောင်ရှိနေတော့ သူ့ကိုမွေးလို့မရဘူး (T_T)။ နေရာမရှိဘူး။ အဲ... ကြုံတုန်း Pet မွေးချင်တဲ့လူတွေကို ကန်ဒီအကြံပေးချင်တာက Pet Shop မှာ သွားဝယ်တာထက် မွေးစားတာမျိုးကို ပိုစဉ်းစားပါလို့။ အဲ့လို အိမ်လိုအပ်နေတဲ့ အကောင်လေးတွေ အများကြီးရှိတယ်။ ၀ယ်တာထက်စာရင် ကုသိုလ်လည်း ရတယ်လေ ^_^


မနေ့က ဘာစိတ်ကူးပေါက်တယ်မသိဘူး... ကံကော်ပန်းပုံ ဆွဲချင်တယ်ဆိုပြီး Reference ပုံ လိုက်ရှာတော့ ကဗျာလေးတစ်ပုဒ် အမှတ်တမဲ့ဖတ်မိတယ်။

ကံ့ကော်ရယ် ကြူ
မဖြူလား မယ်မေး
မယ့်ပါးပြင် ဖြူဖြူဖွေးနဲ့
ယှဉ်စမ်းချင်သေး။

ကံ့ကော်ရယ် ဖြူ
မကြူလား မယ်မေး
မယ့်ကေသာဆံနွယ်ဦးမှာ
ဆင်မြန်းမှမွှေး။

ပန်းနဲ့ပန်ဆင်သူ
ညီတူလား မယ်မေး
ရွှေကံ့ကော်မျက်နှာငယ်လို့
ငိုဦးမတဲ့လေး။    ။

တာရာ

ချစ်စရာလေးနော်... ကိုယ့်ချစ်သူအလှကို ကံကော်ပန်းနဲ့ယှဉ်ပြီး ဖွဲ့နွဲ့ထားတဲ့ ကဗျာလေး။ ဆွဲထားတဲ့ပုံကတော့ ကိုယ့်ဟာကိုယ်ဆွဲပြီး စိတ်တိုင်းမကျပါဘူး (>.<)။ ဟိုတလောက ကန်ဒီ Facebook မှာ တင်လိုက်တဲ့ Status နဲ့ ပက်သက်ပြီး ကန်ဒီ့ကို ယောက်ျားလေးတော်တော်များများက လာငြင်းကြတယ် ဟဟဟ xD


လာငြင်းတဲ့သူတွေက ၀န်မခံချင်လို့ပဲ -င်ပိတ်ငြင်းနေတာလား... ဒါမှမဟုတ် ကန်ဒီ့ English ကပဲ မကောင်းလို့ ဆိုလိုရင်းကို သူတို့နားမလည်တာလား... မပြောတတ်ဘူး (xD)။ ကန်ဒီက ယောက်ျားလေးတွေဟာ ရုပ်ရည်ရူပါတစ်ခုတည်းကိုပဲ ကြည့်ပြီး ချစ်သူ၊ အိမ်ထောင်ဖက်ကို ရွေးချယ်လေ့ရှိတယ်လို့ ပြောချင်တာမှ မဟုတ်တာ။ အဲ... ဒါပေမယ့် အဲ့ဒီမိန်းကလေးအကြောင်း ဘာမှမသိသေးတဲ့အချိန်မှာတော့ တော်တော်များများက ရုပ်ရည်ကိုပဲကြည့်ပြီး ချဉ်းကပ်ကြတာပဲ။ သူတို့အတွက် ဆွဲဆောင်မှုတစ်ခုခုမရှိရင် ကိုယ်မသိတဲ့လူကို ဘယ်သူက အချိန်ကုန်ခံပြီး ချဉ်းကပ်မှာလဲ?? ဒါ Common sense ပဲ မဟုတ်ဘူးလား?? နည်းနည်းကြာကြာတွဲကြည့်လို့မှ ကိုယ်နဲ့ကီးမကိုက်ရင် နောက်တစ်ယောက်ဆီရောက်သွားမှာပဲ။ ဒါသဘာဝပဲကို (xD)။ အဲ့ဒါကြောင့် ကိုယ့်အကြောင်းကို အစအဆုံးသိပြီးမှ ချဉ်းကပ်လာတဲ့ ယောက်ျားလေးမျိုးက ပိုတန်ဖိုးရှိတယ်... ထင်တာပဲ ^_^


စင်္ကာပူမှာနေရတဲ့ ဘ၀တွေလို့ပဲ ခေါင်းစဉ်တပ်ရမလား?? အဲ့လိုမျိုးကြီး မြင်ရတာ စိတ်မချမ်းသာဘူး။ အိမ်က အိမ်နဲ့မတူလို့။ မလုပ်လို့လည်း မရပြန်ဘူး။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ်လုပ်လို့ ပြောထားရင် လုပ်တဲ့လူက ဒိုင်ခံလုပ်တယ်။ မလုပ်တဲ့လူက လုံးဝမလုပ်တော့ဘူး။ အဲ့တော့ နောက်ဆုံး Table ဆွဲလိုက်ရတယ်။ ကိုယ့်မိသားစုနဲ့ ကိုယ်နေရင်တော့ ဒါမျိုးတွေ ဘယ်လိုမလဲနော်။ ပြောရင်း သတိရလာပြီ :(

ဘုန်းကြီးကျောင်းက ပြန်လာတော့ မိုးရွာပြီးခါစ မြေသင်းနံ့လေးရတယ်။ ဘာမှန်းမသိတဲ့ တစ်စုံတစ်ရာကို သတိရသလိုလို...

Have a Nice week ahead^^

8 comments:

မိုးသက် said...

ဝိုင်းစုဆိုတာ အစ်မလား.. ??

Candy said...

Haha Yes!! xD

မြတ်ကြည် said...

Status က မှန်​​နေတာပဲဟာ။ XD သိဘူး bunny ​လေးကို candy ချီထားတယ်​မှတ်​လို့

မိုးငွေ့........ said...

မအားမလပ်တဲ့ကြားက လုပ်ချင်တာများနေသာ ကန်ဒီလေးပါလား...။ ကဗျာလေးကချစ်စရာကောင်းလိုက်တာ ပန်းချီရောပဲ..။

Anonymous said...

မြေသင်းနံ့ လေးရရင်တကယ်လွမ်းစရာကောင်းတယ်နော်။
အိုင်အိုရာ

မဒမ်ကိုး said...

အဲလိုဆွဲတာမပြောပါနဲ့အေ ဒီမှာ တခန်းထဲ ၂ ယောက်ထဲရှိတာတောင် သန့်ရှင်းရေးမလုပ်ဘူး တတ်နိုင်သလောက်ခိုတယ် . မနေနိုင်တဲ့ငါဘဲ တပတ်သုံးခါလောက်လှဲကျင်း ကြမ်းတိုက်အကုန်လုပ်ရတာ မနေတတ်သူသေဘဲ

Kyaw Zaw said...

တစ်ချို့လူတွေက တစ်ချို့လူတွေရဲ့စိတ်ကိုမြင်နေရတယ် ရုပ်လှဖို့ ပညာတတ်ဖို့ နာမည်ကြီးဖြစ်ဖို့ထက် လူတစ်ယောက်ရဲ့စိတ်ထား စိတ်ကောင်းရှိဖို့က vital importantပဲ။ အဲ့ဒါကြောင့်လေးစားရတဲ့ဆရာကြီး ပြောခဲ့တဲ့ Benevolence above all else ဆိုတဲ့ စိတ်ကောင်းရှိဖို့ကပထမ ဆိုတဲ့စကားကိုဘယ်တော့မှမမေ့ဘူး လူတိုင်းဖြူစင်တဲ့စိတ်ထားလေးထားနိုင်ပါစေ…

ကူးကူးလှိုင် said...

ပန်းချီပုံလေးနဲ့ ကဗျာလေးကို အရမ်းကြိုက်တယ် ကန်ဒီရေ...