Hello...
နှစ်စဉ်သြဂုတ်လဆို ဘလော့ဒေး (Blog day) အတွက် ဘလော့ဂါတွေ တရေးနိုးကြတယ်။ ငါ့ဘလော့လေးပစ်ထားတာ ကြာပြီ... ဖုန်ခါပြီး စာပြန်ရေးမယ်ဟေ့ဆိုပြီး Mood ပြန်သွင်းတဲ့လလို့ပဲ ပြောရမလား?? ဟဟဟ စတာနော်... အဲ့လိုပြောလို့ ကန်ဒီ့ကိုစိတ်ဆိုးကြဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒီလမှာ ဘလော့ပိုစ့်တွေများများတက်လာတာ မြင်ရတော့ ကြည်နူးစရာပဲပေါ့။ ဘလော့ဂါတွေ စာမရေးနိုင်ဘူးဆိုတာကလည်း အထူးအဆန်းတော့ မဟုတ်ပါဘူး။ သူတို့လည်း လူထဲကလူပဲဆိုတော့ နေ့စဉ်ဘ၀မောတွေနဲ့ လုံးပန်းနေကြရတာကိုး။ နောက်တစ်ခုက ဘလော့ဂါတော်တော်များများက ရသဆို ရသ၊ ကဗျာဆိုလည်း ကဗျာ သူတို့အားသန်ရာ ရေးကြတာဆိုတော့ သူတို့ပေးချင်တဲ့အနှစ်ရဖို့ အချိန်ပေးရေးကြရတယ်။ ကန်ဒီ့လို ဟိုရေးဒီရေး ရောက်တည့်ရာရာရေးတဲ့သူကျတော့ ဘယ်အချိန်ရေးရေး ချရေးလို့ရနေတော့ ပိုစ့်ကတက်တယ် ဟဟဟဟဟ xD
အခုလည်း အဲ့ဒီတောင်ရောက် မြောက်ရောက်ပဲရေးဖို့ ကွန်ပျူတာရှေ့ ကော်ဖီတစ်ခွက်နဲ့ ထိုင်နေတာ(xD)။ တီတင့်ကတော့ ထုံးစံအတိုင်း အားလုံးကို ရေးစေချင်လွန်းလို့... သူလည်း ဖတ်ချင်လို့ "ဘလော့ဒေးအမှတ်တရ" ဆိုပြီးတဂ်တယ်။ ဘလော့ဂါတွေကို သံယောဇဉ်အကြီးဆုံးလူကိုပြောဆို တီတင့်ပဲပြေးမြင်တယ်။ သူ့မှာ မမောနိုင် မပန်းနိုင် ဟင်းတွေချက်ရ၊ ဧည့်ခံရနဲ့ တော်တော်လည်း စိတ်ရှည်တဲ့ တီတင့်၊ ကန်ဒီနဲ့များ ကွာပါ့(ဟဟ xD)။ ကန်ဒီချစ်တဲ့ဘလော့ဂါတွေကတော့ အစ်မမိုးငွေ့၊ ကိုဖြိုး၊ ဦးလေးအိကု၊ တီတင့်၊ အစ်မ,မဒမ်ကိုးနဲ့ကိုရင်၊ အစ်မခင်ဦးမေ၊ အစ်မအိုင်အိုရာ၊ မြတ်ကြည်၊ သူကြီးမင်း၊ ကိုမင်းဧရာ၊ အစ်ကိုချမ်းမင်း၊ မိုးသက်နဲ့ ဆရာဟန်ကြည်... ဟဟ လက်ချိုးရေလို့ရတယ်။ သူတို့ဆီ အရင်အားယားနေတုန်းကလောက် အမြဲမရောက်ဖြစ်ပေမယ့် စိတ်ထဲမှာ အမြဲရှိတယ် ^_^
ဒီရက်ပိုင်း အလုပ်မှာ လုပ်စရာတွေစုပုံနေတယ်။ ရှုပ်ယှက်ကိုခတ်နေတာပဲ။ ဘာအရင်လုပ်လို့ လုပ်ရမလဲမသိဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ တမနက်လုံး အလုပ်ထွက်မယ့် သူငယ်ချင်းအတွက် လက်ဆောင်အရုပ်လေး လုပ်ပေးတယ်။
ဒီရက်ပိုင်း အလုပ်မှာ လုပ်စရာတွေစုပုံနေတယ်။ ရှုပ်ယှက်ကိုခတ်နေတာပဲ။ ဘာအရင်လုပ်လို့ လုပ်ရမလဲမသိဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ တမနက်လုံး အလုပ်ထွက်မယ့် သူငယ်ချင်းအတွက် လက်ဆောင်အရုပ်လေး လုပ်ပေးတယ်။
Facebook မှာ "အာ့ လာပြောတာ၊ အာ့ လာပြောတာ" ဆိုတာ တော်တော်ခေတ်စားနေတယ်။ ကန်ဒီက Up-to-date တော်တော်ဖြစ်တာဆိုတော့ အဲ့တာ ဘယ်ကလာတာလဲ ခုထိမသိသေးဘူး ဟဟ (:D)။ မပြီးသေးသော ပန်းချီကား... လိပ်ပြာတစ်ကောင်ဆွဲတာ တစ်နာရီကြာသွားလို့ တစ်ကောင်နဲ့ခဏရပ်ထားတယ် :D
ဒီအပတ် ဘယ်မှထူးထူးခြားခြားမသွားတော့ ပြစရာဓာတ်ပုံလည်း မရှိဘူး။ မနက်ဖြန်တော့ ရုပ်ရှင်သွားကြည့်ရင်ကောင်းမလားလို့... ဒါပေမယ့် ရုံတင်နေတဲ့ကားတွေမှာ ကန်ဒီ့ကိုဆွဲဆောင်တာ သိပ်မရှိဘူး(>.<)။
Tomorrow have to work half day :(
Tomorrow have to work half day :(
Good Night^^
13 comments:
တီတင့်ကို သတိတရလေးရှိနေတာ ၀မ်းသာကျေးဇူးတင်ပါတယ် သကြားလုံးလေးရေ... ဘလော့လေးကို ပုံမှန်ရေးလေ့ရှိတဲ့ သကြားလုံးလေးကိုလဲ ချီးကျူးပါတယ် .. အမြဲဘလော့ဂင်းနိုင်ပါစေလို့ ♥♥♥
လက်ချိုးရေတွက်လို့ရတဲ့အထဲပါလို့ သူကြီးမင်းက ကျေးဇူးတင်ကြောင်းပါ ပိစိ။ အာ့ လာပြောတာ ။ ဟာ ဟ။
အာ့ လာပြောတာ..ဆိုတာက နဂါးကြီး သောင်တူးစက် ပိနေတာက စတာတဲ့။း)
ကန်ဒီလေးရေးတဲ့စာတွေကအမြဲပေါ့ပေါ့ပါးပါးနဲ့ ခံစားချက်အတိုင်းရေးထားတာလေးတွေမို့ ကိုယ်ကနှစ်သက်လို့ အမြဲလာဖတ်ပါတယ်။
ပျော်ရွှင်ပါစေ။
အိုင်အိုရာ
ချစ်လိုက်တာ ကန်ဒီလေးကို မမနာမည်ကို အရှေ့ဆုံးကရေးတယ်ဆိုတော့ တော်တော်ချစ်ပါ့...
လာဖတ်သွားတယ်ဗျို့....ဘလော့ဒေး အမှတ်တရ post လေးကို..... (Happy Blog Day) မှာပျော်ရွှင်ပါစေဗျာ.....(*_*)
ချစ်တဲ့ ဘလော့ဂါထဲမပါလို့ ဝမ်းနည်းသွားဘီ :'(
မှားတဲ့အခါလည်း မှားပေမပေါ့အေ.... မိုးသက်ရော မမအိုင်အိုရာရော ကျန်ခဲ့တယ် :P :P
list ထဲ ပါဘူးပဲ :'(
ပျော်တယ်ဟေ့ မြတ်ကြည်လေးရေ
ဒို့ ပါသွားပြီ
ကိုယ်ကကိုယ့်ကိုချစ်တယ်ဆိုတာသိပြီးသား သူလေးကသာမေ့နေတာ။း)
အိုင်အိုရာ
သမီးရေ လာဖတ်သွားတယ်နော်
အန်တီက ဟိုတလောက သမီးမျက်နှာစာအုပ်မှာလာအက်တဲ့ သူပါရှင်
Thank you aunty :D
ကန်ဒီရေ လာလည်တယ်။ စာတွေလာဖတ်ဖြစ်ပေမယ့် ကော်မန့်တွေမထားခဲ့ဖူးဘူး။ ကန်ဒီ့ဘလော့လေးကို လာလည်ရတာ ပျော်စရာပဲ။ နောက်လည်း လာဖြစ်ဦးမယ့်ဘလော့ပဲ။ ဒါနဲ့ ကန်ဒီရေးထားတာဖတ်ပြီးတော့ ဆာလဖိတ်မပါတဲ့ ခေါင်းလျှော်ရည်ပြောင်းသုံးဖြစ်တယ်သိလား။ အဆင်ပြေတယ်။ ကျေးဇူးပါပဲ ကန်ဒီရေ။
ပိစိ BPP Challenge လုပ်ထားတယ်။ ရေးပေးဦး အားရင်။း)
Post a Comment