Monday, July 14, 2014

Let him go...

ည (၉)နာရီခွဲပြီးပြီ။ ညစာကိုတ၀တပြဲစားပြီး ခု လက်ဖက်ရည်လေးတစ်ခွက်နဲ့ စာစရေးမလို့။ ဒီအချိန်ကြီး လက်ဖက်ရည်သောက်တာ အိပ်မရဘဲနေတော့မှာပဲလို့ တွေးနေလား?? ကန်ဒီ့မျက်လုံးက လက်ဖက်ရည်တွေ၊ ကော်ဖီတွေလည်း မတိုးတော့ဘူး(:P)။ အိပ်ချိန်တန်ရင် သူ့ဟာသူအိပ်ပျော်သွားတာပဲ။ ဘယ်လောက်လိမ္မာလဲနော် ဟဟဟ(xD)


ဒီနေ့အိပ်ယာနိုးနိုးချင်း မနက်စာစားရင်း စာကြည့်တယ်။ ပြီးတော့ မုန့်ဟင်းခါးချက်တယ်။ အထင်မကြီးလိုက်နဲ့ဦးနော်... မုန့်ဟင်းခါးထုပ်နဲ့ ရေရောလိုက်တာကို ပြောတာ(xD)။ နေ့လည်စာစားပြီးတော့ အိပ်ပျော်သွားတာ အကြာကြီးပဲ... စာလုပ်ရမယ်ဆို အဲ့အတိုင်းပဲ အမြဲအိပ်ပျော်တယ် (>.<)


မနေ့က သက်သတ်လွတ်... ပြောင်းဖူးစမ်းကြော်ကြည့်တယ်။ သိပ်မအောင်မြင်ဘူး။ ကောက်ညှင်းမှုန့်အရမ်းများသွားတော့ အရမ်းစီးသွားတယ်။ ပျော့နေတာကလွဲရင် စားလို့တော့ တော်တော်ကောင်းတယ်... ချိုနေတာပဲ။ အာလူးကြော်က အမေထည့်ပေးလိုက်တာ။ အခုရုံတင်နေတဲ့ "Dawn of the Planet of the Apes" ကြည့်ချင်တယ်။ ကြည့်ဖို့အဖော်မရှိဘူး >.<


ပြီးခဲ့တဲ့အပတ်က အလုပ်ကလူတွေနဲ့ Bali Thai မှာ Birthday + Farewell Dinner... အဲ စားတာချည်းတင်နေတာ များသွားပြီ။ ဒီရက်ပိုင်း တကယ်လည်း အများကြီးစားတယ်။ ၀,တော့ မ၀လာသေးဘူး... ထင်တာပဲ။ ကိုယ့်ဟာကိုယ် ၀,လာ မ၀,လာ ကြည့်တတ်လား?? တစ်ယောက်နဲ့ တစ်ယောက်တော့ တူမှာမဟုတ်ဘူးပေါ့။ ကန်ဒီဆိုရင်တော့ လက်မောင်းကိုကြည့်တယ်။ ကန်ဒီဝ,လာရင် လက်မောင်းက အရင်ကြီးလာတယ်။ အဲ့လက်မောင်းကြီးလာပြီဆို စားတာသောက်တာ ပြန်ဆင်ခြင်ရတယ်... လှချင်တာကိုး ဟဟဟ xD


အဲ့ဒါ စမ်းသုံးကြည့်ရင် ကောင်းမလား စဉ်းစားနေတယ်။ ကန်ဒီ့အသားက အရမ်းခြောက်တယ်။ ဒါပေမယ့် ပျင်းတာရော မေ့တာရောနဲ့ ဘယ်တော့မှ Body Lotion မလိမ်းဘူး။ အဲ့လိုမျိုး ရေချိုးခန်းထဲမှာပဲလိမ်းပြီး ရေနဲ့တခါတည်းဆေးချလိုက်ရတာမျိုးဆို ပိုပြီးအဆင်ပြေမလားလို့ (^_^)။ Spass renew လုပ်ပြီးသွားလို့ ကဒ်အသစ်ရပြီ။ ဖုန်းအသစ်လဲချင်တယ်။ ဒီတစ်ခါ Samsung S5 ၀ယ်ရင်ကောင်းမလားလို့။ တကယ်တမ်းဆို ကန်ဒီက အဲ့လိုဖုန်းတွေ၊ Electronic ပစ္စည်းတွေကို သိပ် Crazy မဖြစ်ဘူး။ ခုကိုင်နေတဲ့ဖုန်းက အမှတ်ရစရာတွေ ရှိနေလို့ မကိုင်ချင်တော့ဘူး -.-



စာလုပ်ရမယ်ဆို စာကလွဲလို့အကုန်လုပ်ချင်တယ်။ ဒီရက်ပိုင်း ပုံဆွဲဖို့ Mood ၀င်နေပြန်ပြီ။ အဲ့ဒီအပြုံးက ကန်ဒီ့အသိတစ်ယောက်ရဲ့ အပြုံး။ စိတ်ရင်းကောင်းပြီး ခင်ဖို့ကောင်းတဲ့လူတစ်ယောက်ပါ။ ဒါပေမယ့် သူအခုကန်ဒီ့ကို မခေါ်တော့ဘူး (For No reason)။ တခါတလေ ကန်ဒီက အဲ့လိုဘာမဟုတ်တာလေးနဲ့လည်း ၀မ်းနည်းတတ်သေးတယ်။ ဒုတိယပုံကတော့ ကန်ဒီအလွဲကြီးလွဲတဲ့ပုံ ဗြဲ... (ငိုသံ) T_T



Birthday card ၀ယ်ဖို့ Typo ကို အရင်သွားတယ်။ မွေးနေ့ကဒ်မပါဘဲ အိမ်အလှဆင်တဲ့ ကြယ်မီးပုံးလေးတွေဝယ်ပြီး ပြန်ထွက်လာတယ်။ Popular ကို ထပ်ရောက်သွားပြန်ရော... Birthday card အပြင် ဘာတွေမှန်းမသိတဲ့ တိုလီမုတ်စတွေဝယ်ပြီး ပြန်ထွက်လာတယ် ဟဟ(xD)။  ကန်ဒီ ၀ယ်တတ်တာတွေကို ပြန်စဉ်းစားကြည့်ရင် အဲ့လို Sticker တွေ၊ Home Deco တွေ၊ ပုံဆွဲတဲ့ပစ္စည်းတွေက အကျီတွေဘာတွေထက် ပိုများတယ်။ ကန်ဒီအားတဲ့အချိန်တွေဆို စာရေးတာ (သို့) ဗွီဒီယို Edit လုပ်တာ (သို့) ပုံဆွဲတာနဲ့ အမြဲအလုပ်ရှုပ်နေတတ်တယ်။ တခါတလေကြရင် သူများတွေရော အားရင် ဘာတွေလုပ်တတ်လဲ သိချင်တယ် ဟဟ :D

ဒီညအတွက် ကန်ဒီအရမ်းကြိုက်နေတဲ့သီချင်းလေး ရှယ်လိုက်ဦးမယ်...

♫♪ Well, you only need the light when it's burning low,
Only miss the sun when it starts to snow,
Only know you love her when you let her go.
Only know you've been high when you're feeling low,
Only hate the road when you're missing home,
Only know you love her when you let her go...
And you let her go... ♫♪


Good Night^^

No comments: