Morning everyone...
မနက်စာစားမယ်ဆိုပြီး မီးဖိုချောင်ဝင်တော့ ၀ယ်ထားတဲ့ပေါင်မုန့်က မှိုတက်နေပြီ။ တခါတလေ အိပ်ယာထနောက်ကျတဲ့နေ့မျိုးဆို ဘာမှမစားဘဲ အိမ်ကတန်းထွက်တာဆိုတော့ ၀ယ်ထားတဲ့ပေါင်မုန့်က စားဖြစ်လိုက် မစားဖြစ်လိုက်။ အဲ့ဒါနဲ့ပဲ ဒီနေ့မနက်စာက ပန်းသီးနဲ့ ဆန်းကစ် ဖြစ်သွားတယ်။ လှီးတာများသွားလို့... အကုန်မစားနိုင်ပါဘူး။ ရေခဲသေတ္တာထဲ ထည့်သိမ်းထားတယ်။
နေ့လည်စာကတော့ လက်ဖက်နဲ့ထမင်းပဲ ဖြစ်လိမ့်မယ်။ ဘာမှဝယ်ထားတာ မရှိဘူး။ သြော်... ငါးသေတ္တာတစ်ဗူးတော့ ရှိတယ်ထင်တယ်။ အဲ့ဒါဖောက်စားလို့ရတယ်။ စားပြီးသန့်ရှင်းရေးလုပ်ပြီးရင် အက,သွားတိုက်မယ်။ အက,ဆိုလို့ "မန်းတောင်ရိပ်ခို"က,ဖို့ ချိတ်ထမီမရှိဘူး (>.<)။ ဆရာမက မန်းတောင်ရိပ်ခိုနဲ့ ကန်ဒီတို့ငွေဖလားလေးနဲ့က,မယ့် နောက်သီချင်းတစ်ပုဒ်က ချိတ်ဝတ်မှလိုက်မှာတဲ့။ အဲ့ဒါ အမေ့ကိုအပူကပ်ထားတယ်။ ဒီကြားထဲမှာရှိတဲ့ လူကြုံနဲ့ ထည့်ပေးလိုက်ပါလို့ :P
Photo Credit: Danuphyu Daw Saw Yee (London)
How to make Thingyan Rice: Click Here =)
သင်္ကြန်အစားအစာတွေထဲမှာ ဘာအကြိုက်ဆုံးလဲဆို မုန့်လုံးရေပေါ်နဲ့ သင်္ကြန်ထမင်း။ ဒါနဲ့ သင်္ကြန်ထမင်းကို သိကြလားဟင်?? အေးနေအောင်ရေခဲထည့် အအေးခံပြီး ဖယောင်းရည်ဆမ်းထားတဲ့ ထမင်းမွှေးမွှေးလေးကို ငါးခြောက်ကြော်၊ သရက်သီးသုပ်နဲ့ စားရတာ။ သင်္ကြန်ဆိုအမေလုပ်ကျွေးတတ်တယ်။ ကန်ဒီကြည့်ကြည့်နေတာ သင်္ကြန်ပွဲတွေမှာ စတုဒိသာကျွေးရင် သင်္ကြန်ထမင်းဘယ်တော့မှမပါဘူး။ လုပ်ရတာပဲ လက်ဝင်လို့လား မသိပါဘူး။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ကို အဲ့ဒါပြောပြတော့ သင်္ကြန်ထမင်းဆိုတာ ဘာမှန်းတောင်မသိဘူး >.<
ဒါကတော့ဟိုနေ့က မန္တလေးဆိုင်မှာ အလုပ်ကမြန်မာအစ်မတွေနဲ့ သွားစားထားတာ... အဲ့မရောက်တာကြာပေါ့။ Peninsula မှာ ဒီဆိုင်တော့ ကန်ဒီဝမ်းမလျောဘူး... ဟဟ(xD)။ လေယာဉ်လက်မှတ်လည်း ၀ယ်ပြီးပြီ။ Silk Air မှာ မနက်လေယာဉ်ကို Promotion ချနေတယ်... အသွားအပြန် SGD 275 (30)Kg... ကန်ဒီက မေလ(၃)ရက်နေ့ညကို ပြန်ချင်တာ... မရဘူး။ (၄)ရက်နေ့ မနက်ပဲ ရတယ်။ Passport သက်တမ်းတိုးဖို့လည်း ဧပြီလထဲမှာ ခွင့်ယူပြီးသွားပြီ။ သူများတွေ ပြောတာတော့ ခုဆို သွားမယ့်နေ့မတိုင်ခင် ကြို Appointment ယူထား၊ ပြီးတော့ တကယ့်နေ့သွားရင်လည်း တစ်ရက်တည်းနဲ့ ရတယ်တဲ့။
အဲ့ကဒ်လေးက ကန်ဒီတစ်ယောက်တည်းရတာ မဟုတ်ပါဘူး။ လူတိုင်းရတယ်။ Senior တွေက ရေးပေးတာပေါ့။ အဲ့လိုလက်ရေးနဲ့ ရေးပေးတာမျိုးလေးတွေ အရမ်းသဘောကျတယ်။ ဒါနဲ့ စကားမစပ်... ဟိုနေ့က Mozilla Firefox ကို Update လုပ်လိုက်ပြီး ပြန်ဖွင့်မရတော့လို့ တော်တော်ဦးနှောက်ခြောက်သွားတယ်။ ကန်ဒီက စာရေးရင် Mozilla နဲ့ပဲ ရေးတာ... Chrome နဲ့ ရေးလို့အဆင်မပြေလို့။ အဲ့တော့ စာလည်းရေးလို့မရတော့ဘူး ထင်တာ။ ကံကောင်းချင်တော့ Uninstall လုပ်ပြီး ပြန် Install လိုက်တာရသွားတယ်။ ဒါပေမယ့် Myanmar Font က နည်းနည်းလေးတော့ လွဲနေတယ်။ အရင်လို သိပ်အဆင်မပြေဘူး။ အဲ့ဒါကြောင့် တချို့နေရာတွေမှာ ကျဲလိုက် ပူးလိုက်ဖြစ်နေတာ >.<
6 comments:
If you want burmese dress, there is a shop at Clement Blk 431. You can find in FB, Phyu Sin Shin Thant Fashion. Price also not bad (my opinion). :)
အကတင်ပေးဦးမယ်မလား..။
ဟဟ ၂၀၁၂ သင်္ကြန်တုန်းက အစ်မတို့ သင်္ကြန်ကိုဒေါင်းထားတာ မှတ်မိနေတယ်.။ ပြန်ကြည့်ဦးမှ.။ အကုန်ပြီးခါနီးမှ အစ်မမျက်နှာကြီး ဘွားဆိုပေါ်လာတာလေ :v
Thanks for the info ^_^
ညီမလေးချိုချဉ်ရေ..အမကို တစ်ခုလောက်ကူညီပေးပါလား....အမ လေ နောင်ဂျိန်တို့မိသားစု ဘလော့ကို ကြိုက်ပါတယ်...ဘယ်ကနေ၀င်လိုက်မိမှန်းမသိတော့လို့ပါ...historyတွေကိုလဲ ဖျက်လိုက်မိလို့ပါ....အမ ကို ရှာပေးပါလားဟင်...ဘယ်လိုမှရှာမတွေ့တော့လို့ပါ....ညီမလေး ဘလော့ကိုလဲ update အမြဲဖတ်ရင်း အားပေးနေပါတယ်...update မရှိတဲ့နေ့တွေဆိုရင် အရမ်းပျင်းနေပါတယ်.....ကူညီပါဦးနော်..တွေ့ခဲ့ရင် အမရဲ့ မေးလ်ထဲကို link လေးပို့ပေးပါနော်..း)
တွေ့ပီ....အောင်မလေးလေး...ရှာလိုက်ရတာနှစ်ရက်တိတိ.....လေနုအေးထဲမှာ..တွေ့တယ်....ကျေးဇူးပါညီမလေး....အားပေးလျက်.....
ဟဟ ဘာမှတောင် မကူညီလိုက်ရဘူး သူ့ဟာသူတွေ့သွားတယ် xD အားပေးလို့ ကျေးဇူးပါ အစ်မရေ...
Post a Comment