Wednesday, August 20, 2014

Adventure Cove

တနင်္ဂနွေနေ့က တနေကုန်သောင်းကျန်းတာ ခုထိ ကိုယ်လက်တွေကိုက်ခဲနေတုန်း ဟဟ(:D)။ တနင်္လာနေ့ကျတော့ Monday Blue နေတာနဲ့ စာမရေးဖြစ်ဘူး။ ရေးရင်လည်း ကွန်ပလိန်းပဲတက်မိနေမှာ ကိုယ့်ဟာကိုယ်သိတော့ မရေးတော့ဘူး ဟဟဟ(xD)။ သူများတွေ တနင်္လာနေ့ကိုမကြိုက်တာ Weekend ပြီးလို့ အလုပ်ပြန်တက်ရတဲ့နေ့မို့ မကြိုက်ကြတာထင်တယ်။ ကန်ဒီကျတော့ တနင်္လာနေ့ဆို လူနာတွေအရမ်းများလို့ မကြိုက်တာ... ဒီတနင်္လာကတော့ အဆိုးဆုံးပဲ(>.<)။ Ok Ok... လိုရင်းက မရောက်တော့ဘူး။ ဒီနေ့ပိုစ့်ကတော့ တနင်္ဂနွေနေ့က ဓာတ်ပုံတွေအဓိကပေါ့...



အဲ့ကိုသွားဖို့ဆို Sentosa Universal Studio ရှိတဲ့ဂိတ်မှာ ဆင်းရတယ်။ ၀င်ကြေးက SGD 36 ထင်တယ်။ ကန်ဒီ့ညီမ၀ယ်တာ SGD 28 ပဲပေးရတယ်။ မနက်(၁၀)နာရီကနေ ညနေ(၆)နာရီထိ ဖွင့်တယ်။ စောနိုင်သမျှ စောစောသွားတာအကောင်းဆုံးပဲ။ ကန်ဒီတို့ (၁၁)နာရီလောက် ရောက်တာတောင် အကုန်မဆော့ရဘူး။ (၂)ခုလောက် ကျန်တယ်။ အဓိက,က တန်းစီရလို့... Universal Studio လိုပဲလေ။ တစ်ခုစီးတော့မယ်ဆို တန်းစီရတာက နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက် ကြာတယ်။ စီးလိုက်တော့လည်း ခဏလေးရယ်...



အဲ့ဒီမြစ်လေးဆို ရေကခါးလောက်ပဲ နက်တာ။ ရေမကူးတတ်လည်း ပူစရာမလိုဘူး။ ကန်ဒီလည်း ရေမှမကူးတတ်တာ ဟဟ(xD)။ ငယ်ငယ်က သင်ဖူးတယ်။ ဒါပေမယ့် ကောင်းကောင်းမတတ်ဘူး။ အဓိကက အသက်မရှူ တတ်တာ... ကောင်းရော xD xD



ဒါက လှိုင်းတုရှိတဲ့နေရာ...

 



အဲ့ဒါကြီး တော်တော်ကြောက်ဖို့ကောင်းတယ်။ ရိုလာကိုစတာလို သွားတာ... မြင့်လိုက်နိမ့်လိုက်ဖြစ်တဲ့အချိန်ဆို -င်ပါ မြှောက်မြှောက်သွားတယ်။ နောက်ဆုံး လှိုဏ်ခေါင်းက ပြန်ထွက်လာတော့ ရေထဲထိုးကျတော့တာပဲ။ ကန်ဒီတို့စီးရတဲ့ လေထိုးထားတဲ့လှေလေးပါ လှန်သွားတာ... ကန်ဒီရော ကန်ဒီ့ညီမရော ရေထဲပြုတ်ကျတယ် *ပလုံ*။ တကယ်တော့ ကန်ဒီတို့နှစ်ယောက်ပဲ ပြုတ်ကျတာ မဟုတ်ပါဘူး။ အဲ့ဒါစီးတဲ့လူတိုင်း (၁၀)ယောက်မှာ (၈)ယောက် ရေထဲပြုတ်ကျတယ် ဟဟဟ (xD)။ ပြုတ်ကျလည်း ပူစရာမလိုဘူး။ ရေကခါးလောက်ပဲ ရှိတာ။ ကယ်မယ့်လူကလည်း အဆင်သင့် စောင့်နေတယ်။ ရေမကြောက်တတ်ရင်ကို စီးလို့ရတယ် (:P :D)။

With grandma swimsuit while others wearing Bikini xD


နေ့လည်စာကို အဲ့မှာရှိတဲ့ Foodcourt မှာ Sandwich နဲ့ အအေးလေးပဲ ၀ယ်သောက်တာ SGD 11 ကျတယ်... ဈေးကြီးပါ့။ Sandwich ကလည်း ကောင်းတာမဟုတ်ဘူး။ အဲ့ဒါနဲ့ အပြင်က ဆိုင်သေးသေးလေးမှာ Hotdog ထပ်ဝယ်စားတယ်။



Snorkeling ကတော့ ရေမကူးတတ်လို့ ကန်ဒီလုပ်လို့မရဘူး။ လုပ်ဆိုရင်လည်း မလုပ်ရဲဘူး... ရေကတော်တော်နက်တယ်။ ဒါက မှန်အပြင်ကနေ ရိုက်ထားတာ...


 ညနေ ရေမိုးချိုးပြီး ခြေကုန်လက်ပန်းကျနေတဲ့ပုံ :D



အဲ့သွားရင် ဘာတွေယူသွားသင့်လဲဆို... ရေကူးဝတ်စုံ (ကြိုးတွေဘာတွေနဲ့ လွယ်လွယ်ကူကူပြုတ်နိုင်တာမျိုး မ၀တ်သင့်ဘူး... ဟိုမှာက စီးရတာတွေနဲ့ဆိုတော့ ကျွတ်ကုန်ရင် ဒုက္ခ xD)၊ နေကာမျက်မှန်၊ Sunscreen (အရေးကြီးဆုံး)၊ ရေချိုးဆပ်ပြာ၊ မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊ မျက်နှာသုတ်ပ၀ါ။ ကန်ဒီကတော့ မျက်ကပ်မှန်တပ်တဲ့လူဆိုတော့ ချွတ်ပြီးထည့်ထားဖို့ မျက်ကပ်မှန်ဗူးအလွတ်လေးပါ ယူသွားတယ်။


ကန်ဒီ့ညီမရယ်၊ သူ့ကောင်လေးရယ်နဲ့ သွားတာကို တော်တော်များများက ကန်ဒီ့ကို သူများအတွဲကြား ၀င်ရှုပ်တယ်လို့ ပြောကြတယ် *Waaa* (ငိုသံT_T)။ ကန်ဒီက လိုက်မယ်ပြောတာ မဟုတ်ပါဘူး။ သူတို့က ခေါ်လို့ တူတူသွားကြတာ (>.<)။ ဘာဆိုဘာမှမပြောတဲ့ ကန်ဒီ့လောက်ကောင်းတဲ့ အစ်မမျိုး ရှာကြည့်ပါဦး ဟဟ :D :D

Good Night^^

6 comments:

Anonymous said...

အစ်မကန်ဒီ အဲဒီ swimsuit လေးကို ဘယ်မှာဝယ်လဲ သိလို့ရမလားရှင်

Myat

Candy said...

Sis Myat,
I bought it from Jurong East, JCube. The brand name is Arena. SGD 55 (with discount :D)

Anonymous said...

Thanks For Info Dear Sis :)
Myat

မိုးသက် said...

သများအတွဲကြားထဲ ဝင်ရှုပ်တာ ဝဋ်လည်မှာ. :P
ညီမလေးကတော့ ဘယ်ပြောမတုန်း..။ မကောင်းလို့ ခေါ်တာနေမှာပေါ့..။ သူ့ကောင်လေး စူပုတ်နေတာမလား :P
ကျနော် စင်ကာပူရောက်ရင် ဒွတ်ခပေးခံဖို့ ပြင်ထား :P

အမ ချို said...

ကန်ဒီ ဘယ်အချိန်ဘဲကြည့်ကြည့် အမြဲတမ်း ချစ်ဖို့ ကောင်းနေတာဘဲနော်။မြင်ရတာစိတ်ချမ်းသာတယ်။

rose of sharon said...

ပျော်စရာကြီးကွယ်... ခလေးတွေနဲ့သွားလည်ဦးမှ