Sunday, June 1, 2014

A Stalker?!?!

Hellooo...
ဒီတပတ်လုံး အရမ်းအရမ်းပင်ပန်းတယ်။ လူရော စိတ်ရောပဲ။ အခု ကန်ဒီက Infection Control ကို တာဝန်ယူလိုက်ရတော့ Surgical Mask တွေ၊ Alcohol Hand rub တွေ ကုန်ရင် အော်ဒါမှာပေးရတယ်။ သိပ်ခက်ခဲတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် စ,စချင်းဆိုတော့ ကိုယ်မသိတာတွေရှိတာပေါ့။ နောက်နှစ်ခု တာဝန်ယူရမှာက Telecare နဲ့ Online Medication Order... ကန်ဒီတို့ဆေးခန်းက လုပ်ပေးတဲ့ Service တွေပေါ့။ ကန်ဒီ့ကို သူတို့အဲ့ဒါသင်ပေးနေတယ်။ ဆရာဝန်က လေးလစာဆေးပေးလိုက်ပေမယ့် တချို့လူနာတွေက နှစ်လစာပဲ အရင်ယူသွားတာမျိုးတွေရှိတယ်လေ။ ကျန်တဲ့နှစ်လစာယူဖို့ လူနာတွေက ကန်ဒီတို့ဆီ အွန်လိုင်းကနေ အကြောင်းကြားထားတာနဲ့ သူတို့မလာခင် ဆေးကိုကြိုပြင်ဆင်ပေးထားတာမျိုး... လာယူတဲ့အခါ အဆင်သင့်ပေးလိုက်ရုံပဲ။ လာမယူနိုင်ရင် အိမ်အထိပို့ပေးတဲ့ Delivery Service လည်းရှိတယ်။ လူနာတော်တော်များများက လာမယူခင် အဲ့လိုလုပ်လို့ရတာ သိပ်မသိကြသေးတော့ အဲ့အပိုင်းတွေက သိပ်တော့အလုပ်မရှုပ်သေးဘူး။ ဒါပေမယ့် Delivery Service တွေ ဘာတွေ ပါလာရင် တော်တော်ရှုပ်တာ >.<

နောက်တစ်ခုက စာမေးပွဲကိစ္စ... ကန်ဒီတို့အားလုံး တစ်နှစ်ကို တစ်ခါ PT Competency Exam ဆိုတာ ဖြေရတယ်။ အဲ့ဒါအောင်မှ Qualified ဖြစ်တယ်ဆိုတာမျိုးပေါ့။ ဆေးဆိုတာကလည်း တစ်နှစ်တစ်နှစ် Research တွေလုပ်၊ မတွေ့သေးတာတွေတွေ့ပြီး ပြောင်းလဲနေတာဆိုတော့ အားလုံးကို Up-to-date ဖြစ်နေစေချင်တဲ့သဘောပါ။ အခုအဲ့ဒါအတွက်လည်း တစ်ပတ်တစ်ခါ Training ရှိတယ် >.<

အဲ့ဒါတွေနဲ့ ရှုပ်ယှက်ခတ်ပြီး အရမ်းပင်ပန်းသလိုပဲ။ အိမ်ရောက်ရင် ဘာမှမလုပ်ချင်ဘူး။ အိပ်ပဲအိပ်ချင်တယ်။ စာလည်းမလုပ်ဘူး။ Training မတိုင်ခင်တစ်ရက် စာဖတ်သွားတာလောက်ပဲ ရှိတယ်။ ဒီနေ့တော့ နေ့တ၀က်ဆိုတော့ အလုပ်ကသူငယ်ချင်းတွေနဲ့ Bugis သွားတယ်။ ဒီနှစ်ယောက်နဲ့...


ကန်ဒီတို့ Fish Market မှာ နေ့လည်စာစားတယ်။ နေ့လည်စာကို (၃)နာရီလောက်မှ စားရလို့ ဗိုက်ဆာနေပါတယ်ဆို ကန်ဒီတို့မှာတာရဖို့ မိနစ်(၂၀)လောက်စောင့်ရတယ်။ အဲ့ဒါစားပြီးတော့ သုံးယောက်သား Bugis+ မှာ Jalan Jalan ("Jalan" = "Walk" in Malay) ဟိုလျှောက်ဒီလျှောက် ဟိုကြည့်ဒီကြည့်လုပ်နေတုန်း Stalker နဲ့ တွေ့တာပဲ။ 

Bugis+ တတိယထပ်မှာထင်တယ်။ လှေကားနားမှာ အပေါက်ပါတဲ့ Box လေးတွေ တန်းစီထားပြီး Box တစ်ခုစီမှာ Warning: Don't peep inside ဆိုပြီးရေးထားတယ်။ ကန်ဒီတို့က အထဲမှာ ဘာရှိလဲသိချင်တော့ အပေါက်လေးတွေကနေ ချောင်းကြည့်တာပေါ့။ Box တစ်ခုနဲ့တစ်ခု မတူဘူး။ အထဲမှာ ကာတွန်းကားတွေ... ချစ်စရာအရုပ်လေးတွေရှိတယ်။ ကန်ဒီတို့သုံးယောက်စ,ကြည့်တာနဲ့ တခြားလူတွေကလည်း သိချင်ပြီး အဲ့ဒီအပေါက်လေးတွေကနေ စ,ချောင်းတော့တာပဲ။ အဲ့အချိန်မှာ ကန်ဒီသတိထားမိတာ အသက်(၃၅) သို့ (၄၀)အရွယ် Formal ၀တ်စုံဝတ်ထားတဲ့ စလုံးတရုတ်ကြီးတစ်ယောက်ကလည်း ကန်ဒီတို့ကြည့်သလို လိုက်ကြည့်နေတယ်။ ကန်ဒီတို့ ကြည့်ပြီးလို့ ထွက်လာတော့ သူလည်းလိုက်လာတယ်ထင်တယ်။ စက်လှေကားနဲ့ အောက်ထပ်ဆင်းတော့ သူက ကန်ဒီ့ဘေးမှာရပ်ပြီး ကန်ဒီ့ကို စကားလာပြောတယ်။

Stalker: Are you Malaysian?
Candy: No. I'm Burmese.

အဲ့ဒါပြောပြီးတော့ ကန်ဒီတို့ စက်လှေကားအောက်ရောက်သွားရော... ကန်ဒီ့သူငယ်ချင်းနှစ်ယောက်နဲ့ အကျီဆိုင်ထဲဝင်မယ်လုပ်တော့ အဲ့လူကြီးက လာမေးပြန်ရော...

Stalker: Are you Buddhist?
Candy: Yes, I am. Why?!?!
Stalker: Ohh! Nothing.

ကန်ဒီတို့လည်း ကြောင်တောင်တောင်နဲ့ အကျီဆိုင်ထဲဝင်သွားတယ်။ အဲ့လူကြီး ဆိုင်အပြင်မှာ ရပ်စောင့်နေတာတွေ့တော့ ကန်ဒီတို့ တဖြည်းဖြည်းလန့်လာရော... ဆိုင်ရဲ့နောက်အပေါက်တစ်ခုက ပြန်ထွက်လာတော့ အဲ့လူကြီးက စကားလာပြောပြန်ရော....

Stalker: Are you working or studying?
Candy: I'm working.
Stalker: Can I have your name card?
Candy: Sorry, I don't have.

သူစကားပြောတဲ့ပုံနဲ့မျက်နှာက အရမ်း Serious ဖြစ်တော့ တော်တော်လန့်လာတယ်။ ကန်ဒီတို့ သုံးလေးလှမ်းလောက် လျှောက်ပြီးတဲ့အချိန် လိုက်လာပြန်ရော...

Stalker: Can I give you my phone number?
Candy: Why?!
Stalker: You can call me when you free.
Candy: Sorry, I don't want to call you -.-

အဲ့ဒါပြောပြီး သုံးယောက်သား သုတ်သုတ်သုတ်သုတ် လျှောက်လာတော့တာပဲ။ တော်သေးလို့... အဲ့လူကြီးလည်း လိုက်မလာတော့ဘူး(>.<)။ ပုံမှန် လူငယ်တွေပုံစံ စ,သလိုနောက်သလို စကားလာပြောတာမျိုးဆို အဲ့လောက်လန့်မှာမဟုတ်ဘူး။ အဲ့လူကြီးပုံစံနဲ့မျက်နှာက အရမ်း Serious ဖြစ်တော့ ဘာလဲ Psycho လား ဆိုပြီး ပိုလန့်တယ် ဟဟဟ (:P :P)။ မကြုံဖူးပေါင် ဂုဏ်ထူးဆောင်ပဲ။ စင်္ကာပူမှာ အဲ့လိုမျိုးကြုံတာ ဒါပထမဆုံးပဲ။

ကန်ဒီ့သူငယ်ချင်းနှစ်ယောက်က တစ်ယောက်တစ်မျိုးစီ အကြံပေးကြတယ်။ တစ်ယောက်ကလည်း "You'd better say like I'm married, my husband won't like it". နောက်တစ်ယောက်ကကျတော့ Step-by-Step အကြံပေးတာ...

Nadia: Step (1) If he touches you, slap him. Don't do it softly.
Candy: Ok.
Nadia: Step (2) If he is still doing, kick his private part (lol xD)
Candy: Well.. I've never done that before.
Nadia: Must do!!
Candy: Ok Ok.. Continue
Nadia: Step (3) Call police
Candy: Sure. But I think in reality, I might run away as fast as I can instead of doing all those things hahaha xD
Nadia: -.-'

ဟဟဟ... အဲ့လိုသတ္တိကောင်းတာ။ Maleficent ကြည့်ချင်တယ်။ သူတို့နဲ့ နောက်အပတ်သွားကြည့်မယ် ပြောထားတယ်။



ကန်ဒီ့ညီမ ဟိုနေ့ကလုပ်တဲ့ သရက်သီး။ သရက်သီးအစိမ်းကို ငံပြာရည်၊ ငရုတ်သီးမှုန့်၊ ပုဇွန်ခြောက်၊ ငါးပိထောင်းနဲ့ နယ်ထားတာ။ အရမ်းစားကောင်းတယ်။ သူ့စိတ်ကြိုက်ဆိုတော့ စပ်လည်းအရမ်းစပ်တယ်။ ပြောရင်းတောင် သရေကျလာပြီ ရှလွတ်(:P)။ အဲ့ဒီကော်ဖီခွက်လေးက ကန်ဒီ့မွေးနေ့တုန်းက လက်ဆောင်ရထားတာ... ခွက်ပေါ်က ကလေးလေးက ကန်ဒီငယ်ငယ်ကပုံ(:D)။


မျောက်အုန်းသီးရထားသလို Soft Pastel color box လေး လက်ဆောင်ရထားတော့ လက်တည့်စမ်းထားတာ။ ကောင်းကင်နဲ့တိမ်ဆွဲပြီးတော့ လူကနည်းနည်းပျင်းသွားတယ်။ စိတ်မပါတော့ မြေပြင်က အချိုးမကျတော့ဘူး ဟီးဟီး xD

Good Night^^

2 comments:

မိုးသက် said...

သူငယ်ချင်းတွေက အားကိုးရသားပဲ...
သူငယ်ချင်းတွေနဲ့ ငါ့အစ်မနဲ့ အတူထိုင်နေတုန်း ကျွန်တော်နဲ့ အပြင်မှာတွေ့ရင် နောက်ကနေ တိတ်တိတ်ကလေး သွားတို့တာမျိုးမလုပ်မိအောင် သတိထားရမယ်..။
တော်ကြာ.. >.<

Anonymous said...

အမသာဆိုပြန်ကိုမကြည့်ဘဲလုံးနေအောင်ပြေးမှာသေချာတယ်။တခါကဂိုက်သင်ပြီးည၁၀နာရီလောက်အိမ်ပြန်တာ ဆိုင်ကယ်နောက်ကနေလုဖို့ထင်တာပဲကပ်လိုက်လာတာ..
ကပ်မှန်းသိတာနဲ့ဆိုင်ကယ်လီဗာအသားကုန်တင်ပြီးမောင်းပြေးတာ..အော်ဖို့ကိုသတိမရဘူး။အမကိုယ့်ကိုကိုယ်မကြိုက်တဲ့ထဲမှာ အဲ့တာတွေလဲပါတယ်။
Take care candy
@ahthu