Hello...
ဒီနေ့ တနင်္လာနေ့ဆိုပေမယ့် Public Holiday အလုပ်ပိတ်ရက်ဆိုတော့ ဒီနေ့မှ စာရေးဖြစ်တယ်။ အမှန်အတိုင်းပြောရရင် စာရေးမယ်ဆိုပြီး Blogger.com ကိုဖွင့်လိုက်တာပဲ ရှိတယ်... ဘာရေးရမှန်းမသိဘူး။ ဒီရက်ပိုင်းတွေ စိတ်က ပျော်လိုက်၊ မပျော်လိုက်နဲ့ Bipolar ဖြစ်နေတယ် (Bipolar disorder, sometimes called
manic-depressive disorder, is associated with mood swings that range
from the lows of depression to the highs of mania)။ Viber Message တွေလည်း အရေးကြီးတာက လွဲလို့ Reply မလုပ်ဘူး။ တနေ့တနေ့ Phone Screen ကို ကြည့်လိုက်၊ Computer Screen ကို ကြည့်လိုက်ချည်းလုပ်နေရတာ မွန်းကြပ်တယ်။ အဲ့ဒါတွေလုပ်မယ့်အစား မျက်လုံးမှိတ်ပြီး သီချင်းနားထောင်နေရတာ ပိုကောင်းသလိုပဲ။
သောကြာနေ့ကျတော့ အခန်းဖော်တွေက TGIF ဆိုပြီး သောက်ကြ စားကြတယ်။ အိမ်ကိုဧည့်သည်တွေ ဘာတွေလာတော့ စကားပြောဧည့်ခံနဲ့ Mood က နည်းနည်းပြန်တက်လာတယ်။ ဂီတာတီးသီချင်းဆိုကြတော့ ဟိုးးအရင်ကအိမ်လာလည်နေကြ ကန်ဒီတို့သူငယ်ချင်းကို သတိရတယ်။ အဲ့တုန်းက ဟင်းတွေချက်စားကြ၊ ဂီတာတီးသီချင်းဆိုကြတဲ့ ပျော်ဖို့အရမ်းကောင်းတယ်။ ခုတော့ သူလည်းအလုပ်တွေရှုပ်၊ ကိုယ်လည်းအလုပ်တွေရှုပ်နဲ့ မတွေ့ဖြစ်တာတောင်ကြာပြီ။
စနေနေ့ကျတော့ နေ့တ၀က်အလုပ်ကအပြန် တနင်္ဂနွေနေ့ နေ့ဆွမ်းအလှူအတွက် လုပ်အားသွားပေးတယ်။ စကားတွေဘာတွေပြောနဲ့ စိတ်နည်းနည်းပြန်ကြည်လာတယ်။ သူငယ်ချင်းတွေနဲ့ East Coast မှာ ပင်လယ်ကြီးကိုကြည့် BBQ စားရင်း ဂီတာတီး၊ သီချင်းဆို၊ စကားပြောချင်တယ်။ အဓိကဖြစ်နေတာက အလုပ်နဲ့အိမ်ချည်း လုံးလည်လိုက်ပြီး Psycho ၀င်နေတာ... ဟဟ(xD)။
ပုံဆွဲနေရင်းတန်းလန်း စာရွက်ကိုဆွဲဖြဲ ပစ်ပေါက်ချင်လောက်အောင် ဖြစ်သွားသေးတယ်။ နှင်းဆီပန်းပုံ ဘယ်လိုမှမထွက်လို့လေ။ နောက်ဆုံး "တော်ပြီ... ပြီးပြီ... ဒီလောက်ပဲ"ဆိုပြီး ဓာတ်ပုံရိုက်ကြည့်တော့ကျတော့ နှင်းဆီပန်းနဲ့တူသား ဟဟ(:D)။ ဓာတ်ပုံထဲမှာသာ တူနေတာ... အပြင်မှာကြည့်ရင် သိပ်မတူသလိုပဲ။ တချို့တွေကပြောကြတယ်... ပန်းချီတွေဆိုတာ အဝေးကကြည့်မှ ပိုကြည့်ကောင်းတာတဲ့။ အနီးကပ်ဆို အဲ့လောက်ကြီးမလှဘူးတဲ့။ အဲ့ဒီအဆိုကို ထောက်ခံရမလား မထောက်ခံရမလား မပြောတတ်ဘူး... ကန်ဒီကြည့်ကြည့်နေတဲ့ YouTube က Artist တယောက်ရဲ့ပန်းချီတွေဆို အနီးကပ်ကြည့်လည်း အရမ်းသေသပ်တယ်။ ကန်ဒီ သူ့ကိုအရမ်းသဘောကျတယ်။ ကန်ဒီ့ရဲ့ Inspiration လို့ ပြောလို့ရတယ်။
One of her painting videos...
သူ့ပန်းချီတွေက Oil painting တွေများတယ်။ ကန်ဒီက ခုမှ Acrylic နဲ့ စ,တုန်းရှိသေးတယ်။ Oil Painting လည်း ဆွဲကြည့်ချင်တယ်။ လောလောဆယ်တော့ Acrylic ကိုပဲ အရောင်တွေနဲ့ အရင်ကစားကြည့်ဦးမယ်။ ရေးသာရေးနေတာ... ဘာဆွဲဆောင်မှုမှ မရှိတာ ကိုယ့်ဟာကိုယ်လည်း သိတယ်။ စိတ်ဓာတ်ကျတဲ့အထဲမှာ အဲ့ဒါတွေလည်း ပါတယ်... I NEED MOTIVATION!!!
ဝယ်ပြီးသွားပြီ... ကြိုက်တယ်။ ကန်ဒီ့လို အပျင်းတစ်တဲ့လူတွေအတွက် သင့်တော်တယ် ဟဟ (xD)
Thank you everyone for visiting my Boring Blog.
(Bare with my Mood Swing)