Hello!!!
စာမရေးတာ ကြာာာလှပြီ။ စာသာမရေးတာ စိတ်ထဲရှိနေတာတွေက အများကြီးပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာတွေရော၊ စိတ်တိုစရာတွေရော စုံနေတာပဲ။ ဟိုးးးး အရင်တုန်းကဆို တစ်ခုခုဖြစ်တာနဲ့ စာအရင်ချရေးရမှ။ ဒါပေမယ့် အဲ့လိုသွေးပူနေတဲ့အချိန်ရေးတဲ့စာတွေကို သွေးအေးသွားတဲ့အချိန်မှာ ပြန်ဖတ်မိရင် အမှားတွေအများကြီးပဲ။ အဲ့ဒါကြောင့် အဲ့လိုသွေးပူနေရင် စာမရေးတော့ဘူး စဉ်းစားထားတယ်။
အိမ်ခန်းငှားတဲ့ကိစ္စပါ။ အခုလူအသစ် ထပ်ရှာနေတယ်။ ကန်ဒီတို့ကပဲ လွန်တာလား... သူတို့ကပဲ အရမ်း Sensitive ဖြစ်တာလား... ကန်ဒီလည်း မပြောတတ်တော့ဘူး။ မတူညီတဲ့ ပတ်ဝန်းကျင်ကနေ ကြီးပြင်းလာတဲ့ လူတွေ တစ်အိမ်ထဲနေတယ်ဆိုကတည်း ကွဲပြားတာတွေတော့ ရှိမှာပဲ။ ဒါကို အားလုံးက Adjust လုပ်ပြီးနေရမှာမဟုတ်လား...
တနင်္ဂနွေနေ့က စာမရေးဖြစ်တာက Botanic Garden ရောက်နေလို့။ အဲ့လိုအပြင်မသွားရတာတောင် ကြာပြီ။ အလုပ်၊ အိမ်၊ ဘုန်းကြီးကျောင်း ဒီ(၃)နေရာနဲ့တင် လည်နေတယ်။ အမှန်က စင်္ကာပူကို ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတဲ့သူကို လိုက်ပို့တာ... သူက ဓာတ်ပုံမရိုက်ဘဲ ကိုယ်ချည်းရိုက်နေတယ် xD
ကန်ဒီ ငုဝါပန်းတွေ တွေ့တိုင်း တွေးမိတဲ့အတွေးလေးတစ်ခုရှိတယ်။ အဲ့ဒါကို ကဗျာစပ်ပါလို့ ကန်ဒီ့ကဗျာဆရာတွေကို တောင်းဆိုတာ ဘယ်သူမှတုတ်တုတ်မလှုပ်လို့ နောက်ဆုံးကိုယ်တိုင်ပဲ စပ်လိုက်တယ် ကောင်းရော ဟီးဟီး...
**ပန်းငုဝါ**
ဝါရွှေရောင် ဒီအဆင်းနဲ့
ထင်လင်းတဲ့ သူ့အသွင်
ပင်လုံးကျွတ် ဝေေ၀စည်လို့
နှစ်ဆန်းချိန် ဒီတန်ခူးမှာ
မြူးကြွဝေလွင်။
ဂိမာန်လှ သီကာကျူးတော့
ဥသြငယ်၊ ပိတောက်ရယ်နှင့်
ပန်းငုဝါ မေ့နိုင်ရော့တယ်
နွေပန်းချီမှုန်းတဲ့ အတာပန်း။
ဝါရွှေရောင် ဒီအဆင်းနဲ့
ထင်လင်းတဲ့ သူ့အသွင်
ပင်လုံးကျွတ် ဝေေ၀စည်လို့
နှစ်ဆန်းချိန် ဒီတန်ခူးမှာ
မြူးကြွဝေလွင်။
ဂိမာန်လှ သီကာကျူးတော့
ဥသြငယ်၊ ပိတောက်ရယ်နှင့်
ပန်းငုဝါ မေ့နိုင်ရော့တယ်
နွေပန်းချီမှုန်းတဲ့ အတာပန်း။
*************************************************************
မနေ့က စာရေးနေတုန်း ကွန်ပျူတာကြီး သူ့အလိုလိုပိတ်သွားလို့ ပြန်ပွင့်တာကိုစောင့်ရင်း အိပ်ပျော်သွားတယ်။ အဲ့ဒါပဲကြည့်... ဘယ်လောက်ပင်ပန်းလဲဆို ခဏလေးမျက်လုံးမမှိတ်လိုက်နဲ့... မှိတ်တာနဲ့ အိပ်ပျော်သွားပြီ။ သင်္ကြန်မတိုင်ခင် အကတိုက်နေတုန်းကဆို ပိုဆိုးတယ်။ ဘက်စ်ကားပေါ်မှာ တစ်ခါမှမအိပ်တတ်တဲ့ကန်ဒီ... ဘက်စ်ကားပေါ်မှာလည်း အိပ်ပါတယ်ဆို >.<
မနေ့ကပြောတာ ဘယ်တွေရောက်သွားမှန်းတောင် မသိတော့ဘူး။ ကန်ဒီအခု Main Pharmacy ဘက်ကို ပြန်ရောက်လာပြီ။ Chronic ဆေးတွေ မမြင်တာ (၁)လလောက်ကြာတော့ မှားမှာစိုးလို့ ဂရုစိုက်ပြီး အားလုံးပြန်အသားကျအောင် လုပ်နေရတယ်။ သြော်... ဒါနဲ့ ကြုံလို့ပြောပြဦးမယ်။ နှာစေး၊ ချောင်းဆိုးပျောက်ဆေးတွေ ၀ယ်ချင်တာလောက်က ဆရာဝန်ပြစရာမလိုဘဲ Pharmacy မှာပဲ ၀ယ်လို့ရတာ သိကြလားဟင်?? တခါ မြန်မာအစ်မကြီးတစ်ယောက်က သူမသိဘူးလို့ ပြောတယ်။ မနေ့ကလည်း ကန်ဒီမြန်မာအစ်ကိုကြီးတစ်ယောက်ကို ပေးလိုက်တဲ့ဆေးက နှာစေးပျောက်ဆေးတစ်မျိုးတည်းရယ်။ MC လိုချင်လို့ဆိုရင်တော့ တစ်မျိုးပေါ့နော်... အဲ့လိုမဟုတ်ဘဲ ဆေးတကယ်လိုချင်လို့ဆိုရင်တော့ ဘာလို့ဆရာဝန်ပြပြီး Consultation fee ပေးတော့မှာလဲ... ဟုတ်တယ်ဟုတ်။ ကန်ဒီဟိုတလောက Allergy ဖြစ်တုန်းကတောင် ကိုယ့်ဟာကိုယ်ပဲ အလုပ်ကနေ ဒီဆေးဝယ်ချင်လို့ဆိုပြီး ၀ယ်သောက်တာ (သွားပြတဲ့ဆရာဝန်က သောက်ဆေးမပေးလိုက်လို့လေ >.<)။
*ကန်ဒီနှင့်ခင်သော တချို့အစ်ကိုကြီးများ၏ ကောင်မလေးများသည် ကန်ဒီနှင့်သူမတို့၏ ချစ်သူများကို တိုးတိုးတိတ်တိတ် Unfriend လုပ်ကြလေသည်။* အစကတော့ ဘာလဲ... ဒီလူကြီး ဗလိုင်းကြီး Unfriend လုပ်တယ်ပေါ့။ ပြန်လာအပ်လိုက် Unfriend ပြန်ဖြစ်သွားလိုက် ဖြစ်တော့မှ ကာယကံရှင်မသိဘဲ ကန်ဒီ Unfriend လုပ်ခံနေရတာ ရိတ်မိလာတယ် ဟဟ(xD)။ အစကတော့ စိတ်ဆိုးချင်သလိုလိုဖြစ်ပေမယ့် နောက်ပြန်တွေးကြည့်တော့ တကယ်တမ်း အဲ့ဒီကောင်မလေးတွေကို အတုယူသင့်တယ်။ ယောက်ျားလေးဆိုတာ ယုံစားလို့ရတဲ့အရာမှ မဟုတ်တာ (Sorry... I'm telling the truth xD xD)။ တကယ်ချစ်ရင် မျက်စိအောက်က အပျောက်မခံတာ အကောင်းဆုံးပဲ :P
တကယ်လို့များ... တကယ်လို့များ *နှစ်ခါပြန်ပြောသည်* ကန်ဒီတကယ်ချစ်တဲ့လူတွေ့ခဲ့မယ်ဆို အဲ့ကောင်မလေးတွေလို မျက်စိဒေါက်ထောက်ကြည့်နေဖြစ်လိမ့်မယ် ထင်တယ် ဟဟဟ (:P :P)။ စိတ်လေခါစကတော့ စိတ်လေတဲ့ပုံစံအတိုင်း Officially လေတယ် (But I never say LOVE)။ အခုတော့ အဲ့ဒီလေနေတဲ့စိတ်ကို ပြန်ဖမ်းဖို့ ကြိုးစားနေတယ် ^_^ (That doesn't mean I'm loving someone now haha :D)
3 comments:
:D ဖြစ်ရလေ။ to သ၀န်တို တတ်တဲ့ ချစ်သူများ :P
ကဗျာလေး မိုက်တယ်။
ကိုယ်တော့ ကိုယ့်အမျိုးသာ ရဲ့ facebook password ကို မသိဘူးကွယ်။ သူနဲ့ ချစ်သူဘဝ တုန်းကရော အခု အိမ်ထောင်သက် တနှစ်ကျော်အထိ သူ့ရဲ့ဘာ password မှသိအောင် မကြိုးစားဖူးဘူး။ ကိုယ့်စိတ်ထဲမှာတော့ သူ့ရဲ့ မိန်းခလေး သူငယ်ချင်းတွေကို ချစ်ကြိုက်ချင်ရင် ကိုယ်နဲ့ မတွေ့ခင် ကထဲက ချစ်ကြိုက်မှာပေါ့။ ဘာလို့ နောက်မှတွေ့တဲ့ ကိုယ့်ကို လာချစ်ကြိုက်မှာလဲပေါ့။ တကယ်ချစ်ရင် သူ့ Pravicy ကို လေးစားသင့်တယ်လို့ ထင်ပါတယ်။.. Just my 2 cents... :)
ကန်ဒီလေးမတွေ့တာကြာပြီ အလုပ်များ ဦးနှောက်ရှုပ်တော့ ခုလို အပင်တွေစိမ်းစိမ်းစိုစိုကြားထဲ နေရတာ ခေါင်းကြည်သွားပြီမဟုတ်လား
Post a Comment