Happy Thingyan everyone...
ကန်ဒီပြောချင်နေတာတွေ အများကြီးမှ အများကြီးပဲ။ ဒါပေမယ့် အခုက သင်္ကြန်တွင်းဆိုတော့ မနေ့က တိုပါးရိုးသင်္ကြန်အကြောင်းပဲ အဓိကရေးတာကောင်းပါတယ်နော်။ စနေနေ့က Rehearsal နေ့... အဲ့နေ့က ငိုသေးတယ်။ ဒရမ်မာမင်းသမီးဆိုတော့လေ... ထစ်ကနဲရှိ ၀မ်းနည်းတော့တာပဲ။ ဟုတ်တယ်... တီးဝိုင်းကလူတွေက "မန်းတောင်ရိပ်ခို"သီချင်းကို ကန်ဒီတို့အခွေနဲ့တိုက်ထားတဲ့ စည်းချက်အတိုင်း မတီးပေးတော့ က,တဲ့လူတွေက ပေါက်ကရတွေဖြစ်ကုန်ရော။ အဲ့ဒါ စင်ပေါ်မှာအရှက်ကွဲလို့ ၀မ်းနည်းပြီး ငိုတာ ဟီးဟီး(xD)။ အဲ့ဒါ ကန်ဒီ အဲ့သီချင်းကို စိတ်နာလို့ မက,ဘူးလေ။ ကန်ဒီက "ဘူး(ဗူး)"ဆို ဖရုံမသီးဘူး။ အဲ့ဒါကြောင့် အမေဆို အမြဲပြောတယ်။ ခေါင်းအရမ်းမာတယ်တဲ့။
Rehearsal နေ့...
သူ့လည်း ဘာမှမလုပ်ဘဲ ငိုချင်ယောင်ဆောင်နေတယ်...
အဲ့ဒီ Rehearsal နေ့မှာ ငိုပြီးကတည်းက က,ဖို့စိတ်မပါတော့တာ... တကယ့်နေ့ တခြားသီချင်းတွေ က,တော့လည်း စင်ပေါ်မှာ အမှားတွေချည်း လုပ်တယ်။ ကိုယ့်ဟာကိုယ် "မန်းတောင်ရိပ်ခို"ကို မက,ဘဲနေပြီးတော့မှ ဆရာမကို အားနာတယ်။ ဒါပေမယ့် မက,တာပဲ ကောင်းပါတယ်။ တကယ့်နေ့မှာ ထပ်အရှက်ကွဲရင် အထိမခံရွှေပန်းကန်က ငိုလို့မဆုံးဖြစ်ဦးမယ်။ ကိုယ့်ဟာကိုယ်ငိုပြီးတော့မှ နည်းနည်းကြာတော့ ပြန်တွေးမိတယ်... "ငါတော်တော် ကလေးဆန်တာပဲ" လို့ :P :P
Rehearsal ပဲဆိုပြီး စနေနေ့က ဘာမှပြင်မသွားဘူး... အဲ့ဒါ
မျက်နှာပေါ်ဘာမှမရှိလို့ဆိုပြီး ပါးနီတွေ သူတို့လုပ်ပေးလိုက်တာ
ရဲပတောင်းခတ်သွားလို့ ကိုယ့်ဟာကိုယ် မနည်းပြန်ဖျက်ထားရတယ်။ နှုတ်ခမ်းနီကလည်း
ရဲတွတ်နေတာပဲ >.<
တနင်္ဂနွေနေ့ မနက်(၈)နာရီခွဲလောက် အဲ့ရောက်တယ်။ က,မယ့်စင်နားမှာပဲ နေနေရတော့ ဘာမှမစားရဘူး။ စားဖို့သွားမယ်ကြံတော့ လူတွေကအရမ်းများနေပြီ... နောက် ရေစိုမှာလည်း ကြောက်ရသေးတယ်။ အဲ့ဒါနဲ့ စတုဒိသာ ဘာမှမစားလိုက်ရဘူး။ အထဲကသူငယ်ချင်းယူလာပေးတဲ့ မုန့်လုံးရေပေါ်နဲ့ ကြက်သားသုပ်ပဲ စားလိုက်ရတယ်... သနားစရာ :(
အမှန် သူတို့က မနက်(၅)နာရီခွဲအရောက်လာခိုင်းတာ... မိတ်ကပ်နဲ့ ဆံပင်ပြင်ဖို့လေ။ ကန်ဒီက အားလုံးကိုယ့်ဟာကိုယ်လုပ်မယ်ဆိုပြီး တမင်စောမသွားတာ။ ကိုယ်တိုင်လည်း လုပ်တတ်နေတာဆိုတော့ သူများလုပ်ပေးရင် စိတ်တိုင်းမကျဖို့ များတယ်လေ။ အလုပ်သွားရင်ပဲဖြစ်ဖြစ် အက,တိုက်ရင်ပဲဖြစ်ဖြစ် မျက်နှာပြောင်နဲ့ပဲ သွားနေကြဆိုတော့ ကန်ဒီပြင်တတ်တာ သူတို့မသိကြဘူး ထင်တယ်။ ကိုယ့်ဟာကိုယ် လုပ်လာမယ်ပြောတော့ မယုံသင်္ကာနဲ့ ဟဟ xD
အမေထည့်ပေးလိုက်တဲ့ ချိတ်ထမီနဲ့အကျီလေး လှလား?? အကျီက ကြီးနေတာကို ကိုယ့်ဟာကိုယ် ပြန်သီထားတာ။ တော်တော်သီလိုက်ရတယ်။ အမေ ဘယ်သူ့အတိုင်းနဲ့ မှားချုပ်ပေးလိုက်လဲ မသိဘူး။ တော်သေးတာပေါ့ ပုခုံးက အနေတော်မို့... ပုခုံးပါ ကျနေရင်တော့ ကန်ဒီလည်း မပြင်တတ်တော့ဘူး။
ဗွီဒီယိုနည်းနည်းရိုက်လာတယ်။ စိတ်တိုင်းကျ မပြင်ရသေးဘူး။ ပြန်ပြီးမှ အားလုံးကို ပြမယ်နော်... လောလောဆယ်တော့ ဒီပိုစ့်လေးနဲ့ပဲ ကျေနပ်ပေးပါ ^_^
နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ...
8 comments:
Candyလဲ နှစ်သစ်မှစ လိုအင်ဆန္ဒတွေပြည့်ဝပြီး အမြဲပျော်ရွှင်နိုင်ပါစေ :):):)
ကန်ဒီမေမေက ၀တ်စုံလေး သေချာလုပ်ပေးထားတာနော် အရမ်းလှတယ် .အစ်မတို့ ကျောင်းတုန်းကလဲ အဲလို အတွန့်လေးတွေ ထိုးလိုက်ကြသေးတယ် ...
ဝတ်စုံလေးလှတယ်
Happy New Year Candy. :) Nice acheik.
Happy New Year Candy. :) Nice acheik.
အင်္ကျီက လှတယ်..ရင်ဘတ်မှာ အတွန့်လေးတွေ လုပ်ထားတာ ကြည့်ကောင်းတယ်..
ထမီကတော့ အလျားလိုက်နဲ့ ဒေါင်လိုက် တွဲထားတာ ထူးတော့ ထူးခြားတယ်..ဒါပေမယ့် မျက်စေ့ သိပ်မစွဲဘူး..
စိတ်မရှိနဲ့နော်..ချိုင်းနေရာက နည်းနည်း ပွနေတယ်..
But, you look good, overall..Cheers!!
=)
-m
ကန်ဒီက ပန်းရောင်နဲ့လိုက်တယ်နော်...ချိတ်ထမီလေးကိုအဲလိုဒေါင်လိုက်လေးနဲ့တွဲထားတာသဘောကျတယ်...၀တ်စုံလေးအရမ်းလှတယ်...အင်္ကျီလေးလိုက်ချုပ်ဦးမှပဲ...လူလေးကလဲဘာဝတ်ဝတ်လှတာကိုး...း)
ပန်းရောင်လေးနဲ့ ကန်ဒီ လှတယ်...။
Post a Comment