Sunday, June 8, 2014

နန်းမြို့

Morning...
ဒီတပတ်တော့ ခရီးသွားတဲ့ပိုစ့် ဆက်ရေးပြီနော်။ ကန်ဒီရန်ကုန်ရောက်တဲ့နေ့မှာပဲ ည(၁၀)နာရီလောက် ခရီးစထွက်တယ်။ အဝေးပြေးကားနာမည်က Elite တဲ့... အရမ်းမိုက်တယ်။ အရင်တုန်းက အဝေးပြေးကားတွေနဲ့ မတူတော့ဘူး။ Service ကို သဘောကျတယ်။ Business Class ကို စီးလို့လားတော့ မပြောတတ်ဘူး။ ကားစထွက်တာနဲ့ ခရီးသည်တွေကို နှင်းဆီပန်းတစ်ပွင့်စီ ပေးတယ်။ လမ်းတ၀က်လောက်ကျတော့လည်း အဆာပြေမုန့်ကျွေးတယ်။ ကောင်မလေးတစ်ယောက်က လေယာဉ်မယ်တွေလို သပ်သပ်ရပ်ရပ်ဝတ်၊ ဆံပင်လေးထုံးထားပြီး ဘယ်ရောက်နေပြီ၊ ဘယ်မှာခဏနားမယ် ဆိုတာတွေကို မိုက်ကလေးနဲ့ ပြောတယ်။ နောက်တီဗွီကလည်း ခရီးသည်တစ်ယောက်စီရဲ့ရှေ့မှာ တစ်လုံးစီရှိတော့ ကြည့်ချင်ရင် ကိုယ့်စိတ်ကြိုက်ကားကို ကြည့်လို့ရတယ်။ ကန်ဒီကတော့ လုံးဝမကြည့်ဖြစ်ပါဘူး။ မနက်ကလည်း လေယာဉ်စီးရတယ်၊ ညကျတော့လည်း ခရီးဆက်ထွက်ရတယ်ဆိုတော့ ပင်ပန်းလို့ အိပ်ချင်တာပဲ သိတယ်။ တလမ်းလုံးအိပ်လာတာ Zzzz...

ကားခဏရပ်ပြီး နားကြတော့ Feel စားသောက်ဆိုင်မှာ ရပ်ပေးတယ်။ Feel ကတော့ ရန်ကုန်မှာလည်း နာမည်ကြီးဆိုတော့ အစားအသောက်လည်းကောင်းတယ်။ အိမ်သာလည်း သန့်တယ်။ Target ကတော့ ရွှေကူကို... ဒါပေမယ့် ကားနှစ်ဆင့်စီးရတာဆိုတော့ မန္တလေးကို မနက် (၆)နာရီလောက် အရင်ရောက်တယ်။ နောက်စီးမယ့်ကားက ညနေ(၄)နာရီလောက်မှ ထွက်မှာ... အဲ့ဒါနဲ့ ကန်ဒီတို့ မန္တလေးမှာ လည်ဖို့အချိန်ရလိုက်တယ်။ အဖေက မန္တလေးတက္ကသိုလ်မှာ တက်ခဲ့တာဆိုတော့ သူ့သူငယ်ချင်းတွေ အဲ့မှာအများကြီးရှိတယ်။ အဖေ့သူငယ်ချင်းတွေကပဲ ကန်ဒီတို့ကို မနက်အစောကြီးလာကြိုကြတယ်။ ပြီးတော့ မဟာမြတ်မုနိဘုရားကြီးဆီ အရင်လိုက်ပို့ပေးတယ်။






ဘုရားကအပြန် လမ်း(၄၀)မှာ မနက်စာနန်းကြီးသုပ်စားကြမယ်ဆိုတော့ "အင်.." ကနဲဖြစ်သွားတယ် (စိတ်ထဲမှာ)။ ကန်ဒီက နန်းကြီးသုပ်လုံးဝ မကြိုက်ဘူး။ အဲ့ဆိုင်က ရွှေတံဆိပ်ဆုရထားတာတဲ့။ စားကြည့်တော့ စားလို့အရမ်းကောင်းတာပဲ။ နန်းကြီးဖတ်က ရန်ကုန်က နန်းကြီးဖတ်နဲ့မတူဘူး။ ချောချောကြီးမဟုတ်ဘူး။ ကန်ဒီနန်းကြီးသုပ်ကို မကြိုက်ရတဲ့ (၈၀)ရာခိုင်နှုန်းလောက်က အဲ့ခေါက်ဆွဲချောချောကြီးကြောင့်... ကန်ဒီက ခေါက်ဆွဲကို ချောချောကြီးနဲ့ တိကနဲပြတ်သွားတာမျိုးဆိုမကြိုက်ဘူး။ အဲ့ဒါကြောင့် မြီးရှည်တို့၊ လကွိုင်ဆီတို့လည်း တော်ရုံမစားဘူး။


ဒါကန်ဒီစားဖူးသမျှ နန်းကြီးသုပ်ထဲမှာ အကောင်းဆုံးနန်းကြီးသုပ်ပဲ။ သူတို့ကပဲမှုန့်ကို များများသုံးထားတယ်။ ဆိုင်ရဲ့ဆက်ဆံရေးကလည်း ကောင်းလိုက်တာ။ ကန်ဒီတို့ဝင်လာတာနဲ့ နန်းကြီး၊ နန်းလတ် စတဲ့ ကိုယ်စားချင်တဲ့ ခေါက်ဆွဲအမျိုးအစားရွေးဖို့ ခေါက်ဆွဲလေးတွေ နည်နည်းစီယူလာပြီးပြတယ်။ မှာထားတာတွေလာချပြီး စ,စားကြတော့ စားပွဲထိုးကောင်လေးက ထပ်လာပြီး "ဘာတွေများ လိုအပ်သေးလဲ ခင်ဗျာ၊ အဆင်ပြေရဲ့လား ခင်ဗျာ"ဆိုပြီး အရသာပြင်ပေးဖို့ လာမေးတယ်။ အနောက်နားမှာ သုပ်နေတဲ့ ကောင်မလေးကလည်း "လိုအပ်တာရှိရင် ပြင်ပေးပါမယ်ရှင့်" ဆိုပြီး လှမ်းပြောတယ်။ မန္တလေးမှာဆိုတော့ မန္တလေးလေယူလေသိမ်းလေးနဲ့ပေါ့။ သူတို့ပြောတာလေးနားထောင်ပြီး စိတ်ထဲပြုံးမိတယ်။ အဲ့လို Service မျိုး မရတာ ကြာလှပေါ့။


မနက်စာစားပြီးတော့ ကန်ဒီတို့ မန္တလေးနန်းတော်ကြီးဆီသွားကြတယ်။ နေ့လည်ဆိုတော့ နေပူလိုက်တာ... အထဲမှာ ဟိုလျှောက်ဒီလျှောက် ဓာတ်ပုံလိုက်ရိုက်ပြီး ပြန်ထွက်လာတယ်။




ခရီးသွားတဲ့စတိုင်လ် ဟဟ... ခရီးသွားရင် အမြဲအဲ့ပုံပဲ။ ဟုတ်တယ်လေ... ကားကလည်း အကြာကြီးစီးရမှာဆိုတော့ ဘောင်းဘီကြပ်ကြပ်တွေလည်း မ၀တ်ချင်ဘူး။ ပွပွယောင်းယောင်းပဲ ကောင်းတယ်။ Bugis ကနေ ၀ယ်သွားတာ... 2 for SGD 25 ဆိုလားပဲ ရှိတယ်။ ကန်ဒီတစ်ထည်ယူတယ်... ကန်ဒီ့ညီမတစ်ထည်ပေးတယ်။ တစ်ချက်ခုတ်... နှစ်ချက်ပြတ် (:P :P)။ ကန်ဒီ့ညီမဆိုလို့ ခရီးသွားတာ သူမပါဘူး။ သူက စာမေးပွဲရှိလို့ နေခဲ့တယ်။ ကန်ဒီ့အဖေ၊ အမေ၊ ကြီးကြီးနဲ့ ကန်ဒီ... လေးယောက်ပဲ။





 My Daddy...

တစ်ခါ ဖေ့ဘွတ်မှာ အစ်မတစ်ယောက်တင်တဲ့ စတေးတပ်တစ်ခုက "မိဘကိုခေါ်တာ ဒယ်ဒီ၊ မာမီနဲ့ မြန်မာပီပီ အဖေ၊ အမေပဲ မြန်မာလို အားရပါးရခေါ်ကြစမ်းပါ"တဲ့။ တော်တော်မရင့်ကျက်တဲ့ စတေးတပ်တစ်ခုပဲ။ အဲ့ဒါဖတ်ပြီး စိတ်ထဲခိုးလိုးခုလုနဲ့ ဘာမှတော့မပြောလိုက်ပါဘူး။ ဟုတ်တယ်... ကန်ဒီတို့ညီအစ်မတွေ အဖေနဲ့အမေကို ဒယ်ဒီနဲ့ မာမီပဲခေါ်တယ်။ ဘာလို့လဲမေးရင် ငယ်ငယ်ထဲက အဲ့လိုပဲသင်ပေးထားလို့လေ။ မိဘကို ဘယ်လိုခေါ်တယ်ဆိုတာထက် ဘယ်လိုဆက်ဆံတယ်၊ ဘယ်လိုသိတတ်တယ်ဆိုတာက အများကြီး ပိုအရေးကြီးတဲ့အရာအတွေပါ။ လူတွေဟာ အပေါ်ယံအကာကိုကြည့်ပြီး ပြစ်တင်ဝေဖန်ဖို့ လွယ်သလောက် အရေးပါတဲ့အနှစ်ကို ချီးမွမ်းပြောဆိုဖို့ကြတော့ ခက်ခဲတတ်ကြတာ သဘာဝပဲမဟုတ်လား...



နန်းတော်ပြီးတော့ ကန်ဒီတို့ မန္တလေးတောင်ပေါ်သွားကြတယ်။ အဖေ့သူငယ်ချင်းကားနဲ့ ကန်ဒီတို့ကိုလိုက်ပို့တော့ အဲ့ဦးလေးက ကားပေါ်မှာ ရေဒီယိုဖွင့်ထားတယ်။ ရေဒီယိုမှာလာနေတာက... Taxi ကားဆရာ ကိုဘယ်သူရဲ့ ပြောပြချက်အရကတော့ ရန်ကုန်လှည်းတန်းမှာ ကားတွေပိတ်နေပါတယ်။ ပန်းဆိုးတန်းမှာတော့ ကားအဲ့လောက်မပိတ်ပါဘူး။ ဘာညာ ဘာညာ လာနေတော့ ကန်ဒီက မျက်လုံးကြီးပြူးပြီး အဲ့ဒါက ဘာကြီးလဲပေါ့။ အမေက ကားကြပ်နေတဲ့ လမ်းတွေကိုရှောင်သွားနိုင်အောင် ကြေငြာပေးတာတဲ့။ အဲ့ဒါပဲကြည့်... ရန်ကုန်မှာ ကားဘယ်လောက်ပိတ်လဲဆို >.<

မန္တလေးတောင်ပေါ်မှာ ညနေခင်းအချိန်ဆို အရမ်းနေလို့ကောင်းမှာပဲ... ကန်ဒီတို့ရောက်တဲ့အချိန်ကတော့ နေ့ခင်ကြောင်တောင်ကြီးဆိုတော့ ပူလိုက်တာ... အဲ ဒါပေမယ့် တစ်ခုထူးခြားတာက ရန်ကုန်နဲ့ယှဉ်ရင် မန္တလေးက အဲ့လောက် မပူဘူးသိလား... မိုးလေးနည်းနည်းရွာလိုက်လို့လားတော့ မပြောတတ်ဘူး။





တောင်ပေါ်ကအပြန် အဖေ့သူငယ်ချင်းအိမ်မှာ ခဏနားပြီးတော့ ကန်ဒီတို့ ရွှေကူသို့ ခရီးဆက်ခဲ့ကြလေသည်...

ရွှေကူပိုစ့်------ မျှော် :P
ရန်ကုန်ပိုစ့် ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ ^_^

8 comments:

Anonymous said...

ရွှေကူပို့ စ်ဖတ်ချင်တယ်။ မျှော်နေတယ်နော်။
အိုင်အိုရာ

Anonymous said...

နန်းကြီးသုပ် ဆိုင်နာမည်လေးသိပါရစေ...

မိုးငွေ့........ said...

လူတွေဟာ အပေါ်ယံအကာကိုကြည့်ပြီး ပြစ်တင်ဝေဖန်ဖို့ လွယ်သလောက် အရေးပါတဲ့အနှစ်ကို ချီးမွမ်းပြောဆိုဖို့ကြတော့ ခက်ခဲတတ်ကြတာ သဘာဝပဲမဟုတ်လား...အဲဒီစကားစုလေးကိုသိပ်ကြိုက်တယ်..

Thu said...

မန်းလေးတကယ်ပူတဲ့အချိန်ကို ကန်ဒီမကြုံလိုက်ရလို့နေမှာ။
မန်းလေးခုပူချက်ကတော့ မိုးလဲတလမှတခါကိုဖျစ်ညှစ်ရွာတဲ့ပုံစံနဲ့
မန်းလေးရောက်ပြီး ကန်ဒီလေးကို အပြင်မှာမတွေ့လိုက်ရဘူးကွာ

Anonymous said...

Sounds like you've never listened to Singapore radio stations that announce traffic status of PIE, AYE etc.? Radios around the world usually announce traffic status. :)

Candy said...

နန်းကြီးသုပ်ဆိုင်နာမည်က ဒေါ်သန်းရီလား ဒေါ်သန်းမြလား မသိဘူး။ လမ်း(၄၀)မှာတော့ သေချာတယ် ဟီးး ဆိုင်နာမည်မေ့နေလို့ ပိုစ့်ထဲ ထည့်မရေးလိုက်တာ :D

Yes, I rarely listen radio. So, it is a weird thing for me especially hearing from Yangon radio station :) I think back in the days they never announce traffic status.

ကူးကူးလှိုင် said...

အလုပ်များနေတာနဲ့ခုမှပဲ လွတ်သွားတဲ့ပို့စ်တွေအကုန်လုံး ဖတ်ဖြစ်သွားတယ် ကန်ဒီရေ ...

Yoon Wathan said...

Mandalay Trip is Good