Monday, July 21, 2014

Guilty

♫♪ အချစ်ဟာ ခါးလား... အရမ်းချို မြိန်သလား...
သိနိုင်စွမ်းတွေ ရှိခွင့်တောင်မရ... ♫♪

ဘန်နီဖြိုးနဲ့ဆိုတေးရဲ့ "သစ္စာ"သီချင်း ဖွင့်ထားတယ်။ တကယ်တော့ အဲ့ဒါ ကန်ဒီမကြိုက်ဆုံးသီချင်း... ဘာလို့နားထောင်မိနေလဲ မသိဘူး -.-

♫♪ အောင်မြင်ခြင်းတွေ အို... ရှုံးနိမ့်ခြင်းတွေ...
အတူတူတို့နှစ်ယောက်ဖြတ်ကျော်ခဲ့ပြီးမှ...
ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဒီလိုဘ၀ရဲ့လှည့်ကွက်များ...
ငါ့အနားမှာ မင်းမရှိတာ ဒီတစ်ခါဆောင်းတွေမိုးတွေပြီးရင် နောက်ထပ်တစ်နှစ်ပါလား... ♫♪

OK OK... Humm ဒီအပတ်ဘာတွေလုပ်ဖြစ်ပါလိမ့်။ သြော်... ပြီးခဲ့တဲ့ ကြာသပတေးနေ့က စာမေးပွဲဆိုတော့ အဲ့အရှေ့ရက်တွေက စာဖတ်တယ်။ စာမေးပွဲဖြေနိုင်လားဆိုတော့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ကြာသပတေးနေ့စာမေးပွဲပြီးတော့ "Yayy... စာမေးပွဲပြီးပြီ၊ စာမလုပ်ရတော့ဘူး ပျော်တယ်"ဆိုပြီး အိပ်လိုက်တာ သောကြာနေ့မနက်ကျတော့ (၇)နာရီခွဲအိမ်ကထွက်ရမှာ (၇)နာရီခွဲမှ အိပ်ယာကနိုးလို့ ၀ုန်းဒိုင်းကြဲပြီး အလုပ်သွားလိုက်ရတယ် ဟဟဟ xD

အလုပ်ဆိုလို့ မြန်မာလူနာအစ်မကြီးတစ်ယောက်က ကန်ဒီ့ကိုမေးတယ်။ သားအိမ်ခေါင်းကင်ဆာကို အင်္ဂလိပ်လို့ ဘယ်လိုခေါ်လဲတဲ့။ တိန်... ကန်ဒီကအစကတည်းက ရောဂါတွေကို မြန်မာလိုနဲ့ အင်္ဂလိပ်လို မတွဲတတ်ပါဘူးဆိုနေ သူကအဲ့လိုမေးတော့ မဖြေတတ်တော့ဘူး။ အဲ့ဒါနဲ့ "သေချာတော့ မသိဘူးအစ်မ... သားအိမ်ကိုတော့ Uterus လို့ခေါ်တာ..." လို့ပြောပြတော့ သူက Uterus က ဆီးလမ်းကြောင်းပါတဲ့... သားအိမ်မဟုတ်ဘူး ထင်တယ်တဲ့။ အဲ့ဒါ မှားတတ်တဲ့အမှားပါ... နှစ်ခုလုံးက "U" နဲ့ စ,တာကိုး...

 ဆီးလမ်းကြောင်း...

 သားအိမ်...

"သားအိမ်နဲ့ဆိုင်တာဆို Uterine Cancer တို့၊ Cervical Cancer တို့ရှိတယ်။ Uterine Cancer ဆိုတာ သားအိမ်ရဲ့အလယ်နေရာမှာဖြစ်တာ... Cervical Cancer ကတော့ သားအိမ်အ၀နား Cervix နေရာမှာဖြစ်တာ။ သားအိမ်ခေါင်းကင်ဆာဆိုတာ အဲ့နှစ်ခုထဲက တစ်ခုခုပဲ"လို့ ပြောပြလိုက်တယ်။ ကန်ဒီငယ်ငယ်က စာသင်ရတုန်းကဆို သားအိမ်ပုံကို အရမ်းသဘောကျတယ်။ လက်လေးနှစ်ဖက်က ဥလေးကိုပိုက်ထားသလိုလေး ဟဟ(xD)။ စာကျက်ရင် အဲ့လိုပေါက်ကရမှတ်ပြီး ကျက်တတ်တယ်(xD)။ ကန်ဒီထင်တာတော့ သားအိမ်ခေါင်းကင်ဆာဆိုတာ Cervical Cancer ကို ပြောတာထင်တာပဲ။ HPV ပိုးကြောင့်ဖြစ်တာလေ။ အခုအမျိုးသမီးတော်တော်များများ အဲ့ဒီသားအိမ်ခေါင်းကင်ဆာစစ်ဆေးဖို့ စိတ်ဝင်စားလာကြတယ်။ ကန်ဒီ့အသိအစ်မတစ်ယောက်ပြောပြတာတော့ အဲ့ဒါအိမ်ထောင်ရှိပြီးသားလူတွေပဲ စစ်လို့ရတယ်တဲ့။ သားအိမ်ထဲက Cell ကိုယူပြီး Normal ဟုတ်မဟုတ်စစ်ပေးတာလေ။ နောက် Vaccine လည်းရှိနေပြီ။ အဲ့ဒီကာကွယ်ဆေးကတော့ အပျိုတွေမှာထိုးမှ ထိရောက်မှုရှိတယ်တဲ့။

မနေ့က မြန်မာကောင်လေးတစ်ယောက် ဆေးလာယူတော့ ကိုယ်တွေပူပြီး နားထဲကလေထွက်လို့တဲ့။ တခါမှ မဖြစ်ဖူးဘူးတဲ့။ ကန်ဒီက အဖျားအရမ်းကြီးလို့ဖြစ်မယ်လို့ပြောပြီး ဒီနေ့ပေးတဲ့ Antibiotic ကို Course ကုန်အောင်သောက်ကြည့်... ပြီးလို့မှ မသက်သာရင် ပြန်လာခဲ့လို့ပြောလိုက်တယ်။ တခါတလေ အဖျားအရမ်းကြီးရင် နားထဲကလေထွက်တတ်တယ်လေ။ ဒါပေမယ့် သူ့ပုံစံက မတင်မကျလေးနဲ့ ထွက်သွားပြီး ပိုက်ဆံရှင်းတဲ့နား သွားတန်းစီတော့ ကိုယ်ကအလုပ်ဆက်လုပ်နေရင်းက စိတ်ထဲ မသန့်တော့ဘူး... "ငါဘာလို့ ဒီတိုင်းလွှတ်လိုက်တာလဲ... ဆရာဝန်ဆီမေးပေးလိုက်ပါမယ်လေ"ဆိုပြီး မအားတဲ့ကြားက သူ့ကိုပိုက်ဆံရှင်းတဲ့အတန်းထဲက သွားပြန်ဆွဲခေါ်... "လာ... စောင့်နိုင်လို့ရှိရင် အစ်မဆရာဝန်ကို မေးပေးမယ်"လို့ ပြောပြီး ဆရာဝန်ကို ပြန်မေးပေးလိုက်တယ်။ ဆရာဝန်က Sinus ရောင်နေလို့ နားထဲကလေထွက်တာလည်း ဖြစ်နိုင်တယ်လို့ ပြောတယ်။ 

သူ့ကိုပြန်ခေါ်ပြီး မမေးပေးဖြစ်ခဲ့ရင် "ငါလုပ်ပေးနိုင်တာ ဘာလို့မလုပ်ပေးမိတာလဲ"ဆိုပြီး သူ့မတင်မကျမျက်နှာကို ပြန်ပြန်မြင်ယောင်ပြီး တနေကုန်စိတ်မကောင်းဖြစ်လို့ဆုံးတော့မှာ မဟုတ်ဘူး။ ကန်ဒီက တခါတလေ အဲ့လိုပဲ... Psycho 


မနေ့က ကန်ဒီ့အသိအစ်မတစ်ယောက်ရဲ့ သမီးလေးမွေးနေ့ပွဲသွားတယ်။ သူတို့တွေ က,တာ ပျော်တာကြည့်ပြီး ဆယ်ကျော်သက်ဘ၀ကို ပြန်သတိရတယ်(^_^)။ ဟိုနေ့က ကန်ဒီတို့ငယ်ငယ်တုန်းက ရိုက်ထားတဲ့ပုံလေး ပြန်တွေ့တယ်။ မြိုင်ဟေ၀န်ပန်းခြံမှာ ရိုက်ထားတာ... ကန်ဒီက (၆)နှစ် (သို့) (၇)နှစ်လောက်ဖြစ်မယ်ထင်တယ်။ အမေက အကျီဆို အမြဲဆင်တူချုပ်ပေးတတ်တယ်။ အဲ့သွားတုန်းက တော်တော်ပျော်တာ... အဲ့ဒီဓာတ်ပုံထဲကဆင်လေးက ရေထွက်တယ်။ နောက် အဲ့ပန်းခြံထဲမှာ ကန်ဒီတို့သုံးယောက် ဒန်းလည်းစီးကြတယ်။


အဲ့တုန်းကပုံလေးတွေက အပြစ်ကင်းတယ်။ ခုတော့ အားလုံးမတ်ပဲတွေဖြစ်ကုန်ပြီ ဟဟဟ(xD)။ Facebook မှာ သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ Music Video လေးအောက်မှာ မန့်ထားတာတွေက အပြစ်တင်ထားတာတွေ များတယ်။


မြန်မာ့ယဉ်ကျေးမှုအရ ကြည့်မယ်ဆို လက်သင့်ခံလို့မရပေမယ့် ကောင်မလေးနှစ်ယောက်ရဲ့ Body Structure တွေ၊ က,တာတွေ၊ Edit လုပ်ထားတာတွေ အရမ်းမိုက်တယ်။ ဟိုးးအရင်က MV တွေထက် အများကြီးသာတယ်။

Good night everyone...
Sweet Dream^^

3 comments:

မိုးငွေ့........ said...

ကန်ဒီလေးက ငယ်ရုပ်မပျောက်ဘူးပဲ...

မြတ်ကြည် said...

မသိဘူး။ ရုတ်တရက် ကြည့်လိုက်တော့ နိုင်ငံခြား သီချင်းထင်နေတာ။ သားအိမ်ခေါင်းကို cervix လို့ ခေါ်ကြတယ်။ စစ်တာကတော့ သားအိမ် အဝမှာ အတံလေးနဲ့ လှည့်ယူပြီး ပါလာတဲ့ ဆဲလ်လေးတွေ ကို အသွင် ပြောင်းမပြောင်း စစ်တာ။ HPV vaccine ထိုးထားတာတော့ ကောင်းတယ်။ ဒါပေမယ့် risk factor က အဲဒီ HPV တစ်ခုတည်း မဟုတ်ပဲ smoking တို့ multiparity တို့ လည်း ပါသေးတော့ အိမ်ထောင်ရှိတဲ့သူ ၃ နှစ် တစ်ကြိမ်တော့ စစ်ပေးသင့်တယ်။

ကိုကိုမောင်(ပန်းရနံ့) said...

ဆေးစာလုံး ရေဂါစာလုံးတွေ ခေါင်းမူးလွန်းလို့ တစ်ခုမှ မှတ်မထားမိဘူး။
ဝမ်းလျောတဲ့ စာလုံးကို မှတ်ရတာနဲ့တင် စိတ်က ခပ်ကုန်ချင်ချင်ရယ်။း)