Sunday, April 6, 2014

Allergy

Hello...
ဒီနေ့တော့ ရှည်ရှည်ဝေးဝေး မရေးနိုင်တော့ပါဘူး။ နေလို့မကောင်းဘူး။ အစားမှားလို့လား မသိဘူး... ဟိုနေ့က အန်တယ်။ အန်တာကို အမုန်းဆုံးပဲ... ခံရခက်တယ်(>.<)။ အဖျားလည်း နည်းနည်းရှိတယ်။ အခုလည်း Allergy တွေ ဖြစ်နေပြန်ပြီ။ မနက်ဖြန်ဆေးခန်းသွားရမယ်။ ဘာနဲ့မတည့်ဖြစ်သွားလဲ မသိဘူး။ ဒီနေ့ညနေလောက်ကျတော့ နေနည်းနည်းကောင်းချင်သလိုလိုရှိတာနဲ့ မနေ့ကလည်း အကသွားမတိုက်ဘူးဆိုတော့ ဒီနေ့တော့ အကသွားတိုက်လိုက်ပါမယ်လေဆိုပြီး ကားဂိတ်အထိရောက်သွားသေးတယ်။ ကားဂိတ်ရောက်မှ အသက်ရှုမ၀ဖြစ်လာလို့ အိမ်ပြန်လှည့်လာရတယ်။ ယားတဲ့အနီကွက်တွေ လက်ပေါ်မှာဖြစ်နေတာရယ်၊ နှုတ်ခမ်းရောင်ချင်နေတာရယ်၊ အသက်ရှုမ၀တာရယ်ကို ဆက်စပ်တွေးမိတော့မှ ဒါတစ်ခုခုကို မတည့်လို့ဖြစ်တဲ့လက္ခဏာတွေပဲဆိုတာ ကိုယ့်ကိုကိုယ်သတိထားမိလာတယ်။


ကန်ဒီငယ်ငယ်ကဆို နေမကောင်းဖြစ်ချင်တယ်။ နေမကောင်းဖြစ်ရင် အမေတို့ရဲ့ ဂရုစိုက်မှုပိုရတယ်လေ။ အခုကြီးလာတော့ နေမကောင်းမဖြစ်ချင်တော့ဘူး။ နေမကောင်းဖြစ်ရင် အားငယ်ပြီး ၀မ်းနည်းတယ်။ ဘယ်သူ့မှလည်း အနားမှာ မရှိဘူး :(

အိုကေ အိုကေ... ကန်ဒီညည်းတာနည်းနည်းများသွားပြီ ဟီးးး(xD)။ မနေ့က ပုံပြန်ဆွဲဖြစ်တယ်။ ဒီတစ်ခေါက် ကန်ဒီ့မောင်လေးပုံ။


သူအဲ့မျက်မှန်တပ်ထားရင် တာရာပွကြီးနဲ့တူလို့ ကန်ဒီဆိုအမြဲစတယ်။ ကန်ဒီတို့ဆယ်ကျော်သက်အရွယ်တုန်းက အဲ့တာရာပွကြီးကာတွန်းဆို အရမ်းကြိုက်တာလေ... ရီရလို့။ သင်္ကြန်အတွက် ချိတ်ထမီနဲ့အကျီ အမေက လူကြုံနဲ့ထည့်ပေးလိုက်ပြီတဲ့ (:D)။ ချဉ်ပေါင်ကြော်နဲ့ ငါးကြင်းပေါင်းလည်း ပါတယ်တဲ့ ရှလွတ် (:P)။ ရန်ကုန်ပြန်ရင် ခရမ်းသီးမီးဖုတ်သုပ်စားရမယ်။ အဲ့ဒါကန်ဒီ့အကြိုက်ဆုံး အစားအစာထဲမှာပါတယ်။

ပတ်စ်ပိုစ့်သက်တမ်းတိုးဖို့ Queue No ယူပြီးသွားပြီ။ သံရုံးသွားဖို့လည်း အလုပ်မှာ Leave ယူပြီးသွားပြီ(^_^)။ အဲ... အခုမှ သတိထားမိတယ်။ ကန်ဒီပြန်ရမယ့်ရက်တောင် တဖြည်းဖြည်းနီးလာပြီ။ သင်္ကြန်ပြီးတာနဲ့ အားလုံးအတွက် လက်ဆောင်တွေ ၀ယ်ရမယ်။


မြန်မြန်နေကောင်းပါစေ...
(ကိုယ့်ကိုကိုယ် ဆုတောင်းပေးသည် :P)

5 comments:

Anonymous said...

မြန်မြန်နေကောင်းပါစေ။ (ကိုယ့်အတွက်မဟုတ်ပါ။း)
ကန်ဒီ့ အတွက်ပါ။း))
အိုင်အိုရာ

Anonymous said...

take Benadryl 50 mg po daily or bid. You are right. It is an allergy. Take care

မြတ်ကြည် said...

Keep either cetrizine or loratidine in hand. For me, chlorphenamine (burmeton) is the best :D Get well soon Candy, stay away from allergens (may be some pollen because some days ago, i saw a photo of some flowers started blooming in Singapore)

Ma Tint said...

သကြားလုံးလေးက စာရေးရင်ချစ်ဖို့ကောင်းသလို သကြားလုံးလေး ပုံဆွဲတဲ့ပညာလဲ မခေဘူးနော်။
မိဝေး ဖဝေး အနေဝေးတဲ့အခါ ကျန်းမာရေးကို ပိုဂရုစိုက်ပါကွယ်။

မေတ္တာဖြင့်
တီတင့်

Anonymous said...

Try to get allergy test n take Ebastin Orifarm 10 mg. It could be dust allergy or from lipstick.