Wednesday, August 13, 2014

Dream Catcher

Hellooo...
နီးနီးနားနား Public Holiday တွေလည်း ကုန်ပြီ။ National Day မှာ သွားလည်ဖို့ ရည်ရွယ်ထားတဲ့ Adventure Cove လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားလိုက်ရဘူး။ နောက်အပတ်ကို ယာယီရွေ့ထားရတယ်။ အဲ့လို လုပ်မယ်လို့ ရည်ရွယ်ထားပြီး မလုပ်ဖြစ်ရင် စိတ်ကမကြည်တော့ဘူး(>.<)။ အမှန်က ဘယ်သူကြောင့်မှ မဟုတ်ဘူး။ ကိုယ့်ကြောင့်ပဲ မသွားရတာ(-.-')။ အဲ့ဒါ အခုကိုယ့်ဟာကိုယ် မကြည်မလင်ဖြစ်နေတယ် ဟဟ xD




"ဟန်နီ"ဆိုတဲ့ကလေးလေး မွေးနေ့ပွဲ... ကလေးတွေပျော်ကြတယ်။ သူတို့အတွေးလေးတွေ ဖြူစင်တယ်။ "Gabrielle" ဆိုတဲ့ကောင်မလေးက မြန်မာလို မပြောတတ်ဘူး။ သူ့ကို အင်္ဂလိပ်လိုပြောမှ နားလည်တယ်။ ကဗျာတွေ ရွတ်ရင်တော့ ကန်ဒီတို့အသံထွက်သလို လိုက်ထွက်၊ လိုက်ရွတ်တတ်တယ်။

Gabrielle: Teacher... I'm so tired.
Me: Why? Why are you so tired?!
Gabrielle: Today, I woke up at 10 am and then I played around whole day. Now, I'm tired. 

ဟဟ... သူ့ဟာသူပြောပြီး မျက်လုံးလေးမှိတ်မတတ် ရီပြတယ်။ ချစ်ဖို့ကောင်းလိုက်တာ။ မျောက်ကလေးလို အရမ်းဆော့တဲ့ကောင်လေးကလည်း...

Nyan Lin: Yesterday, my mom made cupcake for me. I like cupcake.
Me: Is it? Why don't you bring cupcake for me also?
Nyan Lin: Cuz I didn't know you like cupcake. If I know, I will bring for you.

သူကခုထိ စကားမပီသေးဘူး။ အရမ်း အရမ်းဆော့တယ်။ ဘယ်တော့မှ ငြိမ်ငြိမ်မနေဘူး။ ဆရာမတွေ လက်မြှောက်အရှုံးပေးထားရတယ် ဟဟဟ :D xD

 
သိပ်လည်းမခင်ဘဲ ညီမလေးတစ်ယောက် ရန်ကုန်ကနေ တကူးတကပို့ပေးလိုက်တဲ့ အကျီလေးမို့ အမှတ်တရဓာတ်ပုံရိုက်ထားမိတယ်။ ကိုယ့်အပေါ် အရမ်းကောင်းတဲ့လူတစ်ယောက် ရှိတယ်။ သူ့အပေါ် ကိုယ်ကပြန်ပေးသင့်သလောက် ပြန်မပေးနိုင်တဲ့အခါ အဝေးကိုပဲ ထွက်သွားချင်တယ်။ ကန်ဒီက ပြေးတယ်။ သူက လိုက်တယ်။ ဘယ်နားပြေးလို့ ပြေးရမှန်းမသိဘူး (-.-)။ အရင်က Drama မပြီးသေးဘူးလို့ တချို့ကထင်ကြတယ်။ NO!! ကြုံကြိုက်လို့ သတိရမိတာကလွဲရင် ရင်ထဲမှာ ဘာမှမရှိဘူး။ နောက်ပြန်လှည့်ဖို့လည်း အစီအစဉ်မရှိဘူး။ အဲ့လိုမျိုး ပြတ်သားတယ်။



"Pet Lover Shop" မှာ သူတို့အတွက် အစာသွားဝယ်တော့ တွေ့ခဲ့တဲ့ အဲ့ဒီဆိုင်ကကောင်လေးက အရမ်းသဘောကောင်းတယ်။ ကန်ဒီ့ကို Hamster Diet နဲ့ပက်သက်ပြီး အကုန်ရှင်းပြတယ်။ သူတို့နေကြာစေ့ကြိုက်တိုင်း နေကြာစေ့တွေ အများကြီးမကျွေးသင့်ဘူးတဲ့။ Hamster တွေရဲ့ သက်တမ်းက ခုဆို(၂)နှစ်ပဲရှိတော့တာ အဓိက,က Diet ကြောင့်လို့ သူကရှင်းပြတယ်။ ကန်ဒီ့အကောင်လေးတွေတောင် ဘာလိုလိုနဲ့ (၂)နှစ်ပြည့်တော့မယ် :(

 
ဒီပန်းချီစာအုပ်လေးထဲမှာ ဒီပုံလေးတွေ့တော့ ကန်ဒီ့သူငယ်ချင်းတစ်ယောက် ကန်ဒီ့ကို အဲ့ပုံလေးပြဖူးတာအမှတ်ရပြီး သူ့ဆီ ဓာတ်ပုံရိုက်၊ လှမ်းပို့မိတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့နေ့မှာ သူအိမ်ရောက်လာတယ်။ ကန်ဒီ့ကို ခေတ်အဆက်ဆက် ပန်းချီကားတွေရဲ့ ရေးဟန်တွေ ပြောင်းလဲလာပုံကို သူကစိတ်ရှည်လက်ရှည် ရှင်းပြတယ်။ သူက စာအရမ်းဖတ်တယ်။ သူပြောပြတာ စိတ်ဝင်စားဖို့ကောင်းတယ်။


ကန်ဒီ့အခန်းနံရံမှာ အသစ်နှစ်ခုတိုးလာတယ်။ အရောင်ပါတဲ့ ပန်းချီကားတစ်ချပ်ရယ်... Dream Catcher ရယ်။ Dream Catcher က အိမ်မက်ဆိုးတွေကို တားဆီးပေးပြီး အိမ်မက်ချိုချိုတွေမက်အောင် စွမ်းဆောင်နိုင်တယ်လို့ အယူရှိကြတယ်။ ပန်းချီကားက ကန်ဒီ့ပုံဆိုပေမယ့် ကန်ဒီဆွဲတာမဟုတ်ဘူး။ ကန်ဒီဆွဲတဲ့ပုံတွေ ကန်ဒီတစ်ခုမှ မကပ်ဖြစ်ဘူး ဟဟ(:D)။ သူများဆွဲပေးတာတွေတော့ အမှတ်တရကပ်ထားဖြစ်တယ် ^_^

(၁၂)နာရီတောင် ထိုးတော့မယ်...
အိမ်မက်များ ချိုပါစေ...
Good Night^^

2 comments:

မိုးငွေ့........ said...

သမီးရုပ်ကလေးက နဂိုက ကာတွန်းဆန်တော့ ပန်းချီဆွဲလို့သိပ်ကောင်းတဲပ ရုပ်မျိုး ချစ်ဖို့ကောင်းတယ်...။

Anonymous said...

I will draw a portrait of you with pencil and paper. I was very good at portrait drawing in the past..well let me try one day
W