Hello...
ပြီးခဲ့တဲ့ Weekend ကတော့ ကန်ဒီလျှောက်လည်တဲ့ Weekend... ကန်ဒီကြည့်ချင်တဲ့ Apes ကားလည်း ကြည့်ပြီးသွားပြီ။ အရမ်းးးးကောင်းတယ်။ စနေနေ့က Suntec City မှာရှိတဲ့ "Alive Museum" ကို သွားတယ်။ ကန်ဒီ့ညီမရယ်၊ သူ့ကောင်လေးရယ်၊ ကန်ဒီရယ်။ အဲ့ဒီ Museum က ဖွင့်တာ မကြာသေးဘူး။ ၀င်ကြေးက လူကြီးဆို SGD 25... ဒါပေမယ့် ကန်ဒီ့ညီမက အွန်လိုင်းကနေ >>> ဒီဆိုဒ် က ၀ယ်တာ SGD 18 ပဲ ပေးရတယ်။ တန်တယ်။ နောက်အပတ် National Day ပိတ်ရက်မှာ ဘယ်သွားလည်ရင်ကောင်းမလဲ ဆိုတာလည်း စဉ်းစားပြီးသွားပြီ။ ခုတော့ မပြောပြသေးဘူးနော် :P :P
အဲ့ဒီပြတိုက်ထဲက ပန်းချီတွေအားလုံးက 3D ပုံစံဆွဲထားတာ... Pose ပေးရမယ့်နေရာနဲ့ ဓာတ်ပုံရိုက်တဲ့လူ ရပ်ရမယ့်နေရာကို သူတို့က အမှတ်အသားလုပ်ပေးထားတယ်။ တခန်းပြီးတခန်း ဓာတ်ပုံလိုက်ရိုက်ရတာ ပျော်ဖို့ကောင်းတယ်။ ဒီနေ့ပိုစ့်ကတော့ စာထက် ဓာတ်ပုံတွေပဲများလိမ့်မယ် ^_^
ကွန်ဖူးပန်ဒါရဲ့ရုပ်က "ဟာာ... ဒီနှစ်ယောက်တော့ ခက်ပြီ" ဆိုတဲ့ရုပ် ဟဟဟ xD
အမှန်က ကန်ဒီတကယ်အဲ့လို ဇောက်ထိုးလုပ်နေတာမဟုတ်ဘူး...
မျက်လုံးကို လှည့်စားထားတာ :P (Opps.. ဒီလူကြီး ဘောင်းဘီမပါဘူး >.<)
Angel...
Mirror Room... (Warning: Should not wear skirt)
Zombie တွေလိုက်လို့ ပြေးတဲ့ရုပ်ကလည်း ပြုံးနေတာပဲ ဟဟဟ *Failed*
Superman saves me :D
သူတို့ပြောတာတော့ ပြတိုက်ထဲမှာ (၁)နာရီပဲ နေခွင့်ရှိတယ်တဲ့။ ဒါပေမယ့် ကိုယ့်ထွက်တဲ့အချိန်ကိုတော့ သူတို့လိုက်ကြည့်မနေပါဘူး။ Sentosa မှာလည်း အဲ့လိုပုံစံ "Trick Eye Museum" ဆိုတဲ့ ပြတိုက်တစ်ခုရှိတယ်။ အဲ့ကိုတော့ မသွားဖူးသေးဘူး။
Hope you enjoy...
Good Night ^^
4 comments:
မိုက်တယ်ကွ...
အဲ့နေရာလေးလည်ချင်လိုက်တာ..
By the way ကန်ဒီညီမလေးဆံပင်တိုလေးနဲ့တော်တော်လိုက်တယ်။
စိတ်ဝင်စားဖို့ ကောင်းသား။
တော်တော်သဘောကျတယ်ကန်ဒီလေးရေ။
အိုင်အိုရာ
you do not need wings to be an Angel
you are already an Angel..
w
Post a Comment