Tuesday, September 30, 2014

Butter

So Tired...
ဒီရက်ပိုင်း စိတ်သိပ်မကြည်ဘူး။ ဘယ်လိုလူတွေနဲ့ တွေ့နေမှန်း မသိဘူး။ ကန်ဒီလူတစ်ယောက်ရဲ့ Attitude ကို မကြိုက်ဘူးဆို အဲ့ဒီလူနဲ့ အဲ့မှာတင်ပြီးပြီ။ သွားပြီးတိုက်ခိုက်နေမှာ မဟုတ်သလို၊ ဟန်ဆောင်ပြီးလည်း ဖက်လဲတကင်း မနေတတ်ဘူး။ 

တချို့လူတွေက ကိုယ်ဘာမှန်းသေချာမသိတဲ့အရာတွေကို အလွယ်တကူကောက်ချက်ချတတ်ကြတယ်။ တချို့လူတွေက အပေါ်ယံပကာသနတွေ ခြယ်မှုန်းထားတဲ့အရာတွေကိုမှ ပိုတန်ဖိုးထားတတ်ကြတယ်။ တချို့လူတွေက အရာရာကိုပိုက်ဆံနဲ့ တန်ဖိုးဖြတ်တတ်ကြတယ်။ တချို့တွေကျတော့ ကိုယ့်အမှားကို ၀န်ခံဖို့ ၀န်လေးတတ်ကြတယ်။ ကန်ဒီနဲ့ အဲ့လိုလူမျိုးတွေနဲ့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး။ ကန်ဒီကမမြင်ရတဲ့ စိတ်နှလုံးကိုကြည့်ပြီးမှ လူတစ်ယောက်ကို တန်ဖိုးဖြတ်တတ်တဲ့လူမျိုး...



ဒါလေးက လက်ဆောင်ရထားတာ ကြာလှပြီ။ ခုမှပဲ လုပ်ဖြစ်တယ်။ ကန်ဒီက အဲ့လိုမျိုးလေးတွေ လက်ဆောင်ရရင် အရမ်းသဘောကျတယ်။ ပေးတဲ့လူကိုပဲ ကန်ဒီ့စိတ်ကိုမှန်းတတ်လို့ ချီးကျုးရမှာပေါ့။ လက်ဆောင်ဆိုတာ ဈေးကြီးတဲ့အရာပေးမှ လက်ဆောင်မည်တာ မဟုတ်ပါဘူး။ ဆွဲကြိုးတစ်ကုံးထက် ပန်းချီဆွဲတဲ့ စုတ်တံတစ်ချောင်းက ကန်ဒီ့ကိုပိုပျော်စေမှာ သေချာတယ်။ 


အမေက ကိုကြီးနဲ့ငါးကြော်တွေ ထည့်ပေးလိုက်တယ်။ ဒီတစ်ခေါက်တော့ ကန်ဒီသွားယူရတယ်။ ကိုလေးပြန်လာတုန်းက ကန်ဒီ့ညီမသွားယူထားတော့ ဒီတစ်ခါကိုကြီးပြန်လာတာပါ သူ့ကိုထပ်သွားယူခိုင်းရင် မကောင်းတော့လို့ ဟဟ (xD)။ အမေထည့်ပေးတဲ့ငါးကြော်၊ ကြံမဆိုင်ဟင်းရည်နဲ့ Broccoli ကြော်က ဒီနေ့အတွက်ညစာ။ သူများတွေဆို အမေရေ သမီးတော့ ဘာလေးစားချင်တယ်၊ ဘာထည့်ပေးလိုက်ပါနော်ဆိုပြီး မှာတတ်တယ်။ ကန်ဒီက တော်ရုံတန်ရုံ အဲ့လိုမမှာတတ်ဘူး။ မမှာလည်း အမေကတော့ ထည့်ပေးနေတာပဲ။ သားသမီးတွေအတွက်ဆို ဘယ်တော့မှ မမောဘူး။

ကန်ဒီ့ရဲ့ "Butter"လို့ခေါ်တဲ့ ဟမ်းစတားလေး နောက်တစ်ကောင်သေသွားပြန်ပြီ။ သူတို့ အသက်ကြီးပြီး သက်တမ်းစေ့လို့ ဖြစ်မယ်။ အခုနှစ်ကောင်ပဲ ကျန်တော့တယ်။ သူတို့မရှိရင် ကန်ဒီနေတတ်မှာမဟုတ်ဘူး။ အကောင်တစ်ကောင်ကောင်တော့ ရှိမှဖြစ်မယ်။

Beauty post တွေ မရေးဖြစ်တာကြာဆို ကိုယ်ကလည်း ဘာမှမှထွေထွေထူးထူး သိပ်မလိမ်းဖြစ်တာ။ ဘာမှလည်း အသစ်ဝယ်မသုံးဖြစ်တော့ ဘာမှသိပ်မသိဘူး။ ၀ါသနာပါတယ်သာပြောတာ တကယ်တမ်း နေ့တိုင်းပြင်ပြင်ဆင်ဆင်နေဖြစ်လားဆို မနေဖြစ်ဘူး။ အလုပ်သွားရင်က ကြည့်ပျော်ရှုပျော်ဖြစ်ရုံလောက်ပဲ။ အချိန်လည်းမရဘူးလေ။ အိပ်ယာပေါ်က တော်ရုံမထတော့ မနက်ဆိုဝုန်းဒိုင်းကျဲပြီး အိမ်ကထွက်ရတာ။ ဘာမှကောင်းကောင်းပြင်ဆင်ချိန်မရဘူး။ အချိန်ရလည်း နေ့တိုင်းလုပ်ရမှာကြ ပျင်းတယ် ဟဟ xD


(1) Revlon Balm Stain
(2) Maybelline Pure Mineral Concealer
(3) Maybelline Crayon Brow
(4) Dolly Wink Eyeliner
ဒါတွေက ကန်ဒီအရမ်းကြိုက်ပြီး ကုန်ရင် ထပ်ခါထပ်ခါဝယ်ဖြစ်တဲ့ ပစ္စည်းတွေ။ Eyeliner ကတော့ အလုပ်သွားရင်မသုံးဖြစ်ဘူး။ အမှန်က Beauty Post မရေးဖြစ်လို့ လာလည်နေကျ မိန်းကလေးဧည့်သည်တွေကို ဒါလေးနဲ့ နှစ်သိမ့်တဲ့သဘော ဟဟ :D

Good Night^^

4 comments:

မဒမ်ကိုး said...

ဒီလိုလူတွေများခေါက်ထားလိုက်စမ်းပါအေ
ခေါင်းထဲအလုပ်ရှုပ်မခံပါနဲ့ ပစ်ထားလိုက် ပစ်ထားလိုက်

Ma Tint said...

စိန်ကဲကျောက်ကဲ ပတ္တမြားကဲသာခတ်လို့ရမယ် လူကဲခတ်လို့မရဘူး ဆိုတဲ့ ဆိုရိုးစကားလေးအတိုင်းပေါ့ သကြားလုံးလေးရေ... လူအမျိုးမျိုး စိတ်အထွေထွေအကြားမှာ ကိုယ့်စိတ်ချမ်းသာမှုကို ကိုယ်ပိုင်ပဲဖန်တီးယူလို့ရတယ်။ တစ်ခေါက် တစ်မျိုးမရိုးရတဲ့ ပို့စ်လေးတွေပုံမှန်တင်ဖြစ်နေတဲ့ သကြားလုံးလေး ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ ♥♥♥

မိုးငွေ့........ said...

ဟမ်းစတားလေးတွေကိုတစ်ကောင်ပြီးတစ်ကောင်သေနေတာပါလား သနားပါတယ် ကန်ဒီတော်တော်စိတ်မကောင်းဖြစ်နေမှာပဲ..။ မအားတဲ့ကြားက ပို့စ်ကိုပုံမှန်တင်နေနိုင်တာပဲ ...။ ဘာပဲဖြစ်ဖြစ် စိတ်ထွက်ပေါက်ရတာပေါ့....။

Anonymous said...

မမကန်ဒီရေ
အဲ့ဒီ 3D Puzzle Farm House လေးက ဘယ်မှာ ၀ယ်လို့ရလဲနော် ပြောပြပါလား

မြတ်